Home News Local News မြန်မာနိုင်ငံ၏ ဒုတိယမြောက်မြေအောက်လမ်းကူး လူသွားဥမင်(Underpass)စတင်ဖွင့်လှစ်

မြန်မာနိုင်ငံ၏ ဒုတိယမြောက်မြေအောက်လမ်းကူး လူသွားဥမင်(Underpass)စတင်ဖွင့်လှစ်

0
243

ရန်ကုန်တိုင်း၊ ဒဂုံမြို့နယ်၊ ရွှေတိဂုံစေတီတော်အနောက်ဘက်မုခ်နှင့် ပြည်သူ့ရင်ပြင်ပန်းခြံကြား၊ ဦးဝိစာရလမ်းတွင် ဖောက်လုပ်ထားသည့် မြန်မာနိုင်ငံ၏ ဒုတိယမြောက်မြေအောက်လမ်းကူးလူသွားဥမင်(Underpass)အား ယနေ့ ဒီဇင်ဘာ ၂၃ ရက်နံနက်ပိုင်းက ဖွင့်လှစ်ခဲ့သည်။

အဆိုပါ မြေအောက်လမ်းကူးလူသွားဥမင် (Underpass)၏ အဆောက်အဦဝင်ပေါက်အား နစက ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်မှ စက်ခလုတ်နှိပ်ဖွင့်လှစ်ပေးခဲ့ပြီး ရန်ကုန်မြို့တော်ဝန် ဦးဗိုလ်ဌေးက မြေအောက်လမ်းကူးလူသွားဥမင်(Underpass) တည်ဆောက်ခဲ့သည့် ရည်ရွယ်ချက်များ၊ အကျိုးကျေးဇူးများ၊ မြန်မာနိုင်ငံသားအင်ဂျင်နီယာပညာရှင်များဖြင့်တည်ဆောက်ခဲ့မှုများကို ရှင်းလင်းတင်ပြခဲ့သည်။

ရွှေတိဂုံစေတီတော်နှင့် ပြည်သူ့ရင်ပြင်သို့သွားလာရာတွင် ယာဉ်အန္တရာယ်ကင်းရှင်းပြီး သက်တောင့်သက်သာဖြတ်သန်းသွားလာနိုင်ရန်နှင့် ခေတ်မီအခြေခံအဆောက်အဦတစ်ခု ထပ်မံပေါ်ပေါက်လာစေရန်ရည်ရွယ်၍ ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလတွင် စတင်တည်ဆောက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

မြေအောက်လမ်းကူးလူသွားဥမင်(Underpass) သည် ပင်မဥမင်အမြင့် ၁၁ ပေ၊ အကျယ် ၂၃ ပေ၊ ဥမင်အလျားစုစုပေါင်း ၄၆၁ ပေရှိပြီး ဝင်ပေါက်၊ ထွက်ပေါက် ၄ ခုပါဝင်ကာ တစ်နာရီလျှင် လူဦးရေ ၁၄၀၀၀ ဦးခန့် ဖြတ်သန်းသွားလာနိုင်မည်ဖြစ်ပြီး ရွေ့လျားစက်လှေကား ၄ စင်း၊ သက်ကြီးရွယ်အိုများနှင့် မသန်စွမ်းသူများအသုံးပြုရန် ဓာတ်လှေကား ၂ စင်းတို့ကို ထည့်သွင်းတည်ဆောက်ထားသည်။

ယင်းမြေအောက်လမ်းကူးလူသွားဥမင် (Underpass)ဖွင့်လှစ်ခဲ့သဖြင့် အများပြည်သူ များ၊ ဘုရားဖူးလာသူများ ယာဉ်အန္တရာယ်ကင်းရှင်းစွာဖြင့်သွားလာနိုင်မည်ဖြစ်ပြီး ဦးဝိစာရလမ်းပေါ်၌ ယာဉ်ကြောပိတ်ဆို့မှုကိုလည်း အထိုက်အလျောက် လျှော့ချပေးနိုင်မည်ဖြစ်ကြောင်းလည်း သိရသည်။

NO COMMENTS

LEAVE A REPLY

Please enter your comment!
Please enter your name here