Saturday, December 28, 2024

ရုရှားဓါတ်ငွေ့ပေးပို့မှုကိုရပ်လျှင်ယူကရိန်းကိုဓါတ်အားဖြတ်မည်–ဆလိုဗက်

ဇန်နဝါရီ ၁ ရက်နောက်ပိုင်းတွင် ဆလိုဗက်သို့ ရုရှားဓါတ်ငွေ့ တဆင့်ခံပေးပို့နေမှုအား ယူကရိန်းက ရပ်ဆိုင်းခဲ့မည်ဆိုပါက လျှပ်စစ်ဓါတ်အားပေးဝေမှုကို ရပ်တန့်ခြင်းအပါအဝင် ယူကရိန်းအပေါ် တုန့်ပြန်ရန်အစီအစဥ်များကိုသူ့အစိုးရက အကဲဖြတ်...

မြန်မာနိုင်ငံမှ ပထမဆုံးဝင်ရောက်ယှဥ်ပြိုင်မည့် Professional Boxing...

မြန်မာနိုင်ငံဘောက်ဆင်သမိုင်းတလျှောက်တွင် WBC,OPBFနှင့် JBCမှကျင်းပသောနိုင်ငံတကာ Professional Boxing ပြိုင်ပွဲများတွင် ပထမဆုံးအကြိမ်အဖြစ် မြန်မာကစားသမား(၃)ဦးဝင်ရောက်ယှဥ်ပြိုင်သွားမည်ဖြစ်ကြောင်း Myanmar Boxing Commission(MBC)ထံမှ သိရသည်။ ဂျပန်နိုင်ငံ၊ အိုဆာကာမြို့၌...

နိုင်ငံဝန်ထမ်း (၄,၀၀၀)ခန့် ပါဝင်သည့် ဒီဇင်ဘာ...

နိုင်ငံ့ဝန်ထမ်းပေါင်း (၄,၀၀၀)ခန့် ပါဝင်သည့် ၂၀၂၄ ခုနှစ် ဒီဇင်ဘာ လူထုအားကစားလှုပ်ရှားမှု အထိမ်းအမှတ် စုပေါင်းလမ်းလျှောက်ပွဲကို ယနေ့ ဒီဇင်ဘာ (၂၈)ရက် ၊...

မြန်မာ့လက်ရွေးစင် အမျိုးသမီးအသင်းစာရင်းတွင် မေထက်လူကို ရွေးချယ်ခေါ်ယူထား

နိုင်ငံတကာပွဲများ ဝင်ရောက်ယှဉ်ပြိုင်မည့် မြန်မာ့လက်ရွေးစင်အမျိုးသမီးအသင်းတွင် အမေရိကန် ကောလိပ်ဘောလုံးအသင်းအဆင့်၌ ကစားနေသည့် မေထက်လူကို ရွေးချယ်ခေါ်ယူထားသည်ကို တွေ့ရသည်။ အမျိုးသမီးလက်ရွေးစင်ဘောလုံးအသင်း၏ လေ့ကျင့်ပြင်ဆင်နေသည့် ဓာတ်ပုံများကို မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်က အသိပေးထုတ်စဉ်...
HomeNewsLocal Newsဗဟိုဘဏ်မှ ထိုင်းဘတ်နှင့်ယွမ်များ ထုတ်ရောင်းပေးခဲ့

ဗဟိုဘဏ်မှ ထိုင်းဘတ်နှင့်ယွမ်များ ထုတ်ရောင်းပေးခဲ့

သွင်းကုန်လုပ်ငန်းရှင်များအတွက် ဗဟိုဘဏ်မှ ထိုင်းဘတ်နှင့်ယွမ်များကို ဒီဇင်ဘာလ ၂၆ ရက် (ယမန်နေ့)တွင် ထုတ်ရောင်းပေးခဲ့ကြောင်း ထုတ်ပြန်ထားသည့် စာရင်းများအရ သိရသည်။

ယမန်နေ့တွင် ဗဟိုဘဏ်မှ ထိုင်းဘတ် ၄ ဒသမ ၇၂၅ သန်းနှင့် တရုတ်ယွမ် ၅ သိန်း ထပ်မံထုတ်ရောင်းပေးခဲ့ပြီး ယခုထပ်မံထုတ်ရောင်းပေးမှုအပါအဝင် ဒီဇင်ဘာ ၂၆ ရက်အထိ သုံးပတ်ကျော်အတွင်း ဗဟိုဘဏ်မှဒေါ်လာ ၁၃၉ သန်းခွဲကျော်၊ ထိုင်းဘတ် ၃၂၀ ဒသမ ၅၃၉ သန်းနှင့် တရုတ်ယွမ် ၁၀ ဒသမ ၉၃၄ သန်းအထိ ထုတ်ရောင်းပေးထားကြောင်း သိရသည်။

ဗဟိုဘဏ်မှ နိုင်ငံခြားငွေဈေးနှုန်း မြင့်တက်မှုမရှိစေရန် ဒေါ်လာ၊ ထိုင်းဘတ်နှင့် တရုတ်ယွမ်များကို ဆက်တိုက်ထုတ်ရောင်းပေးလျက်ရှိရာ ပြင်ပငွေကြေးဈေးကွက်တွင်လည်း နိုင်ငံခြားငွေလဲလှယ်နှုန်း ဈေးငြိမ်နေကြောင်း သိရသည်။

ဗဟိုဘဏ်အနေဖြင့် ပြီးခဲ့သည့် ဩဂုတ်လ ၁ ရက်မှ နိုဝင်ဘာလ ၂၉ ရက်အထိ လေးလအတွင်း ဒေါ်လာ ၃၃၅ သန်းကျော်၊ ထိုင်းဘတ် ၁ ဒသမ ၂၇၄ ဘီလီယံကျော်နှင့် တရုတ်ယွမ် ၅၆ သန်းခန့်အထိ ထုတ်ရောင်းပေးထားသလို ယခုဘဏ္ဍာနှစ်၏ ခုနှစ်လအတွင်း စက်သုံးဆီ၊ စားသုံးဆီနှင့် သွင်းကုန်လုပ်ငန်းရှင်များအတွက် ဒေါ်လာတစ်ဘီလီယံကိုလည်း သီးသန့်ထုတ်ရောင်းပေးထားကြောင်း ဗဟိုဘဏ်ထုတ်ပြန်ချက်အရ သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ရုရှားဓါတ်ငွေ့ပေးပို့မှုကိုရပ်လျှင်ယူကရိန်းကိုဓါတ်အားဖြတ်မည်–ဆလိုဗက်

ဇန်နဝါရီ ၁ ရက်နောက်ပိုင်းတွင် ဆလိုဗက်သို့ ရုရှားဓါတ်ငွေ့ တဆင့်ခံပေးပို့နေမှုအား ယူကရိန်းက ရပ်ဆိုင်းခဲ့မည်ဆိုပါက လျှပ်စစ်ဓါတ်အားပေးဝေမှုကို ရပ်တန့်ခြင်းအပါအဝင် ယူကရိန်းအပေါ် တုန့်ပြန်ရန်အစီအစဥ်များကိုသူ့အစိုးရက အကဲဖြတ် သုံးသပ်သွားမည်ဟု ဆလိုဗက်ဝန်ကြီးချုပ် ရောဘတ်ဖီကိုက ဒီဇင်ဘာ ၂၇ ရက်တွင် ကြေညာခဲ့သည်။ “ဇန်နဝါရီ ၁ ရက်နောက်ပိုင်းမှာ ယူကရိန်းအပေါ် တုန့် ပြန်မယ့်အစီအမံတွေနဲ့ အခြေအနေ တွေကို အကဲဖြတ်သွားမှာပါ” ဟု ဗီဒီယိုမိန့်ခွန်းတွင် ဖီကိုက ပြောဆိုခဲ့သည်။ ရှောင်လွှဲ၍မရပါက ဓါတ်အားစနစ် ချို့ယွင်းနေသောကာလအတွင်း ယူကရိန်းလိုအပ်နေသော ဓါတ်အားပေးဝေမှုကို ရပ်တန့်သွားမည်ဟု သူက ပြောဆိုခဲ့ပြီး...

မြန်မာနိုင်ငံမှ ပထမဆုံးဝင်ရောက်ယှဥ်ပြိုင်မည့် Professional Boxing ပြိုင်ပွဲကြီး

မြန်မာနိုင်ငံဘောက်ဆင်သမိုင်းတလျှောက်တွင် WBC,OPBFနှင့် JBCမှကျင်းပသောနိုင်ငံတကာ Professional Boxing ပြိုင်ပွဲများတွင် ပထမဆုံးအကြိမ်အဖြစ် မြန်မာကစားသမား(၃)ဦးဝင်ရောက်ယှဥ်ပြိုင်သွားမည်ဖြစ်ကြောင်း Myanmar Boxing Commission(MBC)ထံမှ သိရသည်။ ဂျပန်နိုင်ငံ၊ အိုဆာကာမြို့၌ ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီ ၂၀ ရက်တွင်ကျင်းပမည့် Professional Boxing ပြိုင်ပွဲသို့ MBC မှမျက်နှာသစ်ကစားသမားများဖြစ်သည့် နိုင်လတ်မှ (၅၉)ကီလို၊ နော်ဖုန်းမှ (၅၂ ဒသမ ၁)ကီလိုနှင့် စောလင်းအောင်မှ (၅၃)ကီလိုတို့တွင် ဝင်ရောက်ယှဥ်ပြိုင်သွားမည်ဖြစ်သည်။ အဆိုပါ Boxing ကစားသမား(၃)ဦးအား ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီ ၆ ရက်မှစတင်၍...

နိုင်ငံဝန်ထမ်း (၄,၀၀၀)ခန့် ပါဝင်သည့် ဒီဇင်ဘာ လူထုအားကစားလှုပ်ရှားမှု စုပေါင်းလမ်း လျှောက်ပွဲကျင်းပ

နိုင်ငံ့ဝန်ထမ်းပေါင်း (၄,၀၀၀)ခန့် ပါဝင်သည့် ၂၀၂၄ ခုနှစ် ဒီဇင်ဘာ လူထုအားကစားလှုပ်ရှားမှု အထိမ်းအမှတ် စုပေါင်းလမ်းလျှောက်ပွဲကို ယနေ့ ဒီဇင်ဘာ (၂၈)ရက် ၊ နံနက်အစောပိုင်းအချိန်၌ နေပြည်တော်၊ ဝဏ္ဏသိဒ္ဓိအားကစားကွင်း၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။ အဆိုပါ စုပေါင်းလမ်းလျှောက်ပွဲသို့ ဗဟိုအဆင့်အဖွဲ့အစည်းများ၊ ပြည်ထောင်စုဝန်ကြီးများ၊ ဒုတိယဝန်ကြီးများ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ ဝန်ထမ်းများနှင့် ဝန်ထမ်းမိသားစုဝင်များ ပါဝင်ဆင်နွှဲခဲ့ကြကြောင်း သိရသည်။ စုပေါင်းလမ်းလျှောက်ပွဲပြုလုပ်ရခြင်းသည် လူတစ်ဦးချင်းမှအစပြု၍ တစ်မျိုးသားလုံး ကျန်းမာကြံ့ခိုင်စေရန် ရည်ရွယ် ၍ ပြုလုပ်ခြင်းဖြစ်ပြီး၊ လမ်းလျှောက်ပွဲအား မြန်မာနိုင်ငံအို လံပစ်ကော်မတီ ဥက္ကဋ္ဌ အားကစားနှင့်လူငယ်ရေးရာ ဝန်ကြီး...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071