Home News Local News ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ် နှစ်(၁၀၀)ပြည့် ရာပြည့်ခန်းမဖွင့်လှစ်

ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ် နှစ်(၁၀၀)ပြည့် ရာပြည့်ခန်းမဖွင့်လှစ်

0
245

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ် နှစ် (၁၀၀)ပြည့် ရာပြည့်ခန်းမအား ယနေ့ ဒီဇင်ဘာ ၂၂ ရက်နံနက်ပိုင်းက နစက ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် တက်ရောက်ဖွင့်လှစ်ပေးခဲ့သည်။

ထိုသို့ ဖွင့်လှစ်ပေးပြီးနောက် နစက ဥက္ကဋ္ဌမှ အမှာစကားပြောကြားရာ၌ မြန်မာနိုင်ငံတွင် စိုက်ပျိုးရေးလုပ်ငန်းမှာ အသက်မွေးဝမ်းကြောင်းလုပ်ငန်းဖြစ်ကြောင်းနှင့် ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ်အဖြစ် စတင်ပေါ် ပေါက်လာမည့် စိုက်ပျိုးရေးကောလိပ်နှင့်သုတေသနဗိမာန်အား ၁၉၂၄ ခုနှစ်၊ ဒီဇင်ဘာ ၂၂ ရက်တွင် မန္တလေးမြို့၌စတင်တည်ထောင်ဖွင့်လှစ်ခဲ့သည့် သမိုင်းကြောင်းတို့ကို ထည့်သွင်းပြောကြားခဲ့သည်။

ထို့ပြင် စိုက်ပျိုးရေးကောလိပ်စတင်ဖွင့်လှစ်ချိန်မှစ၍ ယနေ့အချိန်အထိ “၃ နှစ် စိုက်ပျိုးရေး ဒီပလိုမာ” အောင်လက်မှတ်ချီးမြှင့်သည့်အဆင့်မှ လက်ရှိအချိန်၌ မဟာဘွဲ့၊ ပါရဂူဘွဲ့များအထိ အဆင့်ဆင့် ချီးမြှင့်အပ်နှင်းခဲ့သည့် အခြေအနေများကိုလည်း ထည့်သွင်းပြောကြားခဲ့သည်။

ထို့နောက် နစက ဥက္ကဋ္ဌမှ အထွက်ကောင်းအောင်နိုင်တိုးစပါး Yezin Super Rice (YSR-1) စပါးမျိုးထုတ်လုပ်နိုင်ခဲ့မှုအတွက် စိုက်ပျိုးရေးသုတေသနဦးစီးဌာနကို ဂုဏ်ပြုဆုပေးအပ်ရာ စိုက်ပျိုးရေးသုတေသနဦးစီးဌာန၏ ညွှန်ကြားရေးမှူးချုပ်ကလက်ခံရယူခဲ့သည်။

ထို့ပြင် နစက ဥက္ကဋ္ဌသည် ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ်မှ အငြိမ်းစားပါမောက္ခချုပ်များ၊ ဒု-ပါမောက္ခချုပ်များကိုနှုတ်ဆက်၍ ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ် ရာပြည့်သဘင်အထိမ်းအမှတ် ပြခန်းများကို ကြည့်ရှုခဲ့သည်။

ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ်မှ နှစ် (၁၀၀)ကာလအတွင်း စိုက်ပျိုးရေးသိပ္ပံဘွဲ့ရ (၁၃၁၉၇)ဦး၊ မဟာသိပ္ပံဘွဲ့ရ(၆၇၃)ဦး၊ ပါရဂူဘွဲ့ရ(၈၅)ဦး၊ ဘွဲ့လွန်ဒီပလိုမာလက်မှတ်ရ(၇၀)ဦးနှင့် မဟာဒဿနဘွဲ့ရ(၁၁)ဦးတို့ကို မွေးထုတ်ပေးခဲ့ပြီး လက်ရှိအချိန်၌ စိုက်ပျိုးရေးဒီပလိုမာ အောင်လက်မှတ်ပေးသည့် ယခင်စိုက်ပျိုးရေးသိပ္ပံကျောင်းများအပြင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ်မှစကာ စိုက်ပျိုးရေးဘာသာရပ်သင်ကြားပေးသည့် အထက်တန်းကျောင်း(၈၅)ကျောင်းကိုလည်း နိုင်ငံတစ်ဝန်းဖွင့်လှစ်ပေးထားကြောင်း သိရသည်။

NO COMMENTS

LEAVE A REPLY

Please enter your comment!
Please enter your name here