Wednesday, January 1, 2025

မိုဘိုင်းငွေကြေးဝန်ဆောင်မှုလုပ်ငန်းများအသုံး ပြု၍ လိ-မ်လည်သူများကိုထိရောက်စွာအရေးယူခြင်းအား အရှိန်မြှင့်ဆောင်ရွက်မည်

လတ်တလောဖြစ်ပွားလျက်ရှိသည့် မိုဘိုင်းငွေ ကြေးဝန်ဆောင်မှုလုပ်ငန်းများအသုံးပြု၍ လိ-မ်လည်မှုများဖြစ်ပေါ်နေသဖြင့် လိ-မ်လည်သူများကိုထိရောက်စွာအရေးယူခြင်းအား အရှိန်မြှင့်ဆောင်ရွက်သွားမည်ဟု ဗဟိုဘဏ်က ယနေ့ ဒီဇင်ဘာ ၃၁ ရက်က အသိပေးထုတ်ပြန်ခဲ့သည်။ မသမာသူများသည် မသိနားမလည်သူများအား...

စွပ်စွဲပြစ်တင်ခံရသော တောင်ကိုရီးယားသမ္မတကို ထိန်းသိမ်းရန် နှင့်...

စွပ်စွဲပြစ်တင်ခံရသော တောင်ကိုရီးယားသမ္မတ ယွန်ဆွတ်ယိုအား ဖ-မ်းဆီးထိန်းသိမ်းခြင်းနှင့် ရှာဖွေခြင်းဆိုင်ရာ ဝရမ်းထုတ်ခဲ့ကြောင်း တောင်ကိုရီးယားနိုင်ငံ အဂတိလိုက်စားမှု စုံစမ်းစစ်ဆေးရေးရုံးမှ အဆင့်မြင့်အရာရှိများက ပြောကြားသည်။ "ကျွန်တော်တို့ရုံးက တောင်းဆိုချက်ကို တုံ့ပြန်တဲ့အနေနဲ့...

ကိုဗစ်-၁၉ဆိုင်ရာအချက်အလက်များပေးရန်WHOကတရုတ်ကိုတောင်းဆို

ကမ္ဘာကို ပျံ့နှံ့ခဲ့သည့် ကပ်ရောဂါစတင်အပြီး ၅ နှစ်အကြာတွင် ကိုဗစ်-၁၉ စတင်ဖြစ်ပွားပုံနှင့်ပတ်သက်၍ နားလည်သဘောပေါက်နိုင်ရန်အတွက် အချက်အလက်မျှဝေပေးရန် ဒီဇင်ဘာ ၃၀ ရက်တွင် ကမ္ဘာ့ကျန်းမာရေးအဖွဲ့(WHO)...

အဝေးပြေးယာဉ်လိုင်းများတွင် ကုန်ပစ္စည်းများ ဖွင့်ဖောက်စစ်ဆေးပြီးမှသာ တင်ဆောင်ခွင့်ပြုရန်...

ရန်ကုန်တိုင်း ဒေသကြီးမှ တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးသို့ ပြေးဆွဲပေးနေသည့် အောင်မင်္ဂလာအဝေးပြေးဝင်းနှင့် ဒဂုံဧရာအဝေးပြေးဝင်းများမှ အဝေးပြေးယာဉ်လိုင်းများတွင် တင်ဆောင်သည့်ကုန်ပစ္စည်းများကို ဖွင့်ဖောက်စစ်ဆေးပြီးမှသာ တင်ဆောင်ခွင့်ပြုရန် ညွှန်ကြားထားကြောင်း ရန်ကုန်တိုင်းဒေသကြီး...
HomeInternationalရုရှားဓါတ်ငွေ့ပေးပို့မှုကိုရပ်လျှင်ယူကရိန်းကိုဓါတ်အားဖြတ်မည်--ဆလိုဗက်

ရုရှားဓါတ်ငွေ့ပေးပို့မှုကိုရပ်လျှင်ယူကရိန်းကိုဓါတ်အားဖြတ်မည်–ဆလိုဗက်

ဇန်နဝါရီ ၁ ရက်နောက်ပိုင်းတွင် ဆလိုဗက်သို့ ရုရှားဓါတ်ငွေ့ တဆင့်ခံပေးပို့နေမှုအား ယူကရိန်းက ရပ်ဆိုင်းခဲ့မည်ဆိုပါက လျှပ်စစ်ဓါတ်အားပေးဝေမှုကို ရပ်တန့်ခြင်းအပါအဝင် ယူကရိန်းအပေါ် တုန့်ပြန်ရန်အစီအစဥ်များကိုသူ့အစိုးရက အကဲဖြတ် သုံးသပ်သွားမည်ဟု ဆလိုဗက်ဝန်ကြီးချုပ် ရောဘတ်ဖီကိုက ဒီဇင်ဘာ ၂၇ ရက်တွင် ကြေညာခဲ့သည်။

“ဇန်နဝါရီ ၁ ရက်နောက်ပိုင်းမှာ ယူကရိန်းအပေါ် တုန့် ပြန်မယ့်အစီအမံတွေနဲ့ အခြေအနေ တွေကို အကဲဖြတ်သွားမှာပါ” ဟု ဗီဒီယိုမိန့်ခွန်းတွင် ဖီကိုက ပြောဆိုခဲ့သည်။

ရှောင်လွှဲ၍မရပါက ဓါတ်အားစနစ် ချို့ယွင်းနေသောကာလအတွင်း ယူကရိန်းလိုအပ်နေသော ဓါတ်အားပေးဝေမှုကို ရပ်တန့်သွားမည်ဟု သူက ပြောဆိုခဲ့ပြီး ယူကရိန်းမှတဆင့် ဓါတ်ငွေ့သယ်ယူပို့ဆောင်မှု ရပ်ဆိုင်းခြင်းသည် အီးယူ၏ ယှဉ်ပြိုင်နိုင်စွမ်းကို ထိခိုက်စေမည်ဟုလည်း ဆိုခဲ့သည်။

ဒီဇင်ဘာ ၃၁ ရက်နောက်ပိုင်းတွင် ယူကရိန်းမှတဆင့် ဥရောပသို့ ရုရှားဓါတ်ငွေ့သယ်ဆောင်မှုဆိုင်ရာ သဘောတူညီချက်ကို သက်တမ်းတိုးတော့မည်မဟုတ်ဟု ကိဗ်က ပြောဆိုခဲ့ပြီးနောက် ဖီကိုသည် ဒီဇင်ဘာ ၂၂ ရက်တွင် မော်စကို၌ ရုရှားသမ္မတ ဗလာဒီမာပူတင်နှင့် တွေ့ဆုံကာ ဓါတ်ငွေ့ပေးပို့မှုနှင့် ပတ်သက်၍ ဆွေးနွေးခဲ့သည်။

ရုရှားက ယူကရိန်းကို ကျူးကျော်ခဲ့ပြီးနောက် ဥရောပသမဂ္ဂသည် ရုရှား၏ ရုပ်ကြွင်းလောင်စာအပေါ် မှီခိုအားထားမှုကို လျှော့ချရေးအစီအမံများလုပ်ဆောင်ခဲ့သော်လည်း ဆလိုဗက်ကီးယား၊ ဟန်ဂေရီနှင့် သြစတြီးယားအပါအဝင် နိုင်ငံများစွာသည် ရုရှားဓါတ်ငွေ့အပေါ် ဆက်လက်အမှီပြုနေရဆဲဖြစ်သည်။

ဆလိုဗက်ကီးယားသည် ရုရှားနိုင်ငံပိုင် စွမ်းအင်ကုမ္ပဏီကြီး Gazprom နှင့် နှစ်ရှည်စာချုပ်ချုပ်ဆိုထားပြီး အစားထိုးအစီအစဉ်များလုပ်ဆောင်ခဲ့ပါက သယ်ယူပို့ဆောင်စရိတ် ဒေါ်လာ ၂၂၈ ဒဿမ ၇၃ သန်း ထပ်မံကုန်ကျနိုင်သည်ဟု ခန့်မှန်းထားသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

မိုဘိုင်းငွေကြေးဝန်ဆောင်မှုလုပ်ငန်းများအသုံး ပြု၍ လိ-မ်လည်သူများကိုထိရောက်စွာအရေးယူခြင်းအား အရှိန်မြှင့်ဆောင်ရွက်မည်

လတ်တလောဖြစ်ပွားလျက်ရှိသည့် မိုဘိုင်းငွေ ကြေးဝန်ဆောင်မှုလုပ်ငန်းများအသုံးပြု၍ လိ-မ်လည်မှုများဖြစ်ပေါ်နေသဖြင့် လိ-မ်လည်သူများကိုထိရောက်စွာအရေးယူခြင်းအား အရှိန်မြှင့်ဆောင်ရွက်သွားမည်ဟု ဗဟိုဘဏ်က ယနေ့ ဒီဇင်ဘာ ၃၁ ရက်က အသိပေးထုတ်ပြန်ခဲ့သည်။ မသမာသူများသည် မသိနားမလည်သူများအား ဆွဲဆောင်စည်းရုံးခြင်း၊ ခြိမ်းခြောက်ခြင်းတို့ဖြင့် လိ-မ်လည်လှည့်ဖြားမှုနည်းလမ်းအမျိုးမျိုးကို အ သုံးပြုကာ မိုဘိုင်းငွေကြေးသုံးစွဲသူများ၏ ကိုယ်ရေးအချက်အလက်များအား နည်းလမ်းအမျိုးမျိုးဖြင့် ရယူစုဆောင်းခြင်း၊ OTP နံပတ်များ၊ လုံခြုံရေးနံပါတ်(Password)များအား နည်းလမ်းအမျိုးမျိုးဖြင့်ရယူခြင်း၊ ဒီဂျစ်တယ်နည်းပညာအသုံးပြု၍ ဘဏ်နှင့်မိုဘိုင်းငွေကြေးဝန်ဆောင် လုပ်ငန်းများ၊ ၎င်းတို့နှင့်ဆက်စပ်ဆောင်ရွက်ရသည့် မိုဘိုင်းကွန်ရက်ဝန်ဆောင်မှုပေးသူများမှတစ်ဆင့် ၎င်းတို့၏ တစ်ဆင့်ခံဝန်ဆောင်မှုပေးသူများ၏ စနစ်အားနည်းပညာဖြင့်ဖောက်ထွင်းယူခြင်းများပြုလုပ်ပြီး မိုဘိုင်းငွေကြေးသုံးစွဲသူ များ၏ မိုဘိုင်းငွေကြေးများကိုဖောက်ထွင်းရယူ ၍ လိ-မ်လည်မှုများပြုလုပ်လာကြသည်ဟု...

စွပ်စွဲပြစ်တင်ခံရသော တောင်ကိုရီးယားသမ္မတကို ထိန်းသိမ်းရန် နှင့် ရှာဖွေရန် တရားရုံးက ဝရမ်းထုတ်

စွပ်စွဲပြစ်တင်ခံရသော တောင်ကိုရီးယားသမ္မတ ယွန်ဆွတ်ယိုအား ဖ-မ်းဆီးထိန်းသိမ်းခြင်းနှင့် ရှာဖွေခြင်းဆိုင်ရာ ဝရမ်းထုတ်ခဲ့ကြောင်း တောင်ကိုရီးယားနိုင်ငံ အဂတိလိုက်စားမှု စုံစမ်းစစ်ဆေးရေးရုံးမှ အဆင့်မြင့်အရာရှိများက ပြောကြားသည်။ "ကျွန်တော်တို့ရုံးက တောင်းဆိုချက်ကို တုံ့ပြန်တဲ့အနေနဲ့ ယွန်ဆွတ်ယိုအတွက် ထိန်းသိမ်းမှုနဲ့ ရှာဖွေဝရမ်းကို ဒီဇင်ဘာ ၃၁ ရက်နေ့မှာ ထုတ်ပြန်‌ပေးခဲ့တာဖြစ်ကြောင်း တရားရုံးက အတည်ပြုပါတယ်" အဆိုပါ အရာရှိများကပြောသည်။ ဒီဇင်ဘာ ၁၄ ရက်က ပါလီမန်တွင် စွပ်စွဲပြစ်တင်ခံရသော သမ္မတ၏နောက်ထပ်လုပ်ဆောင်မှုများနှင့်ပတ်သက်၍ ဆုံးဖြတ်ချက်မချရသေးကြောင်း ကိုလည်း တောင်ကိုရီးယားနိုင်ငံ အဂတိလိုက်စားမှု စုံစမ်းစစ်ဆေးရေးရုံးမှ ပြောသည်။ နိုင်ငံတော်ပုန်ကန်သူဟု ယခုစွပ်စွဲခံနေရသည့် သမ္မတ၏ စစ်အုပ်ချုပ်ရေး ထုတ်ပြန်ရခြင်းအကြောင်းအချက်များကို...

ကိုဗစ်-၁၉ဆိုင်ရာအချက်အလက်များပေးရန်WHOကတရုတ်ကိုတောင်းဆို

ကမ္ဘာကို ပျံ့နှံ့ခဲ့သည့် ကပ်ရောဂါစတင်အပြီး ၅ နှစ်အကြာတွင် ကိုဗစ်-၁၉ စတင်ဖြစ်ပွားပုံနှင့်ပတ်သက်၍ နားလည်သဘောပေါက်နိုင်ရန်အတွက် အချက်အလက်မျှဝေပေးရန် ဒီဇင်ဘာ ၃၀ ရက်တွင် ကမ္ဘာ့ကျန်းမာရေးအဖွဲ့(WHO) က တရုတ်နိုင်ငံကို မေတ္တာရပ်ခံခဲ့သည်။ ကိုဗစ်-၁၉ သည် လူသန်းပေါင်းများစွာကို ‌ေ-သဆုံးစေခဲ့ကာ စီးပွားရေးကို ပြိုလဲပျက်စီးစေခဲ့ပြီး ကျန်းမာရေးစနစ်များကို ယိုယွင်းစေခဲ့သည်။ ကိုဗစ်-၁၉ ၏ ဇစ်မြစ်ကို နားလည်နိုင်ရန်အတွက် အချက်အလက်မျှဝေးပေးရန်နှင့် ဝင်ရောက်စစ်ဆေးခွင့်များပြုရန် တရုတ်အစိုးရကို မိမိတို့ ဆက်လက်တောင်းဆိုပါကြောင်းနှင့် ယင်းသည် စိတ်ဓါတ်ရေးရာနှင့် သိပ္ပံပညာဆိုင်ရာ လိုအပ်ချက်တစ်ခုဖြစ်ကြောင်း WHO က ထုတ်ပြန်ချက်တွင် ပြောဆိုခဲ့သည်။ နိုင်ငံအချင်းချင်းအကြား...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071