အင်ဒိုနီးရှားနိုင်ငံ ၊ ဘာလီမြို့တွင် ဒီဇင်ဘာ ၁၇ ရက်မှ ၂၂ ရက်အထိကျင်းပခဲ့သည့် 5th AVFASIAN Vovinam Championships 2024 ပြိုင်ပွဲတွင်ဝင်ရောက်ယှဉ်ပြိုင်ခဲ့သော မြန်မာ့လက်ရွေးစင် ဗိုဗီနမ်အားကစားအဖွဲ့ပြန်လည်ရောက်ရှိလာခဲ့သည်။
အောင်ပွဲရ မြန်မာ့လက်ရွေးစင် ဗိုဗီနမ်အားကစားအဖွဲ့သည် ယနေ့ ဒီဇင်ဘာ ၂၃ ရက်နံနက် ၉ နာရီ ၁၅ မိနစ်က ရန်ကုန်လေဆိပ်သို့ရောက်ရှိခဲ့ရာ အားကစားနှင့်ကာယပညာသိပ္ပံ(ရန်ကုန်) ကျောင်းအုပ်ကြီးနှင့်တာဝန်ရှိသူများ၊ မိသားစုဝင်များမှကြိုဆိုခဲ့ကြသည်။
မြန်မာ့လက်ရွေးစင် ဗိုဗီနမ်အားကစားအဖွဲ့သည် 5th AVFASIAN Vovinam Championships 2024 ပြိုင်ပွဲ၏ Ying Yang sword form female ပြိုင်ပွဲ၌ ရွှေတံဆိပ်ဆု၊ Four Element staff form male ပြိုင်ပွဲ၌ ရွှေတံဆိပ်ဆုတို့ရရှိခဲ့သည်။
ထို့ပြင် ငွေတံဆပ်ဆု(၃)ဆုနှင့် ကြေးတံဆိပ်ဆု (၆)ခုတို့ကိုလည်းဆွတ်ခူးရရှိခဲ့ပြီး အုပ်ချုပ်/နည်းပြနှင့် ဒိုင်(၃)ဦး၊ အားကစားသမားများအ ဖြစ် အမျိုးသား(၃)ဦးနှင့် အမျိုးသမီး(၂)ဦးတို့ ဝင်ရောက်ယှဥ်ပြိုင်ခဲ့ကြသည်။
အဆိုပါ ပြိုင်ပွဲတွင် မြန်မာ၊ အင်ဒိုနီးရှား၊ ဗီယက် နမ်၊ ဖိလစ်ပိုင်၊ ကမ္ဘောဒီးယား၊ အိန္ဒိယ၊ တရုတ်၊ တောင်ကိုရီးယား၊ ဂျပန်၊ အီရန်၊ ကာဂျစ်စတန်၊ တီမောနှင့် နီပေါနိုင်ငံတို့အပါအဝင် နိုင်ငံပေါင်း (၁၃)နိုင်ငံမှ အားကစားသမားများ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြသည်။