Sunday, December 22, 2024

ဗန်းမော်မြို့တွင် ကျန်ရှိနေသူများ စင်းခန်းနှင့် ရွှေကူအထိ...

တိုက်ပွဲများ ဖြစ်ပွားနေသည့် ဗန်းမော်မြို့တွင် ကျန်ရှိနေသူများ စင်းခန်းကျေးရွာနှင့် ရွှေကူမြို့အထိ ရေလမ်းကြောင်းဖွင့်ထားစဉ် ‌အမြန်ဆုံးထွက်ခွာထားကြရန် ဒေသတွင်း ကူညီကယ်‌ဆယ်ရေးအဖွဲ့များ ယနေ့တွင် ထပ်မံသတိပေးထားသည်။ "အခုအချိန်မှာ ရသလောက်...

RCSS/SSA ထိန်းချုပ်နယ်မြေအတွင်း ဖွံ့ဖြိုးရေး၊ အုပ်ချုပ်ရေး၊...

ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ/ရှမ်းပြည်တပ်မတော် (RCSS/SSA)၏ အုပ်ချုပ်ရေးနယ်မြေများအတွင်း ဖွံ့ဖြိုးရေး၊ အုပ်ချုပ်ရေး၊ တရားစီရင်ရေးနှင့် ကာကွယ်ရေးတို့ကို စည်းကမ်းများနှင့်အညီ ဆောင်ရွက်ကြရန် RCSS ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး ယွက်ဆစ်...

မုန်တိုင်းဖြစ်နိုင်ချေ ပျက်ပြယ်တော့မည်ဖြစ်၍ နှစ်သစ်ကူးကာလ ဖျက်မိုး/အခါလွန်မိုးများရွာနိုင်မည့်...

တောင်တရုတ်ပင်လယ်နှင့် ဘင်္ဂလားပင်လယ်အော်မှ မုန်တိုင်းဖြစ်နိုင်ချေ ပျက်ပြယ်တော့မည်ဖြစ်သောကြောင့် နှစ်သစ်ကူးကာလများအတွင်း ဖျက်မိုး/အခါလွန်မိုးများရွာနိုင်မည့် အခြေအနေမရှိတော့ကြောင်း ပြင်ပမိုးလေဝသပညာရှင် ဦးဝင်းနိုင်၏ သုံးသပ်ချက်အရ သိရသည်။ ၂၀၂၄ ခုနှစ်၏ တောင်တရုတ်ပင်လယ်နှင့်...

မော်လမြိုင်မြို့ရှိ ဆံတော်ရှင်ကျိုက်သုတ်စေတီတော်မြတ်ကြီးအား လုံးတော်ပြည့်ရွှေသင်္ကန်း ကပ်လှူပူဇော်ရန်ပြင်ဆင်နေ

မွန်ပြည်နယ်၊ မော်လမြိုင်မြို့ရှိ ဆံတော်ရှင်ကျိုက်သုတ်စေတီတော်မြတ်ကြီးအား လုံးတော်ပြည့်ရွှေသင်္ကန်းကပ်လှူပူဇော်ရန် ပြင်ဆင်မှုများပြုလုပ်လျက်ရှိသည်။ ထိုသို့ ကပ်လှူပူဇော်ရာ၌ စေတီတော်၏ ငှက် ပျောဖူးတော်တွင် ၉ လက်မပတ်လည် (၁)ကျပ်သား ရွှေစင်ရွှေ့ပြား(၁၇၂)ချပ်၊...
HomeNewsLocal Newsနိုင်ငံ၏လျှပ်စစ်ဓာတ်အားလိုအပ်ချက်အတွက် ၅၅ ရာခိုင်နှုန်းခန့်သာ...

နိုင်ငံ၏လျှပ်စစ်ဓာတ်အားလိုအပ်ချက်အတွက် ၅၅ ရာခိုင်နှုန်းခန့်သာ ထုတ်လုပ်ပေးနိုင်လျက်ရှိ

နိုင်ငံအတွင်းရှိ နေရာအနှံ့၌ လျှပ်စစ်ဓာတ်အားပြတ်တောက်ချိန်များပြားကြာမြင့်လာခြင်းနှင့်ပတ်သက်၍ လျှပ်စစ်စွမ်းအားဝန်ကြီးဌာနမှ ရှင်းလင်းထုတ်ပြန်အသိပေးခဲ့ခြင်းဖြစ်သည်။

နိုင်ငံ၏ လျှပ်စစ်ဓာတ်အားလိုအပ်ချက်မှာ နှစ်စဉ် (၉)ရာခိုင်နှုန်းခန့် တိုးတက်သုံးစွဲလျက်ရှိပြီး လျှပ်စစ်မီးသုံးစွဲသူများ၏ တစ်ရက်အတွက် လျှပ်စစ်ဓာတ်အားပျမ်းမျှလိုအပ်ချက်မှာ (၄၄၀၀)မဂ္ဂါဝပ်ဖြစ်သော်လည်း လက်ရှိအချိန်တွင် လိုအပ်ချက်ထက် တစ်ရက်ပျမ်းမျှ(၂၄၀၀) မဂ္ဂါဝပ်ခန့်သာထုတ်လုပ်နိုင်၍ လိုအပ်ချက်၏ (၅၅)ရာခိုင်နှုန်းခန့်သာ ထုတ်လုပ်ပေးနိုင်လျက်ရှိသည်ဟု အသိပေးခဲ့သည်။

ထိုသို့ လျော့နည်းနေရခြင်းမှာ ၂၃၀ ကေဗွီ၊ ၁၃၂ ကေဗွီ ဓာတ်အားလိုင်းများဖျက်ဆီးခံရမှုကြောင့် ရေအားလျှပ်စစ်စက်ရုံများနှင့် အပူစွမ်းအင်သုံးစက်ရုံများမှ စွမ်းအားပြည့်ဓာတ်အားပို့လွှတ်ဖြန့်ဖြူးနိုင်မှုမရှိခြင်း၊ သဘာဝဘေးအန္တရာယ်ကြောင့် ဓာတ်အားထုတ်လုပ်နိုင်ခြင်းမရှိသည့် ဓာတ်အားပေးစက်ရုံများရှိခြင်း၊ ဓာတ်ငွေ့ခွဲတမ်းလျော့နည်းရရှိမှုများအရ တပ်ဆင်ထားသောစက်များ၏ စက်စွမ်းအားပြည့်လည်ပတ်နိုင်မှုမရှိခြင်းတို့ကြောင့်ဖြစ်သည်ဟု ရှင်းလင်းထုတ်ပြန်ခဲ့သည်။

ထို့ကြောင့် ဖျက်ဆီးခံရသည့် လျှပ်စစ်ဓာတ်အားလိုင်းများနှင့် သဘာဝဘေးဒဏ်ကြောင့် ထိခိုက်ပျက်စီးမှုများဖြစ်ပေါ်ခဲ့သည့် ဓာတ်အားပေးစက်ရုံများကို အမြန်ဆုံးပြင်ဆင်ပြီးစီးနိုင်ရန် လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၏ ကျွမ်းကျင်ဝန်ထမ်းများက ပြန်လည်ပြင်ဆင်မှုများပြုလုပ်လျက်ရှိသည်ဟု အသိပေးခဲ့သည်။

ပြန်လည်ပြင်ဆင်နေချိန်၌ လက်ရှိ လျှပ်စစ်ဓာတ်အားလိုအပ်ချက်ကို ကာလတိုဖြေရှင်းနိုင်ရန် LNG ဓာတ်အားပေးစက်ရုံစီမံကိန်းများကို အကောင်အထည်ဖော်နိုင်ရန်ဆောင်ရွက်လျက်ရှိပြီး၊ ရေရှည်တိုးတက်သုံးစွဲလာသည့် လျှပ်စစ် ဓာတ်အားကိုဖြည့်ဆည်းနိုင်ရန် အရင်းအမြစ်များဖြစ်သည့် ရေ၊ နေ၊ လေ တို့မှထုတ်လုပ်နိုင်ရေးကိုလည်းဆောင်ရွက်လျက်ရှိ၍ လက်ရှိ လျှပ်စစ်ဓာတ်အားလျော့နည်းဖြန့်ဖြူးပေးနိုင်မှုအား နားလည်ပေးကြပါရန်လည်း မေတ္တာရပ်ခံခဲ့သည်။

လျှပ်စစ်စွမ်းအားဝန်ကြီးဌာနမှ လျှပ်စစ်ဓာတ်အားထုတ်လုပ်ပေးလျက်ရှိသည့် ဓာတ်အားပေးစက်ရုံများ၏ အရင်းအမြစ်အလိုက် စုစုပေါင်း တပ်ဆင်စက်အင်အားမှာ(၇၂၇၂)မဂ္ဂါဝပ်ရှိပြီး စက်စွမ်းအားပြည့်မောင်းနှင်လည်ပတ်နိုင်ပါက (၄၀၀၀)မဂ္ဂါဝပ်ခန့်ထုတ်လုပ်ဖြန့်ဖြူးနိုင်မည်ဖြစ်သည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ဗန်းမော်မြို့တွင် ကျန်ရှိနေသူများ စင်းခန်းနှင့် ရွှေကူအထိ ရေလမ်းကြောင်းဖွင့်ထားစဉ် ‌အမြန်ထွက်ခွာကြရန် ကယ်‌ဆယ်ရေးအဖွဲ့များ ထပ်မံသတိပေး

တိုက်ပွဲများ ဖြစ်ပွားနေသည့် ဗန်းမော်မြို့တွင် ကျန်ရှိနေသူများ စင်းခန်းကျေးရွာနှင့် ရွှေကူမြို့အထိ ရေလမ်းကြောင်းဖွင့်ထားစဉ် ‌အမြန်ဆုံးထွက်ခွာထားကြရန် ဒေသတွင်း ကူညီကယ်‌ဆယ်ရေးအဖွဲ့များ ယနေ့တွင် ထပ်မံသတိပေးထားသည်။ "အခုအချိန်မှာ ရသလောက် စင်းခန်း သို့မဟုတ် ရွှေကူမြို့လောက်ထိ ရေလမ်းထွက်လို့ရနေတုန်းမို့ ထွက်ထားကြပါရန် ထပ်ကာ ထပ်ကာ ဆော်ဩနေပါတယ်။ အသက်အန္တရာယ်အရေးကြီးနေချိန်မို့ အခြားအရာအားလုံးထက် ပထမဦးစား‌ပေးစဉ်းစားပေးကြဖို့ တိုက်တွန်းပါရစေ။" ဟု ဆိုသည်။ ယမန်နေ့က စင်းခန်းကျေးရွာသို့ ရောက်ရှိနေသော ဒေသခံစစ်ရှောင် (၃၀) ကျော်အား သွားရောက်ကယ်ထုတ်လာသည့် ဒေသတွင်း ပူးပေါင်းကူညီကယ်ဆယ်ရေးအဖွဲ့ ယာဉ်(၃)စီးသည် ယနေ့ မန္တလေးမြို့သို့ ထပ်မံ...

RCSS/SSA ထိန်းချုပ်နယ်မြေအတွင်း ဖွံ့ဖြိုးရေး၊ အုပ်ချုပ်ရေး၊ တရားစီရင်ရေးနှင့် ကာကွယ်ရေးတို့ကို စည်းကမ်းများနှင့်အညီ ဆောင်ရွက်ရန် ဗိုလ်ချုပ်ကြီး ယွက်ဆစ် ပြောကြား

ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ/ရှမ်းပြည်တပ်မတော် (RCSS/SSA)၏ အုပ်ချုပ်ရေးနယ်မြေများအတွင်း ဖွံ့ဖြိုးရေး၊ အုပ်ချုပ်ရေး၊ တရားစီရင်ရေးနှင့် ကာကွယ်ရေးတို့ကို စည်းကမ်းများနှင့်အညီ ဆောင်ရွက်ကြရန် RCSS ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး ယွက်ဆစ် ပြောကြားသည်။ ယမန်နေ့ ဒီဇင်ဘာ (၂၁)ရက် နံနက်(၁၀)နာရီ အချိန်၌ ရှမ်း/တောင် မိုင်းပန်မြို့တွင် ပြုလုပ်သည့် ဒေသန္တရအုပ်ချုပ်ရေးသင်တန်းအပတ်စဉ် (၁/၂၄) သင်တန်း ဆင်းပွဲသို့ တက်ရောက်စဉ် ထိုသို့ ပြောကြားခဲ့ခြင်းဖြစ်သည်။ ဒေသန္တရအုပ်ချုပ်ရေးသင်တန်း ပထမအသုတ် အနေဖြင့် ယခုလ ဒီဇင်ဘာ (၄)ရက်မှ ဒီဇင်ဘာ(၂၀)ရက်အထိ (၂) ပတ်ကျော်ကြာ သင်ကြားပို့ချပေးခဲ့ခြင်းဖြစ်သည်။ သင်တန်းအား RCSS/SSA ၏...

မုန်တိုင်းဖြစ်နိုင်ချေ ပျက်ပြယ်တော့မည်ဖြစ်၍ နှစ်သစ်ကူးကာလ ဖျက်မိုး/အခါလွန်မိုးများရွာနိုင်မည့် အခြေအနေမရှိတော့ဟု ပြင်ပမိုးလေဝသပညာရှင် ဦးဝင်းနိုင် သုံးသပ်

တောင်တရုတ်ပင်လယ်နှင့် ဘင်္ဂလားပင်လယ်အော်မှ မုန်တိုင်းဖြစ်နိုင်ချေ ပျက်ပြယ်တော့မည်ဖြစ်သောကြောင့် နှစ်သစ်ကူးကာလများအတွင်း ဖျက်မိုး/အခါလွန်မိုးများရွာနိုင်မည့် အခြေအနေမရှိတော့ကြောင်း ပြင်ပမိုးလေဝသပညာရှင် ဦးဝင်းနိုင်၏ သုံးသပ်ချက်အရ သိရသည်။ ၂၀၂၄ ခုနှစ်၏ တောင်တရုတ်ပင်လယ်နှင့် ဘင်္ဂလားပင်လယ်အော်မှ မုန်တိုင်းဖြစ်နိုင်ချေများမှာ ဒီဇင်ဘာ (၂၅)ရက် (၂၆) ရက်တို့တွင် အဆုံးသတ်တော့မည်ဖြစ်ကြောင်း ၎င်းက လူမှုကွန်ရက်စာမျက်နှာတွင် ရေးသားထားသည်။ "တောင်တရုတ်ပင်လယ် ဗီယက်နမ်နိုင်ငံအရှေ့တောင်ဘက်က INVEST-98W နဲ့ INVEST-99W တို့သည်လည်းကောင်း၊ ဘင်္ဂလားပင်လယ်အော်မှ INVEST-91B သည်လည်းကောင်း ၂၀၂၄ ခုနှစ်ရဲ့ နောက်ဆုံးမုန်တိုင်းဖြစ်နိုင်ချေများအဖြစ် အစပျိုးခဲ့ပြီး ၎င်းတို့အားလုံး ဒီဇင်ဘာ (၂၅) ရက်ကျော်လျှင်...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071