Monday, December 30, 2024

နိုင်ငံရေးအရဖြေရှင်းရန် အသင့်ရှိကြောင်း AA ဘက်က...

ရခိုင်ပြည်နယ်အတွင်း (၁) နှစ်ကျော်ကြာ တိုက်ပွဲပြင်းထန်ခဲ့ပြီး မြို့နယ်ပေါင်း (၁၄) မြို့နယ် ထိန်းချုပ်ပြီးနောက် နိုင်ငံရေးအရဖြေရှင်းမည်ဟု ရခိုင်လက်နက်ကိုင်အဖွဲ့တစ်ခုဖြစ်သည့် AA က ထုတ်ပြန်လာသည်။ ၂၀၂၃...

ကိုရီးယား‌ရောက် မြန်မာနိုင်ငံသားများ၏ ပတ်စ်ပို့ဆိုင်ရာကိစ္စရပ်များအတွက် Glow...

ကိုရီးယား‌ရောက် မြန်မာနိုင်ငံသားများ၏ ပတ်စ်ပို့ဆိုင်ရာကိစ္စရပ်များအတွက် Glow Mate Application ကို ပြောင်းလဲအသုံးပြုသွားမည်ဖြစ်ကြောင်း ဆိုးလ်မြို့ရှိ ကိုရီးယားနိုင်ငံဆိုင်ရာ မြန်မာသံရုံးက ထုတ်ပြန်အသိပေးထားသည်။ ပြီးခဲ့သည့် ဇူလိုင်လ...

၂၀၂၅ ခုနှစ်အတွက် ကားတင်သွင်းခွင့် သတ်မှတ်ချက်ထုတ်ပြန်

၂ဝ၂၅ ခုနှစ်အတွက် ပြည်ပမှမော်တော်ယာဉ်တင်သွင်းခြင်းတွင်ထုတ်လုပ်သည့်ခုနှစ် သတ်မှတ်ချက်ကို စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည်။ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနသည် ပို့ကုန်သွင်းကုန်ဥပဒေပုဒ်မ (၁၃) ပုဒ်မခွဲ (ခ) အရ အပ်နှင်းထားသော...

ဗန်းမော်မြို့ စစ်ရှောင်များအတွက် ရွှေကူမြို့တွင် ယာယီခိုလှုံမည့်...

ဗန်းမော်မြို့ စစ်ရှောင်များအတွက် ရွှေကူမြို့တွင် ယာယီခိုလှုံမည့် နေရာ (၄)နေရာကို ရွှေကူမြို့နယ်လုံးဆိုင်ရာ နာရေးကူညီမှုအသင်းက စီစဉ်ပေးထားထားကြောင်း ဒေသခံသတင်းရင်းမြစ်တစ်ဦးထံက သိရသည်။ ထို့ပြင် ယာယီခိုလှုံနေထိုင်သူများအတွက် တစ်ရက်လျှင်...
HomeNewsLocal Newsမဲခေါင်မြစ်ကြောင်းတစ်လျှောက် တရားဥပဒေစိုးမိုးရေးနှင့်လုံခြုံရေးဆိုင်ရာပူးပေါင်းဆောင်ရွက်မှုများကို မြန်မာအပါအဝင်(၄)နိုင်ငံဆွေးနွေး

မဲခေါင်မြစ်ကြောင်းတစ်လျှောက် တရားဥပဒေစိုးမိုးရေးနှင့်လုံခြုံရေးဆိုင်ရာပူးပေါင်းဆောင်ရွက်မှုများကို မြန်မာအပါအဝင်(၄)နိုင်ငံဆွေးနွေး

မဲခေါင်မြစ်ကြောင်းတစ်လျှောက် တရားဥပဒေစိုးမိုးရေးနှင့်လုံခြုံရေးဆိုင်ရာပူးပေါင်းဆောင်ရွက်မှုများကို မြန်မာ၊ တရုတ်၊ လာအို၊ ထိုင်းနိုင်ငံတို့ ဒီဇင်ဘာ ၂၇ ရက်နံနက်ပိုင်းက ရန်ကုန်မြို့၌ ဆွေးနွေးခဲ့ကြသည်။

အဆိုပါ (၄)နိုင်ငံမှအဆင့်မြင့်ကိုယ်စားလှယ်အရာရှိများက နှစ်ပတ်လည်အကျဉ်းချုပ်အစည်း အဝေး(၂၀၂၄)တွင် မဲခေါင်မြစ်ကြောင်းတစ်လျှောက် တရားဥပဒေစိုးမိုးရေးနှင့် လုံခြုံရေးဆိုင်ရာပူးပေါင်းဆောင်ရွက်မှုများ၊ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးလုပ်ငန်းများပိုမိုပူးပေါင်းဆောင်ရွက်ရေး၊ မဲခေါင်မြစ်ဝှမ်းဒေသနေ ပြည်သူများ၏စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုဖော်ဆောင်ရေးတို့အားဆွေးနွေးခဲ့ကြသည်။

ထို့ပြင် မြန်မာ၊ တရုတ်၊ လာအို၊ ထိုင်း(၄)နိုင်ငံ တရားဥပဒေစိုးမိုးရေးနှင့်ပူးပေါင်းကင်းလှည့်ရေး ဆိုင်ရာ နှစ်ပတ်လည်အကျဉ်းချုပ်အစည်းအဝေး(၂၀၂၄)ဖွင့်ပွဲကိုလည်းကျင်းပခဲ့ကြပြီး ရေကြောင်းရဲတပ်ဖွဲ့မှူး ရဲမှူးချုပ်နေမိုးသက်က ကြိုဆိုနှုတ်ခွန်းဆက်စကားပြောကြားခဲ့သည်။

ထို့အတူ နေ့လည်ပိုင်း၌ နှစ်နိုင်ငံအလုပ်သဘော အစည်းအဝေးများအဖြစ် မြန်မာ-တရုတ်၊ တရုတ်-လာအို၊ တရုတ်-ထိုင်း အစည်းအဝေးများကို ဆက်လက်ပြုလုပ်ခဲ့ကြသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

နိုင်ငံရေးအရဖြေရှင်းရန် အသင့်ရှိကြောင်း AA ဘက်က ထုတ်ပြန်လာ

ရခိုင်ပြည်နယ်အတွင်း (၁) နှစ်ကျော်ကြာ တိုက်ပွဲပြင်းထန်ခဲ့ပြီး မြို့နယ်ပေါင်း (၁၄) မြို့နယ် ထိန်းချုပ်ပြီးနောက် နိုင်ငံရေးအရဖြေရှင်းမည်ဟု ရခိုင်လက်နက်ကိုင်အဖွဲ့တစ်ခုဖြစ်သည့် AA က ထုတ်ပြန်လာသည်။ ၂၀၂၃ ခုနှစ် နိုဝင်ဘာ (၁၃)ရက်က စတင်ကာ ရခိုင်ပြည်နယ် အတွင်းရှိ တပ်မတော် တပ်စခန်းများအား ထိုးစစ်ဆင်တိုက်ခိုက်မှုများလုပ်ဆောင်ခဲ့ပြီး (၁) နှစ်ကျော်အကြာတွင် နိုင်ငံရေးဆွေးနွေးရန် စကားလမ်းကြောင်းစလာခြင်းလည်း ဖြစ်သည်။ AA အနေဖြင့် ရှမ်းမြောက် (၁၀၂၇) စစ်ဆင်ရေးတွင်လည်းကိုးကန့် ၊ တအာင်း လက်နက်ကိုင်အဖွဲ့များနှင့် ပူးပေါင်းကာ တိုက်ပွဲများ ဖော်ဆောင်တိုက်ခိုက်ခဲ့ကြပြီး တရုတ်၏ ကြားဝင်စေ့စပ်မှုဖြင့်...

ကိုရီးယား‌ရောက် မြန်မာနိုင်ငံသားများ၏ ပတ်စ်ပို့ဆိုင်ရာကိစ္စရပ်များအတွက် Glow Mate Application ကို ပြောင်းလဲအသုံးပြုမည်

ကိုရီးယား‌ရောက် မြန်မာနိုင်ငံသားများ၏ ပတ်စ်ပို့ဆိုင်ရာကိစ္စရပ်များအတွက် Glow Mate Application ကို ပြောင်းလဲအသုံးပြုသွားမည်ဖြစ်ကြောင်း ဆိုးလ်မြို့ရှိ ကိုရီးယားနိုင်ငံဆိုင်ရာ မြန်မာသံရုံးက ထုတ်ပြန်အသိပေးထားသည်။ ပြီးခဲ့သည့် ဇူလိုင်လ (၂၂) ရက်မှစတင်ကာ မြန်မာနိုင်ငံသားများ၏ နိုင်ငံကူးလက်မှတ် ကိစ္စရပ်များနှင့် ပတ်သက်၍ လူကိုယ်တိုင်သွားပြီး ကြိုတင်ရက်ချိန်းယူသည့် စနစ်အစား Online Appointment စနစ်သို့ ပြောင်းလဲဆောင်ရွက်ခဲ့သည်။ ယခုအခါ လက်ရှိဆောင်ရွက်နေသည့် Online Appointment စနစ် အသုံးပြုခဲ့ချိန်တွင် ကြုံတွေ့ခဲ့သည့် အခက်အခဲနှင့် အတွေ့အကြုံများကို အခြေခံကာ ကောင်စစ်ဆိုင်ရာကိစ္စများ ယခုထက် ပိုမိုလွယ်ကူလျင်မြန် ထိရောက်စွာ...

၂၀၂၅ ခုနှစ်အတွက် ကားတင်သွင်းခွင့် သတ်မှတ်ချက်ထုတ်ပြန်

၂ဝ၂၅ ခုနှစ်အတွက် ပြည်ပမှမော်တော်ယာဉ်တင်သွင်းခြင်းတွင်ထုတ်လုပ်သည့်ခုနှစ် သတ်မှတ်ချက်ကို စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည်။ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနသည် ပို့ကုန်သွင်းကုန်ဥပဒေပုဒ်မ (၁၃) ပုဒ်မခွဲ (ခ) အရ အပ်နှင်းထားသော လုပ်ပိုင်ခွင့်ကို ကျင့်သုံး၍ ဤအမိန့်ကြော်ငြာစာကို ထုတ်ပြန်လိုက်ခြင်းဖြစ်ကြောင်း သိရသည်။ ၂၀၂၅ ခုနှစ်အတွက် ပြည်ပမှမော်တော်ယာဉ်တင်သွင်းခြင်းတွင် ထုတ်လုပ်သည့် ခုနှစ်အား လူစီးမော်တော်ယာဉ်များကို ၂၀၂၄ ခုနှစ်မှ ၂ဝ၂၅ ခုနှစ်အထိ လုပ်ငန်းသုံးယာဉ်များ (ကုန်တင်ယာဉ်/ ခရီးသည်တင်ယာဉ်) ၂၀၂၁ ခုနှစ်မှ ၂၀၂၅ ခုနှစ်အထိ၊ မီးသတ်ယာဉ်/ လူနာတင်ယာဉ်ကို ၂၀၁၆ ခုနှစ်မှ ၂၀၂၅...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071