Sunday, December 29, 2024

၂၀၂၅ ခုနှစ်အတွက် ကားတင်သွင်းခွင့် သတ်မှတ်ချက်ထုတ်ပြန်

၂ဝ၂၅ ခုနှစ်အတွက် ပြည်ပမှမော်တော်ယာဉ်တင်သွင်းခြင်းတွင်ထုတ်လုပ်သည့်ခုနှစ် သတ်မှတ်ချက်ကို စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည်။ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနသည် ပို့ကုန်သွင်းကုန်ဥပဒေပုဒ်မ (၁၃) ပုဒ်မခွဲ (ခ) အရ အပ်နှင်းထားသော...

ဗန်းမော်မြို့ စစ်ရှောင်များအတွက် ရွှေကူမြို့တွင် ယာယီခိုလှုံမည့်...

ဗန်းမော်မြို့ စစ်ရှောင်များအတွက် ရွှေကူမြို့တွင် ယာယီခိုလှုံမည့် နေရာ (၄)နေရာကို ရွှေကူမြို့နယ်လုံးဆိုင်ရာ နာရေးကူညီမှုအသင်းက စီစဉ်ပေးထားထားကြောင်း ဒေသခံသတင်းရင်းမြစ်တစ်ဦးထံက သိရသည်။ ထို့ပြင် ယာယီခိုလှုံနေထိုင်သူများအတွက် တစ်ရက်လျှင်...

မုံရွာမြို့နယ် ကျေးရွာအုပ်စု (၃၂)အုပ်စုတွင် ကြက်သွန်ဧက...

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့နယ် ၊ ကျေးရွာအုပ်စု (၃၂) အုပ်စုတွင် ကြက်သွန်ဧက (၇၆၅၀)ကျော်စိုက်ပျိုးထားကြောင်း သိရသည်။ ထွက်နှုန်းကောင်းလျင် ကောင်းသလောက် တစ်ဧကလျင် ကြက်သွန်ပိသာ (၇၀၀၀)ကျော်မှ...

တောင်ကိုရီးယားလေယာဉ်ပျ-က်ကျမှုတွင်နှစ်ဦးမှလွဲ၍အားလုံး‌ေ-သဆုံး

တောင်ကိုရီးယားနိုင်ငံ Muan နိုင်ငံတကာလေဆိပ်သို့ အဆင်းတွင် ပြေးလမ်းကျော်သွားကာ အတားအဆီးနံရံနှင့် ဝင်တိုက်မိခဲ့သော ခရီးသည်တင်လေယာဉ်ပေါ် လိုက်ပါခဲ့သူ ၁၈၁ ဦးအနက် ကယ်ထုတ်ထားနိုင်သည့် နှစ်ဦးမှ...
HomeNewsLocal Newsမြဝတီနှင့် တာချီလိတ်နယ်စပ်ဒေသများတွင် MACCS...

မြဝတီနှင့် တာချီလိတ်နယ်စပ်ဒေသများတွင် MACCS Online Payment System ကျင့်သုံးမည်

လာမည့် ၂၀၂၅ ခုနှစ် ဇန်နဝါရီ (၁) ရက်မှ စတင်၍ မြဝတီနှင့် တာချီလိတ် နယ်စပ်ဒေသများတွင် MACCS Online Payment System ကျင့်သုံးမည်ဖြစ်ကြောင်း အကောက်ခွန်ဦးစီးဌာနမှ ထုတ်ပြန်ထားသည်။

Online အကောက်ခွန်ဦးစီးဌာနအနေဖြင့် ကုန်ပစ္စည်းရှင်းလင်းထုတ်ယူသည့် လုပ်ငန်းစဉ်များအတွက် အခွန်ငွေပေးဆောင်ရာတွင် လက်ရှိဆောင်ရွက်လျက်ရှိသည့် Deposit Payment ၊ Direct Payment တို့အပြင် Mobile banking ၊ Internet Banking တို့မှတဆင့် Online Payment ဖြင့် အခွန်ငွေပေးဆောင်နိုင်ရန်အတွက် AYA Bank ၊ KBZ Bank ၊ CB Bank တို့နှင့် ပူးပေါင်းပြီး MACCS Online Payment System အား ၂၀၂၃ ခုနှစ် မေလ ၂၃ ရက်မှစတင်၍ သီလဝါ အထူးစီးပွားရေးဇုန်အပါအဝင် ရန်ကုန်ဧရိယာ၌ အသုံးပြုဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။

ယခုအခါ MACCS Online Payment System အား မြဝတီ (H)နှင့် တာချီလိတ်(N2) နယ်စပ်ဒေသများတွင် ဇန်နဝါရီ (၁) ရက်မှစတင်၍ အသုံးပြုသွားမည်ဖြစ်ကြောင်း အသိပေးထားသည်။

MACCS Online Payment System တွင် မိမိတို့၏ Mobile banking ၊ Internet Banking များမှတဆင့် Payment Statement Information ရရှိပြီးသည့် Import / Export Declaration No. များအား ကျသင့်အခွန်ငွေ တိုက်ရိုက်ပေးဆောင်ခြင်း(Direct Payment)နှင့် MACCS စနစ်ရှိ Deposit Account ထဲသို့ ငွေထပ်မံဖြည့်တင်းခြင်း(Deposit Addition Only) လုပ်ငန်းစဉ်များ ဆောင်ရွက်နိုင်မည်ဖြစ်သည်။

MACCS Online Payment System အသုံးပြုမှုနှင့်ပတ်သက်၍ အခက်အခဲ တစ်စုံတရာရှိပါက Help Desk Section ဖုန်းနံပါတ်- ၀၁-၃၇၉၄၂၉ (ရုံးချိန်အတွင်း)နှင့် သက်ဆိုင်ရာ ပုဂ္ဂလိကဘဏ် (AYA Bank ဖုန်းနံပါတ် ၀၁-၂၃၁၇၇၇၇ ၊ KBZ Bank ဖုန်းနံပါတ် ၀၉-၉၅၁၀၁၈၅၅၅ ၊ KBZ Pay Call Center ဖုန်းနံပါတ် ၃၂၁၁ ၊ CB Bank ဖုန်းနံပါတ် ၀၁- ၂၃၁၇၇၇၀)များသို့ ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ကြောင်း အသိပေးကြေညာထားသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

၂၀၂၅ ခုနှစ်အတွက် ကားတင်သွင်းခွင့် သတ်မှတ်ချက်ထုတ်ပြန်

၂ဝ၂၅ ခုနှစ်အတွက် ပြည်ပမှမော်တော်ယာဉ်တင်သွင်းခြင်းတွင်ထုတ်လုပ်သည့်ခုနှစ် သတ်မှတ်ချက်ကို စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည်။ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနသည် ပို့ကုန်သွင်းကုန်ဥပဒေပုဒ်မ (၁၃) ပုဒ်မခွဲ (ခ) အရ အပ်နှင်းထားသော လုပ်ပိုင်ခွင့်ကို ကျင့်သုံး၍ ဤအမိန့်ကြော်ငြာစာကို ထုတ်ပြန်လိုက်ခြင်းဖြစ်ကြောင်း သိရသည်။ ၂၀၂၅ ခုနှစ်အတွက် ပြည်ပမှမော်တော်ယာဉ်တင်သွင်းခြင်းတွင် ထုတ်လုပ်သည့် ခုနှစ်အား လူစီးမော်တော်ယာဉ်များကို ၂၀၂၄ ခုနှစ်မှ ၂ဝ၂၅ ခုနှစ်အထိ လုပ်ငန်းသုံးယာဉ်များ (ကုန်တင်ယာဉ်/ ခရီးသည်တင်ယာဉ်) ၂၀၂၁ ခုနှစ်မှ ၂၀၂၅ ခုနှစ်အထိ၊ မီးသတ်ယာဉ်/ လူနာတင်ယာဉ်ကို ၂၀၁၆ ခုနှစ်မှ ၂၀၂၅...

ဗန်းမော်မြို့ စစ်ရှောင်များအတွက် ရွှေကူမြို့တွင် ယာယီခိုလှုံမည့် နေရာ (၄)နေရာ စီစဉ်ပေးထား

ဗန်းမော်မြို့ စစ်ရှောင်များအတွက် ရွှေကူမြို့တွင် ယာယီခိုလှုံမည့် နေရာ (၄)နေရာကို ရွှေကူမြို့နယ်လုံးဆိုင်ရာ နာရေးကူညီမှုအသင်းက စီစဉ်ပေးထားထားကြောင်း ဒေသခံသတင်းရင်းမြစ်တစ်ဦးထံက သိရသည်။ ထို့ပြင် ယာယီခိုလှုံနေထိုင်သူများအတွက် တစ်ရက်လျှင် နံနက်၊ နေ့လယ်၊ ည (၃)နပ် ကျွေးမွေးလျက်ရှိကြောင်းသိရသည်။ "စစ်ဘေးရှောင်တွေကို နေစရာနေရာ ထိုင်ခင်းများအသင့်စီစဉ်ကူညီပေး‌နေပါတယ်။ ရွှေကူမှာနေထိုင်တည်းခိုလိုသူတွေအတွက်လည်း နေရာလေးနေရာခွဲပြီးနေရာချထားပေးပါတယ်။ စား‌စရာအတွက်လဲ အလှူငွေလက်ကျန်ရှိတဲ့ အချိန်ထိကျွေးမွေးသွားမှာပါ"ဟု ဆိုသည်။ တိုက်ပွဲများဖြစ်ပွားနေသည့် ဗန်းမော်မြို့မှ စစ်ရှောင်လိုသူများအနေဖြင့် ရွှေကူမြို့အထိ မိမိအစီအစဉ်ဖြင့်လာရောက်ရမည်ဖြစ်ကာ ရွှေကူမြို့တွင် အသင့်နေထိုင် စားသောက်နိုင်ရန်စီစဉ်ပေးထားခြင်းဖြစ်သည်ဟု သိရသည်။ ယင်းအပြင် ရွှေကူမြို့မှ မန္တလေးမြို့သို့ ထပ်မံတိမ်းရှောင်လိုသူများကိုလည်း ‌ဒေသခံပရဟိတ ယာဉ်များဖြင့်...

မုံရွာမြို့နယ် ကျေးရွာအုပ်စု (၃၂)အုပ်စုတွင် ကြက်သွန်ဧက (၇၆၅၀) ကျော်စိုက်ပျိုးထား

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့နယ် ၊ ကျေးရွာအုပ်စု (၃၂) အုပ်စုတွင် ကြက်သွန်ဧက (၇၆၅၀)ကျော်စိုက်ပျိုးထားကြောင်း သိရသည်။ ထွက်နှုန်းကောင်းလျင် ကောင်းသလောက် တစ်ဧကလျင် ကြက်သွန်ပိသာ (၇၀၀၀)ကျော်မှ ပိသာ (၁၀၀၀၀)ကျော်အထိထွက်သလို ကြက်သွန်ထွက်ချိန် စျေးကောင်းရင်ကောင်းသလောက်အဆင်ပြေသည့်အတွက် ကြက်သွန်စိုက်သည်ကိုတောင်သူများ ပိုမိုစိတ်ပါဝင်စားကြကြောင်း သိရသည်။ ကြက်သွန်စိုက်ရာတွင် ကိုယ်ပိုင်မြေ၊ အငှားမြေတို့တွင်စိုက်ပျိုးကြပြီး အလုပ်သမားခအပါအဝင် အထွေထွေကုန်ကျ စရိတ်ကျပ်သိန်း (၃၀) ကျော်ရှိသည့်အတွက် ကြက်သွန်ထွက်ချိန်တွင် စျေးကောင်းရရန်တောင်သူများ မျှော်လင့်နေကြကြောင်း သိရသည်။ မုံရွာမြို့နယ်တွင် ရွှေဖလားထိပ်မောက်မျိုးကို အများအပြားစိုက်ပျိုးကြပြီး ကြက်သွန်ပျိုးရာတွင် အချိန်(၁)လခွဲခန့်ကြပြီး စိုက်လျင် (၄)လခန့်ကြာကြောင်း သိရသည်။ ကြက်သွန်စိုက်လျင် လုပ်အားခအနေဖြင့်...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071