Thursday, December 26, 2024

ဗန်းမော်မြို့တိုက်ပွဲအတွင်း ကွဲကွာနေကြသည့် မိသားစုဝင်များ သိရှိစေရန်...

ဗန်းမော်မြို့တိုက်ပွဲအတွင်း ကွဲကွာနေကြသည့် မိသားစုဝင်များ သိရှိစေရန် ဘေးကင်းရာနေရာသို့ ရောက်ရှိနေသည့် သူမစစ်‌ရှောင်များစာရင်းကို မြေပြင်ကူညီဆောင်ရွက်နေသူများက ယနေ့တွင် ပထမအကြိမ် ထုတ်ပြန်ထားသည်။ အဆိုပါ စစ်ဘေးရှောင်များကို ရွှေကူမြို့...

ကျိုက်မရော ချောင်းနှစ်ခွ ဒေသခံစစ်ရှောင်များ တစ်နှစ်ကျော်ကြာသည်အထိ...

မွန်ပြည်နယ်၊ ကျိုက်မရောမြို့၊ ချောင်းနှစ်ခွကျေးရွာတိုက်ပွဲကြောင့် ထွက်ပြေးတိမ်းရှောင်နေရသည့် ဒေသခံစစ်ရှောင်အများစုမှာ တစ်နှစ်ကျော်ကြာသည်အထိ နေရပ်မပြန်နိုင်သေးကြောင်း မော်လမြိုင်မြို့သို့ တိမ်းရှောင်‌နေသူ စစ်ရှောင်တစ်ဦးက ပြောသည်။ ပြီးခဲ့သည့် ၂၀၂၃ ခုနှစ်၊...

ဂျပန်လေကြောင်းလိုင်း ဆိုက်ဘာတိုက်ခိုက်ခံရ၊ခရီးစဉ်အချို့ ကြန့်ကြာ

ဂျပန်လေကြောင်းလိုင်း(JAL) သည် ဆိုက်ဘာတိုက်ခိုက်ခံ၍ပြည်တွင်းနှင့် နိုင်ငံတကာခရီးစဉ်အချို့ နှောင့်နှေးကြန့်ကြာခဲ့သည်ဟု လေကြောင်းလိုင်းက ဒီဇင်ဘာ ၂၆ ရက်တွင် ပြောကြားခဲ့သည်။ ဒေသစံတော်ချိန် နံနက် ၇း၂၄ နာရီဝန်းကျင်တွင်...

တိပိဋကဓရ တိပိဋကကောဝိဒ ရွေးချယ်ရေးစာမေးပွဲကို (၃၃)ရက်တိုင်တိုင်...

သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန သာသနာရေးဦးစီးဌာနက ကြီးမှူးကျင်းပသည့် (၇၇)ကြိမ်မြောက် တိပိဋကဓရ တိပိဋကကောဝိဒရွေးချယ်ရေး စာမေးပွဲကို(၃၃)ရက်တိုင်တိုင် ကျင်းပသွားမည်ဖြစ်ပြီး စာဖြေသံဃာ (၄၆၂)ပါး ဝင်ရောက်ဖြေဆိုမည်ဖြစ်ကြောင်း သိရသည်။ (၇၇)ကြိမ်မြောက်...
HomeNewsLocal Newsမြန်မာနိုင်ငံတွင် နိုရိုဗိုင်းရပ်စ် ကူးစက်မှုမရှိသေးဟု...

မြန်မာနိုင်ငံတွင် နိုရိုဗိုင်းရပ်စ် ကူးစက်မှုမရှိသေးဟု ကျန်းမာရေးဝန်ကြီးဌာန ပြော

လက်ရှိအချိန်ထိ မြန်မာနိုင်ငံတွင် နိုရိုဗိုင်းရပ်စ်ကူးစက်မှုမရှိသေးကြောင်း ကျန်းမာရေးဝန်ကြီးဌာန တာဝန်ရှိသူက ပြောသည်။

မြန်မာနိုင်ငံအတွင်းရှိ တိုင်းနှင့် ပြည်နယ်အချို့တွင် ပြင်းထန်ဝမ်းရောဂါနှင့် ကာလဝမ်းရောဂါပိုး ကူးစက်ဖြစ်ပွားမှုနှုန်း မြင့်တက်နေသည့်အပေါ် ပေါ်ပြူလာနယူးစ်၏ မေးမြန်းချက်နှင့် ပတ်သက်၍ ကျန်းမာရေးဝန်ကြီးဌာနက ပြန်လည်ဖြေကြားစဉ် ထည့်သွင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။

လက်ရှိတွင် ရန်ကုန်တိုင်း၊ မန္တလေးတိုင်း၊ ဧရာဝတီတိုင်းနှင့် ကရင်ပြည်နယ်အတွင်းရှိ ဒေသအချို့တွင် ဝမ်းပျက်ဝမ်းလျှောရောဂါဖြစ်ပွားမှုကြောင့် ဆေးရုံ၊ ဆေးခန်းများတွင် ဆေးကုသမှုခံယူနေရသူများ ရှိနေပြီး အချို့လူနာများတွင် ပြင်းထန်ဝမ်းရောဂါ နှင့် ကာလဝမ်းရောဂါပိုး တွေ့ရှိရကြောင်း ကျန်မာရေးဝန်ကြီးဌာန၏ ဖြေကြားချက်အရ သိရသည်။

လက်ရှိတွင် မြန်မာနိုင်ငံအတွင်း နိုရိုဗိုင်းရပ်စ် ကူးစက်မှုမရှိသေးသော်လည်း ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် အဆိုပါ ဗိုင်းရပ်စ်ကူးစက်မှုမရှိစေရန် ပြည်ထောင်စုနယ်မြေနေပြည်တော်၊တိုင်းဒေသကြီး၊ပြည်နယ်အလိုက် ဝမ်းပျက်ဝမ်းလျှော ရောဂါဖြစ်ပွားမှု အခြေအနေကို စဉ်ဆက်မပြတ်စောင့်ကြပ်ကြည့်ရှုခြင်းနှင့် ရောဂါကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများကို ဦးစားပေးလုပ်ငန်းတစ်ရပ်အဖြစ် အရှိန်အဟုန်မြှင့်ဆောင်ရွက်လျက်ရှိကြောင်းလည်း သိရသည်။

ထို့ပြင် ရောဂါကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းစဉ်များအပြင် ကျန်းမာရေးဝန်ကြီးဌာနသည် (International Coordinating Group-ICG)သို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့မှတဆင့် ပြင်းထန်ဝမ်းပျက် ဝမ်းလျှောရောဂါတုံ့ပြန်ကာကွယ်ဆေး (Oral Cholera Vaccine-OCV)များ တောင်းခံ၍ တိုက်ကျွေးခြင်းကို ဦးတည်အုပ်စုများသတ်မှတ်၍ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ရန်ကုန်တိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ ဧရာဝတီ တိုင်းဒေသကြီး၊ မွန်ပြည်နယ်၊ ကရင်ပြည်နယ်နှင့် အခြားရောဂါဖြစ်ပွားရာ ဒေသများတွင် ပြင်းထန်ဝမ်းပျက်ဝမ်းလျှော ရောဂါ ကူးစက်ဖြစ်ပွားမှုနှင့်ပတ်သက်၍ ဆေးရုံများတွင် ဆေးကုသမှုပေးခြင်း၊ ဆေးရုံမှတဆင့် ရောဂါပိုး ပြန့်ပွားမှုမရှိစေရေး ရောဂါပိုးထိန်းချုပ်ခြင်း၊ သက်ဆိုင်ရာဒေသအလိုက် ပြည်သူ့ကျန်းမာရေးဦးစီး ဌာနများမှ ကွင်းဆင်းအဖွဲ့များသည် ဒေသဆိုင်ရာအုပ်ချုပ်ရေးအဖွဲ့အစည်းများ၊ နှီးနွှယ်ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များနှင့် ပြည် သူလူထုပူးပေါင်းပါဝင်၍ ရောဂါကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းများဖြစ်သည့် ကလိုရင်းဆေးခတ်ခြင်း (Mass & Con tinuous Chlorination) လုပ်ငန်း၊ ရေသန့်ဆေးပြားများ ဖြန့်ဝေခြင်းလုပ်ငန်း၊ ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါတုံ့ပြန်ကာကွယ်ဆေး (OCV)တိုက်ကျွေးခြင်းလုပ်ငန်း၊ ရောဂါဖြ စ်ပွားသူ၏ နေအိမ်သို့သွားရောက်၍ ရောဂါကူးစက်မှုကွင်းဆက်ကို ဖြတ်တောက်နိုင်ရေးအတွက် အနီးကပ်ထိတွေ့သူများအား ပဋိဇီဝဆေးတိုက်ကျွေးခြင်း လုပ်ငန်းများကို အထူးအလေးပေး၍ အချိန်နှင့်တပြေးညီဆောင်ရွက်လျက်ရှိကြောင်း ကျန်းမာရေးဝန်ကြီးဌာန တာဝန်ရှိသူက ဆိုသည်။

ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် အင်တာနက်စာမျက်နှာတွင်လည်း အပတ်စဉ် သတင်းထုတ်ပြန်ပေး လျက်ရှိပြီး ပြည်သူလူထုအား ဝမ်းပျက်ဝမ်းလျှောရောဂါကာကွယ်ရေးအတွက် လိုက်နာဆောင်ရွက်ရ မည့်အချက်များနှင့်ပတ်သက်၍ ကျန်းမာရေးအသိပညာပေးခြင်းလုပ်ငန်းများကို ဆောင်ရွက်ပေးလျက်ရှိပြီး ဒေသအလိုက် သက်ဆိုင်ရာကျန်းမာရေးဝန်ထမ်းများကလည်း ပြည်သူလူထုအား အသိပညာပေးဟောပြောခြင်း၊ ဗီနိုင်းများဖြင့် အသိပညာပေးခြင်း၊ လက်ကိုင်အသံချဲ့စက်များဖြင့် အသိပညာပေးခြင်း လုပ်ငန်းများကို အရှိန်အဟုန်မြှင့်တင် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ဗန်းမော်မြို့တိုက်ပွဲအတွင်း ကွဲကွာနေကြသည့် မိသားစုဝင်များ သိရှိစေရန် ဘေးကင်းရာနေရာသို့ရောက်ရှိနေသည့် စစ်ရှောင်များစာရင်း ပထမအကြိမ် ထုတ်ပြန်

ဗန်းမော်မြို့တိုက်ပွဲအတွင်း ကွဲကွာနေကြသည့် မိသားစုဝင်များ သိရှိစေရန် ဘေးကင်းရာနေရာသို့ ရောက်ရှိနေသည့် သူမစစ်‌ရှောင်များစာရင်းကို မြေပြင်ကူညီဆောင်ရွက်နေသူများက ယနေ့တွင် ပထမအကြိမ် ထုတ်ပြန်ထားသည်။ အဆိုပါ စစ်ဘေးရှောင်များကို ရွှေကူမြို့ နာ‌ရေးကူညီမှုအသင်းက လက်ခံစောင့်ရှောက်ထားပြီး၊ ၎င်းတို့အနေဖြင့် ဘေးကင်းလုံခြုံကာရှိနေပြီး ကျန်းမာရေးစောက်ရှောက်မှုအပါအဝင် စားသောက်ရေးများအတွက်ပါ ဆောင်ရွက်ထားရှိကြောင်း သိရသည်။ အဆိုပါ စာရင်းအတွင်း ပါရှိသော ဝေးကွာမိသားစုများ စိတ်ပူနေခြင်းမှ ကင်းဝေးရန် တင်ပြပေးခြင်းဖြစ်ပြီး ၊ ယင်းအနက် မန္တလေးမြို့သို့ ထပ်မံလိုက်ပါလိုသူများလည်း စာရင်းပေးသွင်းနိုင်သည်ဟု အသိပေးထားသည်။ ထို့အပြင် ယခုလ ဒီဇင်ဘာ (၂၄)ရက်က ဗန်းမော်မြို့ သိမ်တော်ကြီးကျောင်းဝန်းနှင့် သာသနာ့ဗိမ္မာန်အတွင်းလက်နက်ကြီးကျရောက်ပေါက်ကွဲသဖြင့်...

ကျိုက်မရော ချောင်းနှစ်ခွ ဒေသခံစစ်ရှောင်များ တစ်နှစ်ကျော်ကြာသည်အထိ နေရပ်မပြန်နိုင်သေး

မွန်ပြည်နယ်၊ ကျိုက်မရောမြို့၊ ချောင်းနှစ်ခွကျေးရွာတိုက်ပွဲကြောင့် ထွက်ပြေးတိမ်းရှောင်နေရသည့် ဒေသခံစစ်ရှောင်အများစုမှာ တစ်နှစ်ကျော်ကြာသည်အထိ နေရပ်မပြန်နိုင်သေးကြောင်း မော်လမြိုင်မြို့သို့ တိမ်းရှောင်‌နေသူ စစ်ရှောင်တစ်ဦးက ပြောသည်။ ပြီးခဲ့သည့် ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလအတွင်း အဆိုပါ ဒေသတွင် တပ်မတော်နှင့် ဒေသတွင်းလက်နက်ကိုင် ပူးပေါင်းအဖွဲ့တို့အကြား တိုက်ပွဲများဖြစ်ပွားခဲ့ရာမှ ဒေသခံထောင်နှင့်ချီ၍ ထွက်ပြေးတိမ်းရှောင်ခဲ့ကြရခြင်းဖြစ်ကြောင်း ဆိုသည်။ " အခု ‌ရွာ(ချောင်းနှစ်ခွ)မှာက နေတဲ့သူတွေနေပြီဆိုပေမယ့် အရေအတွက် နည်းသေးတာပေါ့။ ပြန်မနေသေးတဲ့ သူတွေက တိုက်ပွဲဖြစ်မှာဆိုးတာရော။ အိမ်ပြန်ဆောက်ဖို့ မတတ်နိုင်သေးတာရောကြောင့် မပြန်ကြတာပေါ့။ အဓိက ကကြောက်နေသေးတာပေါ့။ ရွာမှာတော့ပြန်လည်ထူထောင်ရေးလုပ်နေတယ်လို့ကြားရပေမယ့် အားလုံးစိတ်ချရမှပြန်ရဲမှာ"ဟု ၎င်းက...

ဂျပန်လေကြောင်းလိုင်း ဆိုက်ဘာတိုက်ခိုက်ခံရ၊ခရီးစဉ်အချို့ ကြန့်ကြာ

ဂျပန်လေကြောင်းလိုင်း(JAL) သည် ဆိုက်ဘာတိုက်ခိုက်ခံ၍ပြည်တွင်းနှင့် နိုင်ငံတကာခရီးစဉ်အချို့ နှောင့်နှေးကြန့်ကြာခဲ့သည်ဟု လေကြောင်းလိုင်းက ဒီဇင်ဘာ ၂၆ ရက်တွင် ပြောကြားခဲ့သည်။ ဒေသစံတော်ချိန် နံနက် ၇း၂၄ နာရီဝန်းကျင်တွင် ကွန်ရက်ပြဿနာများစတင်ဖြစ်ပွားခဲ့သည်ဟု X ပေါ်တင်ခဲ့သော ပို့စ်တစ်ခုတွင် JAL က ပြောကြားခဲ့သည်။ သို့သော်လည်း ချို့ယွင်းမှုဖြစ်ရသည့် အကြောင်းရင်းကို နံနက် ၈း၅၆ နာရီတွင် ဖော်ထုတ်ဖြေရှင်းနိုင်ခဲ့သည်ဟုပြောသည်။ စနစ် ကို ချို့ယွင်းစေသော router တစ်ခုကို ယာယီပိတ်လိုက်ရပြီး ဒီဇင်ဘာလ ၂၆ ရက်‌နေ့တွင် ထွက်ခွာမည့် ခရီးစဉ်များအတွက် လက်မှတ်ရောင်းချမှုကို ဆိုင်းငံ့ထားကြောင်းလည်း...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071