Monday, December 23, 2024

မြန်မာနိုင်ငံ၏ ဒုတိယမြောက်မြေအောက်လမ်းကူး လူသွားဥမင်(Underpass)စတင်ဖွင့်လှစ်

ရန်ကုန်တိုင်း၊ ဒဂုံမြို့နယ်၊ ရွှေတိဂုံစေတီတော်အနောက်ဘက်မုခ်နှင့် ပြည်သူ့ရင်ပြင်ပန်းခြံကြား၊ ဦးဝိစာရလမ်းတွင် ဖောက်လုပ်ထားသည့် မြန်မာနိုင်ငံ၏ ဒုတိယမြောက်မြေအောက်လမ်းကူးလူသွားဥမင်(Underpass)အား ယနေ့ ဒီဇင်ဘာ ၂၃ ရက်နံနက်ပိုင်းက ဖွင့်လှစ်ခဲ့သည်။ အဆိုပါ...

ပြည်ထောင်စုတစ်ဝန်းလုံး ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးဆောင်ရွက်ရာ၌ ပြည်ထောင်စုဖွားမြန်မာအမျိုးသမီးထုစွမ်းအားကြီးကိုမြင်တွေ့နေရ

ပြည်ထောင်စုတစ်ဝန်းလုံး ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးဆောင်ရွက်ရာ၌ ပြည်ထောင်စုဖွားမြန်မာအမျိုးသမီးထုစွမ်းအားကြီးကိုမြင်တွေ့နေရသည်ဟု နစက ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကပြောသည်။ ၎င်းမှ ယနေ့ ဒီဇင်ဘာ ၂၃ ရက်နံနက်ပိုင်းက ရန်ကုန်မြို့ရှိ...

သံမြေမှ သံစိမ်းများ ထုတ်လုပ်နိုင်ရေးအတွက် အလုပ်ရုံ...

ရှမ်းပြည်နယ်၊ တောင်ကြီးမြို့ရှိ အမှတ်(၂)သံမဏိစက်ရုံ (ပင်းပက်)၌ သံမြေမှ သံစိမ်းများ ထုတ်လုပ်နိုင်ရေးအတွက် အလုပ်ရုံ(၂၂)ရုံ တည်ဆောက်ခဲ့ပြီးဖြစ်ကြောင်း စက်မှုဝန်ကြီးဌာနမှ သိရသည်။ သံမြေမှသံစိမ်းများထုတ်လုပ်နိုင်ရေးအတွက် အမှတ်(၂) သံမဏိစက်ရုံ(ပင်းပက်)၌...

ဂျပန်ရောက် မြန်မာနိုင်ငံသားများ The Kubota...

The Kubota Fund မှ ၂၀၂၅-၂၀၂၆ ခုနှစ်အတွက် ပေးအပ်မည့် ပညာသင်ဆုအား ဂျပန်ရောက် မြန်မာနိုင်ငံသားများ လျှောက်ထားနိုင်ကြောင်း ဂျပန်နိုင်ငံဆိုင်ရာ မြန်မာသံရုံးက...
HomeNewsLocal Newsနယ်စပ်တွင် ကာလဝမ်းရောဂါဖြစ်ပွားနေ၍ ထိုင်းက...

နယ်စပ်တွင် ကာလဝမ်းရောဂါဖြစ်ပွားနေ၍ ထိုင်းက သတိပေးချက်ထုတ်

မြန်မာနိုင်ငံဘက်ခြမ်းရှိ ရွှေကုက္ကိုလ်မြို့တွင် ကာလဝမ်းရောဂါပျံ့နှံ့ဖြစ်ပွားနေသဖြင့် ရောဂါတားဆီးထိန်းချုပ်ရေးအတွက် ထိုင်းနိုင်ငံ တာ့ခ်ပြည်နယ်တွင် ကျန်းမာရေးဝန်ကြီးဌာနက အရေးပေါ်ကုသရေးစင်တာတစ်ခု(EOC) ဖွင့်လှစ်လိုက်သည်။ လက်ရှိတွင် တာ့ခ်ပြည်နယ်၌ အဆိုပါရောဂါဖြစ်ပွားသူ နှစ်ဦး တွေ့ထားသည်ဟု ဆိုသည်။

EOC သည် နယ်စပ် ရပ်ကွက်ကျေးရွာများ၊ စက်ရုံများနှင့် ဒုက္ခသည်စခန်းများတွင် ကာလဝမ်းရောဂါဖြစ်နိုင်ခြေကို စောင့်ကြည့်နေသည်ဟု ကျန်းမာရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဒေါက်တာ Opas Karnkawwinpong က ပြောဆိုသည်။

ထို့အပြင် အဆိုပါစင်တာအနေဖြင့် သောက်သုံးရေအရည်အသွေးကို စောင့်ကြည့်စစ်ဆေးခြင်း၊ အများပြည်သူများ၊ ရွှေ့ပြောင်းဝင်ရောက်သူများကို တစ်ကိုယ်ရေသန့်ရှင်းမှုနှင့်ပတ်သက်၍ အကြံပေးခြင်း၊ အစားအသောက်ရောင်းချသူများ၊ လမ်းဘေးဈေးသည်များကို ကြီးကြပ်ကွပ်ကဲခြင်းနှင့် ရောဂါထိန်းချုပ်နိုင်ရေးအတွက် စမ်းသပ်ကိရိယာများအပါအဝင် ဆေးပစ္စည်းများထောက်ပံ့ရေး ပြင်ဆင်ခြင်းများကိုလည်း လုပ်ဆောင်မည်ဖြစ်သည်ဟု သူက ဆက်လက် ပြောဆိုခဲ့သည်။

တာ့ခ်ပြည်နယ်၏ မဲရာမတ်နှင့် မဲဆောက်ခရိုင်များသည် ရွှေကုက္ကိုလ်နှင့် မျက်နှာချင်းဆိုင်ဒေသများဖြစ်နေခြင်းနှင့် ရွှေ့ပြောင်းနေထိုင်သူများ၊၊ စက်ရုံအလုပ်ရုံများရှိနေခြင်းကြောင့် အန္တရာယ်မြင့်မားသည့် အခြေအနေတွင်ရှိကြောင်းနှင့် နှစ်သစ်ကူးအားလပ်ရက်များတွင် လူများစွာသည် ပျော်ပွဲရွှင်ပွဲများကျင်းပကာ အစားအသောက်များကို အတူစားသောက်ကြလိမ့်မည်ဟု ဒေါက်တာ Opas က ပြောဆိုသည်။

ကျန်းမာရေး အမြဲတမ်းအတွင်းဝန်၏ အဆိုအရ ရွှေကုက္ကိုလ်တွင် ကာလဝမ်းရောဂါလူနာ ၂၀၀ ခန့် တွေ့ရှိထားကာ နှစ်ဦး‌ေ-သဆုံးထားကြောင်းနှင့် မဲဆောက်ခရိုင်တွင် ရောဂါလူနာ နှစ်ဦးတွေ့ရှိထားကြောင်း သိရသည်။

အဆိုပါ လူနာနှစ်ဦးသည် မဲဆောက်ဆေးရုံတွင် တက်ရောက်ကုသမှုခံယူနေသည်ဟု သတင်းထုတ်ပြန်ထားသည်။ မြန်မာနိုင်ငံသား ကိုယ်ဝန်ဆောင်အမျိုးသမီးတစ်ဦးသည် ထိုင်းဘက်ခြမ်းတွင် ဝမ်းရောဂါစတင်ဖြစ်ပွားစေခဲ့သည်ဟု တာဝန်ရှိသူများက ယူဆထားပြီး သူ့ထံအလည်သွားခဲ့သော တာ့ခ်ပြည်နယ်မှ မြန်မာဆွေမျိုးသားချင်းတစ်ဦးသည်လည်း ရောဂါကူးစက်ခံခဲ့ရသည်ဟု ဆိုသည်။

လက်ရှိအချိန်တွင် ထိုင်းစစ်သားများသည် မဲရမတ်နှင့် မဲဆောက်ခရိုင်နယ်စပ်တွင် တရားမဝင် နယ်စပ်ဖြတ်ကျော်ဝင်ရောက်မှုများကို တားဆီးရန်အတွက် အထူးကြပ်မတ်ကင်းလှည့်ဆောင်ရွက်မှုလုပ်နေသည်။ ရောဂါထိန်းချုပ်ရေးနိုင်ရေးဆိုင်ရာ တောင်းဆိုချက်အရ တာ့ခ်ပြည်နယ်အာဏာပိုင်များက ရွှေကုက္ကိုလ်ရှိ တာဝန်ရှိသူများထံ ဆေးဝါးထောက်ပံ့မှုများ ပေးအပ်ခဲ့သည်ဟု သိရသည်။

Ref: ဘန်ကောက်ပို့စ်

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

မြန်မာနိုင်ငံ၏ ဒုတိယမြောက်မြေအောက်လမ်းကူး လူသွားဥမင်(Underpass)စတင်ဖွင့်လှစ်

ရန်ကုန်တိုင်း၊ ဒဂုံမြို့နယ်၊ ရွှေတိဂုံစေတီတော်အနောက်ဘက်မုခ်နှင့် ပြည်သူ့ရင်ပြင်ပန်းခြံကြား၊ ဦးဝိစာရလမ်းတွင် ဖောက်လုပ်ထားသည့် မြန်မာနိုင်ငံ၏ ဒုတိယမြောက်မြေအောက်လမ်းကူးလူသွားဥမင်(Underpass)အား ယနေ့ ဒီဇင်ဘာ ၂၃ ရက်နံနက်ပိုင်းက ဖွင့်လှစ်ခဲ့သည်။ အဆိုပါ မြေအောက်လမ်းကူးလူသွားဥမင် (Underpass)၏ အဆောက်အဦဝင်ပေါက်အား နစက ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်မှ စက်ခလုတ်နှိပ်ဖွင့်လှစ်ပေးခဲ့ပြီး ရန်ကုန်မြို့တော်ဝန် ဦးဗိုလ်ဌေးက မြေအောက်လမ်းကူးလူသွားဥမင်(Underpass) တည်ဆောက်ခဲ့သည့် ရည်ရွယ်ချက်များ၊ အကျိုးကျေးဇူးများ၊ မြန်မာနိုင်ငံသားအင်ဂျင်နီယာပညာရှင်များဖြင့်တည်ဆောက်ခဲ့မှုများကို ရှင်းလင်းတင်ပြခဲ့သည်။ ရွှေတိဂုံစေတီတော်နှင့် ပြည်သူ့ရင်ပြင်သို့သွားလာရာတွင် ယာဉ်အန္တရာယ်ကင်းရှင်းပြီး သက်တောင့်သက်သာဖြတ်သန်းသွားလာနိုင်ရန်နှင့် ခေတ်မီအခြေခံအဆောက်အဦတစ်ခု ထပ်မံပေါ်ပေါက်လာစေရန်ရည်ရွယ်၍ ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလတွင် စတင်တည်ဆောက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ မြေအောက်လမ်းကူးလူသွားဥမင်(Underpass)...

ပြည်ထောင်စုတစ်ဝန်းလုံး ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးဆောင်ရွက်ရာ၌ ပြည်ထောင်စုဖွားမြန်မာအမျိုးသမီးထုစွမ်းအားကြီးကိုမြင်တွေ့နေရ

ပြည်ထောင်စုတစ်ဝန်းလုံး ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးဆောင်ရွက်ရာ၌ ပြည်ထောင်စုဖွားမြန်မာအမျိုးသမီးထုစွမ်းအားကြီးကိုမြင်တွေ့နေရသည်ဟု နစက ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကပြောသည်။ ၎င်းမှ ယနေ့ ဒီဇင်ဘာ ၂၃ ရက်နံနက်ပိုင်းက ရန်ကုန်မြို့ရှိ တပ်မတော်(ကြည်း)ဗိုလ်သင်တန်း ကျောင်း(မှော်ဘီ)စစ်ရေးပြကွင်းတွင်ကျင်းပသည့် ဘွဲ့ရအမျိုးသမီးဗိုလ်လောင်းသင်တန်း အ မှတ်စဉ်(၁၁)သင်တန်းဆင်းဂုဏ်ပြုစစ်ရေးပြအ ခမ်းအနားတွင်မိန့်ခွန်းပြောကြားရာ၌ ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။ မြန်မာ့သမိုင်းစဉ်တစ်လျှောက် အမျိုးသမီးများသည် မြန်မာ့လွတ်လပ်ရေးသမိုင်း၊ အမျိုးသားရေးသမိုင်း၊ နိုင်ငံရေးလှုပ်ရှားမှု သမိုင်းစဉ်အဆက်ဆက်တွင် အမျိုးသားများ နှင့် ရင်ပေါင်တန်းပြီး စွန့်လွှတ်အနစ်နာခံမှု၊ ရဲဝံ့စွန့်စားမှုများဖြင့် ပါဝင်ခဲ့ကြသည်ကို တွေ့ရှိရမည်ဖြစ်ကြောင်း ပြောသည်။ မျက်မှောက်ကာလ ပြည်ထောင်စုတစ်ဝန်းလုံး ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးကို အရှိန်အဟုန်ဖြင့် ဆောင်ရွက်နေကြရာတွင် ပြည်ထောင်စုဖွားတိုင်းရင်းသား မြန်မာအမျိုးသမီးထုစွမ်းအားကြီးကိုမြင်တွေ့နေကြရပြီဟု...

သံမြေမှ သံစိမ်းများ ထုတ်လုပ်နိုင်ရေးအတွက် အလုပ်ရုံ (၂၂)ရုံ တည်ဆောက်ခဲ့ပြီးဖြစ်

ရှမ်းပြည်နယ်၊ တောင်ကြီးမြို့ရှိ အမှတ်(၂)သံမဏိစက်ရုံ (ပင်းပက်)၌ သံမြေမှ သံစိမ်းများ ထုတ်လုပ်နိုင်ရေးအတွက် အလုပ်ရုံ(၂၂)ရုံ တည်ဆောက်ခဲ့ပြီးဖြစ်ကြောင်း စက်မှုဝန်ကြီးဌာနမှ သိရသည်။ သံမြေမှသံစိမ်းများထုတ်လုပ်နိုင်ရေးအတွက် အမှတ်(၂) သံမဏိစက်ရုံ(ပင်းပက်)၌ အလုပ်ရုံ (၂၂) ရုံ တည်ဆောက်ခဲ့ပြီး အဆိုပါ အလုပ်ရုံ (၂၂) ရုံအနက် အလုပ်ရုံ (၁၉) ရုံသည် စက်မှုဝန်ကြီးဌာနမှ ကျွမ်းကျင်ပညာရှင်များ၊ မြန်မာစီးပွားရေးကော်ပိုရေးရှင်းမှ ကျွမ်းကျင်ပညာရှင်များနှင့် ပြည်တွင်းပညာရှင်များဖြင့် စက်ပစ္စည်းကိရိယာများကို စစ်ဆေးပြုပြင်ခြင်းလုပ်ငန်းများကို ဆောင်ရွက်၍ စက်စမ်းသပ် လ ည်ပတ်ခြင်း လုပ်ငန်းများကိုလည်း ဆောင်ရွက်ပြီးဖြစ်ကြောင်း သိရသည်။ ထို့ပြင် ကျန်ရှိသည့်...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071