Saturday, December 28, 2024

မြန်မာ့လက်ရွေးစင် အမျိုးသမီးအသင်းစာရင်းတွင် မေထက်လူကို ရွေးချယ်ခေါ်ယူထား

နိုင်ငံတကာပွဲများ ဝင်ရောက်ယှဉ်ပြိုင်မည့် မြန်မာ့လက်ရွေးစင်အမျိုးသမီးအသင်းတွင် အမေရိကန် ကောလိပ်ဘောလုံးအသင်းအဆင့်၌ ကစားနေသည့် မေထက်လူကို ရွေးချယ်ခေါ်ယူထားသည်ကို တွေ့ရသည်။ အမျိုးသမီးလက်ရွေးစင်ဘောလုံးအသင်း၏ လေ့ကျင့်ပြင်ဆင်နေသည့် ဓာတ်ပုံများကို မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်က အသိပေးထုတ်စဉ်...

ဖေဖော်ဝါရီ (၉) ရက်တွင် မြန်မာ့ရုပ်ရှင်ထူးချွန်ဆုပေးပွဲ...

၂၀၂၄ ခုနှစ်အတွက် မြန်မာ့ရုပ်ရှင်ထူးချွန်ဆု ချီးမြှင့်ပွဲ အခမ်းအနားကို လာမည့်နှစ် ဖေဖော်ဝါရီ (၉) ရက်၌ ကျင်းပမည် ဖြစ်ကြောင်း သိရသည်။ ယင်း မြန်မာ့ရုပ်ရှင်ထူးချွန်ဆုချီးမြှင့်ပွဲ၌...

ဗန်းမော်မြို့တိုက်ပွဲအတွင်း လက်-နက်ကြီးထိမှန်ခဲ့သည့် ဒဏ်ရာရ စစ်ရှောင်...

ဗန်းမော်မြို့တိုက်ပွဲအတွင်း လက်-နက်ကြီးထိမှန်ခဲ့သည့် ဒဏ်ရာရ ဒေသခံစစ်ရှောင် (၆)ဦးမှာ ယနေ့ ဒီဇင်ဘာ (၂၈)ရက်တွင် မန္တလေးပြည်သူ့ဆေးရုံသို့ရောက်ရှိပြီဖြစ်ကာ ဆေးဝါးကုသမှုခံယူနေပြီဖြစ်ကြောင်း ကယ်ဆယ်ရေးဆောင်ရွက်နေသည့် အဖွဲ့ထံက သိရသည်။ ဒဏ်ရာရရှိသူ...

ရေနံချောင်းသဘာဝဓာတ်ငွေ့ဖြန့်ဖြူးရေးစခန်းမှ နေရောင်ခြည်စွမ်းအင်သုံးလျှပ်စစ်ဓာတ်အား‌ စနစ် တရားဝင်စတင်လည်ပတ်

အရှေ့တောင်အာရှ သဘာဝဓာတ်ငွေ့ပိုက်လိုင်းကုမ္ပဏီလီမိတက်မှ ညွှန်ကြားမှုအရ မန္တလေးလည်ပတ်ရေးစင်တာ၏ ရေနံချောင်းသဘာဝ ဓာတ်ငွေ့ဖြန့်ဖြူးရေးစခန်းက နေရောင်ခြည်စွမ်းအင်သုံးလျှပ်စစ်ဓာတ်အား‌စနစ်သည် ဒီဇင်ဘာ ၂၅ ရက်မွန်းတည့် ၁၂ နာရီခွဲက တရားဝင်စတင်လည်ပတ်ခဲ့ကြောင်း...
HomeNewsLocal Newsပြည်တွင်း၌ ထုတ်လုပ်သော ကုန်ပစ္စည်းအချို့ကို...

ပြည်တွင်း၌ ထုတ်လုပ်သော ကုန်ပစ္စည်းအချို့ကို နိုင်ငံခြားကုမ္ပဏီများအား တင်ပို့ခွင့်ပြုမည်

ပြည်တွင်းအရည်အသွေးမြင့် ထုတ်ကုန်များကို ပြည်ပဈေးကွက်သို့ ချဲ့ထွင်တင်ပို့နိုင်ရန် ပြည်တွင်း၌ ထုတ်လုပ်သော ကုန်ပစ္စည်းအချို့ကို နိုင်ငံခြားကုမ္ပဏီများအား တင်ပို့ခွင့်ပြုမည်ဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည်။

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနသည် ပြည်တွင်းအရည်အသွေးမြင့် ထုတ်ကုန်များကို ပြည်ပဈေးကွက်သို့ ချဲ့ထွင်တင်ပို့ခြင်းဖြင့် ထုတ်လုပ်နိုင်စွမ်းကို မြှင့်တင်ရန်၊ ပြည်ပဈေးကွက် ပိုမိုရရှိရန်နှင့် ထုတ်လုပ်သူများ၏ ရောင်းဈေးပိုမိုရရှိစေရန်အလို့ငှာ ပို့ကုန်သွင်းကုန် ဥပဒေပုဒ်မ (၁၃) ပုဒ်မခွဲ (ခ) အရ အပ်နှင်းထားသော လုပ်ပိုင်ခွင့်ကိုကျင့်သုံး၍ ယင်းအမိန့်ကြော်ငြာစာကို ထုတ်ပြန်လိုက်ခြင်းဖြစ် သည်။

တစ်ဆင့်မြင့်ပြုပြင်ထုတ်လုပ်ထားသည့်ကောက်ပဲသီးနှံများ၊ပျော့ဖတ်နှင့် စက္ကူအမျိုးမျိုး၊သစ်သီးဝလံ၊ ပန်းမန်ကုန်ကြမ်း တို့မှ အဆင့်မြင့်ထုတ်လုပ်ထားသော တစ်ဝက်တစ်ပျက် ကုန်ချော သို့မဟုတ် ကုန်ချောပစ္စည်းများ၊ သစ်အခြေခံပရိ ဘောဂပစ္စည်းများ၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းမှု အထောက်အကူပြုကုန်စည်များကို နိုင်ငံခြားကုမ္ပဏီများအား တင်ပို့ခွင့်ပြုကြောင်း သိရသည်။

တစ်ဆင့်မြင့် ပြုပြင်ထုတ်လုပ်ထားသည့် အသား၊ ငါးနှင့်ရေထွက်ကုန်များနှင့် စပ်လျဉ်း၍ မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနနှင့် ငါးလုပ်ငန်းဦးစီးဌာနတို့၏ ထောက်ခံချက်ဖြင့် ကုန်သွယ်ရေးဦးစီးဌာန၏ ပို့ကုန်လိုင်စင်ခွင့်ပြုချက် ရယူရမည်ဖြစ်ပြီး ပဲမျိုးစုံ၊ ပြောင်း၊ နှမ်းတို့ တင်ပို့ခြင်းလုပ်ငန်း ဆောင်ရွက်မည်ဆိုပါက အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၏ ထောက်ခံချက် အပါအဝင် သက်ဆိုင်ရာဌာနများ၏ သတ်မှတ်ချက်များနှင့်အညီ ကုန်သွယ်ရေး ဦးစီး ဌာန၏ ပို့ကုန်လိုင်စင်ခွင့်ပြုချက်၊ ဆန်နှင့် ဆန်ကွဲတင်ပို့ခြင်းလုပ်ငန်း ဆောင်ရွက်မည်ဆိုပါက သတ်မှတ်အထောက်အထားများ ပြည့်စုံစွာတင်ပြရမည့်အပြင် ကုန်သွယ်ရေးဦးစီး ဌာန၏ ပို့ကုန်လိုင်စင် ခွင့်ပြုချက်ရယူရမည်ဖြစ်ပြီး (ယင်းတွင် ပြည်ပမှ ပြည်တွင်းဘဏ်တစ်ခုခုသို့ ကနဦးရင်းနှီးမြှုပ်နှံမှု ထည့်ဝင်ငွေ အနည်းဆုံးဒေါ်လာ (၃) သန်းလွှဲပြောင်းပြီးကြောင်း အထောက်အထား၊လုံလောက်သော သိုလှောင်ရုံရှိကြောင်း အထောက်အထား၊မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်၏ အထောက်အထား)၊ ပျော့ဖတ်နှင့် စက္ကူအမျိုးမျိုး၊ မျိုးစေ့၊ သန့်စင်ထားသည့် သတ္တုရိုင်းများနှင့်စပ်လျဉ်း၍ မြန်မာ့သတ္တုတွင်းဥပဒေအရ သက်ဆိုင်ရာဝန်ကြီးဌာန၏ ဓာတ်သတ္တုရောင်းချခြင်းနှင့် ဝယ်ယူခြင်းခွင့်ပြုမိန့်နှင့် သတ္တုတွင်းဦးစီးဌာန၏ ထောက်ခံချက်တို့ဖြင့် ကုန်သွယ်ရေးဦး စီးဌာန၏ ပို့ကုန် လိုင်စင်ခွင့်ပြုချက် ရယူရမည်ဖြစ်သည်။

အလားတူ သစ်သီးဝလံ၊ ပန်းမန်ကုန်ကြမ်းတို့မှ အဆင့်မြင့်ထုတ်လုပ်ထားသော တစ်ဝက် တစ်ပျက် ကုန်ချော သို့မဟု တ် ကုန်ချောပစ္စည်းများနှင့်စပ်လျဉ်း၍ အမျိုးသား အစားအသောက်ဥပဒေနှင့် သက်ဆိုင်ရာဌာနများ၏ သတ်မှတ်လုပ်ထုံးလုပ်နည်း များနှင့်အညီ ဆောင်ရွက်ပြီး ကုန်သွယ်ရေးဦးစီးဌာန၏ ပို့ကုန်လိုင်စင်ခွင့်ပြုချက် ရယူရမည်ဖြစ်ပြီး သစ်အခြေခံပရိဘောဂပစ္စည်းများနှင့်စပ်လျဉ်း၍ မြန်မာ့သစ်လုပ်ငန်းနှင့် သစ်တောဦးစီးဌာနတို့၏ ထောက်ခံချက်များဖြင့် ကုန်သွယ်ရေးဦးစီးဌာန၏ ပို့ကုန်လိုင်စင်ခွင့်ပြုချက် ရယူရမည်ဖြစ်ကြောင်း သိရသည်။

သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းမှု အထောက်အကူပြုကုန်စည်များနှင့်စပ်လျဉ်း၍ စပါးခွံနှင့် လွှစာမှုန့် စသည့် ဘေးထွက်ပစ္စည်းများဖြင့် ပြုလုပ်ထားသည့် လောင်စာတောင့်များကဲ့သို့သော သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းမှု အထောက်အကူပြု ကုန်စည်များ တင်ပို့လျှင် သတ်မှတ်လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆောင်ရွက်ပြီး ကုန်သွယ်ရေးဦးစီးဌာန၏ ပို့ကုန်လိုင်စင်ခွင့်ပြုချက် ရယူရမည်ဖြစ်ကြောင်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

မြန်မာ့လက်ရွေးစင် အမျိုးသမီးအသင်းစာရင်းတွင် မေထက်လူကို ရွေးချယ်ခေါ်ယူထား

နိုင်ငံတကာပွဲများ ဝင်ရောက်ယှဉ်ပြိုင်မည့် မြန်မာ့လက်ရွေးစင်အမျိုးသမီးအသင်းတွင် အမေရိကန် ကောလိပ်ဘောလုံးအသင်းအဆင့်၌ ကစားနေသည့် မေထက်လူကို ရွေးချယ်ခေါ်ယူထားသည်ကို တွေ့ရသည်။ အမျိုးသမီးလက်ရွေးစင်ဘောလုံးအသင်း၏ လေ့ကျင့်ပြင်ဆင်နေသည့် ဓာတ်ပုံများကို မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်က အသိပေးထုတ်စဉ် ‌ကျောနံပါတ် (၃၁)ကို ဝတ်စဉ်ထားသည့် မေထက်လူကို တွေ့မြင်ရခြင်းဖြစ်သည်။ ၂၀၂၅ ခုနှစ်အတွင်း နိုင်ငံတကာပြိုင်ပွဲများနှင့် ခြေစမ်းပွဲစဉ်များဝင်ရောက်ယှဉ်ပြိုင်ရန် မြန်မာ့လက်ရွေးစင်အမျိုးသမီးအသင်းအနေဖြင့် ဒီဇင်ဘာ (၂၇)ရက်တွင် လေ့ကျင့်ပြင်ဆင်နေပြီဖြစ်သည်ဟု အဖွဲ့ချုပ်က ထုတ်ပြန်ထားသည်။ သူမသည် မြန်မာနိုင်ငံ၌ နေထိုင်စဉ်အချိန်က မြန်မာ့လက်ရွေးစင် ယူ-၁၆ နှင့် ယူ-၁၉ အသင်းတို့တွင် ရွေးချယ်ခံခဲ့ရဖူးသူတစ်ဦးဖြစ်ပြီး လက်ရှိတွင် ပညာရေးဖြင့် အမေရိကန်နိုင်ငံ‌၌ နေထိုင်လျက်ရှိကာ...

ဖေဖော်ဝါရီ (၉) ရက်တွင် မြန်မာ့ရုပ်ရှင်ထူးချွန်ဆုပေးပွဲ ကျင်းပမည်

၂၀၂၄ ခုနှစ်အတွက် မြန်မာ့ရုပ်ရှင်ထူးချွန်ဆု ချီးမြှင့်ပွဲ အခမ်းအနားကို လာမည့်နှစ် ဖေဖော်ဝါရီ (၉) ရက်၌ ကျင်းပမည် ဖြစ်ကြောင်း သိရသည်။ ယင်း မြန်မာ့ရုပ်ရှင်ထူးချွန်ဆုချီးမြှင့်ပွဲ၌ အကယ်ဒမီဆု (၁၅) ဆုပေးမည်ဖြစ်ကြောင်း ပြန်ကြားရေးဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းက ဒီဇင်ဘာ (၂၇)ရက်က ကျ င်းပပြုလုပ်သည့် မြန်မာ့ရုပ်ရှင်ထူးချွန်ဆုချီးမြှင့်ပွဲ အခမ်းအ နား အောင်မြင်စွာကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ပြောသည်။ မြန်မာ့ရုပ်ရှင်ထူးချွန်ဆု ရွေးချယ်ရေးအကဲဖြတ်အဖွဲ့အနေဖြင့်လည်း ဆုများ ရွေးချယ်ရာတွင် စနစ်တကျရွေးချယ်ကာ ရသင့်ရထိုက်သူများ ရရှိစေရန် ဆောင်ရွက်ကြစေလိုကြောင်းလည်း ပြည်ထောင်စုဝန်ကြီးက တိုက်တွန်းသည်။ ထို့ပြင် မြန်မာ့ရုပ်ရှင်ထူးချွန်ဆု ရွေးချယ်ရာ၌လည်း...

ဗန်းမော်မြို့တိုက်ပွဲအတွင်း လက်-နက်ကြီးထိမှန်ခဲ့သည့် ဒဏ်ရာရ စစ်ရှောင် (၆)ဦး မန္တလေးဆေးရုံတွင် ဆေးဝါးကုသနေပြီဖြစ်ဟုဆို

ဗန်းမော်မြို့တိုက်ပွဲအတွင်း လက်-နက်ကြီးထိမှန်ခဲ့သည့် ဒဏ်ရာရ ဒေသခံစစ်ရှောင် (၆)ဦးမှာ ယနေ့ ဒီဇင်ဘာ (၂၈)ရက်တွင် မန္တလေးပြည်သူ့ဆေးရုံသို့ရောက်ရှိပြီဖြစ်ကာ ဆေးဝါးကုသမှုခံယူနေပြီဖြစ်ကြောင်း ကယ်ဆယ်ရေးဆောင်ရွက်နေသည့် အဖွဲ့ထံက သိရသည်။ ဒဏ်ရာရရှိသူ (၆)ဦးအနက် အမျိုးသား (၂)ဦးနှင့် အမျိုးသမီး(၄)ဦးတို့ဖြစ်ပြီး၊ ဗန်းမော်မြို့မှ ဒီဇင်ဘာ (၂၄)ရက်တွင် စတင်ထွက်ခွာလာပြီးနောက် (၅)ရက် အကြာတွင် မန္တလေးမြို့သို့ရောက်ရှိလာကာ အသက်အန္တရာယ် စိုးရိမ်ရသည့်အခြေအနေတွင် မရှိတော့ကြောင်း သိရသည်။ ယခုလ ဒီဇင်ဘာ (၂၄)ရက်က ဗန်းမော်မြို့ သိမ်တော်ကြီးကျောင်းဝန်းနှင့် သာသနာ့ဗိမ္မာန်အတွင်းလက်န-က်ကြီးကျရောက် ပေါက်ကွဲသဖြင့် ဒေသခံစစ်ဘေးရှောင်များအနက် ပြင်းထန်ဒဏ်ရာရရှိခဲ့သူများဖြစ်ကြောင်း သိရသည် လက်ရှိတွင် ဗန်းမော်မြို့တိုက်ပွဲကြောင့် ဒေသခံစစ်ရှောင်များမှာ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071