Wednesday, December 25, 2024

ဖိလစ်ပိုင်က အမေရိက၏ တိုက်ဖွန်းဒုံးကျည်စနစ်ကို ဝယ်ယူမည်

ဖိလစ်ပိုင်သည် ၎င်း၏ ရေပိုင်နက်အကျိုးစီးပွားများကို ကာကွယ်ရန် အမေရိက တိုက်ဖွန်းဒုံးကျည်စနစ်ကို ဝယ်ယူရန် စီစဉ်ထားသည်ဟု တနင်္လာနေ့တွင် ပြောဆိုခဲ့ရာ ဒေသတွင်း လက်နက်ပြိုင်ဆိုင်မှုတွင် တရုတ်က...

နျူစွမ်းအင်သဘောတူစာချုပ်တွင်လာဘ်မစားပါ–ဆဂျက်ဘ်ဝါဆတ်

၂၀၁၅ ခုနှစ်က ဒေါ်လာ ၁၂ ဒဿမ ၆၅ ဘီလျံတန် နျူကလီးယားစွမ်းအင်ဆိုင်ရာသဘောတူ စာချုပ် ကို ချုပ်ဆိုခဲ့မှုတွင် အကျင့်ပျက်ခြစားခဲ့သည်ဟူသော သူ၏...

အင်ဒို၌ နှစ်သစ်ကူးအတွက် ဆေးခန်းပေါင်း ၁,၅၇၄...

ဂျကာတာ၊ဒီဇင်ဘာ ၂၄ နှစ်ကုန်အားလပ်ရက်များအတွင်း ကျန်းမာရေးနှင့်ပတ်သက်သည့် ပြဿနာများကို ဖြေရှင်းရန်အတွက် နိုင်ငံတစ်ဝန်း၌ ဆေးခန်းပေါင်း ၁,၅၇၄ ခုကို အဆင်သင့်ပြင်ထားကြောင်း အင်ဒိုနီးရှားကျန်းမာရေးအာဏာကပြောကြားခဲ့သည်။ ကျန်းမာရေးဝန်ကြီးဌာန၏ပြောကြားချက်အရ အဆိုပါဆေးခန်းများကို အမြန်လမ်းမကြီး၊ဘက်စ်ကားဂိတ်၊ဆိပ်ကမ်း၊လေဆိပ်၊မတော်တဆမှုအဖြစ်များသောနေရာများသာမက...

မြန်မာနိုင်ငံတွင် နိုရိုဗိုင်းရပ်စ် ကူးစက်မှုမရှိသေးဟု ကျန်းမာရေးဝန်ကြီးဌာန...

လက်ရှိအချိန်ထိ မြန်မာနိုင်ငံတွင် နိုရိုဗိုင်းရပ်စ်ကူးစက်မှုမရှိသေးကြောင်း ကျန်းမာရေးဝန်ကြီးဌာန တာဝန်ရှိသူက ပြောသည်။ မြန်မာနိုင်ငံအတွင်းရှိ တိုင်းနှင့် ပြည်နယ်အချို့တွင် ပြင်းထန်ဝမ်းရောဂါနှင့် ကာလဝမ်းရောဂါပိုး ကူးစက်ဖြစ်ပွားမှုနှုန်း မြင့်တက်နေသည့်အပေါ် ပေါ်ပြူလာနယူးစ်၏...
HomeNewsLocal Newsတောင်ကြီးတွင် စစ်ရှောင်များနေထိုင်ရေး လိုအပ်ချက်များလာသည့်အတွက်...

တောင်ကြီးတွင် စစ်ရှောင်များနေထိုင်ရေး လိုအပ်ချက်များလာသည့်အတွက် အိမ်ငှားခဈေးနှုန်းများ မြင့်တက်လာ ဟုဆို

တောင်ကြီးမြို့တွင် ရှမ်းပြည်နယ်မြောက်ပိုင်း စစ်ရှောင်များ နေထိုင်ရေး လိုအပ်ချက်များပြားလာသည့်အတွက် အိမ်ငှားရမ်းခ ဈေးနှုန်းများ မြင့်တက်လာသည်ဟု တောင်ကြီးမြို့၊နမ့်ခုံး ပရဟိတအသင်းတာဝန်ခံတစ်ဦးက ပေါ်ပြူလာနယူးစ်ကိုပြောသည်။

လက်ရှိတောင်ကြီးမြို့တွင် ယခင် ကျပ်တစ်သိန်းတန် အခန်းတစ်ခန်းလျှင် ကျပ်(၂)ခွဲ ဝန်းကျင်နှင့် ကျပ် (၃)သိန်းတန် အခန်းတစ်ခန်းလျှင် ကျပ်(၆)သိန်းအထိ တဖြည်းဖြည်း မြင့်တက်လျှက်ရှိကြောင်း ဆိုသည်။

“အခုက စစ်ရှောင်တွေနေထိုင်ရေးအရ လိုအပ်ချက်များ လာတာတွေကြောင့် ဈေးတွေ တက်လာတယ်။ စက်တင်ဘာလလောက်ကတည်းက အိမ်ငှားရမ်းခတွေ တက်လာနေတာ”ဟု ၎င်းက ရှင်းပြသည်။

ငွေကြေးမတတ်နိုင်သည့် စစ်ရှောင်များကို တောင်ကြီးမြို့ ရှမ်းပဋိကတ်ကျောင်း၊ ရှမ်းစာပေနှင့်ယဉ်ကျေးမှု၊ နမ့်ခုံးပရဟိတရုံးနေရာတွင် ခိုလှုံခွင့်ပေးထားသည့်အပြင် စားသောက်ရေးအတွက် ဆန်၊ ဆီ၊ ဆား ကြက်သွန်၊ ငရုတ်စသည့် အခြေခံ စားသောက်ကုန်ပစ္စည်းများထောက်ပံ့ထားရှိကြောင်းသိရသည်။

“ကျွန်တော်တို့ တစ်ဦးကို ကျပ်ငါးထောင်နှုန်း ဒါမှမဟုတ် ခုနှစ်ထောင်နှုန်း ဈေးဖိုးပေးပါတယ်။ ဆန်၊ ဆီ၊ ဆား၊ ပဲ၊ ကြက်သွန်၊ ငရုတ် စသဖြင့်ပေါ့။ ဒါလည်း နိုင်သမျှထောက်ပံ့ထားတယ်။ အခုတော့ စစ်ရှောင်ဦးရေ (၂၆၀)လောက် ရှိနေတာပေါ့”ဟု ၎င်းကဆိုသည်။

အလားတူ အချို့သော ရှမ်းမြောက် စစ်ဘေးရှောင်များမှာ တောင်ကြီးမြို့ အိမ်ငှားရမ်းဈေးများ မတတ်နိုင်သဖြင့် အေးသာယာ၊ ကလော ၊ ညောင်ရွှေ ၊ ရွှေညောင်စသည့် ဒေသများရှိ ဈေးသက်သာသည့်နေရာများသို့ ပြောင်းရွှေ့နေထိုင်သူများလည်း ရှိနေသည်ဟုဆိုသည်။

မြန်မာပြည်တစ်ဝန်း တိုက်ပွဲများကြောင့် ပြည်တွင်း ရွှေ့ပြောင်းနေထိုင်သူ ရာခိုင်နှုန်းမြင့်တက်လျက်ရှိပြီး၊ ရန်ကုန်၊မန္တလေးအပါအဝင် အခြားသော မြို့များတွင်လည်း နေထိုင်မှု လိုအပ်ချက်များကြောင့် အိမ်ငှားရမ်းဈေးနှုန်းများ မြင့်တက်လာလျက်ရှိသည်။

ပုံစာ – တောင်ကြီးမြို့သို့ ရောက်ရှိလာကြသည့် ရှမ်းမြောက်စစ်‌ဘေး‌ရှောင် အချို့(ပုံဟောင်း)

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ဖိလစ်ပိုင်က အမေရိက၏ တိုက်ဖွန်းဒုံးကျည်စနစ်ကို ဝယ်ယူမည်

ဖိလစ်ပိုင်သည် ၎င်း၏ ရေပိုင်နက်အကျိုးစီးပွားများကို ကာကွယ်ရန် အမေရိက တိုက်ဖွန်းဒုံးကျည်စနစ်ကို ဝယ်ယူရန် စီစဉ်ထားသည်ဟု တနင်္လာနေ့တွင် ပြောဆိုခဲ့ရာ ဒေသတွင်း လက်နက်ပြိုင်ဆိုင်မှုတွင် တရုတ်က သတိပေးရသည်အထိ ဖြစ်စေခဲ့သည်။ အမေရိကန်စစ်တပ်သည် ၎င်း၏ ရေရှည် မဟာမိတ်နှင့် နှစ်စဉ် ပူးတွဲစစ်ရေးလေ့ကျင့်မှုများ ပြုလုပ်ရန်အတွက် တာလတ်ပစ် ဒုံးကျည်စနစ်ကို ယခုနှစ်အစောပိုင်းက ဖိလစ်ပိုင်၌ ဖြန့်ကြက်ခဲ့သည်။ ထို့အပြင် ယင်းလုပ်ရပ်သည် အာရှ ဒေသကို မတည်မငြိမ်ဖြစ်စေသည်ဟု ပေကျင်းက ဝေဖန်နေသည့်ကြားမှပင် ဒုံးစနစ်ကို ဖိလစ်ပိုင်တွင် ထားရစ်ခဲ့ရန် ဆုံးဖြတ်ခဲ့သည်။ ဒုံးကျည်စနစ်၏ လုပ်ဆောင်နိုင်စွမ်း၊ ကျွန်းစုကာကွယ်ရေး...

နျူစွမ်းအင်သဘောတူစာချုပ်တွင်လာဘ်မစားပါ–ဆဂျက်ဘ်ဝါဆတ်

၂၀၁၅ ခုနှစ်က ဒေါ်လာ ၁၂ ဒဿမ ၆၅ ဘီလျံတန် နျူကလီးယားစွမ်းအင်ဆိုင်ရာသဘောတူ စာချုပ် ကို ချုပ်ဆိုခဲ့မှုတွင် အကျင့်ပျက်ခြစားခဲ့သည်ဟူသော သူ၏ မိသားစုအပေါ် စွပ်စွဲချက်များသည် လုံးဝအတုအယောင်ဖြစ်ပြီး အပုပ်ချဝါဒဖြန့်မှုသာဖြစ်ကြောင်း ရာထူးမှဖြု-တ်ချခံခဲ့ရသည့် ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ် ရှိတ်ဟာစီနာ၏သားလည်းဖြစ် အကြံပေးလည်းဖြစ်သူက အင်္ဂါနေ့တွင် ပြောကြားခဲ့သည်။ ရုရှားနိုင်ငံပိုင် Rosatorm က ကျောထောက်နောက်ခံပေးခဲ့သည့် Rooppur နျူစွမ်းအင်စက်ရုံစီမံကိန်းတွင် အကျင့်ပျက်ခြစားမှု၊ အလွဲသုံးစားမှုနှင့် ငွေကြေးခဝါခြမှု စွပ်စွဲချက်များနှင့် ပတ်သက်၍ စုံစမ်းစစ်ဆေးမှု စတင်လုပ်ဆောင်နေကြောင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်က တနင်္လာနေ့တွင်...

အင်ဒို၌ နှစ်သစ်ကူးအတွက် ဆေးခန်းပေါင်း ၁,၅၇၄ ခုသင့်ပြင်ထား

ဂျကာတာ၊ဒီဇင်ဘာ ၂၄ နှစ်ကုန်အားလပ်ရက်များအတွင်း ကျန်းမာရေးနှင့်ပတ်သက်သည့် ပြဿနာများကို ဖြေရှင်းရန်အတွက် နိုင်ငံတစ်ဝန်း၌ ဆေးခန်းပေါင်း ၁,၅၇၄ ခုကို အဆင်သင့်ပြင်ထားကြောင်း အင်ဒိုနီးရှားကျန်းမာရေးအာဏာကပြောကြားခဲ့သည်။ ကျန်းမာရေးဝန်ကြီးဌာန၏ပြောကြားချက်အရ အဆိုပါဆေးခန်းများကို အမြန်လမ်းမကြီး၊ဘက်စ်ကားဂိတ်၊ဆိပ်ကမ်း၊လေဆိပ်၊မတော်တဆမှုအဖြစ်များသောနေရာများသာမက နိုင်ငံခြားဧည့်သည်များအကြားရေပန်းစားသည့်နေရာများတွင် တာဝန်ချထားခြင်းဖြစ်သည်ဟုသိရသည်။ "ဒီအဖွဲ့တွေက သွေးပေါင်ချိန်တိုင်းတာ၊ သွေးတွင်းသကြားဓာတ်စစ်ဆေးတာလိုမျိုး အထွေထွေကျန်းမာရေးစစ်ဆေးခြင်းတွေကို ပေါင်းစပ်ထားတဲ့အခြေခံကျန်းမာ‌ရေးဝန်ဆောင်မှုတွေပါဝင်လို့ ခရီးဆက်သွားတဲ့အခါ အများပြည်သူတွေ စိတ်အေးလက်အေးနဲ့ လုံခြုံမှုရှိစေမှာပါ" ဟုလည်း ကျန်းမာ‌ရေး ဌာန ညွှန်ကြားရေးမှူးချုပ်ကပြောကြားခဲ့သည်။ ဆေးခန်းတိုင်းတွင် လူနာသယ်ယူပို့ဆောင်ရာ၌ လွယ်ကူချောမွေ့စေရန်အတွက် နှစ်ဘီးတပ်လူနာတင်လှည်းများအပါအဝင် ဆေးဝါးကုသရေးကိရိယာများလည်းတပ်ဆင်ထားသည်ဟုသိရသည်။ ခရစ္စမတ်နှင့်နှစ်သစ်ကူးအားလပ်ရက်များတွင် အင်ဒိုနီးရှားနိုင်ငံသား သန်း ၁၁၀ ခန့်သည် ခရီးသွားကြလိမ့်မည်ဟုလည်း ပို့ဆောင်ရေးဝန်ကြီးဌာန၏ သတင်းထုတ်ပြန်ချက်အရသိရသည်။ Source :...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071