ပြုံယမ်း၊ဒီဇင်ဘာ ၂၀
အိန္ဒိယသည် မြောက်ကိုရီးယား၏ နျူကလီးယား အစီအစဉ်ကိုစောင့်ကြည့်ရန်နှင့် ဒေသတွင်းလုံခြုံရေး အကျိုးစီးပွားများအပါအဝင် သံတမန်ဆက်ဆံရေးကို ထိန်းသိမ်းထားလိုသဖြင့် သုံးနှစ်ကြာဆိုင်းငံ့ထားသည့်မြောက်ကိုရီးယားရှိ ၎င်း၏သံရုံးကို ပြန်လည်ဖွင့်လှစ်ခဲ့သည်ဟုသိရသည်။
ယခုသံရုံးပြန်လည်ဖွင့်လှစ်မှုသည် သုံးနှစ်ခွဲကြာပြီးနောက် အိန္ဒိယက ပြုံယမ်း၌ သံတမန်ဆက်ဆံရေး ပြန်လည်စတင်သည့်အခြေအနေလည်းဖြစ်သည်။
ကိုဗစ်ကပ်ရောဂါကာလအတွင်း အိန္ဒိယသံရုံးသည်၂၀၂၁ ခုနှစ်မှစ၍ ပိတ်ထားခဲ့ခြင်းဖြစ်ပြီး မြောက်ကိုရီးယားကို သံတမန်ရေးအရပိုမိုအထီးကျန်စေခဲ့သည်။
ယခုအခါ နည်းပညာဝန်ထမ်းများ ပြန်လည်စတင်နေပြီးဖြစ်ကာ စီမံခန့်ခွဲရေးလုပ်ငန်းများလည်း ပြန်လည်စတင်နေခြင်းကြောင့် အိန္ဒိယသည် ကမ္ဘာ့အလျှို့ဝှက်ဆုံးနိုင်ငံတစ်ခုတွင် ခြေကုပ်စခန်းတစ်ခုကို ပြန်လည်ထူထောင်နေပြီဖြစ်သည်ဟုဆိုသည်။
ယခုအစီအစဉ်သည် နှစ်မိုင်ငံအကြား ပိုမိုကျယ်ပြန့်သောလမ်းကြောင်း၏ တစ်စိတ်တစ်ပိုင်းဖြစ်ကာ ဆွီဒင်နှင့်ပိုလန်တို့ကဲ့သို့ အခြားနိုင်ငံများသည်လည်း မြောက်ကိုရီးယားရှိ သံရုံးများကို ပြန်လည်ဖွင့်လှစ်ခဲ့ပြီး သံတမန်ဆက်ဆံရေးကို သတိကြီးစွာ ပြန်လည်ထူထောင်ရန်စီစဉ်ခဲ့ကြသည်။
Source : အိန္ဒိယတူဒေး