ပြန်ပေးဆွဲမှု၊ လုယ-က်မှုများ ဖြစ်ပေါ်ထားသည့် မန္တလေးမြို့တွင် ညဦးပိုင်းကစပြီး လူငယ်များ အပြင်မထွက်ကြရန် လူငယ်များအချင်းချင်း သတိပေးမှုများရှိလာနေကြောင်း သိရသည်။
“ကြားတယ်၊ အိမ်ကလည်း စိုးရိမ်နေတယ်။ မနေ့ကဆို သိပ္ပံလမ်းမကြီးပေါ်မှာတောင် ပြန်တဲ့လူ သိပ်မရှိတော့ဘူး၊ သတိထားသွားလာနေကြရတယ်”ဟု မန္တလေးမြို့ခံလူငယ်တစ်ဦးက ပေါ်ပြူလာနယူးကို ပြောသည်။
မန္တလေးမြို့ပေါ်၌ အခုရက်ပိုင်း လူပျောက်မှုများအပြင် ခိုးမှု၊ လုယ-က်မှု၊ ဓ-ားပြတိုက်မှုများလည်း ဆက်တိုက်ဖြစ်ပွားနေသည့်အတွက် မြို့ခံများသည်လည်း စိုးရိမ်ပူပန်နေကြကြောင်း အထက်ပါဒေသခံကပင် ဆိုသည်။
အဆိုပါ အဖြစ်အပျက်များကြောင့် အချို့သော ဆိုင်များ၊ အရောင်းဆိုင်များသည်လည်း (၆)နာရီခွဲမတိုင်ခင် ရုံးစောဆင်းပေးနေပြီး အိမ်ကိုသာစောစောပြန်ကြရန် တိုက်တွန်းမှုများလည်း ပြုလုပ်နေသည်ဟုလည်း သိရသည်။
လတ်တလောတွင် မန္တလေးမြို့ပေါ်ရှိ ရွှေစင်အကယ်ဒမီရွှေဆိုင်မှ ကျပ်သိန်း (၃၀,၀၀၀) ကျော်တန်ဖိုးရှိသည့် ရွှေထည်ပစ္စည်းများ ဓ-ားပြတိုက်ခံခဲ့ရမှုနှင့် ဆရာဝန်အချင်းချင်း ပြန်ပေးဆွဲကာ သ-တ်ဖြ-တ်မှု ဖြစ်စဉ်တို့ကြောင့် မန္တလေးမြို့၏ လုံခြုံရေးမှာ မေးခွန်းထုတ်စရာအခြေအနေဖြစ်နေပြီး မြို့ခံပြည်သူများ၏ စိုးရိမ်ထိတ်လန့်မှုရေချိန်မှာလည်း မြင့်သထက် မြင့်တက်လာနေသည်။