ဓာတ်သတ္တု(ရွှေ)ဝန်ဆောင်မှုလုပ်ငန်း လိုင်စင်လျှောက်ထားရာတွင် လုပ်ငန်းပမာဏ၏ (၂၅) ရာခိုင်နှုန်းကို တင်ပြရမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအသင်းမှ ထု တ်ပြန်ထားသည်။
လျှောက်ထားရာတွင် သတ္တုတွင်းက ထုတ်ပေးသည့် ပုံစံ(၂) ဖောင်ကို ပြည့်စုံစွာဖြည့်ပေးရန်၊ လျှောက်ထားသူ၏ မှတ်ပုံတင် မိတ္တူ၊ ကိုယ်ရေးအကျဥ်းအောက်တွင် လက်မှတ်ရေးထိုးပေးရန်၊ လုပ်ငန်းပမာဏ၏ ၂၅ ရာခိုင်နှုန်းကို Bank statement ပြထားသည့်စာရွက် (ဘဏ်မန်နေဂျာကိုယ်တိုင် လက်မှတ်ထိုးထားတဲ့ မူရင်းစာရွက် ဖြစ်ရမည်) တင်ပြရမည်ဖြစ်ကြောင်း သိရသည်။
ထို့ပြင် အရောင်းအဝယ် ပမာဏကို ရွှေအနေဖြင့်ဖော်ပြပေးရန်၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူး( ရွှေဆိုင်ဖွင့်ထားတဲ့ မြို့နယ်ရဲ့ ထွေ/အုပ်က ဆိုင်အတွက် လိုင်စင်လျှောက်ထားမှုအား ကန့်ကွက်မှုမရှိကြောင်း) ထောက်ခံချက်၊ ပြစ်မှုကင်းရှင်းကြောင်း ထောက်ခံချက်၊ မြန်မာနိုင်ငံ ရွှေလုပ်ငန်းရှင်များအသင်း(သို့) ရန်ကုန်တိုင်းဒေသကြီးရွှေလုပ်ငန်းရှင်းများအသင်း၏ အသင်းအဖွဲ့ဝင်အဖြစ် မှန်ကန်ကြောင်း ထောက်ခံချက်၊ ရပ်ကွက်တွင် နေထိုင်ကြောင်း ထောက်ခံချက်တို့ပါ တင်ပြရမည်ဖြစ်ကြောင်း သိရသည်။
အောက်တိုဘာ (၂၅) ရက်တွင် ရွှေရောင်းဝယ်ခြင်းကိုအရေးကြီးဝန်ဆောင်မှုအဖြစ် သတ်မှတ်ကြေညာပြီးနောက် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာနက လုပ်ငန်းလိုင်စင် ပြန်လည်လျှောက်ထားရမည်ဖြစ်ကြောင်း အမိန့်ကြော်ငြာစာ ထုတ်ပြန်ထားသည်။