Thursday, December 19, 2024

လက်နက်ပြပွဲသည် ငြိမ်းချမ်းရေးသတင်းစကားဖြစ်–ဗီယက်နမ်ဝန်ကြီးချုပ်

ဗီယက်နမ်နိုင်ငံသည် ယုံကြည်မှု တည်ဆောက်ရန်နှင့် စစ်ပွဲများကို ဟန့်တားရန် ၎င်း၏ နိုင်ငံတကာ ကာကွယ်ရေးပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်ရန်ကြိုးစားနေသည်ဟု ကြာသပတေးနေ့က ဗီယက်နမ်၏ ဒုတိယအကြိမ် နိုင်ငံတကာ...

တာချီလိတ်မြို့ သန့်ရှင်းလှပရေးနှင့် စည်းကမ်းတကျဖြစ်စေရေး လမ်းဘေးဈေးဆိုင်များ...

ထိုင်း-မြန်မာနယ်စပ် တာချီလိတ်မြို့ သန့်ရှင်းလှပရေးနှင့် စည်းကမ်းတကျဖြစ်စေရေးအတွက် လမ်းဘေးဈေးဆိုင်များအပါအဝင် ဆိုင်ခန်းဥပစာကို ကျော်လွန်ခင်းကျင်းရောင်းချနေသူများ ယခုလ ဒီဇင်ဘာ(၂၅)ရက် မတိုင်မီ အပြီးဖယ်ရှားရန်နှင့် သတ်မှတ်ရက်ကျော်လွန်ပါက အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း...

လားရှိုး-သီပေါကြား စဉ့်အင်တံတား (၄)ရက်ကြာ ယာယီဖြတ်သန်းခွင့်ပိတ်

ရှမ်း/မြောက် လားရှိုးနှင့် သီပေါကြား ပြည်ထောင်စုလမ်းမပေါ်ရှိ စဉ့်အင်တံတားကို ယနေ့ ဒီဇင်ဘာ (၁၉)ရက်မှစတင်ကာ (၄)ရက်ကြာ ယာယီဖြတ်သန်းသွားလာခွင့် ပိတ်ထားမည်ဖြစ်ကြောင်း ဒေသတွင်း ခရီးသွားတစ်ဦးထံက...

“OK” ငွေလဲဆိုင်ပိုင်ရှင်အား ပြန်ပေးဆွဲသူများကို ဖမ်းဆီးစဉ်ပြန်လည်ခုခံပစ်ခတ်၍...

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့တွင် ဒီဇင်ဘာ ၁၃ ရက်နံနက်ပိုင်းက "OK" ငွေလဲဆိုင်ပိုင်ရှင်အား ပြန်ပေးဆွဲခေါ်ဆောင်သွားသူများကို လုံခြုံရေးအဖွဲ့ဝင်များမှ ဒီဇင်ဘာ ၁၈ ရက်ညနေပိုင်းကဖမ်းဆီးစဉ် ပြန်လည်ခုခံပစ်ခတ်မှုကြောင့်...
HomeNewsFootballလာမည့် ဗီယက်နမ်နှင့်ပွဲစဉ်သည် အရေးကြီးသဖြင့်...

လာမည့် ဗီယက်နမ်နှင့်ပွဲစဉ်သည် အရေးကြီးသဖြင့် ရလဒ်ကောင်းရရန် ကြိုးစားသွားမည်

ASEAN Mitsubishi Electric Cup 2024 ပြိုင်ပွဲ ၏ အုပ်စုပွဲစဉ်အဖြစ် ဗီယက်နမ်နှင့်ပွဲစဉ်သည်အရေးကြီးသဖြင့် ရလဒ်ကောင်းရရန် ကြိုးစားသွားမည်ဟု မြန်မာ့လက်ရွေးစင်အသင်း နည်းပြချုပ်ဦးမျိုးလှိုင်ဝင်းကပြောသည်။

ယမန်နေ့ ဒီဇင်ဘာ ၁၈ ရက်ညနေ ၅ နာရီက ရန်ကုန်မြို့ရှိ သုဝဏ္ဏဘောလုံးကွင်း၌ယှဉ်ပြိုင်ကစားခဲ့သည့် မြန်မာ့လက်ရွေးစင်အသင်းနှင့် လာအိုလက်ရွေးစင်အသင်းတို့၏ပွဲပြီးချိန်တွင် ပြောကြားခဲ့ခြင်းဖြစ်သည်။

ဒီဇင်ဘာ ၁၉ ရက်တွင် ဗီယက်နမ်အသင်းနှင့် အဝေးကွင်းကစားရန် ခရီးစသွားရမည်ဖြစ်၍ ကစားသမားများ ခရီးမပန်းရန်၊ ဒဏ်ရာသက်သာရန် ပြင်ဆင်ဆောင်ရွက်သွားမည်ဖြစ်ကာ ဗီယက်နမ်အသင်းနှင့်ပွဲသည် အရေးကြီးသဖြင့် ရလဒ်ကောင်းရရန်ကြိုးစားသွားမည်ဟု ပြောသည်။

ထို့ပြင် ယှဉ်ပြိုင်ကစားခဲ့သည့် လာအိုအသင်းပွဲစဉ်နှင့်ပတ်သက်၍လည်း ပရိသတ်များ၏အားပေးမှု၊ ကစားသမားများ၏ ကြိုးစားမှု၊ နည်းပြအဖွဲ့ဝင်များ၏ ညီညွတ်စွာဆောင်ရွက်မှုတို့ကြောင့် နောက်ဆုံးမိနစ်တွင် အနိုင်ဂိုးရခဲ့ခြင်းဖြစ်၍ အားလုံးကိုကျေးဇူးတင်သည်ဟု ပြောသည်။

“ နှစ်သင်းလုံး ကစားပုံကောင်းခဲ့ပါတယ်။ ကျွန်တော်တို့အသင်းဟာ တိုးတက်မှုရှိလာပေမယ့် ကြိုးစားရဦးမှာပါ။ မြန်မာအသင်းကို နောက်ဆုံးမိနစ်မှ အနိုင်ဂိုးပေးလိုက်ရလို့ စိတ်ပျက်စရာဖြစ်ပေမယ့် ကစားသမားတွေရဲ့ကြိုးစားမှုကို ကျေနပ်ပါတယ်”ဟု လာအိုအသင်းနည်းပြချုပ်ဟာဟေးဂျွန်ကပြောသည်။

ထို့အတူ လာအိုအသင်းနှင့်ပွဲစဉ်၌ မြန်မာ့လက်ရွေးစင်အသင်းမှ ကစားသမားမောင်မောင်လွင်သည် အဝါကတ်ပြခံခဲ့ရပြီး ၎င်းမှာအင်ဒိုနီးရှားအသင်းနှင့်ပွဲစဉ်တွင်လည်း အဝါကတ်ပြခံခဲ့ရပြီးဖြစ်၍ နှစ်ဝါဖြစ်သွားခြင်းကြောင့် ပွဲပယ်ပြစ်ဒဏ်ကျခံရမည်ဖြစ်ရာ ဗီယက်နမ်အသင်းနှင့် အဝေးကွင်းပွဲစဉ်တွင်ပါဝင်လာနိုင်မည်မဟုတ်ကြောင်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

လက်နက်ပြပွဲသည် ငြိမ်းချမ်းရေးသတင်းစကားဖြစ်–ဗီယက်နမ်ဝန်ကြီးချုပ်

ဗီယက်နမ်နိုင်ငံသည် ယုံကြည်မှု တည်ဆောက်ရန်နှင့် စစ်ပွဲများကို ဟန့်တားရန် ၎င်း၏ နိုင်ငံတကာ ကာကွယ်ရေးပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်ရန်ကြိုးစားနေသည်ဟု ကြာသပတေးနေ့က ဗီယက်နမ်၏ ဒုတိယအကြိမ် နိုင်ငံတကာ လက်နက်ပြပွဲဖွင့်ပွဲတွင် ဝန်ကြီးချုပ် ဖန်မင်းချင်းက ပြောကြားလိုက်သည်။ “ကာကွယ်ရေးကုန်စည်ပြပွဲက ငြိမ်းချမ်းရေး၊ ပူးပေါင်းဆောင်ရွက်မှုနဲ့ ဖွံ့ဖြိုးတိုးတက်မှုအတွက် သတင်းစကားဖြစ်ပါတယ်” ဟု ချင်းက ပြောသည်။ ဟနွိုင်မြို့တော် Gia Lam လေဆိပ်တွင် ပြုလုပ်သည့် လက်နက်ပြပွဲကို တနင်္ဂနွေနေ့အထိ ကျင်းပသွားမည်ဖြစ်သည်။ ပြပွဲတွင် အမေရိကန်ပြည်ထောင်စု၊ တရုတ်၊ ရုရှား၊ ဗြိတိန်၊ အီရန်နှင့် အစ္စရေးနိုင်ငံများအပါအဝင် ဒါဇင်နှင့်ချီသော...

တာချီလိတ်မြို့ သန့်ရှင်းလှပရေးနှင့် စည်းကမ်းတကျဖြစ်စေရေး လမ်းဘေးဈေးဆိုင်များ ဒီဇင်ဘာ (၂၅)ရက်မတိုင်မီအပြီးဖယ်ရှားရန် လိုက်လံသတိပေး

ထိုင်း-မြန်မာနယ်စပ် တာချီလိတ်မြို့ သန့်ရှင်းလှပရေးနှင့် စည်းကမ်းတကျဖြစ်စေရေးအတွက် လမ်းဘေးဈေးဆိုင်များအပါအဝင် ဆိုင်ခန်းဥပစာကို ကျော်လွန်ခင်းကျင်းရောင်းချနေသူများ ယခုလ ဒီဇင်ဘာ(၂၅)ရက် မတိုင်မီ အပြီးဖယ်ရှားရန်နှင့် သတ်မှတ်ရက်ကျော်လွန်ပါက အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။ ယင်းအတွက် ဒီဇင်ဘာ (၁၈)ရက်နှင့် (၁၉)ရက်တို့တွင် တာချီလိတ်မြို့နယ် စည်ပင်သာယာရေးဌာနတာဝန်ရှိသူများ၊သက်ဆိုင်ရာ ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများက လိုက်လံသတိပေးကြေညာလျက်ရှိကြောင်း သိရသည်။ အဆိုပါ အစီအစဉ်သည် ထိုင်း-မြန်မာနှစ်နိုင်ငံ နယ်စပ်မြို့ဖြစ်သည်နှင့်အညီ မြို့သန့်ရှင်းသာယာလှပရေးနှင့် စည်းကမ်းတကျဖြစ်စေရေး၊ ယာဉ်ကြောပိတ်ဆို့မှုနှင့် ယာဉ်အန္တရာယ် ကင်းရှင်းစေရေးတို့အတွက် ရည်ရွယ်ဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရသည်။ ထို့ကြောင့် တာချီလိတ်မြို့၊ ဗိုလ်ချုပ်လမ်းမကြီးနှင့် မြို့တွင်းလမ်းမကြီး လမ်းဘေး ဝဲ/ယာ တလျှောက်တွင်...

လားရှိုး-သီပေါကြား စဉ့်အင်တံတား (၄)ရက်ကြာ ယာယီဖြတ်သန်းခွင့်ပိတ်

ရှမ်း/မြောက် လားရှိုးနှင့် သီပေါကြား ပြည်ထောင်စုလမ်းမပေါ်ရှိ စဉ့်အင်တံတားကို ယနေ့ ဒီဇင်ဘာ (၁၉)ရက်မှစတင်ကာ (၄)ရက်ကြာ ယာယီဖြတ်သန်းသွားလာခွင့် ပိတ်ထားမည်ဖြစ်ကြောင်း ဒေသတွင်း ခရီးသွားတစ်ဦးထံက သိရသည်။ အဆိုပါ တံတားကို ပြီးခဲ့သော စက်တင်ဘာ (၅)ရက်၌ ဖြတ်သန်းခွင့်ပြုခဲ့သော်လည်း (၃)လအကြာ တံတားကြံ့ခိုင်ရေးပိုင်း ပြန်လည်စစ်ဆေးရမည်ဖြစ်သဖြင့် ယာယီပိတ်ခြင်းဖြစ်ကြောင်း ဆိုသည်။ စဉ့်အင်တံတားမှာ ရှမ်း/မြောက်အတွင်း ဖြစ်ပွားခဲ့သည့် ၁၀ ၂၇ ပထမ အကျော့တိုက်ပွဲများအတွင်း လက်နက်ကြီးထိမှန်၍ ပျက်စီးခဲ့ပြီးနောက် (၉)လခန့် အကြာတွင် ပြန်လည်ပြုပြင်၍ ဖြတ်သန်းခွင့်ပြုခဲ့ခြင်းဖြစ်သည်။ "တံတားပြင်ဆင်နေချိန်အတွင်းတော့ ကားငယ်တွေ ဖောင်ဆိပ်က‌နေပြီးဖြတ်ရမှာပါ"ဟု အဆိုပါ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071