Friday, December 27, 2024

ငွေကျပ် ၁၄ ဘီလီယံကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါး(၃)မျိုးကို...

ပဲခူးတိုင်း၊ ပဲခူးမြို့တွင် ငွေကျပ် ၁၄ ဘီလီယံကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါး(၃)မျိုးကို ဒီဇင် ဘာ ၂၀ ရက်ကဖမ်းဆီးရမိခဲ့ကြောင်း မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့ထံမှ သိရသည်။ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့ဝင်များပါဝင်သောပူးပေါင်းအဖွဲ့သည် ပဲခူးမြို့၊...

လာအိုနှင့်ထိုင်းတို့ကမူးယစ်တိုက်ဖျက်ရေးပူးပေါင်းကြိုးပမ်းရန်ကတိပြု

ဗီယန်ကျင်း၊ဒီဇင်ဘာ ၂၆ လာအိုနှင့်ထိုင်းအစိုးရတို့က မူးယစ်ဆေးဝါးတိုက်ဖျက်ရန်နှင့် နှစ်နိုင်ငံနယ်စပ်ဒေသတစ်လျှောက် မူးယစ်ဆေးဝါးပြဿနာကို ဖြေရှင်းရန်အတွက် ပိုမိုနီးကပ်စွာ ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်းပြောကြားခဲ့သည်။ လာအိုနိုင်ငံ၏မြို့တော် ဗီယန်ကျင်းတွင်ပြုလုပ်သည့်အကြိမ် ၂၀ မြောက် မူးယစ်ဆေးဝါးထိန်းချုပ်ရေး ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ...

မြန်မာများဝင်နေကြ၍ မဏိပူရအစိုးရက ဗဟိုအစိုးရထံအကူအညီတောင်း

မဏိပူရ၊ဒီဇင်ဘာ ၂၇ မဏိပူရပြည်နယ်ဝန်ကြီးချုပ်က ပြည်နယ်အစိုးရသည် နယ်စပ်ဒေသများကိုတင်းကြပ်စွာ စီမံခန့်ခွဲရန်အတွက် နိုင်ငံ‌ေတာ်၏ ယန္တရားကို အပြည့်အဝ အသုံးပြုရန် ဗဟိုအစိုးရထံ တောင်းဆိုထားကြောင်းပြောကြားခဲ့သည်။ အိန္ဒိယနိုင်ငံ၏ နယ်စပ် ၁၀...

ထိုင်း- မြန်မာအမှတ် (၁) ချစ်ကြည်ရေးတံတား၌...

ထိုင်း- မြန်မာ နယ်စပ်ရှိ တာချီလိတ် - မယ်ဆိုင် အမှတ် (၁) ချစ်ကြည်ရေးတံတား၌ တာချီလိတ်မှ ထိုင်းနိုင်ငံတွင်း သွားရောက်ရန် အဖြူရောင်ကတ်...
HomeNewsFootball၂၀၂၇ ခုနှစ် အာရှဖလား...

၂၀၂၇ ခုနှစ် အာရှဖလား တတိယအဆင့် ခြေစစ်ပွဲအတွက် မြန်မာအသင်း အုပ်စု (E)၌ ယှဉ်ပြိုင်ကစားရမည်

၂၀၂၇ ခုနှစ် အာရှဖလား တတိယအဆင့် ခြေစစ်ပွဲအတွက် မြန်မာအသင်း အုပ်စု (E)၌ အိမ်ကွင်း(၃)ပွဲ အဝေးကွင်း (၃) ပွဲ နှစ်ကျော့စနစ်ဖြင့် ယှဉ်ပြိုင်ကစားရမည်ဖြစ်ကြောင်း သိရသည်။

မြန်မာအသင်းအနေဖြင့် အဆိုပါ အုပ်စုပွဲစဉ်များကို လာမည့် ၂၀၂၅ ခုနှစ် မတ်လမှ ၂၀၂၆ ခုနှစ် မတ်လအထိ တစ်နှစ်တာကာလအတွင်း အိမ်ကွင်း၊ အဝေးကွင်း နှစ်ကျော့စနစ်ဖြင့် ယှဉ်ပြိုင်ကစားရမည်ဖြစ်သည်။

မြန်မာအသင်းနှင့်အတူ အုပ်စု(E)၌ ဆီးရီးယား၊ အာဖဂန်နစ္စတန်၊ ပါကစ္စတန် အသင်းတို့ ကျရောက်နေသည်။

ပွဲစဉ်များအနေဖြင့် မြန်မာ့အသင်းသည် ၂၀၂၅ ခုနှစ်မတ်လ (၂၅)ရက်၌ အာဖဂန်နစ္စတန်အသင်းနှင့် အိမ်ကွင်း၊ ဇွန်(၁၀) ရက်တွင် ပါကစ္စတန်အသင်းနှင့် အဝေးကွင်း၊အောက်တိုဘာ (၉)ရက်မှာ ဆီးရီးယားအသင်းနှင့် အိမ်ကွင်း၊အောက်တိုဘာ (၁၄)ရက်တွင် ဆီးရီးယားအသင်းနှင့် အဝေးကွင်း၊ နိုဝင်ဘာ (၁၈)ရက်တွင် အာဖဂန်နစ္စတန်အသင်းနှင့် အဝေးကွင်း၊ ၂၀ ၂၆ ခုနှစ်၊ မတ်(၃၁)ရက်တွင် ပါကစ္စတန်အသင်းဖြင့် အိမ်ကွင်း စသည်ဖြင့်အသီးသီး ယှဉ်ပြိုင်ကစားသွားရမည်ဖြစ်သည်။

အာရှဖလား တတိယအဆင့် ခြေစစ်ပွဲစဥ်များကို တစ်အုပ်စုလျှင် (၄)သင်းဖြင့် (၆)အုပ်စုခွဲ၍ ကျင်းပသွားမည်ဖြစ်ပြီး အုပ်စုတစ်ခုစီ၏ ထိပ်ဆုံးတစ်သင်းစီသာ ခြေစစ်ပွဲအောင်မြင်မည်ဖြစ်ကြောင်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ငွေကျပ် ၁၄ ဘီလီယံကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါး(၃)မျိုးကို ပဲခူးမြို့တွင်ဖမ်းမိ

ပဲခူးတိုင်း၊ ပဲခူးမြို့တွင် ငွေကျပ် ၁၄ ဘီလီယံကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါး(၃)မျိုးကို ဒီဇင် ဘာ ၂၀ ရက်ကဖမ်းဆီးရမိခဲ့ကြောင်း မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့ထံမှ သိရသည်။ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့ဝင်များပါဝင်သောပူးပေါင်းအဖွဲ့သည် ပဲခူးမြို့၊ ရပ် ကွက်ကြီး(၆)၊ ဗိုလ်အောင်ကျော်လမ်း၌ ကျော်ဆန်းဦး မောင်းကာ မလွမ်းယန်း လိုက်လာသည့် TOYOTA DYNA ကားကိုသတင်းအရရှာဖွေစစ်ဆေးခဲ့ကြသည်။ ထိုသို့ စစ်ဆေးရာကားပေါ်တွင် ရှမ်းပြည်နယ် (တောင်ပိုင်း)၊ နမ့်စန်မြို့မှ ပဲခူးမြို့သို့သယ် ဆောင်၍ ၎င်းမှတစ်ဆင့် ရန်ကုန်တိုင်း၊ ရခိုင် ပြည်နယ်နှင့် ကရင်ပြည်နယ်တို့တွင် ရောင်းဝယ်ခြင်းပြုလုပ်မည့် ငွေကျပ်(၁၄ ဒသမ ၁၁၅၄)ဘီလီယံတန်ဖိုးရှိ စိတ်ကြွဆေးပြား(၅၂...

လာအိုနှင့်ထိုင်းတို့ကမူးယစ်တိုက်ဖျက်ရေးပူးပေါင်းကြိုးပမ်းရန်ကတိပြု

ဗီယန်ကျင်း၊ဒီဇင်ဘာ ၂၆ လာအိုနှင့်ထိုင်းအစိုးရတို့က မူးယစ်ဆေးဝါးတိုက်ဖျက်ရန်နှင့် နှစ်နိုင်ငံနယ်စပ်ဒေသတစ်လျှောက် မူးယစ်ဆေးဝါးပြဿနာကို ဖြေရှင်းရန်အတွက် ပိုမိုနီးကပ်စွာ ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်းပြောကြားခဲ့သည်။ လာအိုနိုင်ငံ၏မြို့တော် ဗီယန်ကျင်းတွင်ပြုလုပ်သည့်အကြိမ် ၂၀ မြောက် မူးယစ်ဆေးဝါးထိန်းချုပ်ရေး ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ လာအို - ထိုင်း ဝန်ကြီးအဆင့်အစည်းအဝေးသို့ နှစ်နိုင်ငံတာဝန်ရှိသူများတက်‌ရောက်ဆွေးနွေးခဲ့ကြောင်း လာအို ပြည်သူ့လုံခြုံရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရသိရသည်။ ညှိနှိုင်းဆောင်ရွက်ခြင်း၊သတင်းမျှဝေခြင်း၊ပူးပေါင်းထောက်လှမ်းရေး၊စုံစမ်းစစ်ဆေးခြင်းနှင့် မူးယစ်ဆေးဝါးနှိမ်နင်းရေးဆိုင်ရာယန္တရားများကိုအဆင့်အားလုံး၌ ဖွံ့ဖြိုးတိုးတက်ရေးအတွက်ပြန်လည်သုံးသပ်ပြီး အဆိုပါကြိုးပမ်းမှုများကို ပိုမိုထိရောက်စေရန်ဖော်ဆောင်သွားမည်ဟုလည်းပြောကြားခဲ့သည်။ လာအိုနှင့်ထိုင်းကိုယ်စားလှယ်အဖွဲ့များက နယ်စပ်ပြည်နယ်များနှင့်ဒေသများရှိ မူးယစ်ဆေးဝါးထိန်းချုပ်ရေးရုံးများအကြား ညှိနှိုင်းဆောင်ရွက်မှုကို အားကောင်းစေကာ လာအို - ထိုင်းနယ်စပ်တစ်လျှောက် မူးယစ်ကင်းစင်သောကျေးရွာများ ဖန်တီးသွားမည်ဟုလည်းကတိပြုခဲ့ကြသည်။ Source : ရှင်းဟွာ

မြန်မာများဝင်နေကြ၍ မဏိပူရအစိုးရက ဗဟိုအစိုးရထံအကူအညီတောင်း

မဏိပူရ၊ဒီဇင်ဘာ ၂၇ မဏိပူရပြည်နယ်ဝန်ကြီးချုပ်က ပြည်နယ်အစိုးရသည် နယ်စပ်ဒေသများကိုတင်းကြပ်စွာ စီမံခန့်ခွဲရန်အတွက် နိုင်ငံ‌ေတာ်၏ ယန္တရားကို အပြည့်အဝ အသုံးပြုရန် ဗဟိုအစိုးရထံ တောင်းဆိုထားကြောင်းပြောကြားခဲ့သည်။ အိန္ဒိယနိုင်ငံ၏ နယ်စပ် ၁၀ ကီလိုမီတာအတွင်း မြန်မာနိုင်ငံသားများကို ဝင်ရောက်ခွင့်ပြုသည့် ညွှန်ကြားချက်မှာ ကြားဖြတ်အစီအစဉ်သာဖြစ်ကြောင်းလည်း ၎င်းကဆက်လက်ပြောကြားခဲ့သည်။ ဗဟိုအစိုးရက ပြည်နယ်အစိုးရထံ တရားဝင်ဆက်သွယ်လာမှုမရှိသေးသော်လည်း လွတ်လပ်စွာ ရွေ့လျားသွားလာမှု စနစ် ကိုထိန်းညှိနိုင်ရန်ကြိုးပမ်းလျက်ရှိပြီး ပြည်ထဲရေးဝန်ကြီးဌာနအနေဖြင့် အိန္ဒိယနိုင်ငံသို့ဝင်ရောက်ရန်ကြိုးပမ်းနေသည့်မြန်မာနိုင်ငံသားများအတွက် ဗီဇာနှင့်နိုင်ငံကူးလက်မှတ်များ ထုတ်ပေးမည့်အစီအစဉ်ရှိသည်ဟုလည်းပြောကြားခဲ့သည်။ သို့သော် နှစ်နိုင်ငံနယ်စပ် ၁၀ ကီလိုမီတာအထိ လွတ်လပ်စွာသွားလာခွင့် စနစ်ကိုမရုတ်သိမ်းရန် ပြည်နယ်အများစု၏တောင်းဆိုမှုများလည်းရှိနေသဖြင့် ဗဟိုအစိုးရက ယခုပြဿနာကို မျှမျှတတကိုင်တွယ်လိမ့်မည်ဟုလည်းဆိုခဲ့သည်။ Source :...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071