Friday, December 27, 2024

ဆင်အမွှာ ပုလဲဆင့်နှင့် ကျော်ပုလဲတို့၏ (၄)လပြည့်မွေးနေ့ပွဲကျင်းပပြုလုပ်

ပဲခူးမြို့၊ ဝင်္ဂဘော်ဆင်စခန်းတွင် မွေးဖွားခဲ့သည့် ဆင်အမွှာမောင်နှမ ဖြစ်သည့် ပုလဲဆင့်နှင့် ကျော်ပုလဲတို့၏ (၄)လ ပြည့်မွေးနေ့ပွဲကို ယမန်နေ့ ဒီဇင်ဘာ (၂၆)ရက်တွင်ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။ အဆိုပါ...

အာဆီယံနိုင်ငံများနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံတို့အကြား ဆက်ဆံရေးတိုးမြှင့် ဆောင်ရွက်နေမှု...

(၆၂) ကြိမ်မြောက် အာဆီယံ-ဒါကာကော်မတီ၏ သံရုံးအကြီးအကဲများ အစည်းအဝေးတွင် အာဆီယံနိုင်ငံများနှင့် အိမ်ရှင် ဘင်္ဂလားဒေ့ရှ်နိုင်ငံတို့အကြား ဆက်ဆံရေးတိုးမြှင့် ဆောင်ရွက်နေမှု အခြေအနေများကို ဆွေးနွေးခဲ့ကြကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာန...

ဗဟိုဘဏ်မှ ထိုင်းဘတ်နှင့်ယွမ်များ ထုတ်ရောင်းပေးခဲ့

သွင်းကုန်လုပ်ငန်းရှင်များအတွက် ဗဟိုဘဏ်မှ ထိုင်းဘတ်နှင့်ယွမ်များကို ဒီဇင်ဘာလ ၂၆ ရက် (ယမန်နေ့)တွင် ထုတ်ရောင်းပေးခဲ့ကြောင်း ထုတ်ပြန်ထားသည့် စာရင်းများအရ သိရသည်။ ယမန်နေ့တွင် ဗဟိုဘဏ်မှ ထိုင်းဘတ်...

မုဒုံမြို့ရှိ မီးသဂြိုလ်စက်မှမီးကြိုးများ ဒုတိယအကြိမ်ထပ်မံခိုးယူခံရပြီး ခိုးယူသူများမှာ...

မီးကြိုးများနှင့်င်္သချိုင်းရှိအုတ်ဂူနှင့်သံချောင်းများအားခိုးယူဖျက်ဆီးခဲ့သူများကို ဖော်ထုတ်ဖမ်းဆီးပေးပါက ဆုငွေ(၅)သိန်းချီးမြှင့်မည်ဟုအသိပေးထားသော မွန်ပြည်နယ်၊ မုဒုံမြို့ရှိ မီးသဂြိုလ်စက်မှမီးကြိုးများ ပြီးခဲ့သည့်ရက်ပိုင်းအတွင်းက ဒုတိယအကြိမ်မြောက်အဖြစ် ထပ်မံဖြတ်တောက်ခိုးယူခြင်းခံခဲ့ရကြောင်း မုဒုံမြို့အခြေစိုက် "ကျွန်ုပ်တို့ချစ်သောမုဒုံ"ထံမှ သိရသည်။ မီးသဂြိုလ်စက်မှမီးကြိုးများအား ဒုတိယအကြိမ်ဖြတ်တောက်ခိုးယူခြင်းခံခဲ့ရသောအချိန်မှာ...
HomeNewsLocal Newsတိပိဋကဓရ တိပိဋကကောဝိဒ ရွေးချယ်ရေးစာမေးပွဲကို...

တိပိဋကဓရ တိပိဋကကောဝိဒ ရွေးချယ်ရေးစာမေးပွဲကို (၃၃)ရက်တိုင်တိုင် ကျင်းပသွားမည်ဖြစ်ပြီး စာဖြေသံဃာ (၄၆၂)ပါး ဝင်ရောက်ဖြေဆိုမည်

သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန သာသနာရေးဦးစီးဌာနက ကြီးမှူးကျင်းပသည့် (၇၇)ကြိမ်မြောက် တိပိဋကဓရ တိပိဋကကောဝိဒရွေးချယ်ရေး စာမေးပွဲကို(၃၃)ရက်တိုင်တိုင် ကျင်းပသွားမည်ဖြစ်ပြီး စာဖြေသံဃာ (၄၆၂)ပါး ဝင်ရောက်ဖြေဆိုမည်ဖြစ်ကြောင်း သိရသည်။

(၇၇)ကြိမ်မြောက် တိပိဋကဓရ တိပိဋကကောဝိဒ ရွေးချယ်ရေးစာမေးပွဲကြီးကို ၂၀၂၄ ခုနှစ် ဒီဇင်ဘာလ (၂၄)ရက်မှ ၂၀၂၅ ခုနှစ် ဇန်နဝါရီလ (၂၅) ရက်အထိ ရန်ကုန်မြို့ သီရိမင်္ဂလာကမ္ဘာအေးကုန်းမြေ မဟာပါသာဏလိုဏ်ဂူ သိမ်တော်ကြီး၌ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

တိပိဋကဓရ တိပိဋကကောဝိဒရွေးချယ်ရေးစာမေးပွဲကြီးသို့ ဝင်ရောက်ဖြေဆိုကြမည့် ရဟန်းသာမဏေများသည် အနည်း ဆုံးပထမကြီး၊ ဝိနယဝိဒူ၊ သာမဏေကျော်(တတိယဆင့်) အောင်မြင်ပြီးသော ရဟန်း၊ သာမဏေများဖြစ်ရမည်ဖြစ်ပြီး သင်ရိုးပိဋက သုံးပုံပါဠိတော်ကျမ်းစာအုပ်များမှာ ဝိနယပိဋကကျမ်းစာအုပ်ငါးအုပ်၊ စာမျက်နှာပေါင်း ၂၂၆၀၊ သုတ္တန္တပိဋက၊ ကျမ်းစာအုပ် သုံးအုပ်စာမျက်နှာပေါင်း ၇၇၉ မျက်နှာ၊ အဘိဓမ္မပိဋက ကျမ်းစာအုပ် ၁၂ အုပ်၊ စာမျက်နှာပေါင်း ၄၉၈၇ မျက်နှာ၊ စုစုပေါင်းကျမ်းစာအုပ် ၂၀ ၊ စာမျက် နှာပေါင်း ၈၀၂၆ မျက်နှာဖြစ်၍ အာဂုံပြန်ဆို အောင်မြင်ပါက “တိပိဋကဓရဘွဲ့”ကို ဆက်ကပ်ပြီး ယင်းကျမ်းစာအုပ် ၂၀ နှင့် အဖွင့်ကျမ်းများဖြစ်သည့် အဋ္ဌကထာ၊ ဋီကာ၊ အနုဋီကာ၊ ယောဇနာ၊ ဂဏ္ဌိ၊ အနုဂဏ္ဌိ စသောကျမ်းစာအုပ်များမှ အဓိပ္ပာယ်အရကောက်များကို သဘောရေးဖြေအောင်မြင်တော်မူလျှင် တိပိဋကဓရတိပိဋကကောဝိဒဘွဲ့ကို ဆက်ကပ်ကာ နိုင်ငံတော်က ကုန်း၊ ရေ၊ လေ အခမဲ့အထက်တန်းခရီးသွားလက်မှတ် (ရာသက်ပန်) တပည့်နှစ်ဦးအပါအဝင် လစဉ်ဆွမ်း ဆန်တော်တို့ကို ဆက်ကပ်လှူဒါန်းကြောင်း သိရသည်။

စာမေးပွဲကြီးစတင်ကျင်းပသည့် (၁၃၁၀ ပြည့်နှစ်) ၁၉၄၈ ခုနှစ်မှစ၍ ၂၀၂၄ ခုနှစ်အတွင်း တိပိဋကဓရ တိပိဋကကောဝိဒ ဘွဲ့တံဆိပ်တော်ရ သာသနာ့အာဇာနည်အရှင်သူမြတ် ၁၆ ပါး ပေါ်ထွန်းခဲ့ပြီး တိပိဋကဓရတိပိဋကကောဝိဒ ဘွဲ့တံဆိပ်တော်ရ သာသနာ့အာဇာနည် အရှင်သူမြတ် (၁၆) ပါးတွင် သက်တော်ထင်ရှား ဆရာတော် (၁၁)ပါးရှိ၍ (၅)ပါးပျံလွန်တော်မူပြီးဖြစ်ကြောင်းနှင့် တိပိဋကဓရဘွဲ့တံဆိပ်တော်ရ ဆရာတော်(၆)ပါးတွင် သက်တော်ထင်ရှား ဆရာတော်(၅)ပါးရှိကြောင်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ဆင်အမွှာ ပုလဲဆင့်နှင့် ကျော်ပုလဲတို့၏ (၄)လပြည့်မွေးနေ့ပွဲကျင်းပပြုလုပ်

ပဲခူးမြို့၊ ဝင်္ဂဘော်ဆင်စခန်းတွင် မွေးဖွားခဲ့သည့် ဆင်အမွှာမောင်နှမ ဖြစ်သည့် ပုလဲဆင့်နှင့် ကျော်ပုလဲတို့၏ (၄)လ ပြည့်မွေးနေ့ပွဲကို ယမန်နေ့ ဒီဇင်ဘာ (၂၆)ရက်တွင်ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။ အဆိုပါ မွေးနေ့ပွဲတွင် ဆင်အမွှာနှစ်ကောင်အတွက် မွေးနေ့အလှူများ ပြုလုပ်ပေးခဲ့ပြီး၊ ဆင်အမွှာနှစ်ကောင်အတွက် လစဉ်ထောက်ပံ့ကြေးကျပ် (၃၀၀၀၀၀)နှင့် မိခင်ဆင်မကြီးအတွက် ဆင်ဘူဖေးစားသုံးရန် ကျပ်(၅၀,၀၀၀)ကို ၎င်းတို့အားချစ်မြတ်နိုးသည့် သူများက လာရောက်ပေးအပ်ခဲ့ကြောင်း သိရသည်။ ထို့ပြင် ဝင်္ဂဘော်ဆင်စခန်းရှိ ဆင်ဝန်ထမ်းများအတွက် တီရှပ်များ၊ ဆင်စခန်းရှိ ဝန်ထမ်းများအတွက် ဗလာမပါမဲစနစ်ဖြင့် မုန့်ဖိုးများ၊ ဆင်ဝန်ထမ်း သားသမီးကလေ-းငယ်များအား တစ်ဦးလျှင် ကျပ် (၅၀၀ဝ)...

အာဆီယံနိုင်ငံများနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံတို့အကြား ဆက်ဆံရေးတိုးမြှင့် ဆောင်ရွက်နေမှု အခြေအနေနှင့်ပတ်သက်၍ ဆွေးနွေး

(၆၂) ကြိမ်မြောက် အာဆီယံ-ဒါကာကော်မတီ၏ သံရုံးအကြီးအကဲများ အစည်းအဝေးတွင် အာဆီယံနိုင်ငံများနှင့် အိမ်ရှင် ဘင်္ဂလားဒေ့ရှ်နိုင်ငံတို့အကြား ဆက်ဆံရေးတိုးမြှင့် ဆောင်ရွက်နေမှု အခြေအနေများကို ဆွေးနွေးခဲ့ကြကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာန ထုတ်ပြန်ချက်အရ သိရသည်။ (၆၂) ကြိမ် မြောက် အာဆီယံ-ဒါကာကော်မတီ၏ သံရုံးအကြီးအကဲများ အစည်းအဝေးကို ဒါကာမြို့အခြေစိုက် ဗီယက်နမ်သံရုံး၌ ဒီဇင်ဘာ (၂၆)ရက်၊ နံနက် (၁၀)နာရီခွဲမှ နေ့လယ် (၁၂)နာရီခွဲအထိ ကျင်းပခဲ့ရာ ဘင်္ဂလားဒေ့ရှ်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးကျော်စိုးမိုး မှ တက်ရောက်ခဲ့ခြင်းဖြစ်သည်။ ၎င်းအစည်းအဝေးတွင် အလှည့်ကျ ဥက္ကဋ္ဌ ဗီယက်နမ်သံအမတ်ကြီး H.E. Mr....

ဗဟိုဘဏ်မှ ထိုင်းဘတ်နှင့်ယွမ်များ ထုတ်ရောင်းပေးခဲ့

သွင်းကုန်လုပ်ငန်းရှင်များအတွက် ဗဟိုဘဏ်မှ ထိုင်းဘတ်နှင့်ယွမ်များကို ဒီဇင်ဘာလ ၂၆ ရက် (ယမန်နေ့)တွင် ထုတ်ရောင်းပေးခဲ့ကြောင်း ထုတ်ပြန်ထားသည့် စာရင်းများအရ သိရသည်။ ယမန်နေ့တွင် ဗဟိုဘဏ်မှ ထိုင်းဘတ် ၄ ဒသမ ၇၂၅ သန်းနှင့် တရုတ်ယွမ် ၅ သိန်း ထပ်မံထုတ်ရောင်းပေးခဲ့ပြီး ယခုထပ်မံထုတ်ရောင်းပေးမှုအပါအဝင် ဒီဇင်ဘာ ၂၆ ရက်အထိ သုံးပတ်ကျော်အတွင်း ဗဟိုဘဏ်မှဒေါ်လာ ၁၃၉ သန်းခွဲကျော်၊ ထိုင်းဘတ် ၃၂၀ ဒသမ ၅၃၉ သန်းနှင့် တရုတ်ယွမ် ၁၀ ဒသမ ၉၃၄ သန်းအထိ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071