ဘရာဇီး၊ မလေးရှားနှင့် ပါကစ္စတန်နိုင်ငံများသို့ တိုက်ရိုက်လေကြောင်းခရီးစဉ်ပျံသန်းမှုများ စတင်ရန် ရုရှားဖက်ဒရေးရှင်းနိုင်ငံပို့ဆောင်ရေး ဝန်ကြီးဌာနက ဆွေးနွေးမှုများ ပြုလုပ်နေကြောင်း ဝန်ကြီး Roman Starovoyt က ပြောကြားသည်။
“မလေးရှားနဲ့ ဘရာဇီးကို ကျွန်တော်တို့ စဉ်းစားနေပါတယ်။ ပါကစ္စတန်ကလည်း အလားတူ တောင်းဆိုချက်မျိုး မကြာသေးမီက ဆက်သွယ်တောင်းဆိုလာပါတယ်။ အဲဒီမှာ အခြေအနေတွေကို ခွဲခြမ်းစိတ်ဖြာပြီး စဉ်ဆက်မပြတ် တွေ့ဆုံဆွေးနွေးမှုတွေ ပြုလုပ်နေပါတယ်။ ဟုတ်ပါတယ်၊ ဒီညှိနှိုင်းမှုမှာ ခရီးသွား လုပ်ငန်း ကိုယ်စားလှယ်တွေကလည်း ပါဝင်ဖို့ စိတ်ဝင်စားပါတယ်။ “ဟုပြောသည်။
ရုရှားသည် ချစ်ကြည်ရင်းနှီးသော နိုင်ငံများမှ လေကြောင်းလိုင်းများစွာနှင့် ညှိနှိုင်းမှုများ ပြုလုပ်နေကြောင်း ၎င်းက မှတ်ချက်ပြုခဲ့သည်။
“ကျွန်ုပ်တို့၏လမ်းကြောင်းကွန်ရက်သည် အဆက်မပြတ်ပြောင်းလဲနေပါသည်။ နိုင်ငံတကာစည်းမျဉ်းများအားလုံး၏ တန်းတူညီမျှမှု၊ အပြန်အလှန်လေးစားမှုနှင့် လိုက်နာမှုဆိုင်ရာမူကို အခြေခံ၍ လုပ်ဆောင်ရန် အဆင်သင့်ဖြစ်နေပါပြီ” ဟု ဝန်ကြီးက ပြောကြားခဲ့သည်။
Starovoyt ၏အဆိုအရ၊ မည်သည့်နိုင်ငံနှင့်မဆို လေကြောင်းဝန်ဆောင်မှုကို စတင်နိုင်ရန် လေကြောင်းလိုင်းများနှင့် ခရီးသည်သွားလာမှုဆိုင်ရာ အမြင်များကို ဦးစွာဆွေးနွေးရန် လိုအပ်ကြောင်း သိရသည်။
“လမ်းကြောင်းတွေ စနစ်တကျ ဖွံ့ဖြိုးတိုးတက်ဖို့အတွက် စင်းလုံးငှား ပျံသန်းမှုတွေ စတင်ဖို့ လိုအပ်တယ်၊ ခရီးသည်တွေ အနေနဲ့ ခရီးသွားကဏ္ဍရဲ့ အခြေခံ အဆောက်အအုံ ဘယ်လို အလုပ်လုပ်သလဲ၊ ခရီးစဉ်တွေ စီစဉ်နိုင်ရင် လုံခြုံရေးက ဘယ်လို အာမခံချက် ရှိမှာလဲဆိုတာကို ခရီးသည်တွေ နားလည်နိုင်စေဖို့၊ လေကြောင်းဆိုင်ရာအသွားအလာတွေ လမ်းကြောင်းပြောင်းဖို့ကိစ္စတွေလဲ ကိုထည့်သွင်းဆွေးနေကြပါတယ်” ဟုလည်း သူကက ဖြည့်စွက်ပြောကြားသည်။