Wednesday, December 25, 2024

ဖိလစ်ပိုင်က အမေရိက၏ တိုက်ဖွန်းဒုံးကျည်စနစ်ကို ဝယ်ယူမည်

ဖိလစ်ပိုင်သည် ၎င်း၏ ရေပိုင်နက်အကျိုးစီးပွားများကို ကာကွယ်ရန် အမေရိက တိုက်ဖွန်းဒုံးကျည်စနစ်ကို ဝယ်ယူရန် စီစဉ်ထားသည်ဟု တနင်္လာနေ့တွင် ပြောဆိုခဲ့ရာ ဒေသတွင်း လက်နက်ပြိုင်ဆိုင်မှုတွင် တရုတ်က...

နျူစွမ်းအင်သဘောတူစာချုပ်တွင်လာဘ်မစားပါ–ဆဂျက်ဘ်ဝါဆတ်

၂၀၁၅ ခုနှစ်က ဒေါ်လာ ၁၂ ဒဿမ ၆၅ ဘီလျံတန် နျူကလီးယားစွမ်းအင်ဆိုင်ရာသဘောတူ စာချုပ် ကို ချုပ်ဆိုခဲ့မှုတွင် အကျင့်ပျက်ခြစားခဲ့သည်ဟူသော သူ၏...

အင်ဒို၌ နှစ်သစ်ကူးအတွက် ဆေးခန်းပေါင်း ၁,၅၇၄...

ဂျကာတာ၊ဒီဇင်ဘာ ၂၄ နှစ်ကုန်အားလပ်ရက်များအတွင်း ကျန်းမာရေးနှင့်ပတ်သက်သည့် ပြဿနာများကို ဖြေရှင်းရန်အတွက် နိုင်ငံတစ်ဝန်း၌ ဆေးခန်းပေါင်း ၁,၅၇၄ ခုကို အဆင်သင့်ပြင်ထားကြောင်း အင်ဒိုနီးရှားကျန်းမာရေးအာဏာကပြောကြားခဲ့သည်။ ကျန်းမာရေးဝန်ကြီးဌာန၏ပြောကြားချက်အရ အဆိုပါဆေးခန်းများကို အမြန်လမ်းမကြီး၊ဘက်စ်ကားဂိတ်၊ဆိပ်ကမ်း၊လေဆိပ်၊မတော်တဆမှုအဖြစ်များသောနေရာများသာမက...

မြန်မာနိုင်ငံတွင် နိုရိုဗိုင်းရပ်စ် ကူးစက်မှုမရှိသေးဟု ကျန်းမာရေးဝန်ကြီးဌာန...

လက်ရှိအချိန်ထိ မြန်မာနိုင်ငံတွင် နိုရိုဗိုင်းရပ်စ်ကူးစက်မှုမရှိသေးကြောင်း ကျန်းမာရေးဝန်ကြီးဌာန တာဝန်ရှိသူက ပြောသည်။ မြန်မာနိုင်ငံအတွင်းရှိ တိုင်းနှင့် ပြည်နယ်အချို့တွင် ပြင်းထန်ဝမ်းရောဂါနှင့် ကာလဝမ်းရောဂါပိုး ကူးစက်ဖြစ်ပွားမှုနှုန်း မြင့်တက်နေသည့်အပေါ် ပေါ်ပြူလာနယူးစ်၏...
HomeNewsLocal Newsဝမ်းရောဂါကူးစက်မှု ကာကွယ်ရန် ထိုင်း...

ဝမ်းရောဂါကူးစက်မှု ကာကွယ်ရန် ထိုင်း – မြန်မာ နယ်စပ်လှေလမ်းကြောင်းကို တလပိတ်

ထိုင်း-မြန်မာနယ်စပ်ရှိ မြန်မာဘက်ခြမ်း ရွှေကုက္ကိုလ်မြို့တွင် ပြင်းထန်ဝမ်းရောဂါ ကူးစက်နေသည့်အတွက် ထိုင်းဘက်ခြမ်းကို မကူးစက်နိုင်ရန် နယ်နိမိတ်ထိစပ်နေသည့် တာ့ခ်ခရိုင်နယ်စပ်ကို တစ်လပိတ်ရန် ထိုင်းကာကွယ်ရေးဝန်ကြီးက ညွှန်ကြားခဲ့ကြောင်း သိရသည်။

ဝမ်းရောဂါဖြစ်ပွားနေမှုကြောင့် ရွှေကုက္ကိုလ် ညဈေးတန်းနှင့် လမ်းဘေးဆိုင်များ ပိတ်ထားရပြီး ယခုအခါတွင် ထိုင်းဘက်ခြမ်းမှ တာ့ခ်ခရိုင်နယ်စပ်ရှိ မြန်မာဘက်သို့ ကူးသည့် လှေလမ်းကြောင်းကိုပါ တစ်လပိတ်ခြင်း ဖြစ်သည်ဟု ဒေသခံများကပြောသည်။

“သောင်ရင်းမြစ်ကို ဖြတ်ကူးနေတဲ့ လှေလမ်းကြောင်းကို ပိတ်တာ။အပေါ်ကကူးနေတဲ့ နယ်စပ်တံတားကို ပိတ်တာတော့ မဟုတ်ဘူး” ဟု မဲဆောက်တွင် မြန်မာရွှေ့ပြောင်းအရေးဆောင်ရွက်နေသည့် JACBA ဥက္ကဋ္ဌ ဦးမိုးကြိုးက ဘီဘီစီ မြန်မာပိုင်းကို ဖြေကြားထားသည်ကို တွေ့သည်။

ဝမ်းရောဂါကြောင့် လူသုံးရာကျော် ဆေးကုသမှုခံယူနေရကြောင်း မြို့ခံများကပြောပြီး ပေါ်ပြူလာနယူးအနေဖြင့် သီခြားအတည်ပြုနိုင်ခြင်း မရှိသေးပေ။

ဝမ်းရောဂါကို ထိန်းချုပ်နိုင်ရန် ထိုင်းဘက်မှ ရွှေကုက္ကိုလ်ကို ဆေးဝါးများ ထောက်ပံပေးနေကြောင်းလည်း တာခ်ခရိုင် ၊ မဲရမတ် ဆေးရုံတာဝန်ခံက ထိုင်းသတင်းဌာနများကို ပြောကြားထားပြီး ယခုဖြစ်နေသည့် ဝမ်းလျှောရောဂါသည် ကာလဝမ်းရောဂါ၏ လက္ခဏာတစ်ခုဖြစ်နိုင်ကြောင်းလည်း ထိုင်းဆေးရုံများက သတ်မှတ်ထားကြသည်ဟု သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ဖိလစ်ပိုင်က အမေရိက၏ တိုက်ဖွန်းဒုံးကျည်စနစ်ကို ဝယ်ယူမည်

ဖိလစ်ပိုင်သည် ၎င်း၏ ရေပိုင်နက်အကျိုးစီးပွားများကို ကာကွယ်ရန် အမေရိက တိုက်ဖွန်းဒုံးကျည်စနစ်ကို ဝယ်ယူရန် စီစဉ်ထားသည်ဟု တနင်္လာနေ့တွင် ပြောဆိုခဲ့ရာ ဒေသတွင်း လက်နက်ပြိုင်ဆိုင်မှုတွင် တရုတ်က သတိပေးရသည်အထိ ဖြစ်စေခဲ့သည်။ အမေရိကန်စစ်တပ်သည် ၎င်း၏ ရေရှည် မဟာမိတ်နှင့် နှစ်စဉ် ပူးတွဲစစ်ရေးလေ့ကျင့်မှုများ ပြုလုပ်ရန်အတွက် တာလတ်ပစ် ဒုံးကျည်စနစ်ကို ယခုနှစ်အစောပိုင်းက ဖိလစ်ပိုင်၌ ဖြန့်ကြက်ခဲ့သည်။ ထို့အပြင် ယင်းလုပ်ရပ်သည် အာရှ ဒေသကို မတည်မငြိမ်ဖြစ်စေသည်ဟု ပေကျင်းက ဝေဖန်နေသည့်ကြားမှပင် ဒုံးစနစ်ကို ဖိလစ်ပိုင်တွင် ထားရစ်ခဲ့ရန် ဆုံးဖြတ်ခဲ့သည်။ ဒုံးကျည်စနစ်၏ လုပ်ဆောင်နိုင်စွမ်း၊ ကျွန်းစုကာကွယ်ရေး...

နျူစွမ်းအင်သဘောတူစာချုပ်တွင်လာဘ်မစားပါ–ဆဂျက်ဘ်ဝါဆတ်

၂၀၁၅ ခုနှစ်က ဒေါ်လာ ၁၂ ဒဿမ ၆၅ ဘီလျံတန် နျူကလီးယားစွမ်းအင်ဆိုင်ရာသဘောတူ စာချုပ် ကို ချုပ်ဆိုခဲ့မှုတွင် အကျင့်ပျက်ခြစားခဲ့သည်ဟူသော သူ၏ မိသားစုအပေါ် စွပ်စွဲချက်များသည် လုံးဝအတုအယောင်ဖြစ်ပြီး အပုပ်ချဝါဒဖြန့်မှုသာဖြစ်ကြောင်း ရာထူးမှဖြု-တ်ချခံခဲ့ရသည့် ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ် ရှိတ်ဟာစီနာ၏သားလည်းဖြစ် အကြံပေးလည်းဖြစ်သူက အင်္ဂါနေ့တွင် ပြောကြားခဲ့သည်။ ရုရှားနိုင်ငံပိုင် Rosatorm က ကျောထောက်နောက်ခံပေးခဲ့သည့် Rooppur နျူစွမ်းအင်စက်ရုံစီမံကိန်းတွင် အကျင့်ပျက်ခြစားမှု၊ အလွဲသုံးစားမှုနှင့် ငွေကြေးခဝါခြမှု စွပ်စွဲချက်များနှင့် ပတ်သက်၍ စုံစမ်းစစ်ဆေးမှု စတင်လုပ်ဆောင်နေကြောင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်က တနင်္လာနေ့တွင်...

အင်ဒို၌ နှစ်သစ်ကူးအတွက် ဆေးခန်းပေါင်း ၁,၅၇၄ ခုသင့်ပြင်ထား

ဂျကာတာ၊ဒီဇင်ဘာ ၂၄ နှစ်ကုန်အားလပ်ရက်များအတွင်း ကျန်းမာရေးနှင့်ပတ်သက်သည့် ပြဿနာများကို ဖြေရှင်းရန်အတွက် နိုင်ငံတစ်ဝန်း၌ ဆေးခန်းပေါင်း ၁,၅၇၄ ခုကို အဆင်သင့်ပြင်ထားကြောင်း အင်ဒိုနီးရှားကျန်းမာရေးအာဏာကပြောကြားခဲ့သည်။ ကျန်းမာရေးဝန်ကြီးဌာန၏ပြောကြားချက်အရ အဆိုပါဆေးခန်းများကို အမြန်လမ်းမကြီး၊ဘက်စ်ကားဂိတ်၊ဆိပ်ကမ်း၊လေဆိပ်၊မတော်တဆမှုအဖြစ်များသောနေရာများသာမက နိုင်ငံခြားဧည့်သည်များအကြားရေပန်းစားသည့်နေရာများတွင် တာဝန်ချထားခြင်းဖြစ်သည်ဟုသိရသည်။ "ဒီအဖွဲ့တွေက သွေးပေါင်ချိန်တိုင်းတာ၊ သွေးတွင်းသကြားဓာတ်စစ်ဆေးတာလိုမျိုး အထွေထွေကျန်းမာရေးစစ်ဆေးခြင်းတွေကို ပေါင်းစပ်ထားတဲ့အခြေခံကျန်းမာ‌ရေးဝန်ဆောင်မှုတွေပါဝင်လို့ ခရီးဆက်သွားတဲ့အခါ အများပြည်သူတွေ စိတ်အေးလက်အေးနဲ့ လုံခြုံမှုရှိစေမှာပါ" ဟုလည်း ကျန်းမာ‌ရေး ဌာန ညွှန်ကြားရေးမှူးချုပ်ကပြောကြားခဲ့သည်။ ဆေးခန်းတိုင်းတွင် လူနာသယ်ယူပို့ဆောင်ရာ၌ လွယ်ကူချောမွေ့စေရန်အတွက် နှစ်ဘီးတပ်လူနာတင်လှည်းများအပါအဝင် ဆေးဝါးကုသရေးကိရိယာများလည်းတပ်ဆင်ထားသည်ဟုသိရသည်။ ခရစ္စမတ်နှင့်နှစ်သစ်ကူးအားလပ်ရက်များတွင် အင်ဒိုနီးရှားနိုင်ငံသား သန်း ၁၁၀ ခန့်သည် ခရီးသွားကြလိမ့်မည်ဟုလည်း ပို့ဆောင်ရေးဝန်ကြီးဌာန၏ သတင်းထုတ်ပြန်ချက်အရသိရသည်။ Source :...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071