သြဂုတ်လအတွင်းက နူးဒေလီသို့ ထွက်ပြေးသွားခဲ့သည့် ဝန်ကြီးချုပ်ဟောင်း ရှိတ်ဟာစီနာကို တရားစီရင်နိုင်ရန်အတွက် နိုင်ငံသို့ ပြန်လွှဲပေးစေလိုသည်ဟု ဘင်္ဂလားဒေ့ရှ်အစိုးရက အိန္ဒိယအစိုးရကို ေတာင်းဆိုထားကြောင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးဝန်ကြီးဌာန၏ ယာယီဝန်ကြီးက ပြောကြားသည်။
တရားစီရင်ရေးလုပ်ငန်းစဉ်အတွက် သူ(ဟာစီနာ) ကို နိုင်ငံသို့ ပြန်လွှဲစေလိုသည်ဟု အိန္ဒိယအစိုးရကို သံတမန် အကြောင်းကြားစာ ကို ပို့ခဲ့သည်ဟု တူဟစ်ဟူစိန်က တနင်္လာနေ့တွင် သတင်းထောက်များကို ပြောကြားခဲ့သည်။
တရားစီရင်ရေးလုပ်ငန်းစဉ်ဆိုင်ရာ အသေးစိတ်အချက်များကိုမူ ဟူစိန်က ပြောခဲ့ခြင်း မရှိပေ။
“ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးဝန်ကြီးဌာနထံက တရားခံလွှဲပြောင်းပေးရေး တောင်းဆိုတဲ့ စာလွှာကို ဒီနေ့မှာ လက်ခံရရှိခဲ့တယ်လို့ အတည်ပြုပါတယ်။ လတ်တလောမှာတော့ ဒီကိစ္စနဲ့ပတ်သက်လို့ မှတ်ချက်ပေးဖို့ မရှိသေးပါဘူး” ဟု အိန္ဒိယနိုင်ငံခြားရေးဝန်ကြီးဌာန၏ ပြောရေးဆိုခွင့်ရှိသူက ပြောဆိုခဲ့သည်။
ဟာစီနာသည် သူ၏ အုပ်ချုပ်မှုကို ဆန့်ကျင်သော ပြင်းထန်သည့် ဆန္ဒပြမှုများနှင့် ရင်ဆိုင်ခဲ့ရပြီးနောက် နယ်စပ်ကိုဖြတ်၍ အိန္ဒိယဘက်တွင် ခိုလှုံခဲ့သည်။ ယင်းအချိန်မှစ၍ ခိုင်မာသော ကုန်သွယ်မှုနှင့် ယဉ်ကျေးမှုတို့ ချိတ်ဆက်မှုရှိသော တောင်အာရှအိမ်နီးချင်းနှစ်နိုင်ငံအကြား ဆက်ဆံရေး တင်းမာခဲ့သည်။
Ref: အယ်ဂျာဇီးယား