Sunday, December 29, 2024

ရုရှားဓါတ်ငွေ့ပေးပို့မှုကိုရပ်လျှင်ယူကရိန်းကိုဓါတ်အားဖြတ်မည်–ဆလိုဗက်

ဇန်နဝါရီ ၁ ရက်နောက်ပိုင်းတွင် ဆလိုဗက်သို့ ရုရှားဓါတ်ငွေ့ တဆင့်ခံပေးပို့နေမှုအား ယူကရိန်းက ရပ်ဆိုင်းခဲ့မည်ဆိုပါက လျှပ်စစ်ဓါတ်အားပေးဝေမှုကို ရပ်တန့်ခြင်းအပါအဝင် ယူကရိန်းအပေါ် တုန့်ပြန်ရန်အစီအစဥ်များကိုသူ့အစိုးရက အကဲဖြတ်...

မြန်မာနိုင်ငံမှ ပထမဆုံးဝင်ရောက်ယှဥ်ပြိုင်မည့် Professional Boxing...

မြန်မာနိုင်ငံဘောက်ဆင်သမိုင်းတလျှောက်တွင် WBC,OPBFနှင့် JBCမှကျင်းပသောနိုင်ငံတကာ Professional Boxing ပြိုင်ပွဲများတွင် ပထမဆုံးအကြိမ်အဖြစ် မြန်မာကစားသမား(၃)ဦးဝင်ရောက်ယှဥ်ပြိုင်သွားမည်ဖြစ်ကြောင်း Myanmar Boxing Commission(MBC)ထံမှ သိရသည်။ ဂျပန်နိုင်ငံ၊ အိုဆာကာမြို့၌...

နိုင်ငံဝန်ထမ်း (၄,၀၀၀)ခန့် ပါဝင်သည့် ဒီဇင်ဘာ...

နိုင်ငံ့ဝန်ထမ်းပေါင်း (၄,၀၀၀)ခန့် ပါဝင်သည့် ၂၀၂၄ ခုနှစ် ဒီဇင်ဘာ လူထုအားကစားလှုပ်ရှားမှု အထိမ်းအမှတ် စုပေါင်းလမ်းလျှောက်ပွဲကို ယနေ့ ဒီဇင်ဘာ (၂၈)ရက် ၊...

မြန်မာ့လက်ရွေးစင် အမျိုးသမီးအသင်းစာရင်းတွင် မေထက်လူကို ရွေးချယ်ခေါ်ယူထား

နိုင်ငံတကာပွဲများ ဝင်ရောက်ယှဉ်ပြိုင်မည့် မြန်မာ့လက်ရွေးစင်အမျိုးသမီးအသင်းတွင် အမေရိကန် ကောလိပ်ဘောလုံးအသင်းအဆင့်၌ ကစားနေသည့် မေထက်လူကို ရွေးချယ်ခေါ်ယူထားသည်ကို တွေ့ရသည်။ အမျိုးသမီးလက်ရွေးစင်ဘောလုံးအသင်း၏ လေ့ကျင့်ပြင်ဆင်နေသည့် ဓာတ်ပုံများကို မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်က အသိပေးထုတ်စဉ်...
HomeInternationalထိုင်းရဲက စင်္ကာပူအခြေစိုက် လိမ်လည်မှုကွန်ရက်အသစ်ကိုဖော်ထုတ်နိုင်ခဲ့

ထိုင်းရဲက စင်္ကာပူအခြေစိုက် လိမ်လည်မှုကွန်ရက်အသစ်ကိုဖော်ထုတ်နိုင်ခဲ့

ဘန်ကောက်၊ဒီဇင်ဘာ ၂၇

ထိုင်းနည်းပညာရဲတပ်ဖွဲ့သည် နယ်မြေပြောင်းလှုပ်ရှားနေသည့် စင်္ကာပူအခြေစိုက် လိမ်လည်မှုကွန်ရက်အသစ်တစ်ခုကို ဖော်‌ထုတ်တွေ့ရှိခဲ့ကြောင်းသိရသည်။

အဆိုပါလုပ်ငန်းများသည် ပုံမှန်အားဖြင့် ကမ္ဘောဒီးယားအခြေစိုက် လုပ်ငန်းများသာဖြစ်ကြပြီး စင်္ကာပူအခြေစိုက်သည်မှာရှားပါးသည်။ယခုဖော်ထုတ်တွေ့ရှိမှုသည် အသက် ၁၉ နှစ်အရွယ် တရုတ်နိုင်ငံသားတစ်ဦးနှင့်၎င်း၏ချစ်သူမိန်းကလေးကို ဘန်ကောက်၌ဖမ်းမိရာမှ ကွင်းဆက်ရခဲ့ခြင်းဖြစ်သည်။

ကမ္ဘောဒီးယား၊မြန်မာနှင့်လာအိုကဲ့သို့ အိမ်နီးချင်းနိုင်ငံများအစား လိမ်လည်သူများသည် စင်ကာပူမှတစ်ဆင့် ၎င်းတို့၏ လိမ်လည်ရာတွင်သုံးသည့်ဖုန်းများကို လမ်းကြောင်းပြောင်းနေခြင်းဖြစ်ကြောင်း နည်းပညာမှုခင်းနှိမ်နင်းရေးဌာနကဖော်ပြခဲ့သည်။

ဤသို့နည်းဗျူဟာပြောင်းလဲလိုက်မှုသည် ခြေရာခံအချက်ပြမှုဇစ်မြစ်ကို တရားဥပဒေစိုးမိုးရေးအတွက် စိန်ခေါ်မှုကို အတော်ပင်ကြီးမားစေခဲ့သည်။

အယုဒ္ဓယပြည်နယ်မှ လူတစ်ဦးသည် လိမ်လည်သူများကြောင့် ဘတ် ၁၀,၆၀၀ ဆုံးရှုံးခဲ့ကြောင်း သတင်းပို့ပြီးနောက် စုံစမ်းစစ်ဆေးမှုစတင်ခဲ့ကာ ရဲများသည် စစ်ဆင်ရေးကို တစ်လကြာခြေရာခံခဲ့ပြီး အဝေးထိန်းစနစ်ဖြင့်စောင့်ကြည့်ရာ စီစီတီဗွီကင်မရာများ တပ်ဆင်ထားသော ရုံးခန်းတစ်ခုကိုရှာဖွေတွေ့ရှိခဲ့သည်ဟုလည်းသိရသည်။

Source : Khasod English

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ရုရှားဓါတ်ငွေ့ပေးပို့မှုကိုရပ်လျှင်ယူကရိန်းကိုဓါတ်အားဖြတ်မည်–ဆလိုဗက်

ဇန်နဝါရီ ၁ ရက်နောက်ပိုင်းတွင် ဆလိုဗက်သို့ ရုရှားဓါတ်ငွေ့ တဆင့်ခံပေးပို့နေမှုအား ယူကရိန်းက ရပ်ဆိုင်းခဲ့မည်ဆိုပါက လျှပ်စစ်ဓါတ်အားပေးဝေမှုကို ရပ်တန့်ခြင်းအပါအဝင် ယူကရိန်းအပေါ် တုန့်ပြန်ရန်အစီအစဥ်များကိုသူ့အစိုးရက အကဲဖြတ် သုံးသပ်သွားမည်ဟု ဆလိုဗက်ဝန်ကြီးချုပ် ရောဘတ်ဖီကိုက ဒီဇင်ဘာ ၂၇ ရက်တွင် ကြေညာခဲ့သည်။ “ဇန်နဝါရီ ၁ ရက်နောက်ပိုင်းမှာ ယူကရိန်းအပေါ် တုန့် ပြန်မယ့်အစီအမံတွေနဲ့ အခြေအနေ တွေကို အကဲဖြတ်သွားမှာပါ” ဟု ဗီဒီယိုမိန့်ခွန်းတွင် ဖီကိုက ပြောဆိုခဲ့သည်။ ရှောင်လွှဲ၍မရပါက ဓါတ်အားစနစ် ချို့ယွင်းနေသောကာလအတွင်း ယူကရိန်းလိုအပ်နေသော ဓါတ်အားပေးဝေမှုကို ရပ်တန့်သွားမည်ဟု သူက ပြောဆိုခဲ့ပြီး...

မြန်မာနိုင်ငံမှ ပထမဆုံးဝင်ရောက်ယှဥ်ပြိုင်မည့် Professional Boxing ပြိုင်ပွဲကြီး

မြန်မာနိုင်ငံဘောက်ဆင်သမိုင်းတလျှောက်တွင် WBC,OPBFနှင့် JBCမှကျင်းပသောနိုင်ငံတကာ Professional Boxing ပြိုင်ပွဲများတွင် ပထမဆုံးအကြိမ်အဖြစ် မြန်မာကစားသမား(၃)ဦးဝင်ရောက်ယှဥ်ပြိုင်သွားမည်ဖြစ်ကြောင်း Myanmar Boxing Commission(MBC)ထံမှ သိရသည်။ ဂျပန်နိုင်ငံ၊ အိုဆာကာမြို့၌ ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီ ၂၀ ရက်တွင်ကျင်းပမည့် Professional Boxing ပြိုင်ပွဲသို့ MBC မှမျက်နှာသစ်ကစားသမားများဖြစ်သည့် နိုင်လတ်မှ (၅၉)ကီလို၊ နော်ဖုန်းမှ (၅၂ ဒသမ ၁)ကီလိုနှင့် စောလင်းအောင်မှ (၅၃)ကီလိုတို့တွင် ဝင်ရောက်ယှဥ်ပြိုင်သွားမည်ဖြစ်သည်။ အဆိုပါ Boxing ကစားသမား(၃)ဦးအား ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီ ၆ ရက်မှစတင်၍...

နိုင်ငံဝန်ထမ်း (၄,၀၀၀)ခန့် ပါဝင်သည့် ဒီဇင်ဘာ လူထုအားကစားလှုပ်ရှားမှု စုပေါင်းလမ်း လျှောက်ပွဲကျင်းပ

နိုင်ငံ့ဝန်ထမ်းပေါင်း (၄,၀၀၀)ခန့် ပါဝင်သည့် ၂၀၂၄ ခုနှစ် ဒီဇင်ဘာ လူထုအားကစားလှုပ်ရှားမှု အထိမ်းအမှတ် စုပေါင်းလမ်းလျှောက်ပွဲကို ယနေ့ ဒီဇင်ဘာ (၂၈)ရက် ၊ နံနက်အစောပိုင်းအချိန်၌ နေပြည်တော်၊ ဝဏ္ဏသိဒ္ဓိအားကစားကွင်း၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။ အဆိုပါ စုပေါင်းလမ်းလျှောက်ပွဲသို့ ဗဟိုအဆင့်အဖွဲ့အစည်းများ၊ ပြည်ထောင်စုဝန်ကြီးများ၊ ဒုတိယဝန်ကြီးများ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ ဝန်ထမ်းများနှင့် ဝန်ထမ်းမိသားစုဝင်များ ပါဝင်ဆင်နွှဲခဲ့ကြကြောင်း သိရသည်။ စုပေါင်းလမ်းလျှောက်ပွဲပြုလုပ်ရခြင်းသည် လူတစ်ဦးချင်းမှအစပြု၍ တစ်မျိုးသားလုံး ကျန်းမာကြံ့ခိုင်စေရန် ရည်ရွယ် ၍ ပြုလုပ်ခြင်းဖြစ်ပြီး၊ လမ်းလျှောက်ပွဲအား မြန်မာနိုင်ငံအို လံပစ်ကော်မတီ ဥက္ကဋ္ဌ အားကစားနှင့်လူငယ်ရေးရာ ဝန်ကြီး...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071