Sunday, December 22, 2024

ပနားမားတူးမြောင်းကို ပြန်လွှဲပေးရန် တောင်းဆိုမည်-ထရမ့်ပ်

ပနားမားတူးမြောင်း အသုံးပြုခ ကို ကောက်ခံသည့်နှုန်းထားများသည် မြင့်မားလွန်းသည်ဟု အမေရိကန်ရွေးကောက်ခံသမ္မတ ဒေါ်နယ်ထရမ့်ပ်က စနေနေ့တွင် စွပ်စွဲပြောကြားလိုက်ပြီး ပနားမားအစိုးရအနေဖြင့် တူးမြောင်း ဖြတ်သန်းခကို လက်ခံနိုင်လောက်သည့်...

ဗန်းမော်မြို့တွင် ကျန်ရှိနေသူများ စင်းခန်းနှင့် ရွှေကူအထိ...

တိုက်ပွဲများ ဖြစ်ပွားနေသည့် ဗန်းမော်မြို့တွင် ကျန်ရှိနေသူများ စင်းခန်းကျေးရွာနှင့် ရွှေကူမြို့အထိ ရေလမ်းကြောင်းဖွင့်ထားစဉ် ‌အမြန်ဆုံးထွက်ခွာထားကြရန် ဒေသတွင်း ကူညီကယ်‌ဆယ်ရေးအဖွဲ့များ ယနေ့တွင် ထပ်မံသတိပေးထားသည်။ "အခုအချိန်မှာ ရသလောက်...

RCSS/SSA ထိန်းချုပ်နယ်မြေအတွင်း ဖွံ့ဖြိုးရေး၊ အုပ်ချုပ်ရေး၊...

ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ/ရှမ်းပြည်တပ်မတော် (RCSS/SSA)၏ အုပ်ချုပ်ရေးနယ်မြေများအတွင်း ဖွံ့ဖြိုးရေး၊ အုပ်ချုပ်ရေး၊ တရားစီရင်ရေးနှင့် ကာကွယ်ရေးတို့ကို စည်းကမ်းများနှင့်အညီ ဆောင်ရွက်ကြရန် RCSS ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး ယွက်ဆစ်...

မုန်တိုင်းဖြစ်နိုင်ချေ ပျက်ပြယ်တော့မည်ဖြစ်၍ နှစ်သစ်ကူးကာလ ဖျက်မိုး/အခါလွန်မိုးများရွာနိုင်မည့်...

တောင်တရုတ်ပင်လယ်နှင့် ဘင်္ဂလားပင်လယ်အော်မှ မုန်တိုင်းဖြစ်နိုင်ချေ ပျက်ပြယ်တော့မည်ဖြစ်သောကြောင့် နှစ်သစ်ကူးကာလများအတွင်း ဖျက်မိုး/အခါလွန်မိုးများရွာနိုင်မည့် အခြေအနေမရှိတော့ကြောင်း ပြင်ပမိုးလေဝသပညာရှင် ဦးဝင်းနိုင်၏ သုံးသပ်ချက်အရ သိရသည်။ ၂၀၂၄ ခုနှစ်၏ တောင်တရုတ်ပင်လယ်နှင့်...
HomeNewsFootballမြန်မာအသင်း ဗီယက်နမ်ကို ဂိုးပြတ်ရှုံးကာ...

မြန်မာအသင်း ဗီယက်နမ်ကို ဂိုးပြတ်ရှုံးကာ အာဆီယံမစ်ဆူဘီရှီ ဖလားပြိုင်ပွဲမှ ထွက်ခွာရ

အာဆီယံမစ်ဆူဘီရှီ ဖလားပြိုင်ပွဲ အုပ်စုအဆင့်နောက်ဆုံးပွဲစဉ်ကို ယနေ့ ဒီဇင်ဘာ (၂၁)ရက် ည(၇)ခွဲ အချိန်၌ မြန်မာ နှင့် ဗီယက်နမ်အသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ရာ မြန်မာအသင်းက (၅)ဂိုးပြတ်ဖြင့် ရှူံးနိမ့်ခဲ့ရသည်။

ယနေ့ ပွဲစဉ်အတွင်း ပထမပိုင်းပွဲပြီးချိန်အထိ နှစ်ဘက်အသင်း သွင်းဂိုးမရရှိဘဲ ဒုတိယပိုင်း ပွဲချိန်၌ ဗီယက်နမ်အသင်း က (၅)ဂိုး သွင်းယူကာ အနိုင်ရရှိခဲ့ခြင်းဖြစ်သည်။

ထို့ကြောင့် ဗီယက်နမ်အသင်းသည် ဆီးမီးဖိုင်နယ်သို့ တက်ရောက်သွားပြီဖြစ်ပြီး မြန်မာအသင်းမှာ အုပ်စုအဆင့်မှသာ အိမ်ပြန်ခဲ့ရခြင်းဖြစ်သည်။

အာဆီယံ မစ်ဆူဘီရှီဖလား ပြိုင်ပွဲအုပ်စု (ဘီ)တွင် အင်ဒိုနီးရှားအသင်းက ရမှတ် (၄)မှတ်ဖြင့် အုပ်စုတွင်းထိပ်ဆုံးနေရာတွင် ရပ်တည်နေပြီး၊ ဗီယက်နမ်က ရမှတ်(၃)မှတ်ဖြင့် ဒုတိယ၊ ဖိလစ်ပိုင်က ရမှတ်(၁)မှတ်ဖြင့် တတိယ၊ မြန်မာရမှတ် (၁)မှတ်ဖြင့် စတုတ္ထနေရာနှင့် လာအိုအသင်းက ရမှတ်(၁) မှ တ်ဖြင့် ပဉ္စမ နေရာတွင် အသီးသီးရပ်တည်နေကြသည်။

မြန်မာလက်ရွေးစင်အသင်းအနေဖြင့် အုပ်စုတွင်း လေးပွဲကစားသည့်အနက် အင်ဒိုနီရှားအသင်းအား ရှုံးနိမ့်ထားပြီး၊ ဖိလစ်ပိုင်အသင်းအား သရေကစားနိုင်ခဲ့ကာ လာအိုအသင်းအားအနိုင်ရရှိပြီး ဗီယက်နမ်အသင်းအား ရှုံးနိမ့်ခဲ့ရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ပနားမားတူးမြောင်းကို ပြန်လွှဲပေးရန် တောင်းဆိုမည်-ထရမ့်ပ်

ပနားမားတူးမြောင်း အသုံးပြုခ ကို ကောက်ခံသည့်နှုန်းထားများသည် မြင့်မားလွန်းသည်ဟု အမေရိကန်ရွေးကောက်ခံသမ္မတ ဒေါ်နယ်ထရမ့်ပ်က စနေနေ့တွင် စွပ်စွဲပြောကြားလိုက်ပြီး ပနားမားအစိုးရအနေဖြင့် တူးမြောင်း ဖြတ်သန်းခကို လက်ခံနိုင်လောက်သည့် စနစ်ဖြင့် စီမံခန့်ခွဲခြင်းမလုပ်ပါက ယင်းကို လွှဲပြောင်းပေးအပ်ရန် အမေရိကမဟာမိတ်ထံ သူ တောင်းဆိုသွားမှာဖြစ်ကြောင်း ဆိုခဲ့သည်။ Truth ဆိုရှယ်မီဒီယာပေါ်တွင် ညနေပိုင်းတင်ခဲ့သောပို့စ်၌ တူးမြောင်းကို မသင့်တော်သောသူ ၏ လက်တွင်းကျရောက်ခံမည်မဟုတ်ဟု ထရမ့်ပ်က ပြောကြားခဲ့သည်။ တူးမြောင်းကို တရုတ်နိုင်ငံက စီမံခန့်ခွဲမှုမရသင့်ဟု ရေး သား ခဲ့ကာ တူးမြောင်းကို ဖြတ်သန်းမှုအပေါ် တရုတ်၏ သြဇာလွှမ်းမိုးလာနိုင်ခြေရှိခြင်းကို...

ဗန်းမော်မြို့တွင် ကျန်ရှိနေသူများ စင်းခန်းနှင့် ရွှေကူအထိ ရေလမ်းကြောင်းဖွင့်ထားစဉ် ‌အမြန်ထွက်ခွာကြရန် ကယ်‌ဆယ်ရေးအဖွဲ့များ ထပ်မံသတိပေး

တိုက်ပွဲများ ဖြစ်ပွားနေသည့် ဗန်းမော်မြို့တွင် ကျန်ရှိနေသူများ စင်းခန်းကျေးရွာနှင့် ရွှေကူမြို့အထိ ရေလမ်းကြောင်းဖွင့်ထားစဉ် ‌အမြန်ဆုံးထွက်ခွာထားကြရန် ဒေသတွင်း ကူညီကယ်‌ဆယ်ရေးအဖွဲ့များ ယနေ့တွင် ထပ်မံသတိပေးထားသည်။ "အခုအချိန်မှာ ရသလောက် စင်းခန်း သို့မဟုတ် ရွှေကူမြို့လောက်ထိ ရေလမ်းထွက်လို့ရနေတုန်းမို့ ထွက်ထားကြပါရန် ထပ်ကာ ထပ်ကာ ဆော်ဩနေပါတယ်။ အသက်အန္တရာယ်အရေးကြီးနေချိန်မို့ အခြားအရာအားလုံးထက် ပထမဦးစား‌ပေးစဉ်းစားပေးကြဖို့ တိုက်တွန်းပါရစေ။" ဟု ဆိုသည်။ ယမန်နေ့က စင်းခန်းကျေးရွာသို့ ရောက်ရှိနေသော ဒေသခံစစ်ရှောင် (၃၀) ကျော်အား သွားရောက်ကယ်ထုတ်လာသည့် ဒေသတွင်း ပူးပေါင်းကူညီကယ်ဆယ်ရေးအဖွဲ့ ယာဉ်(၃)စီးသည် ယနေ့ မန္တလေးမြို့သို့ ထပ်မံ...

RCSS/SSA ထိန်းချုပ်နယ်မြေအတွင်း ဖွံ့ဖြိုးရေး၊ အုပ်ချုပ်ရေး၊ တရားစီရင်ရေးနှင့် ကာကွယ်ရေးတို့ကို စည်းကမ်းများနှင့်အညီ ဆောင်ရွက်ရန် ဗိုလ်ချုပ်ကြီး ယွက်ဆစ် ပြောကြား

ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ/ရှမ်းပြည်တပ်မတော် (RCSS/SSA)၏ အုပ်ချုပ်ရေးနယ်မြေများအတွင်း ဖွံ့ဖြိုးရေး၊ အုပ်ချုပ်ရေး၊ တရားစီရင်ရေးနှင့် ကာကွယ်ရေးတို့ကို စည်းကမ်းများနှင့်အညီ ဆောင်ရွက်ကြရန် RCSS ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး ယွက်ဆစ် ပြောကြားသည်။ ယမန်နေ့ ဒီဇင်ဘာ (၂၁)ရက် နံနက်(၁၀)နာရီ အချိန်၌ ရှမ်း/တောင် မိုင်းပန်မြို့တွင် ပြုလုပ်သည့် ဒေသန္တရအုပ်ချုပ်ရေးသင်တန်းအပတ်စဉ် (၁/၂၄) သင်တန်း ဆင်းပွဲသို့ တက်ရောက်စဉ် ထိုသို့ ပြောကြားခဲ့ခြင်းဖြစ်သည်။ ဒေသန္တရအုပ်ချုပ်ရေးသင်တန်း ပထမအသုတ် အနေဖြင့် ယခုလ ဒီဇင်ဘာ (၄)ရက်မှ ဒီဇင်ဘာ(၂၀)ရက်အထိ (၂) ပတ်ကျော်ကြာ သင်ကြားပို့ချပေးခဲ့ခြင်းဖြစ်သည်။ သင်တန်းအား RCSS/SSA ၏...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071