Thursday, January 2, 2025

အမြန်လမ်းတွင် ကားတစ်စီးလမ်းလယ်ကျွန်းကိုဝင်တို-က် အမျိုးသမီးတစ်ဦး‌ေ-သဆုံး

ရန်ကုန်-မန္တလေးအမြန်လမ်းမကြီးပေါ်တွင် ယနေ့ ဇန်နဝါရီ ၂ ရက်မွန်းလွဲ ၂ နာရီ ၄၅ မိနစ်ခန့်က ကားတစ်စီးလမ်းလယ်ကျွန်းကိုဝင်တို-က်မိခဲ့ကြောင်း မီးသတ်တပ်ဖွဲ့ထံမှ သိရသည်။ အမြန်လမ်းမကြီး၏ သီးကုန်းအမြန်လမ်းမီး...

ဆရာမကြီးဒေါ်မာလေး၏ နောက်ဆုံးခရီး သို့ ပါမောက္ခချုပ်ဆရာတော်ကြီးမှ...

"မြန်မာ့ဆွေမျိုးစပ် ဝေါဟာရများ" စာအုပ်ကို ရေးသားပြုစုခဲ့သူ ဆရာမကြီး ဒေါ်မာလေး၏ နောက်ဆုံးခရီး သို့ ပါမောက္ခချုပ်ဆရာတော်ကြီးမှ သံ‌ဝေဂနှင့် ဩဝါဒပေးပို့တော်မူခဲ့ကြောင်း သိရသည်။ ဆရာမကြီး ဒေါ်မာလေး၏...

ဒလတံတားစီမံကိန်းတိုးချဲ့ဧရိယာနှင့် တွံတေး-ဒလသွားကားလမ်းနှင့်မလွတ်ကင်းသည့် ဓာတ်အားလိုင်းများကိုရွှေ့ပြောင်းတည်ဆောက်

ဒလတံတားစီမံကိန်းတိုးချဲ့ဧရိယာနှင့် တွံတေး-ဒလသွားကားလမ်းနှင့်မလွတ်ကင်းသည့် ဓာတ်အားလိုင်းများကို လျှပ်စစ်စွမ်းအားဝန်ကြီးဌာနမှ ရွှေ့ပြောင်းတည်ဆောက်လျက်ရှိကြောင်း သိရသည်။ ထိုသို့ ရွှေ့ပြောင်းတည်ဆောက်နေမှုနှင့် ဒလမြို့နယ်အတွင်းဓာတ်အားဖြန့်ဖြူးထားမှုတို့ကို ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း (YESC)ဥက္ကဋ္ဌဦးအောင်ကျော်ဦးမှ ပြီးခဲ့သည့်ရက်ပိုင်းအတွင်းက ကွင်းဆင်းစစ်ဆေးမှုများပြုလုပ်ခဲ့ကြောင်း သိရသည်။ YESC...

နေပြည်တော်၌ ၅ ရက်ကြာကျင်းပမည့် MSME...

နေပြည်တော်၌ လာမည့် ဖေဖော်ဝါရီ ၁၂ ရက်မှစတင်၍ ၅ ရက်ကြာကျင်းပမည့် MSME ထုတ်ကုန်ပြပွဲကိုသွားရောက်ပြသမည့် ကချင်ပြည်နယ်မှ MSME လုပ်ငန်းရှင်များအား ပြည်နယ်အစိုးရအဖွဲ့မှပံ့ပိုးပေးသွားမည်ဖြစ်ကြောင်း...
HomeNewsLocal Newsရွှေ့ပြောင်းနိုင်သောပစ္စည်းကို အာမခံထား၍ ငွေချေးခြင်းဆိုင်ရာဥပဒေ(မူကြမ်း)...

ရွှေ့ပြောင်းနိုင်သောပစ္စည်းကို အာမခံထား၍ ငွေချေးခြင်းဆိုင်ရာဥပဒေ(မူကြမ်း) ပြဌာန်းနိုင်ရေး ဗဟိုဘဏ်စီစဉ်နေ

မြန်မာနိုင်ငံတွင် ရွှေ့ပြောင်းနိုင်သော ပစ္စည်းကို အာမခံထား၍ငွေချေးနိုင်သည့် ဥပဒေအခြေခံတစ်ရပ်ရှိစေရန်အတွက် ဥပဒေ(မူကြမ်း) ပြဌာန်းနိုင်ရေးကို စီစဉ်ဆောင်ရွက်နေကြောင်း မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဥက္ကဋ္ဌ ဒေါ်သန်းသန်းဆွေက က‌ပြောသည်။

ရွှေ့ပြောင်းနိုင်သောပစ္စည်းကို အာမခံထား၍ ငွေချေးခြင်းဆိုင်ရာဥပဒေ (Secured Transactions Law) အဋ္ဌမ(မူကြမ်း)နှင့်စပ်လျဉ်းသည့် အစည်းအဝေးကို ဒီဇင်ဘာ (၁၈) ရက်တွင် မြန်မာနိုင်ငံတော်ဗဟိုဘဏ်၌ ကျင်းပခဲ့သည်။

မြန်မာနိုင်ငံတွင် ရွှေ့ပြောင်းနိုင်သောပစ္စည်းကို အာမခံထား၍ ငွေချေးနိုင်သည့် ဥပဒေအခြေခံတစ်ရပ်ရှိစေရန်အတွက် ရွှေ့ပြောင်းနိုင်သောပစ္စည်းကို အာမခံထား၍ ငွေချေးခြင်းဆိုင်ရာဥပဒေ (Secured Transactions Law) (မူကြမ်း)ကို ပြဋ္ဌာန်းနိုင်ရန် ၂၀၁၈ ခုနှစ်မှစတင်၍ ဆောင်ရွက်ခဲ့ကြောင်း၊ ထိုသို့ ဆောင်ရွက်ရာတွင် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ ဥပဒေရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုတရားလွှတ်တော်ချုပ်ရုံး၊ စက်မှုဝန်ကြီးဌာန၊ ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန၊ မြန်မာနိုင်ငံတော်ဗဟိုဘဏ်နှင့် မြန်မာနိုင်ငံဘဏ်များအသင်းတို့မှ အဖွဲ့ဝင်များပါဝင်သော လုပ်ငန်းအဖွဲ့နှင့် ဥပဒေအဖွဲ့တို့ကို ဖွဲ့စည်း၍ အခြားနိုင်ငံများက ကျင့်သုံးဆောင်ရွက်နေသည့်အခြေအနေများအပေါ် လေ့လာ၍ ညှိနှိုင်းရေးဆွဲခဲ့ရာ ယခုအချိန်တွင် အဋ္ဌမ(မူကြမ်း)အဆင့်သို့ ရောက်ရှိခဲ့ကြောင်း ဗဟိုဘဏ်ဥက္ကဋ္ဌဒေါ်သန်းသန်းဆွေက ပြောသည်။

ထို့ပြင် မြန်မာနိုင်ငံတွင် ရွှေ့ပြောင်းနိုင်သော ပစ္စည်းကို အပေါင်ထား၍ ချေးငွေထုတ်ချေးနိုင်မည့် ဈေးကွက်တစ်ရပ်ပေါ်ပေါက်လာပြီး စီးပွားရေးလုပ်ငန်းများ၊ အထူးသဖြင့် အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ ၏ ချေးငွေရရှိနိုင်မှုတိုးတက်ရေးကို အထောက်အကူပြုရန်၊ အပေါင်ပစ္စည်းများကို မှတ်ပုံတင်ထားခြင်းဖြင့် အာမခံအကျိုးခံစားခွင့်ကို ဥပဒေအရခိုင်မာမှုရှိစေရန်၊ အာမခံအကျိုး ခံစားခွင့်နှင့် စပ်လျဉ်းသည့် အငြင်းပွားမှုများကို ဤဥပဒေအရ ဖြေရှင်းနိုင်ရန် ရည်ရွယ်ကြောင်း၊ ရွှေ့ပြောင်းနိုင်သောပစ္စည်းကို အာမခံထား၍ ငွေချေးခြင်းဆိုင်ရာဥပဒေ (Secured Transactions Law)ကို ပြဋ္ဌာန်းပြီးပါက အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ၊ ပို့ကုန်မြှင့်တင်ရေးလုပ်ငန်းများသည် ချေးငွေရရှိနိုင်မှု ပိုမိုလွယ်ကူမြန်ဆန်၍ နိုင်ငံ၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူပြုစေမည်ဖြစ်ကြောင်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

အမြန်လမ်းတွင် ကားတစ်စီးလမ်းလယ်ကျွန်းကိုဝင်တို-က် အမျိုးသမီးတစ်ဦး‌ေ-သဆုံး

ရန်ကုန်-မန္တလေးအမြန်လမ်းမကြီးပေါ်တွင် ယနေ့ ဇန်နဝါရီ ၂ ရက်မွန်းလွဲ ၂ နာရီ ၄၅ မိနစ်ခန့်က ကားတစ်စီးလမ်းလယ်ကျွန်းကိုဝင်တို-က်မိခဲ့ကြောင်း မီးသတ်တပ်ဖွဲ့ထံမှ သိရသည်။ အမြန်လမ်းမကြီး၏ သီးကုန်းအမြန်လမ်းမီး သတ်စခန်းအပိုင် မိုင်တိုင်အမှတ် ၂၉၀/၇ အနီးတွင် အမျိုးသား(၂)ဦးနှင့်အမျိုးသမီး(၂)ဦးလိုက် ပါလာသည့် ကားတစ်စီးလမ်းလယ်ကျွန်းကို ဝင်တို-က်မိခဲ့သဖြင့် သီးကုန်းအမြန်လမ်းမီးသတ်စခန်းနှင့် အပိုင်အမြန်လမ်းရဲစခန်းတို့မှ တပ်ဖွဲ့ဝင်များက ကူညီကယ်ဆယ်မှုများပြုလုပ်ခဲ့ကြသည်။ ဖြစ်စဥ်ကြောင့် အမျိုးသမီးတစ်ဦးမှာ ထိခိုက်ဒဏ်ရာများရရှိ၍ အခင်းဖြစ်နေရာ၌‌ေ-သဆုံးသွားခဲ့ပြီး အမျိုးသားနှစ်ဦးနှင့် အမျိုးသမီးတစ်ဦးတို့တွင်လည်း ထိခိုက်ဒဏ်ရာများရရှိထားသဖြင့် ပြည်သာယာလူမှုကူညီရေးအသင်းမှ မိတ္ထီလာမြို့နယ်ပြည်သူ့ဆေးရုံသို့ပို့ဆောင်ပေးခဲ့ကြကြောင်း သိရသည်။ ယမန်နေ့ ဇန်နဝါရီ ၁ ရက်နံနက် ၃ နာရီခွဲခန့်ကလည်း...

ဆရာမကြီးဒေါ်မာလေး၏ နောက်ဆုံးခရီး သို့ ပါမောက္ခချုပ်ဆရာတော်ကြီးမှ သံ‌ဝေဂနှင့်ဩဝါဒပေးပို့တော်မူခဲ့

"မြန်မာ့ဆွေမျိုးစပ် ဝေါဟာရများ" စာအုပ်ကို ရေးသားပြုစုခဲ့သူ ဆရာမကြီး ဒေါ်မာလေး၏ နောက်ဆုံးခရီး သို့ ပါမောက္ခချုပ်ဆရာတော်ကြီးမှ သံ‌ဝေဂနှင့် ဩဝါဒပေးပို့တော်မူခဲ့ကြောင်း သိရသည်။ ဆရာမကြီး ဒေါ်မာလေး၏ ကြွင်းကျန်ရစ်သော ရုပ်ကလာပ်ကို ယနေ့ ဇန်နဝါရီ (၂) ရက်၊ နေ့လယ် (၃) နာရီတွင် ရေဝေးသုဿန်၌ မီးသဂြိုဟ်ခဲ့ပြီး ဖြစ်ကြောင်း သိရသည်။ " သံဝေဂဆိုတာ လောကရဲ့သဘာဝအပေါ် ကြောက်ရွံ့ခြင်း(ဩတ္တပ္ပ) ကြောက်စရာအဖြစ်ရှုမြင်ခြင်း ( ဉာဏ) တို့ကိုခေါ်တာပါ။ အသက်(၉၁)နှစ် မြန်မာစာဆရာမကြီး ဒေါ်မာလေး ( တက္ကသိုလ် ဝင့်မာ)...

ဒလတံတားစီမံကိန်းတိုးချဲ့ဧရိယာနှင့် တွံတေး-ဒလသွားကားလမ်းနှင့်မလွတ်ကင်းသည့် ဓာတ်အားလိုင်းများကိုရွှေ့ပြောင်းတည်ဆောက်

ဒလတံတားစီမံကိန်းတိုးချဲ့ဧရိယာနှင့် တွံတေး-ဒလသွားကားလမ်းနှင့်မလွတ်ကင်းသည့် ဓာတ်အားလိုင်းများကို လျှပ်စစ်စွမ်းအားဝန်ကြီးဌာနမှ ရွှေ့ပြောင်းတည်ဆောက်လျက်ရှိကြောင်း သိရသည်။ ထိုသို့ ရွှေ့ပြောင်းတည်ဆောက်နေမှုနှင့် ဒလမြို့နယ်အတွင်းဓာတ်အားဖြန့်ဖြူးထားမှုတို့ကို ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း (YESC)ဥက္ကဋ္ဌဦးအောင်ကျော်ဦးမှ ပြီးခဲ့သည့်ရက်ပိုင်းအတွင်းက ကွင်းဆင်းစစ်ဆေးမှုများပြုလုပ်ခဲ့ကြောင်း သိရသည်။ YESC ဥက္ကဋ္ဌသည် ဒလမြို့နယ်လျှပ်စစ်မန်နေဂျာရုံး၏ ၃၃ ကေဗွီ မြို့နယ်လျှပ်စစ်မန်နေဂျာရုံးဓာတ်အားခွဲရုံရှိ ၃၃/၁၁-၆.၆ ကေဗွီ၁၅ အမ်ဗွီအေ ထရန်စဖော်မာ၏ ၆.၆ ကေဗွီ ဖီဒါများအား ၁၁ ကေဗွီစနစ်ဖြင့်ပြောင်းလဲဓာတ်အားဖြန့်ဖြူးပေးနိုင်ရေးဆောင်ရွက်ထားရှိမှုကို ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။ ထို့ပြင် ဒလ-တွံတေးလမ်းနှင့်ဒလတံတားစီမံကိန်းတိုးချဲ့ဧရိယာနှင့်မလွတ်ကင်းသည့်ဓာတ်အားလိုင်းတိုင်များကို ရွှေ့ပြောင်းတည်ဆောက်ပြီးစီးမှု၊လမ်းတိုးချဲ့ဧရိယာနှင့်မလွတ်ကင်းသည့်မြို့နယ်လျှပ်စစ်မန်‌နေဂျာရုံးခြံစည်းရိုးများရွှေ့ပြောင်းတည်ဆောက်ရန်လိုအပ်မှုနှင့် ဒလသင်္ဘောကျင်းသို့ဓာတ်အားဖြန့်ဖြူးပေးထားမှုတို့ကိုလည်း ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။ ထို့နောက် ဓာတ်အားပျောက်ဆုံးမှုလျော့နည်းကျဆင်းရေး၊ စဉ်ဆက်မပြတ်ဓာတ်အားပေးနိုင်ရေး၊ လျှပ်စစ်အန္တရာယ်ကင်းရှင်းရေး၊ လုပ်ငန်းခွင်အန္တရာယ်ကင်းရှင်းရေး၊ လုပ်ငန်းသုံးပစ္စည်းများလေလွင့်ပျက်စီးဆုံးရှုံးမှုများမဖြစ်စေရေး၊...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071