ဗီယက်နမ်နိုင်ငံသည် ယုံကြည်မှု တည်ဆောက်ရန်နှင့် စစ်ပွဲများကို ဟန့်တားရန် ၎င်း၏ နိုင်ငံတကာ ကာကွယ်ရေးပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်ရန်ကြိုးစားနေသည်ဟု ကြာသပတေးနေ့က ဗီယက်နမ်၏ ဒုတိယအကြိမ် နိုင်ငံတကာ လက်နက်ပြပွဲဖွင့်ပွဲတွင် ဝန်ကြီးချုပ် ဖန်မင်းချင်းက ပြောကြားလိုက်သည်။
“ကာကွယ်ရေးကုန်စည်ပြပွဲက ငြိမ်းချမ်းရေး၊ ပူးပေါင်းဆောင်ရွက်မှုနဲ့ ဖွံ့ဖြိုးတိုးတက်မှုအတွက် သတင်းစကားဖြစ်ပါတယ်” ဟု ချင်းက ပြောသည်။
ဟနွိုင်မြို့တော် Gia Lam လေဆိပ်တွင် ပြုလုပ်သည့် လက်နက်ပြပွဲကို တနင်္ဂနွေနေ့အထိ ကျင်းပသွားမည်ဖြစ်သည်။ ပြပွဲတွင် အမေရိကန်ပြည်ထောင်စု၊ တရုတ်၊ ရုရှား၊ ဗြိတိန်၊ အီရန်နှင့် အစ္စရေးနိုင်ငံများအပါအဝင် ဒါဇင်နှင့်ချီသော နိုင်ငံများမှ ပြခန်းပေါင်း ၂၅၀ နီးပါးဖြင့် ခင်းကျင်းပြသထားသည်။
ဗီယက်နမ်နိုင်ငံအနေဖြင့် စစ်ရေးမဟာမိတ်များတွင် မပါဝင်ခြင်း၊ အခြားနိုင်ငံတစ်နိုင်ငံကို ဆန့်ကျင်သည့် နိုင်ငံတစ်ခုနှင့် မဟာမိတ်မဖွဲ့ခြင်း၊ နိုင်ငံခြားစစ်အခြေစိုက်စခန်းများ ကို ခွင့်မပြုခြင်း သိုမဟုတ် အခြားနိုင်ငံတစ်ခုကို ဆန့်ကျင်ရန်အတွက် နိုင်ငံပိုင်နက်ကို အသုံပြုခွင့်မပေးခြင်းနှင့် နိုင်ငံတကာဆက်ဆံရေးတွင် အင်အားသုံးခြင်း သို့မဟုတ် ခြိမ်းခြောက်မှုကိုလက်မခံခြင်း ဟူသည့် ရှောင်ရှားရမည့် မူလေးရပ်ကို ထိန်းသိမ်းသွားမည်ဟု ချင်းက ပြောကြားခဲ့သည်။
Ref: ဘန်ကောက်ပို့စ်