Friday, December 27, 2024

ထိုင်း- မြန်မာအမှတ် (၁) ချစ်ကြည်ရေးတံတား၌...

ထိုင်း- မြန်မာ နယ်စပ်ရှိ တာချီလိတ် - မယ်ဆိုင် အမှတ် (၁) ချစ်ကြည်ရေးတံတား၌ တာချီလိတ်မှ ထိုင်းနိုင်ငံတွင်း သွားရောက်ရန် အဖြူရောင်ကတ်...

ဆင်အမွှာ ပုလဲဆင့်နှင့် ကျော်ပုလဲတို့၏ (၄)လပြည့်မွေးနေ့ပွဲကျင်းပပြုလုပ်

ပဲခူးမြို့၊ ဝင်္ဂဘော်ဆင်စခန်းတွင် မွေးဖွားခဲ့သည့် ဆင်အမွှာမောင်နှမ ဖြစ်သည့် ပုလဲဆင့်နှင့် ကျော်ပုလဲတို့၏ (၄)လ ပြည့်မွေးနေ့ပွဲကို ယမန်နေ့ ဒီဇင်ဘာ (၂၆)ရက်တွင်ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။ အဆိုပါ...

အာဆီယံနိုင်ငံများနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံတို့အကြား ဆက်ဆံရေးတိုးမြှင့် ဆောင်ရွက်နေမှု...

(၆၂) ကြိမ်မြောက် အာဆီယံ-ဒါကာကော်မတီ၏ သံရုံးအကြီးအကဲများ အစည်းအဝေးတွင် အာဆီယံနိုင်ငံများနှင့် အိမ်ရှင် ဘင်္ဂလားဒေ့ရှ်နိုင်ငံတို့အကြား ဆက်ဆံရေးတိုးမြှင့် ဆောင်ရွက်နေမှု အခြေအနေများကို ဆွေးနွေးခဲ့ကြကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာန...

ဗဟိုဘဏ်မှ ထိုင်းဘတ်နှင့်ယွမ်များ ထုတ်ရောင်းပေးခဲ့

သွင်းကုန်လုပ်ငန်းရှင်များအတွက် ဗဟိုဘဏ်မှ ထိုင်းဘတ်နှင့်ယွမ်များကို ဒီဇင်ဘာလ ၂၆ ရက် (ယမန်နေ့)တွင် ထုတ်ရောင်းပေးခဲ့ကြောင်း ထုတ်ပြန်ထားသည့် စာရင်းများအရ သိရသည်။ ယမန်နေ့တွင် ဗဟိုဘဏ်မှ ထိုင်းဘတ်...
HomeNewsLocal Newsသံဖြူဇရပ်မြို့ တည်ထောင်ခြင်း နှစ်...

သံဖြူဇရပ်မြို့ တည်ထောင်ခြင်း နှစ် (၁၅၀)ပြည့် အထိမ်းအမှတ်ပွဲပြုလုပ်မည်

သံဖြူဇရပ်မြို့ တည်ထောင်ခြင်း နှစ် (၁၅၀)ပြည့် အထိမ်းအမှတ်ပွဲကို ယခုလ ဒီဇင်ဘာ (၂၇)ရက်မှ (၃၁)ရက်အထိ (၅)ရက်ကြာ ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ အထိမ်းအမှတ်ပွဲကို သံဖြူဇရပ်မြို့လယ်ရှိ ပန်းခြံအတွင်း ကျင်းပပြုလုပ်မည်ဖြစ်ပြီး၊ တပ်မတော်က လုံခြုံရေးဆောင်ရွက်မှုများ အထူးတင်းကြပ်ထားကြောင်း သိရသည်။

သံဖြူဇရပ်မြို့တည်ထောင်ခြင်း နှစ် (၁၅၀)ပြည့် အထိမ်းအမှတ်ပွဲတွင် ဆွမ်းဆန်စိမ်းလောင်းလှူခြင်း အပါအဝင် ဒေသခံ ကလေ-းငယ်များ၏ ကပြဖျော်ဖြေမှုများနှင့်ကျော်ပွဲရွှင်ပွဲများထည့်သွင်းကာ စည်ကားသိုက်မြိုက်အောင်ပြုလုပ်သွားမည်ဟု သိရသည်။

“အခုက ပြင်ဆင်နေကြပြီပေါ့။ မြို့ထဲမှာလည်း လုံခြုံရေးတွေ ချထားတယ်။ ကင်းပတ်တာမျိုးတွေလည်း လုပ်ဆောင်နေပါတယ်။ နှစ်သစ်ကူးနေ့နဲ့ပါ တိုက်နေတော့ စည်ကားမှာပါ။ နယ်မြေက မွန်လက်နက်ကိုင်အဖွဲ့အစည်းတွေ နှောင့်ယှက်မှာကိုလည်း စိုးရိမ်ရတယ်။ ဒါကြောင့် လုံခြုံရေးကို အဓိကထားလုပ်နေတာတွေ့ရတယ်။”ဟု ဒေသခံတစ်ဦးက ပြောသည်။

ပွဲတော်အတွက် ကျပ်သိန်း(၁,၀၀၀) အကုန်အကျခံ ဆောင်ရွက်သွားရန် သိရသော်လည်း ၎င်းအနေဖြင့်အတည်ပြုပြောဆိုနိုင်ခြင်းမရှိကြောင်းနှင့် ပွဲတော်စည်ကားသိူက်မြိုက်ရေးအတွက် မြို့ခံလူထု၏ ပံ့ပိုးမှုများလည်း ပါဝင်ကြောင်း ဖြည့်စွက်ဆိုသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ထိုင်း- မြန်မာအမှတ် (၁) ချစ်ကြည်ရေးတံတား၌ အဖြူရောင်ကတ် ပြုလုပ်သူ များပြား

ထိုင်း- မြန်မာ နယ်စပ်ရှိ တာချီလိတ် - မယ်ဆိုင် အမှတ် (၁) ချစ်ကြည်ရေးတံတား၌ တာချီလိတ်မှ ထိုင်းနိုင်ငံတွင်း သွားရောက်ရန် အဖြူရောင်ကတ် ပြုလုပ်သူများပြားနေကြောင်း သိရသည်။ အဆိုပါ အဖြူရောင်ကတ် ရရှိပါက ထိုင်းနိုင်ငံတွင်း (၁၄)ရက်သွားလာခွင့်ရရှိမည်ဖြစ်ကာ အဖြူရောင်ကတ်အသစ် ပြုလုပ်သူ အလွန်များပြားနေသော ကတ်ထုတ်ပေးသူများ မနိုင်မနင်းဖြစ်ပေါ်နေကြောင်းလည်း သိရသည်။ အဖြူရောင်ကတ်တွင် ကိုယ်ရေးအချက်အလက်ဖြည့်ခြင်း၊ ဓါတ်ပုံရိုက်၊ လက်ဗွေယူ၊ ကတ်အသစ်ထုတ်ပေးခြင်းများကို တခါတည်းအပြီး ပြုလုပ်ပေးနေပြီး ကတ်အတွက်ဘတ် (၂၀) ပေးသွင်းရကြောင်း သိရသည်။ ထို့ပြင် ကားနှင့် ဆိုင်ကယ်များအတွက်ကိုလည်း ကူးသန်းလျက်ရှိသည့် ဆိုင်ကယ်စာရွက်...

ဆင်အမွှာ ပုလဲဆင့်နှင့် ကျော်ပုလဲတို့၏ (၄)လပြည့်မွေးနေ့ပွဲကျင်းပပြုလုပ်

ပဲခူးမြို့၊ ဝင်္ဂဘော်ဆင်စခန်းတွင် မွေးဖွားခဲ့သည့် ဆင်အမွှာမောင်နှမ ဖြစ်သည့် ပုလဲဆင့်နှင့် ကျော်ပုလဲတို့၏ (၄)လ ပြည့်မွေးနေ့ပွဲကို ယမန်နေ့ ဒီဇင်ဘာ (၂၆)ရက်တွင်ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။ အဆိုပါ မွေးနေ့ပွဲတွင် ဆင်အမွှာနှစ်ကောင်အတွက် မွေးနေ့အလှူများ ပြုလုပ်ပေးခဲ့ပြီး၊ ဆင်အမွှာနှစ်ကောင်အတွက် လစဉ်ထောက်ပံ့ကြေးကျပ် (၃၀၀၀၀၀)နှင့် မိခင်ဆင်မကြီးအတွက် ဆင်ဘူဖေးစားသုံးရန် ကျပ်(၅၀,၀၀၀)ကို ၎င်းတို့အားချစ်မြတ်နိုးသည့် သူများက လာရောက်ပေးအပ်ခဲ့ကြောင်း သိရသည်။ ထို့ပြင် ဝင်္ဂဘော်ဆင်စခန်းရှိ ဆင်ဝန်ထမ်းများအတွက် တီရှပ်များ၊ ဆင်စခန်းရှိ ဝန်ထမ်းများအတွက် ဗလာမပါမဲစနစ်ဖြင့် မုန့်ဖိုးများ၊ ဆင်ဝန်ထမ်း သားသမီးကလေ-းငယ်များအား တစ်ဦးလျှင် ကျပ် (၅၀၀ဝ)...

အာဆီယံနိုင်ငံများနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံတို့အကြား ဆက်ဆံရေးတိုးမြှင့် ဆောင်ရွက်နေမှု အခြေအနေနှင့်ပတ်သက်၍ ဆွေးနွေး

(၆၂) ကြိမ်မြောက် အာဆီယံ-ဒါကာကော်မတီ၏ သံရုံးအကြီးအကဲများ အစည်းအဝေးတွင် အာဆီယံနိုင်ငံများနှင့် အိမ်ရှင် ဘင်္ဂလားဒေ့ရှ်နိုင်ငံတို့အကြား ဆက်ဆံရေးတိုးမြှင့် ဆောင်ရွက်နေမှု အခြေအနေများကို ဆွေးနွေးခဲ့ကြကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာန ထုတ်ပြန်ချက်အရ သိရသည်။ (၆၂) ကြိမ် မြောက် အာဆီယံ-ဒါကာကော်မတီ၏ သံရုံးအကြီးအကဲများ အစည်းအဝေးကို ဒါကာမြို့အခြေစိုက် ဗီယက်နမ်သံရုံး၌ ဒီဇင်ဘာ (၂၆)ရက်၊ နံနက် (၁၀)နာရီခွဲမှ နေ့လယ် (၁၂)နာရီခွဲအထိ ကျင်းပခဲ့ရာ ဘင်္ဂလားဒေ့ရှ်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးကျော်စိုးမိုး မှ တက်ရောက်ခဲ့ခြင်းဖြစ်သည်။ ၎င်းအစည်းအဝေးတွင် အလှည့်ကျ ဥက္ကဋ္ဌ ဗီယက်နမ်သံအမတ်ကြီး H.E. Mr....

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071