တောင်ကိုရီးယားနိုင်ငံကို သွားရောက်အလုပ်လုပ်ကိုင်နိုင်မည့်ဝန်ဆောင်မှုလုပ်ငန်းများအတွက် အမျိုးသမီးများ၏ အလုပ်လျှောက်လွှာများကို လက်ခံဆောင်ရွက်ပေးမည် ဖြစ်ကြောင်း ပြည်ပအလုပ်အကိုင်အေဂျင်စီ (POEA) က ကြေ ညာထားသည်။
လက်ခံဆောင်ရွက်ပေးမည့် အလုပ်လျှောက်လွှာများတွင် ကုန်ထုတ်လုပ်ငန်း ပထမအသုတ်နှင့် ဝန်ဆောင်မှုလုပ်ငန်း အုပ်စု(၁) အတွက် အလုပ်လျှောက်လွှာများ ဖြစ်သည်ဟု သိရသည်။
ယင်းအလုပ်လျှောက်လွှာများကို ၂၀၂၅ ခုနှစ် ဇန်နဝါရီ (၂) ရက်မှ (၇) ရက်အထိ ထုတ်ပေးသွားမည် ဖြစ်ကာ အလုပ်လျှောက်လွှာက်ခံခြင်းကို ဇန်နဝါရီ (၈) ရက်မှ (၁၃)ရက်အထိ လက်ခံဆောင်ရွက်ပေးသွားမည်ဟု POEA ၏ကြေညာချက်အရ သိရသည်။
တောင်ကိုးရီးယားနိုင်ငံတွင် အမျိုးသမီးများ အလုပ်လုပ်ကိုင်နိုင်ရန် ဝန်ဆောင်မှုလုပ်ငန်းအမျိုးအစားကို ယခုနှစ်အတွင်း ပြုလုပ်ခဲ့သည့် EPS-Topik (၁၆) ကြိမ်မြောက် စာမေးပွဲ၌ ထည်သွင်းခဲ့ခြင်း ဖြစ်သည်။
ယခုနှစ် စာမေးပွဲ ဝင်ရောက်ဖြေဆိုခွင့်ရသည့် အမျိုးသမီးများအနက် အောင်မြင်သူများသည် တောင်ကိုရီးယားနိုင်ငံရှိ ဝန်ဆောင်မှုလုပ်ငန်းများ၌ လုပ်ကိုင်ရန်အတွက် ရွေးချယ်ခံနိုင်မည်ဖြစ်ကာ စာမေးပွဲအောင်မြင်နိုင်သူဦးရေ (၃၄၀၀)ဝန်း ကျင်ရှိနိုင်သည်ဟုလည်း ပြည်ပအလုပ်အကိုင်အေဂျင်စီများက ခန့်မှန်းဖော်ပြသည်။