နေပြည်တော်ရှိ “ထိုက်သူပန်”တိုင်းရင်းဆေးဝါးထုတ်လုပ်ရေးမှ ယနေ့ ဒီဇင်ဘာ ၂၁ ရက်ညနေ ၄ နာရီက နေပြည်တော်အနီးတစ်ဝိုက်ရှိ ဆောင်းရာသီ၌စောင်လိုအပ်နေသူများအတွက် (၄)နှစ် မြောက်အဖြစ် စောင်အထည်(၂၀၀၀)ကိုလှူဒါန်းပေးခဲ့ကြောင်း သိရသည်။
ထိုသို့ လှူဒါန်းရာ၌ လူကြီး၊ ကလေ-း(လမ်း လျှောက်အလှူခံနိုင်သူ)အားလုံးကို တစ်ဦးလျင်စောင်တထည်စီလှူဒါန်းပေးခြင်းဖြစ်ပြီး ကိုယ် စားအလှူခံခြင်းများကို ခွင့်ပြုလှူဒါန်းပေးခဲ့ခြင်းမရှိကြောင်း သိရသည်။
” ဒီနှစ်ဆောင်းက နည်းနည်းပိုအေးတော့ တချို့တွေက အချမ်းဒဏ်ကိုပိုခံစားနေရပါတယ်။ “ထိုက်သူပန်”အနေနဲ့က နှစ်စဉ်ဒီလိုအချိန်ကာလရောက်တိုင်း အနွေးစောင်တွေကိုလှူဒါန်းပေးလာခဲ့တာ(၄)နှစ်ကျော်လာပါပြီ။ ဒီနှစ်မှာလည်း လှူချင်လွန်းလို့ကို စောင်တွေကြိုဝယ်ထားလိုက်တာပါ။ နှစ်စဉ် ဒီဇင်ဘာလရောက်တိုင်းလှူဒါန်းပေးနေတာ(၄)နှစ်ရှိပါပြီ။ ပထမနှစ်နဲ့ဒုတိယနှစ်ကစောင်(၁၀၀၀)၊ တတိယနှစ်ကစောင်(၁၂၀၀)၊ ဒီနှစ်ကစောင်(၂၀၀၀)ပါ”ဟု ထိုက်သူပန် တိုင်းရင်းဆေးဝါးထုတ်လုပ်ရေး၏ ပဲ့ကိုင်ရှင်ဦးစိုးလှမြင့်ကပြောသည်။
စောင်များလှူဒါန်းရာ၌ စနစ်တကျနှင့်လိုအပ်သူ များရရှိစေရန် အလှူခံယူမည့်သူများအား နာမည်စာရင်းကြိုတင်ကောက်ခံ၍ တုံကင်များထုတ်ပေးခဲ့ကြောင်း သိရသည်။