Thursday, December 19, 2024

စိုက်ပျိုးရေးနှင့်မွေးမြူရေးဖွံ့ဖြိုးရေးကော်မရှင်ကို နစက အဖွဲ့ဝင် ဗိုလ်ချုပ်ကြီးညိုစောမှ...

စိုက်ပျိုးရေးနှင့်မွေးမြူရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအား အရှိန်အဟုန်မြှင့်ဆောင်ရွက်မည့် စိုက်ပျိုးရေးနှင့်မွေးမြူရေးဖွံဖြိုးရေးကော်မရှင်အား နစက မှ အမိန့်အမှတ် ၅၆/၂၀၂၄ ဖြင့် ယနေ့ ဒီဇင်ဘာ ၁၈ ရက်က...

စက်မှုကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် စက်မှုဖွံ့ဖြိုးရေးကော်မရှင်ဖွဲ့စည်း

နစက မှ မြန်မာနိုင်ငံ၏ စက်မှုကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးကို အရှိန်အဟုန်မြှင့်ဆောင်ရွက်နိုင်ရန် စက်မှုဖွံ့ဖြိုးရေးကော်မရှင်ဖွဲ့စည်းခဲ့ကြောင်း ယနေ့ ဒီဇင်ဘာ ၁၈ ရက်က အမိန့်အမှတ် ၅၄/၂၀၂၄ ဖြင့်ထုတ်ပြန်ခဲ့သည်။ အဆိုပါ...

တပ်မတော်အရာရှိ ဆရာဝန်ဆေးမှူးများသည် နိုင်ငံတော်ကာကွယ်ရေးစွမ်းပကားမြင့်မားစေရန် တစ်ဖက်တစ်လမ်းက...

တပ်မတော်အရာရှိ ဆရာဝန်ဆေးမှူးများအနေဖြင့် နိုင်ငံတော်ကာကွယ်ရေးစွမ်းပကား မြင့်မားရေးတွင် အထောက်အကူပြုလျက်ရှိသည်ကို နစက ဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် မှ ယနေ့ ဒီဇင်ဘာ ၁၈...

ဗိုလ်ချုပ်ကြီးတင်အောင်စန်း ဥက္ကဋ္ဌအဖြစ်ဦးဆောင်မည့် လျှပ်စစ်နှင့်စွမ်းအင်ဖွံ့ဖြိုးရေးကော်မရှင်ဖွဲ့စည်း

နစက ဒု-ဝန်ကြီးချုပ်နှင့် နိုင်ငံတော်ဝန်ကြီးချုပ်ရုံး ပြည်ထောင်စုဝန်ကြီး အဖြစ် ယနေ့တွင် ပြောင်းလဲခန့်အပ်ခြင်းခံခဲ့ရသည့် ဗိုလ်ချုပ်ကြီးတင်အောင်စန်းမှ ဥက္ကဋ္ဌအဖြစ်ဦးဆောင်မည့် လျှပ်စစ်နှင့်စွမ်းအင်ဖွံ့ဖြိုးရေးကော်မရှင်အား ယနေ့ ဒီဇင်ဘာ ၁၈...
HomeNewsLocal Newsတာချီလိတ်မြို့တွင် ငွေလဲဆိုင်ပိုင်ရှင်အား ပြန်ပေးဆွဲသူများကိုဖမ်းဆီးရမိထား

တာချီလိတ်မြို့တွင် ငွေလဲဆိုင်ပိုင်ရှင်အား ပြန်ပေးဆွဲသူများကိုဖမ်းဆီးရမိထား

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့တွင် ပြီးခဲ့သည့် ရက်ပိုင်းအတွင်းက ငွေလဲဆိုင်ပိုင်ရှင်အား ပြန်ပေးဆွဲခေါ်ဆောင်သွားသူများကို ယနေ့ ဒီဇင်ဘာ ၁၈ ရက်ညနေပိုင်းကဖမ်းဆီးရမိထားကြောင်း ကနဦးသိရသည်။

တာချီလိတ်မြို့တွင် ပြီးခဲ့သည့် ဒီဇင်ဘာ ၁၃ ရက်နံနက် ၆ နာရီခွဲခန့်က ဆိုင်ရှေ့ထွက်၍လမ်းအားရေဖြန်းနေသည့် “OK”ငွေလဲဆိုင်ပိုင်ရှင်ဖြစ်သူ အသက်(၈၀)နှစ်နီးပါးခန့်ရှိ အမျိုးသားကြီးတစ်ဦးအား အိမ်စီးကားတစ်စီးဖြင့်ရောက်ရှိလာကာ သေနတ်များကိုင်ဆောင်ထားသည့် အမျိုးသား (၃)ဦးက အတင်းအကြပ်ပြန်ပေးဆွဲခေါ်ဆောင် သွားခဲ့ကြကြောင်း သိရသည်။

ငွေလဲဆိုင်ပိုင်ရှင်အား ပြန်ပေးဆွဲခေါ်ဆောင်စဉ် နေအိမ်အတွင်းမှ အမျိုးသမီးတစ်ဦးထွက်လာ၍ ပြန်ဆွဲမှုကြောင့် ရုန်းရင်းဆန်ခတ်ဖြစ်ပွားပြီး ပြစ်မှုကျူးလွန်သူများသည် ကားဖြင့်မောင်းနှင်ထွက်ပြေးရာ အမျိုးသမီးဖြစ်သူမှာ တရွတ်တိုက်ပါသွားပြီးနောက် ပြုတ်ကျကျန်ခဲ့ကြောင်း သိရသည်။

ထို့ကြောင့် လုံခြုံရေးအဖွဲ့ဝင်များနှင့်ရဲတပ်ဖွဲ့ဝင်များက ပြစ်မှုကျူးလွန်သူများအား ဖမ်းဆီးရမိရေးအတွက် အခင်းဖြစ်နေရာနှင့် CCTV မှတ်တမ်းများအား စစ်ဆေးမှုများပြုလုပ်ခဲ့ကြကြောင်း သိရသည်။

ထိုသို့ စုံစမ်းစစ်ဆေးခဲ့ကြသဖြင့် ပြစ်မှုကျူးလွန်သူများအား ယနေ့ ဒီဇင်ဘာ ၁၈ ရက်ညနေပိုင်းတွင် တာချီလိတ်မြို့၊ ပါဆပ်ရပ်ကွက်ရှိ နေအိမ်တစ်လုံးအတွင်းမှ လက်နက်ခဲယမ်းများနှင့်အတူဖမ်းဆီးရမိခဲ့ပြီး ပြန်ပေးဆွဲခံရသူကိုလည်း ကယ်တင်နိုင်ခဲ့ကြောင်း သိရသည်။

ထို့ကြောင့် ဖမ်းဆီးရမိခဲ့သည့် ပြစ်မှုကျူးလွန်သူများအား ဥပဒေအရထိရောက်စွာအရေးယူနိုင်ရန် သက်ဆိုင်ရာရဲစခန်းမှ စစ်ဆေးမှုများပြုလုပ်လျက်ရှိကြောင်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

စိုက်ပျိုးရေးနှင့်မွေးမြူရေးဖွံ့ဖြိုးရေးကော်မရှင်ကို နစက အဖွဲ့ဝင် ဗိုလ်ချုပ်ကြီးညိုစောမှ ဥက္ကဋ္ဌအဖြစ်ဦးဆောင်

စိုက်ပျိုးရေးနှင့်မွေးမြူရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအား အရှိန်အဟုန်မြှင့်ဆောင်ရွက်မည့် စိုက်ပျိုးရေးနှင့်မွေးမြူရေးဖွံဖြိုးရေးကော်မရှင်အား နစက မှ အမိန့်အမှတ် ၅၆/၂၀၂၄ ဖြင့် ယနေ့ ဒီဇင်ဘာ ၁၈ ရက်က စတင်ဖွဲ့စည်းခဲ့သည်။ ယင်း ကော်မရှင်အား ဥက္ကဋ္ဌအဖြစ် နစက အဖွဲ့ဝင် ဗိုလ်ချုပ်ကြီးညိုစောမှဦးဆောင်၍ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးမင်း‌နောင်မှ ဒု-ဥက္ကဋ္ဌ၊ အတွင်းရေးမှူးနှင့် တွဲဖက်အတွင်းရေးမှူးများအဖြစ် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒု-ဝန်ကြီးများဖြစ်သည့် ဒေါက်တာအောင်ကြီးနှင့် ဒေါက်တာတင်ထွဋ်တို့မှ ဆောင်ရွက်သွားမည်ဖြစ်သည်။ ထို့ပြင် ပြည်ထောင်စုဝန်ကြီးများဖြစ်သည့် ဒေါက်တာကံဇော်၊ ဦးလှမိုး၊ ဦးခင်မောင်ရီ၊ ဒေါက်တာချာလီသန်း၊ ဦးထွန်းအုံ၊...

စက်မှုကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် စက်မှုဖွံ့ဖြိုးရေးကော်မရှင်ဖွဲ့စည်း

နစက မှ မြန်မာနိုင်ငံ၏ စက်မှုကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးကို အရှိန်အဟုန်မြှင့်ဆောင်ရွက်နိုင်ရန် စက်မှုဖွံ့ဖြိုးရေးကော်မရှင်ဖွဲ့စည်းခဲ့ကြောင်း ယနေ့ ဒီဇင်ဘာ ၁၈ ရက်က အမိန့်အမှတ် ၅၄/၂၀၂၄ ဖြင့်ထုတ်ပြန်ခဲ့သည်။ အဆိုပါ စက်မှုဖွံ့ဖြိုးရေးကော်မရှင်အား ဒု-ဝန်ကြီးချုပ်နှင့် ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး မြထွန်းဦးမှ ဥက္ကဋ္ဌအဖြစ်တာဝန်ယူ၍ ဒု-ဥက္ကဋ္ဌအဖြစ် စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဒေါက်တာချာလီသန်း၊ အတွင်းရေးမှူးအဖြစ် စက်မှုဝန်ကြီးဌာန ဒု-ဝန်ကြီးဦးရင်မောင်ညွှန့်တို့က ဆောင်ရွက်သွားမည်ဖြစ်သည်။ ထို့ပြင် အဖွဲ့ဝင်များတွင် ပြည်ထောင်စုဝန်ကြီးများဖြစ်သော ဦးခင်မောင်ရီ၊ ဦးဉာဏ်ထွန်း၊ ဦးကိုကိုလွင်၊ ဒေါက်တာမျိုးသိန်းကျော်၊ ဦးမျိုးသန့်၊ ဒု-ဝန်ကြီးများဖြစ်သည့် ဗိုလ်ချုပ်တိုးရီ၊ ဒေါ်သန်းသန်းလင်း၊ ဒေါက်တာဝါဝါမောင်၊ ဦးမြင့်စိုး၊...

တပ်မတော်အရာရှိ ဆရာဝန်ဆေးမှူးများသည် နိုင်ငံတော်ကာကွယ်ရေးစွမ်းပကားမြင့်မားစေရန် တစ်ဖက်တစ်လမ်းက အထောက်အကူပြုကြောင်း တပ်ချုပ်ပြောကြား

တပ်မတော်အရာရှိ ဆရာဝန်ဆေးမှူးများအနေဖြင့် နိုင်ငံတော်ကာကွယ်ရေးစွမ်းပကား မြင့်မားရေးတွင် အထောက်အကူပြုလျက်ရှိသည်ကို နစက ဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် မှ ယနေ့ ဒီဇင်ဘာ ၁၈ ရက်နံနက်ပိုင်းက ပြုလုပ်သည့် တပ်မတော်ဆေးတက္ကသိုလ်၊ ဗိုလ်လောင်းသင်တန်းအမှတ်စဉ်(၂၅) သင်တန်းဆင်း ဂုဏ်ပြုစစ်ရေးပြအခမ်းအနားတွင် ထည့်သွင်းပြောကြားခဲ့သည်။ တပ်မတော်အရာရှိ ဆရာဝန်ဆေးမှူးများ၏ ကျွမ်းကျင်မှုနှင့် ကျန်းမာရေးစောင့်ရှောက်ပေးမှုများသည် တပ်မတော်သားများ၏ ကျန်းမာကြံ့ခိုင်ရေးအတွက် အလွန်အရေးကြီးသည့်တာဝန်တစ်ရပ်ဖြစ်ပြီး တပ်မတော်အင်အား တောင့်တင်းခိုင်မာရေးအတွက်အခြေခံလိုအပ်ချက်ဖြစ်သည်ဟု ပြောသည်။ " တပ်မတော်အရာရှိ ဆရာဝန်ဆေးမှူးတွေဟာ နိုင်ငံတော်ကာကွယ်ရေးစွမ်းပကားမြင့်မားစေဖို့အတွက်လည်း တစ်ဖက်တစ်လမ်းက အထောက်အကူပြုပါတယ်။ တိုက်ပွဲဝင်စစ်သည်တိုင်း တိုက်စွမ်းရည်မြင့်မားရေးအတွက် ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ ကျန်းမာကြံ့ခိုင်ရေးဟာ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071