သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန သာသနာရေးဦးစီးဌာနက ကျင်းပသည့် ၂၀၂၄ ခုနှစ် အစိုးရဓမ္မာစရိယစာမေးပွဲတွင် အောင်မြင်ခဲ့သူများကို “မဟာဘွဲ့နှင်းသဘင်အခမ်းအနား” ဖြင့် အောင်လက်မှတ်များ ပေးအပ်သွားမည်ဖြစ်ကြောင်း သိရသည်။
ယင်းစာမေးပွဲတွင် အစိုးရဓမ္မာစရိယ အထူးအောင်(၃)ပါး၊ ပါဠိဂုဏ်ထူးအောင် (၆)ပါး၊ မြန်မာဂုဏ်ထူးအောင်(၃)ပါး၊ အစိုးရ ဓမ္မာစရိယ သုံးကျမ်းအောင် (၁၄၄၃) ပါး၊ ပါဠိပထမ ပြန်အထူးအောင် (၁၆) ပါး၊ နိကာယ်အထူးအောင် (၁၃) ပါး၊ မဟာဝိဒူအောင် (၁၅) ပါး၊ အဘိဓမ္မာနှင့် ဝိသုဒ္ဓိမဂ် အထူးအောင် (၉)ဦးတို့အား ဘွဲ့တံဆိပ်တော်များနှင့် အောင်လက်မှတ်များ ဆက်ကပ်လှူဒါန်းသည့် မဟာဘွဲ့နှင်းသဘင်အခမ်း အနားကို ၁၃၈၆ ခုနှစ် တပို့တွဲလပြည့်ကျော် (၂) ရက်၊ ၂၀၂ ၅ ခုနှစ် ဖေဖော်ဝါရီ (၁၄) ရက်၊ နေ့လယ် (၁၂) နာရီတွင် ပြုလုပ်သွားမည်ဖြစ်သည်။
အဆိုပါ အခမ်းအနားကို ရန်ကုန်မြို့ သီရိမင်္ဂလာကမ္ဘာအေးကုန်းမြေ ဆဋ္ဌသင်္ဂါယနာ မဟာပါသာဏလိုဏ်ဂူသိမ်တော်ကြီး၌ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၏ ဦးဆောင်မှုဖြင့် ကျင်းပမည်ဖြစ်ကြောင်း သိရသည်။
ယင်းမဟာဘွဲ့နှင်းသဘင်အခမ်းအနားသို့ အချိန်မီကြွရောက်ရန်သက်ဆိုင်ရာ အထူးအောင်ပုဂ္ဂိုလ်များနှင့် ပင့်သံဃာတော်များကို ပင့်စာများ ပေးပို့ဆက်ကပ်ပင့်ဆောင်မည်ဖြစ်ပြီး ပင့်စာများကို အချိန်မီမရရှိပါကလည်း ကြွရောက်တော်မူကြပါရန်နှင့် ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီ (၁၂) ရက်မှစ၍ ရုံးချိန်အတွင်း ရန်ကုန်မြို့ ကမ္ဘာအေးကုန်းမြေ သာသနာရေးဦးစီးဌာန စာမေးပွဲဌာနခွဲသို့ ဆက်သွယ်သတင်းပေးပို့ကြရန် သာသနာရေးဦးစီးဌာနက ပင့်လျှောက်ထားကြောင်း သိရသည်။