မီးကြိုးများနှင့်င်္သချိုင်းရှိအုတ်ဂူနှင့်သံချောင်းများအားခိုးယူဖျက်ဆီးခဲ့သူများကို ဖော်ထုတ်ဖမ်းဆီးပေးပါက ဆုငွေ(၅)သိန်းချီးမြှင့်မည်ဟုအသိပေးထားသော မွန်ပြည်နယ်၊ မုဒုံမြို့ရှိ မီးသဂြိုလ်စက်မှမီးကြိုးများ ပြီးခဲ့သည့်ရက်ပိုင်းအတွင်းက ဒုတိယအကြိမ်မြောက်အဖြစ် ထပ်မံဖြတ်တောက်ခိုးယူခြင်းခံခဲ့ရကြောင်း မုဒုံမြို့အခြေစိုက် “ကျွန်ုပ်တို့ချစ်သောမုဒုံ”ထံမှ သိရသည်။
မီးသဂြိုလ်စက်မှမီးကြိုးများအား ဒုတိယအကြိမ်ဖြတ်တောက်ခိုးယူခြင်းခံခဲ့ရသောအချိန်မှာ နံနက် ၉ နာရီခွဲမှ နံနက် ၁၁ နာရီကြားအတွင်းဖြစ်ပြီး ရုပ်အလေ-ာင်း(၃)လေ-ာင်းအား (အခမဲ့)မီးသဂြိုလ်ပေးနိုင်ရန် မီးသဂြိုလ်စက်(အခမဲ့)ဝန်ဆောင်မှုကော်မတီက အမြန်ပြုပြင်ပေးခဲ့ရကြောင်း သိရသည်။
ထို့ပြင် မီးသဂြိုလ်စက်(အခမဲ့)ဝန်ဆောင်မှုကော်မတီ၏ စုံစမ်းမှုအရမီးကြိုးခိုးသူများမှာ အမျိုးသမီး(၂)ဦးဖြစ်ကြောင်းသိရှိရသဖြင့် သက်ဆိုင်ရာရဲတပ်ဖွဲ့ထံအကြောင်းကြားခဲ့မှုကြောင့် ဖမ်းဆီးရမိရေးအတွက် ရဲတပ်ဖွဲ့ဝင်များက ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ထို့အတူ မုဒုံမြို့နယ်လျှပ်စစ်ရုံးမှ ကျွမ်းကျင်ဝန်ထမ်းများကလည်း မီးသဂြိုလ်စက်၌ သတ္တုကြိုးသွယ်တမ်းရန်ကူညီပေးလျက်ရှိကာ မီးကြိုးခိုးယူသွားသူများအား သက်သေခံပစ္စည်းများနှင့်အတူ ဖော်ထုတ်ဖမ်းဆီးပေးနိုင်သူများအား ဆုငွေ(၅)သိန်းချီးမြှင့်မည်ဟု မီးသဂြိုလ်စက်(အခမဲ့)ဝန်ဆောင်မှုကော်မတီက အသိပေးထားကြောင်း သိရသည်။
ပြီးခဲ့သည့် ဒီဇင်ဘာ ၇ ရက်ညပိုင်းကလည်း မီးသဂြိုလ်စက်မှမီးကြိုးများ ပထမအကြိမ်ခိုးယူခြင်းခံခဲ့ရပြီး အုတ်ဂူနှင့်သံချောင်းများရိုက်ချိုး ဖျက်စီးခံခဲ့ရကြောင်း သိရသည်။