Saturday, December 21, 2024

IBEC ဗုဒ္ဓတက္ကသိုလ်နှင့် ကျွန်းလှဗုဒ္ဓတက္ကသိုလ် ၏...

IBEC Buddhist University (IBEC)နှင့် ကျွန်းလှဗုဒ္ဓတက္ကသိုလ်တို့၏ ဒုတိယအကြိမ်မြောက်ဘွဲ့နှင်းသဘင်အခမ်းအနားအား ယနေ့ ဒီဇင်ဘာ ၂၁ ရက်နံနက် ၈ နာရီက IBEC...

မိုးမောက်မြို့နယ်အတွင်း ဒေသခံစစ်ရှောင် (၁၀,၀၀၀)ကျော် ခိုလှုံရာနေရာများ...

ဗန်းမော်မြို့ ၊ တိုက်ပွဲကြောင့် မိုးမောက်မြို့ အတွင်းသို့ တိမ်းရှောင်လာသော ဒေသခံစစ်ဘေးရှောင် (၁၁,၀၀၀)ကျော် ခိုလှုံရာနေရာများ အခက်အခဲဖြစ်ပေါ်နေသည်ဟု ဒေသခံ သတင်းရင်းမြစ်များထံက သိရသည်။ မိုးမောက်မြို့သည်...

မြန်မာ-လာအို နှစ်နိုင်ငံအကြား ဘုံအကျိုးဖြစ်ထွန်းစေမည့် ကုန်သွယ်ရေး၊...

မြန်မာ-လာအို နှစ်နိုင်ငံအကြား ဘုံအကျိုးဖြစ်ထွန်းစေမည့် ကုန်သွယ်ရေး၊ လမ်းပန်းဆက်သွယ်ရေးနှင့် လျှပ်စစ်စွမ်းအားအစရှိသည့် ကဏ္ဍများ ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုတိုးမြှင့်ရေး နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေနှင့် မြန်မာနိုင်ငံတော်ဆိုင်ရာ...

ရုပ်ရှင်ဥပဒေကို ပြင်ဆင်ဖြည့်စွက်မှုများပြုလုပ်

နစက မှ ဒီဇင်ဘာ ၂၀ ရက်က နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥပဒေအမှတ် ၅၉/ ၂၀၂၄ ဖြင့် ရုပ်ရှင်ဥပဒေအား ပြင်ဆင်ဖြည့်စွက်မှုများပြုလုပ်ခဲ့ကြောင်း သိရသည်။ ရုပ်ရှင်ဥပဒေ ပုဒ်မ...
HomeNewsLocal Newsအာဆီယံအပေါင်း(၃) အရေးပေါ်ဆန် အရန်ရိက္ခာအစီအစဉ်အရ...

အာဆီယံအပေါင်း(၃) အရေးပေါ်ဆန် အရန်ရိက္ခာအစီအစဉ်အရ ဆန်တန်ချိန် (၃၅၀၀)ကို လာမည့်နှစ်တွင် သဘာဝဘေး ကြုံတွေ့ပါက လှူဒါန်းမည်

အာဆီယံအပေါင်း(၃) အရေးပေါ်ဆန် အရန်ရိက္ခာအစီအစဉ်အရ ဆန်တန်ချိန် (၃၅၀၀) ကိုလာမည့် ၂၀၂၅ ခုနှစ်တွင် မြန် မာနိုင်ငံ၌ သဘာဝဘေးအန္တရာယ်များ ကြုံတွေ့ရပါက လှူဒါ န်းသွားမည်ဖြစ်ကြောင်း စိုက်ပျိုးရေး၊မွေးမြူရေးနှင့် ဆည် မြောင်းဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးကျော်ဆွေလ င်း၏ ပြောကြားချက်အရ သိရသည်။

အာဆီယံအပေါင်း(၃) အရေးပေါ်ဆန်အရန်ရိက္ခာ အစီအစဉ် Asean Plus Three Emergency Rice Reserve(APTERR) လုပ်ငန်းစီမံခန့်ခွဲရေးအဖွဲ့ (ProgramManagement Team -PMT)၏ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို စိုက်ပျိုးရေး၊မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။

APTERR အစီအစဉ်အကောင်အထည်ဖော် ဆောင်ရွက်မှု၊ တာဝန်ရှိသူများနှင့် အွန်လိုင်းဖြင့် တက်ရောက်ကြသည့် တိုင်းဒေသကြီးပြည်နယ် ကိုယ်စားလှယ်များက APTERR အစီအစဉ်-၃(၂၀၂၃)ဖြင့် ဆန်ရိက္ခာဖြန့်ဖြူးလှူဒါန်းမှုနှင့် APTERR အစီအစဉ်-၃(၂၀၂၄)ဖြင့် လှူဒါန်းမည့်အခြေအနေ၊ ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းများနှင့် စပ်လျဉ်း၍ ဆွေးနွေးခဲ့ကြသည်။

APTERR အစီအစဉ်ကို အရေးပေါ်သတ်မှတ်ချက် အဆင့်-၁ သတ်မှတ်ဆန်အား စီးပွားရေးနည်းလမ်းဖြင့် ဖြန့်ဝေခြင်း၊ အရေးပေါ် သတ်မှတ်ချက်အဆင့်-၂ သတ်မှတ်ဆန်အား ကာလရှည်ချေးငွေ အကူအညီဖြင့် ဖြန့်ဝေခြင်း ၊ အရေးပေါ် သတ်မှတ်ချက်အဆင့်-၃ သိုလှောင်ဆန်အား အကူအညီဖြင့် ဖြန့်ဝေခြင်းတို့ကို ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ထို့ပြင် APTERR Tier-3 အစီအစဉ်-၃(၂၀၂၄)ဖြင့် ကိုရီးယားသမ္မတနိုင်ငံမှ ဆန်တန်ချိန် (၃၀၀၀) နှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ ငွေသားထောက်ပံ့မှုဖြင့် ဆန်တန်ချိန် (၅၀ ၀)တို့ကို လက်ခံသိုလှောင်ဖြန့်ဖြူးခွင့် ရရှိမည်ဖြစ်ပြီး အ ဆိုပါအရန်ဆန်များကို ၂၀၂၅ ခုနှစ်အတွင်း မြန်မာနိုင်ငံ၌ သဘာဝဘေးအန္တရာယ်များ ကြုံတွေ့ရပါက ဘေးသင့်ပြည်သူများထံ APTERR ၏ အရန်ဆန်ဖြန့်ဖြူးခြင်းဆိုင်ရာ လု ပ်ထုံးလုပ်နည်းများနှင့်အညီ ဖြန့်ဖြူးလှူဒါန်း သွားမည်ဖြစ် ကြောင်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

IBEC ဗုဒ္ဓတက္ကသိုလ်နှင့် ကျွန်းလှဗုဒ္ဓတက္ကသိုလ် ၏ ဒုတိယအကြိမ်မြောက်ဘွဲ့နှင်းသဘင်အခမ်းအနားသို့ သီတဂူဆရာတော်ကြီးကြွရောက်

IBEC Buddhist University (IBEC)နှင့် ကျွန်းလှဗုဒ္ဓတက္ကသိုလ်တို့၏ ဒုတိယအကြိမ်မြောက်ဘွဲ့နှင်းသဘင်အခမ်းအနားအား ယနေ့ ဒီဇင်ဘာ ၂၁ ရက်နံနက် ၈ နာရီက IBEC ဘွဲ့နှင်းသဘင်ခန်းမ၌ ကျင်းပရာ သီတဂူဆရာတော်ကြီးကြွရောက်တော်မူခဲ့သည်။ ထိုသို့ ကြွရောက်တော်မူပြီးနောက် သက်ဆိုင်ရာနယ်ပယ်အလိုက် ဂုဏ်ထူးဆောင်ဒေါက်တာဘွဲ့ရရှိသူများ၊ မဟာဝိဇ္ဇာဘွဲ့၊ ဝိဇ္ဇာဘွဲ့နှင့် ဒီပလိုမာလက်မှတ်ရရှိသူများကို သီတဂူဆရာတော်ကြီးမှ ဘွဲ့လက်မှတ်များချီးမြှင့်ပေးအပ်တော်မူခဲ့သည်။ အဆိုပါ IBEC ဘွဲ့နှင်းသဘင်ခန်းမ၌ ဘွဲ့နှင်းသဘင်ကျင်းပပြီးချိန်နှင့် ဒီဇင်ဘာ ၂၂ ရက်(မနက်ဖြန်)တို့တွင် မြတ်စွာဘုရားရှင်ထားတော်မူခဲ့သည့် သုံးဖြာသောသာသနာတော်မြတ်ကြီးဖွံ့ဖြိုးတိုးတက်စေရန် "ဗုဒ္ဓသာသနာနှင့် ယနေ့ကမ္ဘာ" ခေါင်းစဉ်ဖြင့် ယနေ့ဖြစ်ပေါ်လျက်ရှိသော ကမ္ဘာကြီး၏အခြေအနေအား ဗုဒ္ဓသာသနာရှုထောင့်မှ သုတေသနပြုလုပ်သုံးသပ်တင်ပြမည့်...

မိုးမောက်မြို့နယ်အတွင်း ဒေသခံစစ်ရှောင် (၁၀,၀၀၀)ကျော် ခိုလှုံရာနေရာများ အခက်အခဲဖြစ်ပေါ်နေ

ဗန်းမော်မြို့ ၊ တိုက်ပွဲကြောင့် မိုးမောက်မြို့ အတွင်းသို့ တိမ်းရှောင်လာသော ဒေသခံစစ်ဘေးရှောင် (၁၁,၀၀၀)ကျော် ခိုလှုံရာနေရာများ အခက်အခဲဖြစ်ပေါ်နေသည်ဟု ဒေသခံ သတင်းရင်းမြစ်များထံက သိရသည်။ မိုးမောက်မြို့သည် ဗန်းမော်ခရိုင်အတွင်းပါရှိသည့် အစိုးရရုံးစိုက်ရာမြို့ဖြစ်ကာ လက်ရှိတွင် KIO က ထိန်းချုပ်ထားသည့်မြို့တစ်မြို့လည်းဖြစ်သည်။ လက်ရှိတွင် ဒေသခံများအနေဖြင့် မိုးမောက်မြို့အတွင်းရှိ စစ်ရှောင်စခန်းများတွင် ခိုလှုံနေကြသည့်အပြင် တချို့မှာလည်း ကျေးရွာများအတွင်းရှိ မိသားစုနည်းသည့် နေအိမ်များတွင် နေထိုင်လျက်ရှိကြောင်း သိရသည်။ စစ်ရှောင်ဦးရေမှာနေ့စဉ်နှင့်အမျှတိုးလာနေပြီး၊ ကနဦးရောက်ရှိလာသည့် စစ်ရှောင် (၄,၀၀၀)ကျော်ကို နေရာချပေးရန်ပင် အခက်အခဲများရှိနေကြောင်း စစ်ရှောင်အရေးကူညီဆောင်ရွက်ပေးသည့်ဒေသခံတစ်ဦးက ဆိုသည်။ ယခုလ ဒီဇင်ဘာ (၄)ရက်မှ စတင်ဖြစ်ပွားခဲ့သော...

မြန်မာ-လာအို နှစ်နိုင်ငံအကြား ဘုံအကျိုးဖြစ်ထွန်းစေမည့် ကုန်သွယ်ရေး၊ လမ်းပန်းဆက်သွယ်ရေးနှင့် လျှပ်စစ်စွမ်းကဏ္ဍများ ပူးပေါင်းဆောင်ရွက်မှု ပိုမိုတိုးမြှင့်မည်

မြန်မာ-လာအို နှစ်နိုင်ငံအကြား ဘုံအကျိုးဖြစ်ထွန်းစေမည့် ကုန်သွယ်ရေး၊ လမ်းပန်းဆက်သွယ်ရေးနှင့် လျှပ်စစ်စွမ်းအားအစရှိသည့် ကဏ္ဍများ ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုတိုးမြှင့်ရေး နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေနှင့် မြန်မာနိုင်ငံတော်ဆိုင်ရာ အထူး အာဏာကုန်လွှဲအပ်ခြင်းခံရသော လာအိုနိုင်ငံသံအမတ်ကြီး မစ္စတာ ဘွန်ဖီယန် ကျန်ထဝုန်တို့ တွေ့ဆုံကာ ဆွေးနွေးခဲ့ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာန ထုတ်ပြန်ချက်အရ သိရသည်။ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေသည် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်ဆိုင်ရာ အထူး အာဏာကုန်လွှဲအပ်ခြင်းခံရသော လာအိုနိုင်ငံသံအမတ်ကြီး မစ္စတာ ဘွန်ဖီယန် ကျန်ထဝုန် အား ဒီဇင်ဘာ (၂၀)...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071