Home News Local News နစက ဥက္ကဋ္ဌထံသို့ လာအိုနိုင်ငံနှင့်ကမ္ဘောဒီးယားနိုင်ငံတို့မှ သံအမတ်ကြီးများက သံအမတ်ခန့်အပ်လွှာများပေးအပ်

နစက ဥက္ကဋ္ဌထံသို့ လာအိုနိုင်ငံနှင့်ကမ္ဘောဒီးယားနိုင်ငံတို့မှ သံအမတ်ကြီးများက သံအမတ်ခန့်အပ်လွှာများပေးအပ်

0
96

နစက ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ထံသို့ ယနေ့ ဒီဇင်ဘာ ၂၀ ရက်နံနက်ပိုင်းက လာအိုနိုင်ငံနှင့်ကမ္ဘောဒီးယားနိုင်ငံတို့မှ သံအမတ်ကြီးများက ၎င်းတို့၏ သံအမတ်ခန့်အပ်လွှာများကိုပေးအပ်ခဲ့ကြသည်။

မြန်မာနိုင်ငံဆိုင်ရာ ကမ္ဘောဒီးယားနိုင်ငံ သံအမတ်ကြီးအဖြစ်ခန့်အပ်ရန် သဘောတူညီပြီးဖြစ်သော သံအမတ်ကြီး H.E. Mr. CHENG Manith မှ နစကဥက္ကဋ္ဌထံ နံနက် ၁၀ နာရီတွင်လာရောက်တွေ့ဆုံ၍ သံအမတ်ခန့်အပ်လွှာပေးအပ်ခဲ့ပြီး နှစ်နိုင်ငံကြား သံတမန်ဆက်ဆံမှုနှင့် ချစ်ကြည်ရင်းနှီးမှု၊ စီးပွားရေးနှင့် ကုန်သွယ်မှုများ တိုးတက်ကောင်းမွန်လျက်ရှိမှုနှင့် ပိုမိုတိုးတက်အောင်ဆောင်ရွက်သွားမည့် အခြေ အနေများကို ဆွေးနွေးခဲ့ကြသည်။

ထို့အတူ ခရီးသွားကဏ္ဍဖွံ့ဖြိုးတိုးတက်ရေး၊ ယဉ်ကျေးမှုအပြန်အလှန်ဖလှယ်ရေးနှင့် နှစ်နိုင်ငံသံတမန်ဆက်ဆံမှုနှစ်(၇၀)ပြည့်အခမ်းအနားကို အနှစ်သာရရှိရှိကျင်းပနိုင်ရေး၊ နှစ်နိုင်ငံကြား အပြန်အလှန်ပူးပေါင်းဆောင်ရွက်မှုများတိုးတက်ရေးအတွက် ဆက်လက်ဆောင်ရွက်သွားမည့် အခြေအနေများကိုလည်း ဆွေးနွေးခဲ့ကြသည်။

အလားတူ မြန်မာနိုင်ငံဆိုင်ရာ လာအိုနိုင်ငံ သံအမတ်ကြီးအဖြစ်ခန့်အပ်ရန်သဘောတူညီပြီးဖြစ်သော သံအမတ်ကြီး H.E. Mr. Bounphieng CHANTHAVONG သည် နံနက် ၁၀ နာရီခွဲတွင် နစက ဥက္ကဋ္ဌနှင့်တွေ့ဆုံ၍ သံအမတ်ခန့်အပ်လွှာပေးအပ်ခဲ့ပြီး နှစ်နိုင်ငံ ချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ တိုးတက်မှုအခြေအနေများကို ဆွေးနွေးကြသည်။

ထို့ပြင် အပြန်အလှန်ကုန်သွယ်မှုများမြှင့်တင်ရေး၊ ခရီးသွားလုပ်ငန်းများတိုးတက်စေရန် လေ ကြောင်းတိုက်ရိုက်ပျံသန်းမှုများတိုးချဲ့ဆောင်ရွက်နိုင်သည့်အခြေအနေများ၊ ပညာတော်သင်များအပြန်အလှန် စေလွှတ်လျက်ရှိမှုနှင့် ယဉ်ကျေးမှုအဖွဲ့များ အပြန်အလှန်စေလွှတ်သွားမည့် အခြေအနေများကိုလည်း ဆွေးနွေးခဲ့ကြသည်။

NO COMMENTS

LEAVE A REPLY

Please enter your comment!
Please enter your name here