ဘန်ကောက်၊ဒီဇင်ဘာ ၁၉
ရနောင်းမြို့ရှိ စာသင်ကျောင်းတစ်ခုမှ ဆရာ၊ဆရာမနှင့်ကျောင်းသားကျောင်းသူပေါင်း ၁,၄၃၆ ဦးသည် နိုရိုဗိုင်းရပ်စ်ပိုးကူးစက်ခဲ့ပြီးနောက် ကျန်းမာရေး အလေ့အကျင့်ကောင်းများနှင့်အညီနေထိုင်ရန် ထိုင်းကျန်းမာရေး ဦးစီးဌာနကထုတ်ပြန်ကြေငြာခဲ့သည်။
အဆိုပါကျောင်းသူကျောင်းသားများ၊ဆရာများနှင့် ဝန်ထမ်းများသည် ကျောင်းအားကစားပွဲအတွင်း ရေနှင့်ရေခဲများ အတူတူစားသုံးမိခြင်းကြောင့် နိုရိုရောဂါကူးစက်ခံခဲ့ရခြင်းဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီးဌာန၏ ဒုတိယညွှန်ကြားရေးမှူးချုပ်ကပြောကြားခဲ့သည်။
အထူးသဖြင့် အအေးမိရာသီများ၌ လူကြီးများထက် ကိုယ်ခံစွမ်းအားနိမ့်သော ကလေ-းများတွင် နိုရိုဗိုင်းရပ်စ်ပိုးဖြစ်ပွားတတ်ကြောင်းလည်း ၎င်းကရှင်းပြခဲ့သည်။
ကျောင်းများ၊စားသောက်ဆိုင်များ၊ဆေးရုံများ၊ ကလေ-းထိန်းကျောင်းများ၊ခရီးသွားဘတ်စ်ကားများနှင့် လှေများသည် ဗိုင်းရပ်စ်ကူးစက်နိုင်ခြေရှိသည့် နေရာများထဲတွင် ပါဝင်သည်ဟု ၎င်းကမှတ်ချက်ပြုခဲ့သည်။
နိုရိုဗိုင်းရပ်စ်သည် အစားအသောက်၊အချိုရည်၊ အသက်ရှူလမ်းကြောင်းနှင့် နိုရိုဗိုင်းရပ်စ်ဝေဒနာရှင်များနှင့် ထိတွေ့ခြင်းမှတစ်ဆင့် လူများထံ အလွယ်တကူကူးစက်နိုင်သည်” ဟုလည်း ၎င်းကပြောကြားခဲ့သည်။
နိုရိုဗိုင်းရပ်စ်ဝေဒနာရှင်အများစုသည် ပျို့အန်ခြင်း၊ ဗိုက်နာခြင်း၊ဝမ်းပျက်ဝမ်းလျှော၊ဖျားခြင်း၊ပင်ပန်းနွမ်းနယ်ခြင်း၊ခေါင်းကိုက်ခြင်း နှင့် ခန္ဓာကိုယ်ကိုက်ခဲခြင်းများဖြစ်တတ်ပြီး ကလေ-းများနှင့်သက်ကြီးရွယ်အိုများသည် ရေဓာတ်ခန်းခြောက်ခြင်းအပါအဝင် ပိုမိုပြင်းထန်သောလက္ခဏာများ ဖြစ်ပေါ်နိုင်ကြောင်းလည်းသတိပေးခဲ့သည်။
ထို့ပြင် ကြိုတင်ကာကွယ်ရေးအစီအမံများကိုလည်း လိုက်နာရန် အကြံပြုထားပြီး ချက်ပြုတ်ထားသော အစားအစာများကိုစားခြင်း၊ပန်းကန်ခွက်ယောက်များကိုသီးခြားခွဲသုံးခြင်းများပြုလုပ်ရန်လည်းအကြံပြုထားသည်။
သန့်ရှင်းသောဟင်းသီးဟင်းရွက်နှင့်သစ်သီးများ ကို စားကာ နေ့စဉ်လုပ်ငန်းဆောင်တာများပြီးပါက လက်ကိုရေနှင့်ဆပ်ပြာတို့ဖြင့်ဆေးကြောပြီး မသန့်ရှင်းသောရေနှင့် သောက်သုံးခြင်း၊ထိတွေ့ခြင်းတို့မှ ရှောင်ကြဉ်ရန်လည်း သတိပေးနှိုးဆော်ထားသည်။
Source : သည်နေးရှင်း