Wednesday, December 18, 2024

မန္တလေးရှိ “ရွှေစင် အကယ်ဒမီရွှေဆိုင်”ဓားမြတိုက်ခံရ ရွှေ(၄)ပိဿာခန့်ကိုလုယူသွား

မန္တလေးတိုင်း၊ မဟာအောင်မြေမြို့နယ်ရှိ "ရွှေစင် အကယ်ဒမီရွှေဆိုင်"တွင် ယနေ့ ဒီဇင်ဘာ ၁၈ ရက်ညနေ ၅ နာရီခွဲခန့်က သေနတ်ပြခြိမ်းခြောက်၍ ဓားမြတိုက်မှုဖြစ်ပွားခဲ့ကြောင်း လုံခြုံရေးအဖွဲ့နှင့်နီးစပ်သူများထံမှ...

မြန်မာ-ကိုရီးယားနှစ်နိုင်ငံ အနာဂတ်တွင်ဦးစားပေးသင့်သည့် စီးပွားရေးဈေးကွက်ကဏ္ဍများအပေါ် သုတေသနပြုရန်...

မြန်မာ-ကိုရီးယားနှစ်နိုင်ငံ အနာဂတ်တွင်ဦးစားပေးသင့်သည့် စီးပွားရေးဈေးကွက်ကဏ္ဍများအပေါ် သုတေသနပြုရန် ကိုရီးယားနိုင်ငံဆိုင်ရာ မြန်မာသံရုံး၏ သံအမတ်ကြီးဦးသန့်စင်က အလေးပေးပြောကြားသည်။ ကိုရီးယားနိုင်ငံ၊ ဆိုးလ်မြို့တွင် ဒီဇင်ဘာ ၁၄ ရက်ကပြုလုပ်ခဲ့သည့် “အာဆီယံ-ကိုရီးယား...

တာချီလိတ်မြို့တွင် ငွေလဲဆိုင်ပိုင်ရှင်အား ပြန်ပေးဆွဲသူများကိုဖမ်းဆီးရမိထား

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့တွင် ပြီးခဲ့သည့် ရက်ပိုင်းအတွင်းက ငွေလဲဆိုင်ပိုင်ရှင်အား ပြန်ပေးဆွဲခေါ်ဆောင်သွားသူများကို ယနေ့ ဒီဇင်ဘာ ၁၈ ရက်ညနေပိုင်းကဖမ်းဆီးရမိထားကြောင်း ကနဦးသိရသည်။ တာချီလိတ်မြို့တွင် ပြီးခဲ့သည့် ဒီဇင်ဘာ...

အာဆီယံဖလား တတိယအကျော့ ပွဲစဉ်မြန်မာအသင်း (၃)ဂိုးသွင်းယူ...

အားပေးရကြိုးနပ်ဟု ကွင်းအတွင်းလာရောက်ကြည့်ရှု့သည့် ပရိတ်သတ်တစ်ဦး ရင်ဖွင့် အာဆီယံဖလား တတိယအကျော့ပွဲစဉ်အား မြန်မာ-လာအို အသင်းတို့ ယနေ့ ဒီဇင်ဘာ (၁၈)ရက် ညနေ(၅)အချိန်တွင် ရန်ကုန်မြို့ ၊...
HomeInternationalအနောက်နိုင်ငံများက ရုရှားကိုရန်စကာ တုန့်ပြန်ရန်...

အနောက်နိုင်ငံများက ရုရှားကိုရန်စကာ တုန့်ပြန်ရန် တွန်းပေးနေ

မော်စကို၊ဒီဇင်ဘာ ၁၇

အနောက်အုပ်စုက ရုရှားကို ရန်စကာ အန္တရာယ်မျဉ်းဆီသို့တွန်းပို့နေသဖြင့် မော်စကိုအနေဖြင့် တုန့်ပြန်ရန်မှတပါး ရွေးချယ်စရာမရှိတော့ကြောင်း ရုရှားကာကွယ်ရေးဝန်ကြီးဌာန အစည်းအဝေးတစ်ခု၌ ရုရှားသမ္မတကပြောကြားခဲ့သည်။

အနောက်အုပ်စုက ရုရှား သည် အန္တရာယ်ရှိသည် ဟုဆိုကာ မလိုအပ်ပဲ ၎င်းတို့၏ပြည်သူများကို အထိတ်တလန့်ဖြစ်အောင်လုပ်ဆောင်နေပြီး ရုရှားအပါအဝင် ၎င်းတို့နှင့်အဆင်မပြေသည့်နိုင်ငံများကို ပေါင်းစပ်စစ်ပွဲများဆင်နွှဲကာ ထိန်းချုပ်ရေး မူဝါဒကို ဖေါ်ဆောင်နေသည်ဟုလည်းဆိုခဲ့သည်။

နေတိုးအဖွဲ့သည် စစ်ရေးအသုံးစရိတ်ကို တိုးမြှင့် သုံးစွဲ နေပြီး ရုရှားနယ်စပ်အနီးတွင် တိုက်ခိုက်‌ရေးအဖွဲ့များကိုဖြန့်ကျက်ကာ ဥရောပရှိအမေရိကတပ်ဖွဲ့ဝင်အရေအတွက်ကိုတိုးမြှင့်ခဲ့ပြီး ယခုအခါ တပ်ဖွဲ့ဝင်အင်အားသည် စုစုပေါင်း ၁၀၀,၀၀၀ ကျော်ရှိပြီဖြစ်ကြောင်း ၎င်းကထောက်ပြခဲ့သည်။

ဆက်လက်၍အဆိုပါအုပ်စု သည် အာရှ – ပစိဖိတ်ဒေသအထိပါ ‌၎င်းတို့၏တည်ရှိမှုကို အားကောင်းအောင်လုပ်ဆောင်လျက်ရှိပြီး အမေရိကသည်လည်း အရှေ့တိုင်းသို့ခြေဆန့်နိုင်ရန်အတွက် ကီလိုမီတာ ၅,၅၀၀ အထိရောက်နိုင်သည့် တိကျစွာ ပစ်ခတ်နိုင်သော မြေပြင်အခြေစိုက်လက်-နက်များကို ဆက်လက်တိုးမြှင့်လုပ်ဆောင်နေပါက ရုရှားအနေဖြင့်လည်း နျူသဘောတူညီချက်ကို ချိုးဖောက်ရလိမ့်မည်ဟုလည်းဆိုခဲ့သည်။

ထို့ကြောင့် တစ်ချိန်တည်းမှာပင် ရုရှားစစ်တပ်နှင့် ရေတပ်တို့က ခေတ်မီတိုးတက်လျက်ရှိပြီး နိုင်ငံ၏ မဟာဗျူဟာမြောက် နျူကလီးယားတပ်ဖွဲ့များ၏ ၉၅ ရာခိုင်နှုန်းသည်လည်း ယခုအခါ ခေတ်မီလက်-နက်များတပ်ဆင်ထားပြီးဖြစ်ကာ မကြာမီကာလအတွင်း နိုင်ငံ၌ Oreshnik တာလတ်ပစ်ဒုံးကျည်စနစ်သစ်များကိုပါ အမြောက်အမြားထုတ်လုပ်မည်ဟုလည်းပြောကြားခဲ့သည်။

Source : ရှင်းဟွာ

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

မန္တလေးရှိ “ရွှေစင် အကယ်ဒမီရွှေဆိုင်”ဓားမြတိုက်ခံရ ရွှေ(၄)ပိဿာခန့်ကိုလုယူသွား

မန္တလေးတိုင်း၊ မဟာအောင်မြေမြို့နယ်ရှိ "ရွှေစင် အကယ်ဒမီရွှေဆိုင်"တွင် ယနေ့ ဒီဇင်ဘာ ၁၈ ရက်ညနေ ၅ နာရီခွဲခန့်က သေနတ်ပြခြိမ်းခြောက်၍ ဓားမြတိုက်မှုဖြစ်ပွားခဲ့ကြောင်း လုံခြုံရေးအဖွဲ့နှင့်နီးစပ်သူများထံမှ သိရသည်။ မဟာအောင်မြေမြို့နယ်၊ ဟေမမာလာမြောက်ရပ်ကွက်၊ ၇၇ လမ်း၊ ၃၆ လမ်းနှင့် ၃၇ လမ်းကြားတွင်ဖွင့်လှစ်ထားသော "ရွှေစင်အကယ်ဒမီရွှေဆိုင်"သို့ ဆိုင်ကယ်(၂)စီးဖြင့် နှာခေါင်းစည်းနှင့်ဆိုင်ကယ်ဦးထုတ်များဆောင်းထားသည့် အမည်မသိအမျိုးသား(၂)ဦးရောက်ရှိလာခဲ့ကြောင်း သိရသည်။ ထိုသို့ ရောက်ရှိလာပြီးနောက် ဆိုင်ပိုင်ရှင်ဖြစ်သူနှင့်ဆိုင်ဝန်ထမ်းများအား သေနတ်ပြခြိမ်းခြောက်၍ ဆိုင်ကောင်တာပေါ်ရှိ ရွှေ(၄)ပိဿာခန့်(စီစစ်ဆဲ)ကို ကိုလုယက်ယူဆောင်ကာ ဆိုင်ကယ်များဖြင့်မောင်းနှင်ထွက်ပြေးသွားခဲ့ကြကြောင်း သိရသည်။ ဖြစ်စဥ်အား လုံခြုံရေးအဖွဲ့ဝင်များနှင့်ရဲတပ်ဖွဲ့ဝင်များက အခင်းဖြစ်ရပ်နှင့် CCtV မှတ်တမ်းများကို ကြည့်ရှုစစ်ဆေးပြီး...

မြန်မာ-ကိုရီးယားနှစ်နိုင်ငံ အနာဂတ်တွင်ဦးစားပေးသင့်သည့် စီးပွားရေးဈေးကွက်ကဏ္ဍများအပေါ် သုတေသနပြုရန် မြန်မာသံအမတ်ကြီးပြော

မြန်မာ-ကိုရီးယားနှစ်နိုင်ငံ အနာဂတ်တွင်ဦးစားပေးသင့်သည့် စီးပွားရေးဈေးကွက်ကဏ္ဍများအပေါ် သုတေသနပြုရန် ကိုရီးယားနိုင်ငံဆိုင်ရာ မြန်မာသံရုံး၏ သံအမတ်ကြီးဦးသန့်စင်က အလေးပေးပြောကြားသည်။ ကိုရီးယားနိုင်ငံ၊ ဆိုးလ်မြို့တွင် ဒီဇင်ဘာ ၁၄ ရက်ကပြုလုပ်ခဲ့သည့် “အာဆီယံ-ကိုရီးယား အကြံပေးအဖွဲ့ဝင်များ စားပွဲဝိုင်းဆွေးနွေးပွဲသို့ မြန်မာသံအမတ်ကြီးတက်ရောက်၍ ပြောကြားခဲ့ခြင်းဖြစ်သည်။ မြန်မာသံအမတ်ကြီးမှ မြန်မာ-ကိုရီးယားနှစ်နိုင်ငံ ကုန်သွယ်မှုကိစ္စနှင့် အနာဂတ်တွင်ဦးစားပေးသင့်သည့် စီးပွားရေးဈေးကွက်ကဏ္ဍများအပေါ် သုတေသနပြုရေးတို့ကို အလေးပေးပြောကြားခဲ့သည်။ အဆိုပါ စကားဝိုင်းဆွေးနွေးပွဲအား ကိုရီးယားနိုင်ငံရှိ ကုန်သွယ်ရေး၊ စက်မှုနှင့်စွမ်းအင်ဝန်ကြီးဌာနက အိမ်ရှင်အဖြစ်လက်ခံ၍ ကိုရီးယားကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းမှ စီစဉ်ကျင်းပပေးခြင်းဖြစ်ကာ စီးပွားရေးမူဝါဒဆိုင်ရာအကြံပေးအဖွဲ့ဆွေးနွေးပွဲ၏ ရည်မှန်းချက်များနှင့် ရှေ့ဆက်ဆောင်ရွက်မည့်အစီအမံများနှင့် လုပ်ငန်းစဉ်များ၊ အာဆီယံနှင့် တောင်ကိုရီးယားနိုင်ငံကြား စီးပွားရေးပူးပေါင်းဆောင်ရွက်နိုင်မည့် အလားအလာများကိုလည်း...

တာချီလိတ်မြို့တွင် ငွေလဲဆိုင်ပိုင်ရှင်အား ပြန်ပေးဆွဲသူများကိုဖမ်းဆီးရမိထား

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့တွင် ပြီးခဲ့သည့် ရက်ပိုင်းအတွင်းက ငွေလဲဆိုင်ပိုင်ရှင်အား ပြန်ပေးဆွဲခေါ်ဆောင်သွားသူများကို ယနေ့ ဒီဇင်ဘာ ၁၈ ရက်ညနေပိုင်းကဖမ်းဆီးရမိထားကြောင်း ကနဦးသိရသည်။ တာချီလိတ်မြို့တွင် ပြီးခဲ့သည့် ဒီဇင်ဘာ ၁၃ ရက်နံနက် ၆ နာရီခွဲခန့်က ဆိုင်ရှေ့ထွက်၍လမ်းအားရေဖြန်းနေသည့် "OK"ငွေလဲဆိုင်ပိုင်ရှင်ဖြစ်သူ အသက်(၈၀)နှစ်နီးပါးခန့်ရှိ အမျိုးသားကြီးတစ်ဦးအား အိမ်စီးကားတစ်စီးဖြင့်ရောက်ရှိလာကာ သေနတ်များကိုင်ဆောင်ထားသည့် အမျိုးသား (၃)ဦးက အတင်းအကြပ်ပြန်ပေးဆွဲခေါ်ဆောင် သွားခဲ့ကြကြောင်း သိရသည်။ ငွေလဲဆိုင်ပိုင်ရှင်အား ပြန်ပေးဆွဲခေါ်ဆောင်စဉ် နေအိမ်အတွင်းမှ အမျိုးသမီးတစ်ဦးထွက်လာ၍ ပြန်ဆွဲမှုကြောင့် ရုန်းရင်းဆန်ခတ်ဖြစ်ပွားပြီး ပြစ်မှုကျူးလွန်သူများသည် ကားဖြင့်မောင်းနှင်ထွက်ပြေးရာ အမျိုးသမီးဖြစ်သူမှာ တရွတ်တိုက်ပါသွားပြီးနောက် ပြုတ်ကျကျန်ခဲ့ကြောင်း သိရသည်။ ထို့ကြောင့်...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071