Thursday, December 19, 2024

အလွတ်သဘောဆွေး‌နွေးပွဲတက်ရောက်လာသူ များနှင့် သီးခြားစီတွေ့ဆုံ၍ နိုင်ငံအတွက်ဆွေး...

နစက ဒု-ဝန်ကြီးချုပ်၊ နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးသန်းဆွေသည် ထိုင်းနိုင် ငံ၊ ဗန်ကောက်မြို့၌ ယနေ့ ဒီဇင်ဘာ ၁၉ ရက်ကပြုလုပ်သည့် မြန်မာနိုင်ငံနှင့် အိမ်နီးချင်းနိုင်ငံများ...

နစက ၏ဒီမိုကရေစီဖော်ဆောင်ရေးအတွက် ကြိုးပမ်းဆောင်ရွက်နေမှုများကို ဝန်ကြီးဦးသန်းဆွေရှင်းလင်းပြောကြား

နစက ၏ဒီမိုကရေစီဖော်ဆောင်ရေးအတွက် ကြိုးပမ်းဆောင်ရွက်နေမှုများကို ဒု-ဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးသန်းဆွေမှ ထိုင်းနိုင်ငံ၊ ဗန်ကောက်မြို့၌ ယနေ့ ဒီဇင်ဘာ ၁၉ ရက်ကပြုလုပ်သည့် မြန်မာနိုင်ငံနှင့်...

လက်နက်ပြပွဲသည် ငြိမ်းချမ်းရေးသတင်းစကားဖြစ်–ဗီယက်နမ်ဝန်ကြီးချုပ်

ဗီယက်နမ်နိုင်ငံသည် ယုံကြည်မှု တည်ဆောက်ရန်နှင့် စစ်ပွဲများကို ဟန့်တားရန် ၎င်း၏ နိုင်ငံတကာ ကာကွယ်ရေးပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်ရန်ကြိုးစားနေသည်ဟု ကြာသပတေးနေ့က ဗီယက်နမ်၏ ဒုတိယအကြိမ် နိုင်ငံတကာ...

တာချီလိတ်မြို့ သန့်ရှင်းလှပရေးနှင့် စည်းကမ်းတကျဖြစ်စေရေး လမ်းဘေးဈေးဆိုင်များ...

ထိုင်း-မြန်မာနယ်စပ် တာချီလိတ်မြို့ သန့်ရှင်းလှပရေးနှင့် စည်းကမ်းတကျဖြစ်စေရေးအတွက် လမ်းဘေးဈေးဆိုင်များအပါအဝင် ဆိုင်ခန်းဥပစာကို ကျော်လွန်ခင်းကျင်းရောင်းချနေသူများ ယခုလ ဒီဇင်ဘာ(၂၅)ရက် မတိုင်မီ အပြီးဖယ်ရှားရန်နှင့် သတ်မှတ်ရက်ကျော်လွန်ပါက အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း...
HomeInternationalဟနွိုင်တွင် ကော်ဖီဆိုင် မီးရှို့ခံရ၍...

ဟနွိုင်တွင် ကော်ဖီဆိုင် မီးရှို့ခံရ၍ လူ ၁၁ ဦး ‌ေ-သဆုံး

ဗီယက်နမ်နိုင်ငံ မြို့တော်ဟနွိုင်ရှိ ကော်ဖီဆိုင်တစ်ခု ဗုဒ္ဓဟူးနေ့ညက မီးလောင်မှုဖြစ်ပွားခဲ့၍ လူ ၁၁ ဦး ‌ေ-သဆုံးခဲ့သည်ဟု အာဏာပိုင်များက ပြောဆိုသည်။

ည ၁၁ နာရီခန့်တွင် လူများစွာ ပိတ်မိသွားခဲ့သည့် မီးလောင်မှုဖြစ်စဉ်နှင့်ပတ်သက်၍ အာဏာပိုင်များက မီးလောင်မှုကို စတင် ဖြစ်ပေါ်စေခဲ့သည့် သံသယရှိသူ အမျိုးသားတစ်ဦးကို ရဲတပ်ဖွဲ့က ဖမ်းဆီးထားသည်ဟု ပြည်သူ့လုံခြုံရေးဝန်ကြီးဌာနက ကြာသပတေးနေ့တွင် ပြောကြားခဲ့သည်။

“ကော်ဖီဆိုင်ကို ရည်ရွယ်ချက်ရှိရှိ နဲ့ မီးရှို့တာလို့ ရဲက သံသယရှိထားပြီး ကျူးလွန်သူကို ဖမ်းမိထားပါတယ်” ဟု ဟနွိုင်ရဲတပ်ဖွဲ့က ထုတ်ပြန်ပြောဆိုခဲ့သည်။

ရဲတပ်ဖွဲ့၏ အဆိုအရ အဆိုပါအမျိုးသားသည် အထပ်သုံးထပ် ပါသော ကော်ဖီဆိုင်၏ မြေညီထပ်တွင် ဓါတ်ဆီသုံးကာ မီးရှို့ခဲ့ခြင်းဖြစ်သည်ဟု ဝန်ခံခဲ့ကြောင်းနှင့် သူသည် ကော်ဖီဆိုင်ဝန်ထမ်းများနှင့် စကားများ ရန်ဖြစ်ခဲ့ပြီးနောက် ယင်းကဲ့သို့ လုပ်ခဲ့ခြင်းဖြစ်ကြောင်းထွက် ဆိုခဲ့သည်။

ကနဦးတွင် မီးရှိန်အလွန်ပြင်းထန်ကြောင်းနှင့် ကယ်ဆယ်မှုလုပ်ရမည့် အခြေအနေမျိုးဖြစ်ကြောင်း မျက်မြင်တွေ့ရှိသူများက ဒေသတွင်းမီဒီယာကို ပြောဆိုခဲ့သည်။

“ပိတ်မိနေတဲ့သူတွေအတွက် ကျွန်တော်တို့ အော်ဟစ်ပြောဆိုခဲ့ပေမယ့် အဆောက်အအုံထဲကနေ အကူအညီလှမ်းတောင်းတာမျိုးတော့ မကြားခဲ့ရပါဘူး” ဟု မျက်မြင်ကြုံတွေ့သူတစ်ဦးက ပြောသည်။

“မီးက ထွက်ပေါက်အားလုံးကို ပိတ်သွားစေခဲ့တယ်၊ ဓါတ်ဆီနံ့တွေ တော်တော်ထွက်တယ်” ဟုလည်း အခြားမျက်မြင်တွေ့ရှိသူတစ်ဦးက ပြောဆိုခဲ့သည်။

မီးလောင်မှုဖြစ်စဉ်တွင် လူ ၇ ဦးကိုကယ်ဆယ်ပေးခဲ့ပြီး ၎င်းတို့ထဲမှ နှစ်ဦးကို ဆေးရုံတင်ထားရသည်ဟု အာဏာပိုင်များက ပြောကြားခဲ့သည်။

Ref: ဒီဒဗ္ဗလျူ

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

အလွတ်သဘောဆွေး‌နွေးပွဲတက်ရောက်လာသူ များနှင့် သီးခြားစီတွေ့ဆုံ၍ နိုင်ငံအတွက်ဆွေး နွေးမှုများပြုလုပ်ခဲ့သည့် ဝန်ကြီးဦးသန်းဆွေ

နစက ဒု-ဝန်ကြီးချုပ်၊ နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးသန်းဆွေသည် ထိုင်းနိုင် ငံ၊ ဗန်ကောက်မြို့၌ ယနေ့ ဒီဇင်ဘာ ၁၉ ရက်ကပြုလုပ်သည့် မြန်မာနိုင်ငံနှင့် အိမ်နီးချင်းနိုင်ငံများ အလွတ်သဘောညှိနှိုင်းဆွေးနွေးပွဲသို့တက်ရောက်လာသူများနှင့် သီးခြားစီတွေ့ဆုံ၍ နိုင်ငံအတွက်ဆွေးနွေးမှုများပြုလုပ်ခဲ့ကြောင်း သိရသည်။ ဝန်ကြီးဦးသန်းဆွေသည် ဒီဇင်ဘာ ၁၈ ရက်က ဆွေးနွေးပွဲတက်ရောက်လာသည့် တရုတ်နိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီးဌာန ဒု-ဝန်ကြီး၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကြားဖြတ်အစိုးရအဖွဲ့ နိုင်ငံခြားရေးဝန်ကြီးဌာန၊ အကြံပေးပုဂ္ဂိုလ်၊ ဒီဇင်ဘာ ၁၉ ရက်တွင် လာအိုနိုင်ငံ နိုင်ငံခြားရေးဝန်ကြီး၊ အိန္ဒိယနိုင်ငံ ပြည်ပရေးရာဝန်ကြီးဌာန နိုင်ငံခြားရေးအတွင်းဝန်၊ ဖိလစ်ပိုင်နိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီးတို့နှင့်သီးခြားစီတွေ့ဆုံခဲ့ခြင်းဖြစ်သည်။ တွေ့ဆုံစဥ် နယ်စပ်ဒေသများ...

နစက ၏ဒီမိုကရေစီဖော်ဆောင်ရေးအတွက် ကြိုးပမ်းဆောင်ရွက်နေမှုများကို ဝန်ကြီးဦးသန်းဆွေရှင်းလင်းပြောကြား

နစက ၏ဒီမိုကရေစီဖော်ဆောင်ရေးအတွက် ကြိုးပမ်းဆောင်ရွက်နေမှုများကို ဒု-ဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးသန်းဆွေမှ ထိုင်းနိုင်ငံ၊ ဗန်ကောက်မြို့၌ ယနေ့ ဒီဇင်ဘာ ၁၉ ရက်ကပြုလုပ်သည့် မြန်မာနိုင်ငံနှင့် အိမ်နီးချင်းနိုင်ငံများ အလွတ်သဘောညှိနှိုင်းဆွေးနွေးပွဲ၌ ရှင်းလင်းပြောကြားခဲ့ခြင်းဖြစ်သည်။ အလွတ်သဘောဆွေးနွေးပွဲသို့ ဝန်ကြီးဦးသန်းဆွေမှ ထိုင်းနိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီး မစ္စတာ မာရစ်ဆတ်ငိုရမ်ဖုန်၏ ဖိတ်ကြားချက်အရတက်ရောက်ခဲ့ခြင်းဖြစ်ပြီး မြန်မာနိုင်ငံနှင့်အိမ်နီးချင်းနိုင်ငံများဖြစ်သည့် ဘင်္ဂလားဒေ့ရှ်၊ တရုတ်၊ အိန္ဒိယ၊ လာအိုနှင့် ထိုင်းနိုင်ငံတို့မှ နိုင်ငံခြားရေးဝန်ကြီးများ၊ ဒု-ဝန်ကြီးများနှင့် ကိုယ်စားလှယ်များလည်း တက်ရောက်ခဲ့ကြသည်။ ဆွေးနွေးပွဲတွင် ဝန်ကြီးဦးသန်းဆွေမှ အစိုးရ၏ ငြိမ်းချမ်းရေး၊ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ဒီမိုကရေစီ ဖော်ဆောင်ရေးအတွက် ကြိုးပမ်းဆောင်ရွက်နေမှုများ၊...

လက်နက်ပြပွဲသည် ငြိမ်းချမ်းရေးသတင်းစကားဖြစ်–ဗီယက်နမ်ဝန်ကြီးချုပ်

ဗီယက်နမ်နိုင်ငံသည် ယုံကြည်မှု တည်ဆောက်ရန်နှင့် စစ်ပွဲများကို ဟန့်တားရန် ၎င်း၏ နိုင်ငံတကာ ကာကွယ်ရေးပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်ရန်ကြိုးစားနေသည်ဟု ကြာသပတေးနေ့က ဗီယက်နမ်၏ ဒုတိယအကြိမ် နိုင်ငံတကာ လက်နက်ပြပွဲဖွင့်ပွဲတွင် ဝန်ကြီးချုပ် ဖန်မင်းချင်းက ပြောကြားလိုက်သည်။ “ကာကွယ်ရေးကုန်စည်ပြပွဲက ငြိမ်းချမ်းရေး၊ ပူးပေါင်းဆောင်ရွက်မှုနဲ့ ဖွံ့ဖြိုးတိုးတက်မှုအတွက် သတင်းစကားဖြစ်ပါတယ်” ဟု ချင်းက ပြောသည်။ ဟနွိုင်မြို့တော် Gia Lam လေဆိပ်တွင် ပြုလုပ်သည့် လက်နက်ပြပွဲကို တနင်္ဂနွေနေ့အထိ ကျင်းပသွားမည်ဖြစ်သည်။ ပြပွဲတွင် အမေရိကန်ပြည်ထောင်စု၊ တရုတ်၊ ရုရှား၊ ဗြိတိန်၊ အီရန်နှင့် အစ္စရေးနိုင်ငံများအပါအဝင် ဒါဇင်နှင့်ချီသော...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071