Saturday, December 28, 2024

ဗန်းမော်မြို့တိုက်ပွဲအတွင်း လက်-နက်ကြီးထိမှန်ခဲ့သည့် ဒဏ်ရာရ စစ်ရှောင်...

ဗန်းမော်မြို့တိုက်ပွဲအတွင်း လက်-နက်ကြီးထိမှန်ခဲ့သည့် ဒဏ်ရာရ ဒေသခံစစ်ရှောင် (၆)ဦးမှာ ယနေ့ ဒီဇင်ဘာ (၂၈)ရက်တွင် မန္တလေးပြည်သူ့ဆေးရုံသို့ရောက်ရှိပြီဖြစ်ကာ ဆေးဝါးကုသမှုခံယူနေပြီဖြစ်ကြောင်း ကယ်ဆယ်ရေးဆောင်ရွက်နေသည့် အဖွဲ့ထံက သိရသည်။ ဒဏ်ရာရရှိသူ...

ရေနံချောင်းသဘာဝဓာတ်ငွေ့ဖြန့်ဖြူးရေးစခန်းမှ နေရောင်ခြည်စွမ်းအင်သုံးလျှပ်စစ်ဓာတ်အား‌ စနစ် တရားဝင်စတင်လည်ပတ်

အရှေ့တောင်အာရှ သဘာဝဓာတ်ငွေ့ပိုက်လိုင်းကုမ္ပဏီလီမိတက်မှ ညွှန်ကြားမှုအရ မန္တလေးလည်ပတ်ရေးစင်တာ၏ ရေနံချောင်းသဘာဝ ဓာတ်ငွေ့ဖြန့်ဖြူးရေးစခန်းက နေရောင်ခြည်စွမ်းအင်သုံးလျှပ်စစ်ဓာတ်အား‌စနစ်သည် ဒီဇင်ဘာ ၂၅ ရက်မွန်းတည့် ၁၂ နာရီခွဲက တရားဝင်စတင်လည်ပတ်ခဲ့ကြောင်း...

မလေးရှားဝန်ကြီးချုပ်နှင့် သက်ဆင် မြန်မာ့အရေး ဆွေးနွေး

ထိုင်းနိုင်ငံဝန်ကြီးချုပ်ဟောင်း သက်ဆင် ရှင်နာဝပ်ထရာသည် မလေးရှားဝန်ကြီးချုပ် အန်ဝါ အီဘရာဟင်နှင့် ဇိမ်ခံရွက်လှေတစ်စီးပေါ်တွင် တွေ့ဆုံခဲ့ပြီး နှစ်နိုင်ငံဆက်ဆံမှုအားကောင်း ခိုင်မာရေး၊ မြန်မာ့အကျပ်အတည်း ဖြေရှင်းရေးနှင့် ထိုင်းတောင်ပိုင်းဒေသ...

နိုင်ငံတော်၊ တပ်မတော်နှင့် မိမိရဲဘော်ရဲဘက်များအပေါ် သစ္စာစောင့်သိရန်...

နစက ဒု-ဥက္ကဋ္ဌ၊ ဒု- တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဒု-ဗိုလ်ချုပ်မှူးကြီးစိုးဝင်းမှ ယမန်နေ့ ဒီဇင်ဘာ ၂၇ ရက်မွန်းလွဲပိုင်းက ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့ နယ်မြေခံသင်တန်းကျောင်းရှိ ပြည်သူ့စစ်မှုထမ်းသင်တန်းမှ...
HomeInternationalအိန္ဒိယနိုင်ငံတွင် ၂၀၀၄ ခုနှစ်မှ...

အိန္ဒိယနိုင်ငံတွင် ၂၀၀၄ ခုနှစ်မှ ၂၀၁၄ ခုနှစ်အထိ ဝန်ကြီးချုပ်တာဝန်ထမ်းဆောင်ခဲ့သော မစ္စတာ မန်မိုဟန်ဆင်းကွယ်လွန်

အိန္ဒိယနိုင်ငံတွင် ၂၀၀၄ ခုနှစ်မှ ၂၀၁၄ ခုနှစ်အထိ ဝန်ကြီးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သော အိန္ဒိယဝန်ကြီးချုပ်ဟောင်း မန်မိုဟန်ဆင်းသည် ကြာသပတေးနေ့က နယူးဒေလီမြို့တွင် ကွယ်လွန်ခဲ့သည်။ ကွယ်လွန်ချိန်တွင် အသက် ၉၂ နှစ်အရွယ်ရှိပြီဖြစ်သည်။ သူသည် ကျော်ကြားသော စီးပွားရေးပညာရှင်တစ်ဦးဖြစ်ပြီး အိန္ဒိယနိုင်ငံ စီးပွားရေးပြုပြင်ပြောင်းလဲမှု၏ ဖခင်အဖြစ် လူသိများသည့် ထင်ရှားကျော်ကြားသူတစ်ဦးလည်းဖြစ်သည်။

“အိန္ဒိယနိုင်ငံ၏ အထင်ရှားဆုံးသော ခေါင်းဆောင်များထဲမှ တစ်ယောက်ဖြစ်သည့် ဒေါက်တာ မန်မိုဟန်ဆင်းကို ဆုံးရှုံးလိုက်ရသည့်အတွက် အထူးပင် ဝမ်းနည်းကြေကွဲမိပါသည်” ဟု လက်ရှိဝန်ကြီးချုပ် နာရန်ဒရာ မိုဒီက X လူမှုကွန်ရက်တွင် ရေးသားခဲ့သည်။ “မိမိကိုယ်မိမိ နှိမ့်ချနေထိုင်သည့်မျိုးရိုးမှ ကြီးပြင်းလာသော လေးစားဖွယ် စီးပွားရေးပညာရှင်တစ်ဦး ဖြစ်ကာ … ကျွန်ုပ်တို့၏ ဝန်ကြီးချုပ်အဖြစ်၊ လူထုဘဝတိုးတက်စေရေးကို ကျယ်ကျယ်ပြန့်ပြန့် ကြိုးပမ်းခဲ့သူလည်းဖြစ်သည်”ဟု မိုဒီက ရေးသားထားသည်။

မန်မိုဟန်ဆင်းသည် ၂၀၀၄ ခုနှစ်မှ ၂၀၁၄ ခုနှစ်အတွင်း အိန္ဒိယနိုင်ငံ၏ ဝန်ကြီးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သော်လည်း ၁၉၉၀ ခုနှစ်များအစောပိုင်းက ဘဏ္ဍာရေးဝန်ကြီးအဖြစ် သူတာဝန်ထမ်းဆောင်ခဲ့ချိန်များသည် အထူးခြားဆုံးဖြစ်သည်ဟု နိုင်ငံရေးဝေဖန်သုံးသပ်သူများက ပြောဆိုကြသည်။ ထိုကာလအတွင်း သူ၏မူဝါဒများသည် အိန္ဒိယနိုင်ငံအား စီးပွားရေးလွတ်လပ်ခွင့်နှင့် ဂလိုဘယ်လိုက်ဇေးရှင်း၏လမ်းကြောင်းပေါ်သို့ တင်ပေးခဲ့သည်။

မစ္စတာမန်မိုဟန်ဆင်းသည် “ပညာရှိ၊ တွေးခေါ်တတ်သူ၊ ရိုးသားသူ” ဟူ၍လည်း အမေရိကန်သမ္မတဟောင်း ဘားရက်အိုဘားမား က သူရေးသားသော A Promised Land မှတ်တမ်းတွင် ရေးသားဖော်ပြခဲ့သည်။

မစ္စတာမန်မိုဟန်ဆင်းကို ၁၉၃၂ ခုနှစ် စက်တင်ဘာလ ၂၆ ရက် နေ့က ယခု ပါကစ္စတန်နိုင်ငံနယ်နိမိတ်အတွင်းရှိ ဂါးဟုခေါ်သော ရွာကလေးတွင် မွေးဖွားခဲ့ခြင်းဖြစ်သည်သည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ဗန်းမော်မြို့တိုက်ပွဲအတွင်း လက်-နက်ကြီးထိမှန်ခဲ့သည့် ဒဏ်ရာရ စစ်ရှောင် (၆)ဦး မန္တလေးဆေးရုံတွင် ဆေးဝါးကုသနေပြီဖြစ်ဟုဆို

ဗန်းမော်မြို့တိုက်ပွဲအတွင်း လက်-နက်ကြီးထိမှန်ခဲ့သည့် ဒဏ်ရာရ ဒေသခံစစ်ရှောင် (၆)ဦးမှာ ယနေ့ ဒီဇင်ဘာ (၂၈)ရက်တွင် မန္တလေးပြည်သူ့ဆေးရုံသို့ရောက်ရှိပြီဖြစ်ကာ ဆေးဝါးကုသမှုခံယူနေပြီဖြစ်ကြောင်း ကယ်ဆယ်ရေးဆောင်ရွက်နေသည့် အဖွဲ့ထံက သိရသည်။ ဒဏ်ရာရရှိသူ (၆)ဦးအနက် အမျိုးသား (၂)ဦးနှင့် အမျိုးသမီး(၄)ဦးတို့ဖြစ်ပြီး၊ ဗန်းမော်မြို့မှ ဒီဇင်ဘာ (၂၄)ရက်တွင် စတင်ထွက်ခွာလာပြီးနောက် (၅)ရက် အကြာတွင် မန္တလေးမြို့သို့ရောက်ရှိလာကာ အသက်အန္တရာယ် စိုးရိမ်ရသည့်အခြေအနေတွင် မရှိတော့ကြောင်း သိရသည်။ ယခုလ ဒီဇင်ဘာ (၂၄)ရက်က ဗန်းမော်မြို့ သိမ်တော်ကြီးကျောင်းဝန်းနှင့် သာသနာ့ဗိမ္မာန်အတွင်းလက်န-က်ကြီးကျရောက် ပေါက်ကွဲသဖြင့် ဒေသခံစစ်ဘေးရှောင်များအနက် ပြင်းထန်ဒဏ်ရာရရှိခဲ့သူများဖြစ်ကြောင်း သိရသည် လက်ရှိတွင် ဗန်းမော်မြို့တိုက်ပွဲကြောင့် ဒေသခံစစ်ရှောင်များမှာ...

ရေနံချောင်းသဘာဝဓာတ်ငွေ့ဖြန့်ဖြူးရေးစခန်းမှ နေရောင်ခြည်စွမ်းအင်သုံးလျှပ်စစ်ဓာတ်အား‌ စနစ် တရားဝင်စတင်လည်ပတ်

အရှေ့တောင်အာရှ သဘာဝဓာတ်ငွေ့ပိုက်လိုင်းကုမ္ပဏီလီမိတက်မှ ညွှန်ကြားမှုအရ မန္တလေးလည်ပတ်ရေးစင်တာ၏ ရေနံချောင်းသဘာဝ ဓာတ်ငွေ့ဖြန့်ဖြူးရေးစခန်းက နေရောင်ခြည်စွမ်းအင်သုံးလျှပ်စစ်ဓာတ်အား‌စနစ်သည် ဒီဇင်ဘာ ၂၅ ရက်မွန်းတည့် ၁၂ နာရီခွဲက တရားဝင်စတင်လည်ပတ်ခဲ့ကြောင်း သိရသည်။ ထို့ပြင် စမ်းသပ်ကာလကရရှိခဲ့သည့် ဒေတာအချက်အလက်များနှင့် လက်တွေ့ရလဒ်များအရ ဆောင်းရာသီဖြစ်ပြီး နေ့တာတိုသော်လည်း တစ်နေ့တာ၏ နေရောင်ခြည်စွမ်းအင်မှရရှိသော လျှပ်စစ်ဓာတ်အားထုတ်လုပ်မှုသည် စခန်း၏ တစ်နေ့တာလုံးအတွက် လျှပ်စစ်ဓာတ်အားလိုအပ်ချက်ကိုဖြည့်ဆည်းပေးနိုင်ကြောင်း သိရသည်။ ထို့ကြောင့် ရေနံချောင်းသဘာဝဓာတ်ငွေ့ဖြန့်ဖြူးရေးစခန်းသည် ကာဗွန်ဒိုင်‌အောက်ဆိုဒ်ထုတ်လွှတ်မှု၏ သုညပန်းတိုင်သို့ ပထမဆုံးရောက်ရှိခဲ့ပြီး နေရောင်ခြည်စွမ်းအင်သုံးလျှပ်စစ်စနစ်သည် အမြင့်ဆုံးစွမ်းအင် 170 kW အထိရရှိပြီး ဘက်ထရီတွင် လျှပ်စစ်စွမ်းအင်သိုလှောင်မှုမှာ 480 kWh...

မလေးရှားဝန်ကြီးချုပ်နှင့် သက်ဆင် မြန်မာ့အရေး ဆွေးနွေး

ထိုင်းနိုင်ငံဝန်ကြီးချုပ်ဟောင်း သက်ဆင် ရှင်နာဝပ်ထရာသည် မလေးရှားဝန်ကြီးချုပ် အန်ဝါ အီဘရာဟင်နှင့် ဇိမ်ခံရွက်လှေတစ်စီးပေါ်တွင် တွေ့ဆုံခဲ့ပြီး နှစ်နိုင်ငံဆက်ဆံမှုအားကောင်း ခိုင်မာရေး၊ မြန်မာ့အကျပ်အတည်း ဖြေရှင်းရေးနှင့် ထိုင်းတောင်ပိုင်းဒေသ ငြိမ်းချမ်းမှုပြန်လည်ရရှိရေးအပါအဝင် ကိစ္စရပ်များအပေါ် ဆွေးနွေးခဲ့ကြသည်။ သက်ဆင်ကို မစ္စတာအန်ဝါ၏ အာဆီယံရေးရာ အကြံပေးအဖြစ် ခန့်အပ်ခဲ့ပြီးနောက်တွင် ယခုကဲ့သို့ တွေ့ဆုံဆွေးနွေးခဲ့ကြခြင်းဖြစ်သည်။ သောကြာနေ့က Thai Rath သတင်းစာ၏ ၇၅ နှစ်မြောက် နှစ်ပတ်လည်အခမ်းအနားကို တက်ရောက်ခဲ့ပြီးနောက် ဆွေးနွေးခဲ့ခြင်းဖြစ်သည်။ စိုက်ပျိုးရေးဝန်ကြီးဟောင်း Thamanat Prompow နှင့်အတူ ဗုဒ္ဓဟူးနေ့က ဖူးခက်မှ Satun ပြည်နယ် Koh...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071