Friday, December 20, 2024

ထိုင်း၌မွေးသည့် မြန်မာကလေ-းငယ်များ အခမဲ့ဆေးကုသခွင့်ရမည်မဟုတ်

ဘန်ကောက်၊ဒီဇင်ဘာ ၁၉ ထိုင်းနိုင်ငံနယ်စပ်ရှိ ဆေးရုံ၌ မွေးဖွားသည့် မြန်မာကလေ-းငယ်များအတွက် ဂဏန်း ၁၃ လုံးပါ မှတ်ပုံတင်နံပါတ် ကိုအလိုအလျောက်ထုတ်ပေးထားသော်လည်း ထိုင်းနိုင်ငံသားများကဲ့သို့ အခမဲ့ ကျန်းမာရေးစောင့်ရှောက်မှု...

အလွတ်သဘောဆွေး‌နွေးပွဲတက်ရောက်လာသူ များနှင့် သီးခြားစီတွေ့ဆုံ၍ နိုင်ငံအတွက်ဆွေး...

နစက ဒု-ဝန်ကြီးချုပ်၊ နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးသန်းဆွေသည် ထိုင်းနိုင် ငံ၊ ဗန်ကောက်မြို့၌ ယနေ့ ဒီဇင်ဘာ ၁၉ ရက်ကပြုလုပ်သည့် မြန်မာနိုင်ငံနှင့် အိမ်နီးချင်းနိုင်ငံများ...

နစက ၏ဒီမိုကရေစီဖော်ဆောင်ရေးအတွက် ကြိုးပမ်းဆောင်ရွက်နေမှုများကို ဝန်ကြီးဦးသန်းဆွေရှင်းလင်းပြောကြား

နစက ၏ဒီမိုကရေစီဖော်ဆောင်ရေးအတွက် ကြိုးပမ်းဆောင်ရွက်နေမှုများကို ဒု-ဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးသန်းဆွေမှ ထိုင်းနိုင်ငံ၊ ဗန်ကောက်မြို့၌ ယနေ့ ဒီဇင်ဘာ ၁၉ ရက်ကပြုလုပ်သည့် မြန်မာနိုင်ငံနှင့်...

လက်နက်ပြပွဲသည် ငြိမ်းချမ်းရေးသတင်းစကားဖြစ်–ဗီယက်နမ်ဝန်ကြီးချုပ်

ဗီယက်နမ်နိုင်ငံသည် ယုံကြည်မှု တည်ဆောက်ရန်နှင့် စစ်ပွဲများကို ဟန့်တားရန် ၎င်း၏ နိုင်ငံတကာ ကာကွယ်ရေးပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်ရန်ကြိုးစားနေသည်ဟု ကြာသပတေးနေ့က ဗီယက်နမ်၏ ဒုတိယအကြိမ် နိုင်ငံတကာ...
HomeNewsLocal News"OK" ငွေလဲဆိုင်ပိုင်ရှင်အား ပြန်ပေးဆွဲသူများကို...

“OK” ငွေလဲဆိုင်ပိုင်ရှင်အား ပြန်ပေးဆွဲသူများကို ဖမ်းဆီးစဉ်ပြန်လည်ခုခံပစ်ခတ်၍ အသေပစ်ခတ်ဖမ်းဆီးခဲ့ရ

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့တွင် ဒီဇင်ဘာ ၁၃ ရက်နံနက်ပိုင်းက “OK” ငွေလဲဆိုင်ပိုင်ရှင်အား ပြန်ပေးဆွဲခေါ်ဆောင်သွားသူများကို လုံခြုံရေးအဖွဲ့ဝင်များမှ ဒီဇင်ဘာ ၁၈ ရက်ညနေပိုင်းကဖမ်းဆီးစဉ် ပြန်လည်ခုခံပစ်ခတ်မှုကြောင့် အသေပစ်ခတ်ဖမ်းဆီးခဲ့ရကြောင်း သိရသည်။

“OK”ငွေလဲဆိုင်ပိုင်ရှင် ဦးရန်ထင်ချမ်း(၇၈)နှစ်အား အိမ်စီးကား(အဖြူရောင်)ဖြင့်ရောက်ရှိလာသည့် သေနတ်များကိုင်ဆောင်ထားသော အမျိုးသား(၃)ဦးက အတင်းအကြပ်ပြန်ပေးဆွဲခေါ်ဆောင်သွားခဲ့သဖြင့် လုံခြုံရေးအဖွဲ့ဝင်များနှင့်ရဲတပ်ဖွဲ့ဝင်များက ပြစ်မှုကျူးလွန်သူများအား ဖမ်းဆီးရမိရေးအတွက် အခင်းဖြစ်နေရာနှင့် CCTV မှတ်တမ်းများအား စစ်ဆေးမှုများပြုလုပ်ခဲ့ကြကြောင်း သိရသည်။

ထို့ကြောင့် ပြစ်မှုကျူးလွန်သူ(၆)ဦးသည် ပါဆပ်ရပ်ကွက်ရှိ နေအိမ်တစ်လုံးတွင်ရှိနေကြောင်းသတင်းအရ ဒီဇင်ဘာ ၁၈ ရက်ညနေပိုင်းတွင်ဝင်ရောက်ဖမ်းဆီးရာ ပြစ်မှုကျူးလွန်သူများက စတင်ပစ်ခတ်ပြီးနောက် ထွက်ပြေးရန်ကြိုးစားသဖြင့် လုံခြုံရေးအဖွဲ့ဝင်များက ပြန်လည်ပစ်ခတ်ဖမ်းဆီးခဲ့ကြ၍ (၆)ဦးလုံးအား အသေဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

ထို့ပြင် ပြန်ပေးဆွဲခေါ်ဆောင်သွားခံခဲ့ရသည့် “OK”ငွေလဲဆိုင်ပိုင်ရှင် ဦးရန်ထင်ချမ်းကိုလည်း အသက်ရှင်လျက် ကယ်ထုတ်နိုင်ခဲ့ကြောင်း သိရသည်။

ထို့နောက် နေအိမ်အားစစ်ဆေးရာ M 16 သေနတ် အရှည်တစ်လက်၊ ကျည်အိမ်တစ်ခု၊ ကျည်(၁၇) တောင့်၊ ကျည်ခွံ(၁၄)ခု၊ ပွိုင့် ၃၈၀ ပစ္စတိုတစ်လက်၊ ကျည်အိမ်တစ်ခု၊ ကျည်(၄)တောင့်၊ ကျည်ခွံ(၄)ခု၊ စိတ်ကြွဆေးပြား(၆၅၀၀၀)ပြား၊ ကားနံပါတ်ပြား(၆)ခု၊ အနက်ရောင်ကျည်ကာ(၂)ထည် ၊ ပဲခူးတိုင်းရဲတပ်ဖွဲ့အကျီတံဆိပ်ပါ ယူနီဖောင်း အကျီတစ်ထည်နှင့်ပြန်ပေးဆွဲစဉ်က အသုံးပြုခဲ့သည့်ကားတို့ကိုလည်း သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

ထို့ကြောင့် သိမ်းဆည်းရမိခဲ့သည့် လက်နက်ခဲယမ်းများနှင့်ပြစ်မှုကျူးလွန်သူ(၆)ဦး၏ ရုပ်အ လောင်းများအား လုံခြုံရေးအဖွဲ့ဝင်များက ဥပ‌ဒေ လုပ်ငန်းစဉ်များအတိုင်း ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ထိုင်း၌မွေးသည့် မြန်မာကလေ-းငယ်များ အခမဲ့ဆေးကုသခွင့်ရမည်မဟုတ်

ဘန်ကောက်၊ဒီဇင်ဘာ ၁၉ ထိုင်းနိုင်ငံနယ်စပ်ရှိ ဆေးရုံ၌ မွေးဖွားသည့် မြန်မာကလေ-းငယ်များအတွက် ဂဏန်း ၁၃ လုံးပါ မှတ်ပုံတင်နံပါတ် ကိုအလိုအလျောက်ထုတ်ပေးထားသော်လည်း ထိုင်းနိုင်ငံသားများကဲ့သို့ အခမဲ့ ကျန်းမာရေးစောင့်ရှောက်မှု ကို ခံယူခွင့်မရှိကြောင်း နိုင်ငံတော်ကျန်းမာရေးဖူလုံရေးရုံး (NHSO)ကပြောကြားခဲ့သည်။ ထို့ထက်ပို၍အရေးကြီးသည်မှာ ထုတ်ပေးသည့်မှတ်ပုံတင်ကတ်များသည် အဆိုပါက-လေးများအား ထိုင်းနိုင်ငံ၌မွေးဖွားသည့် ရွှေ့ပြောင်းအလုပ်သမားများအဖြစ်သာ တိတိကျကျသတ်မှတ်ထားခြင်းဖြစ်ကြောင်းလည်းပြောကြားခဲ့သည်။ ကျန်းမာရေးစောင့်ရှောက်မှုများရရှိရန်အတွက် ထိုင်းဆေးရုံ၌ ကလေ-းမွေးဖွားရန် ရည်ရွယ်ချက်ရှိရှိဖြင့် နယ်စပ်ဖြတ်ကျော်ဝင်ရောက်လာသည့် မြန်မာနိုင်ငံမှကိုယ်ဝန်ဆောင်အမျိုးသမီးအရေအတွက် များလာခြင်းနှင့်ပတ်သက်၍ မီဒီယာများထံ ယခုကဲ့သို့ တုန့်ပြန်ပြောကြားခဲ့ခြင်းဖြစ်သည်။ ၎င်းတို့သည် ကျန်းမာရေးစောင့်ရှောက်မှု မရရှိသော ရွှေ့ပြောင်းနေထိုင်သူများအတွက် အထူးစီစဥ်ထားသည့် ကျန်းမာရေးစီမံချက်ကို အခွင့်ကောင်းယူနေခြင်းဖြစ်ကြောင်း အမည်မဖော်လိုသည့် ကျန်းမာရေးဝန်ထမ်းတစ်ဦးကပြောကြားခဲ့သည်။ ပြီးခဲ့သည့်လက...

အလွတ်သဘောဆွေး‌နွေးပွဲတက်ရောက်လာသူ များနှင့် သီးခြားစီတွေ့ဆုံ၍ နိုင်ငံအတွက်ဆွေး နွေးမှုများပြုလုပ်ခဲ့သည့် ဝန်ကြီးဦးသန်းဆွေ

နစက ဒု-ဝန်ကြီးချုပ်၊ နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးသန်းဆွေသည် ထိုင်းနိုင် ငံ၊ ဗန်ကောက်မြို့၌ ယနေ့ ဒီဇင်ဘာ ၁၉ ရက်ကပြုလုပ်သည့် မြန်မာနိုင်ငံနှင့် အိမ်နီးချင်းနိုင်ငံများ အလွတ်သဘောညှိနှိုင်းဆွေးနွေးပွဲသို့တက်ရောက်လာသူများနှင့် သီးခြားစီတွေ့ဆုံ၍ နိုင်ငံအတွက်ဆွေးနွေးမှုများပြုလုပ်ခဲ့ကြောင်း သိရသည်။ ဝန်ကြီးဦးသန်းဆွေသည် ဒီဇင်ဘာ ၁၈ ရက်က ဆွေးနွေးပွဲတက်ရောက်လာသည့် တရုတ်နိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီးဌာန ဒု-ဝန်ကြီး၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကြားဖြတ်အစိုးရအဖွဲ့ နိုင်ငံခြားရေးဝန်ကြီးဌာန၊ အကြံပေးပုဂ္ဂိုလ်၊ ဒီဇင်ဘာ ၁၉ ရက်တွင် လာအိုနိုင်ငံ နိုင်ငံခြားရေးဝန်ကြီး၊ အိန္ဒိယနိုင်ငံ ပြည်ပရေးရာဝန်ကြီးဌာန နိုင်ငံခြားရေးအတွင်းဝန်၊ ဖိလစ်ပိုင်နိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီးတို့နှင့်သီးခြားစီတွေ့ဆုံခဲ့ခြင်းဖြစ်သည်။ တွေ့ဆုံစဥ် နယ်စပ်ဒေသများ...

နစက ၏ဒီမိုကရေစီဖော်ဆောင်ရေးအတွက် ကြိုးပမ်းဆောင်ရွက်နေမှုများကို ဝန်ကြီးဦးသန်းဆွေရှင်းလင်းပြောကြား

နစက ၏ဒီမိုကရေစီဖော်ဆောင်ရေးအတွက် ကြိုးပမ်းဆောင်ရွက်နေမှုများကို ဒု-ဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးသန်းဆွေမှ ထိုင်းနိုင်ငံ၊ ဗန်ကောက်မြို့၌ ယနေ့ ဒီဇင်ဘာ ၁၉ ရက်ကပြုလုပ်သည့် မြန်မာနိုင်ငံနှင့် အိမ်နီးချင်းနိုင်ငံများ အလွတ်သဘောညှိနှိုင်းဆွေးနွေးပွဲ၌ ရှင်းလင်းပြောကြားခဲ့ခြင်းဖြစ်သည်။ အလွတ်သဘောဆွေးနွေးပွဲသို့ ဝန်ကြီးဦးသန်းဆွေမှ ထိုင်းနိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီး မစ္စတာ မာရစ်ဆတ်ငိုရမ်ဖုန်၏ ဖိတ်ကြားချက်အရတက်ရောက်ခဲ့ခြင်းဖြစ်ပြီး မြန်မာနိုင်ငံနှင့်အိမ်နီးချင်းနိုင်ငံများဖြစ်သည့် ဘင်္ဂလားဒေ့ရှ်၊ တရုတ်၊ အိန္ဒိယ၊ လာအိုနှင့် ထိုင်းနိုင်ငံတို့မှ နိုင်ငံခြားရေးဝန်ကြီးများ၊ ဒု-ဝန်ကြီးများနှင့် ကိုယ်စားလှယ်များလည်း တက်ရောက်ခဲ့ကြသည်။ ဆွေးနွေးပွဲတွင် ဝန်ကြီးဦးသန်းဆွေမှ အစိုးရ၏ ငြိမ်းချမ်းရေး၊ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ဒီမိုကရေစီ ဖော်ဆောင်ရေးအတွက် ကြိုးပမ်းဆောင်ရွက်နေမှုများ၊...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071