Thursday, January 2, 2025

“အားလုံးအဆင်ပြေသွားမှာပါ” ဟု နှစ်သစ်ကူးမိန့်ခွန်းတွင် ပူတင်...

မော်စကို၏ ယူကရိန်းစစ်ပွဲ လေးနှစ်မြောက်ကာလသို့ ဝင်ရောက်လာတော့မည့် နှစ်သစ်တွင် ပြည်သူများ စည်းလုံးညီညွတ်ကြရန် ရုရှားသမ္မတ ဗလာဒီမာပူတင်က တိုက်တွန်းလိုက်သည်။ “အားလုံးအဆင်ပြေသွားမယ်လို့ ယုံကြည်ပါတယ်၊ ငါတို့ ရှေ့ဆက်ချီတက်ကြမှာပါ”...

ကမ္ဘောဒီးယား၌၂၀၂၄တွင်မူးယစ်ဆေးဝါး၁၄ ဒသမ ၇ တန်သိမ်းဆည်းရမိခဲ့

ဖနောင်ပင်၊ဇန်နဝါရီ ၁ ကမ္ဘောဒီးယားသည် ၂၀၂၄ ခုနှစ်၌ မူးယစ်ဆေးနှင့်ဆက်စပ်သည့်သံသယတရားခံများဖမ်းမိမှုအပါအဝင် မူးယစ်ဆေးဖမ်းဆီးရမိမှုများပါ သိသိသာသာမြင့်တက်လာခဲ့ကြောင်း မူးယစ်ဆေးဝါးတိုက်ဖျက်ရေးဌာန၏ထုတ်ပြန်ချက်အရသိရသည်။ ကမ္ဘောဒီးယားအာဏာပိုင်များသည် ၂၀၂၄ ခုနှစ်တွင် မူးယစ်ဆေးဝါးနှင့်ပတ်သက်သည့် သံသယရှိသူ ၂၆,၀၃၃...

ရုရှားက ယူကရိန်းမှ ဥရောပသို့ ဓါတ်ငွေ့တင်ပို့နေမှုကို...

အပူချိန်ကျဆင်းလာချိန်တွင် ဓါတ်ငွေ့လိုအပ်ချက်ကြီးမားလာနိုင်သော ဥရောပတိုက်အနေဖြင့် ယူကရိန်းရှိ ပိုက်လိုင်းများမှတဆင့် ရုရှားဓါတ်ငွေ့ပေးပို့နေမှုကို နှစ်ကူးချိန်နံနက်အစောပိုင်းအထိသာ နောက်ဆုံးအနေဖြင့် လက်ခံရရှိတော့မည်ဖြစ်သည်။ လွန်ခဲ့သည့် ငါးနှစ်ခန့်က နိုင်ငံများအကြား တဆင့်ခံ ဓါတ်ငွေ့ပို့လွှတ်မှုဆိုင်ရာ...

ပြိုင်ပွဲဝင်(၁၃၆၄)ဦးဝင်ရောက်ယှဉ်ပြိုင်ခဲ့သည့် ဇွဲကပင်တောင် အတက်/အဆင်းပြိုင်ပွဲ

ကရင်ပြည်နယ် ကျက်သရေဆောင်ဆံတော်ရှင်ဇွဲကပင်တောင် အတက်/အဆင်းပြိုင်ပွဲကို (၇၇)နှစ် မြောက် လွတ်လပ်ရေးနေ့အား ကြိုဆိုဂုဏ်ပြုသည့်အနေဖြင့် ယနေ့ ဇန်နဝါရီ ၁ ရက်နံနက်ပိုင်းက ဘားအံမြို့နယ်၊ ဇွဲကပင်တောင်ခြေ၌ကျင်းပခဲ့ကြောင်း...
HomeNewsLocal Newsပြည်သူ့စစ်မှုထမ်းသင်တန်းသားများကို သွား ရောက်တွေ့ဆုံမှု...

ပြည်သူ့စစ်မှုထမ်းသင်တန်းသားများကို သွား ရောက်တွေ့ဆုံမှု ခပ်စိတ်စိတ်ပြုလုပ်လာသည့် ဒု-ဗိုလ်ချုပ်မှူးကြီးစိုးဝင်း

ပြည်သူ့စစ်မှုထမ်းသင်တန်းကျောင်းများတွင်လေ့ကျင့်သင်ကြားမှုများပြုလုပ်လျက်ရှိသည့် ပြည်သူ့စစ်မှုထမ်းသင်တန်းသားများကို နစက ဒု-ဥက္ကဋ္ဌ၊ ဒု-ဗိုလ်ချုပ်မှူးကြီးစိုးဝင်းမှ သွားရောက်တွေ့ဆုံမှုများ ခပ်စိတ်စိတ်ပြုလုပ်လာခဲ့သည်။

ဒီဇင်ဘာ ၂၈ ရက်နံနက်ပိုင်းတွင်လည်း ရန်ကုန်တိုင်း၊ အင်းတိုင်တပ်နယ်ရှိ နယ်မြေခံသင်တန်းကျောင်းများ၏ ပြည်သူ့စစ်မှုထမ်းသင်တန်းကျောင်းများမှ သင်တန်းသားများအားသွားရောက်တွေ့ဆုံပြီး အမှာစကားများပြောကြားခဲ့သည်။

ပြည်သူ့စစ်မှုထမ်း သင်တန်းဆင်းစစ်သည်တော်များနှင့် စစ်သည်တော်လောင်းများဖြစ်ရန် သင်တန်းတက်ရောက်နေသော သင်တန်းသားများအားလုံးသည် နိုင်ငံ့သားကောင်းရတနာများဖြစ်၍ မိမိကိုယ်ကို မိမိဂုဏ်ယူကြရမည်ဖြစ်ကာ စစ်ရေးပြဘာသာရပ်၊ စစ်နည်းဗျူဟာဘာသာရပ်၊ လက်နက်ငယ်ဘာသာရပ်အပါအဝင် အခြား စစ်ပညာရပ်များကို စနစ်တကျလေ့ကျင့်သင်ကြားပေးခဲ့ပြီးဖြစ်၍ တတ်မြောက်ထားသည့် စစ်အတတ်ပညာများကို စနစ်တကျအသုံးချသွားရမည်ဟု မှာကြားသည်။

” စစ်စည်းကမ်းကောင်းမွန်မှုနဲ့ အမိန့်နာခံတတ်မှုက အရေးကြီးပါတယ်။ အမိန့်နာခံမှုရှိမှသာ အ ထက်ကပေးအပ်တဲ့ ရည်မှန်းချက်တာဝန်တွေကိုထမ်းဆောင်ရာမှာ တိကျအောင်မြင်စွာအ ကောင်အထည်ဖော်နိုင်မှာဖြစ်ပါတယ်”ဟု ဒု-ဗိုလ်ချုပ်မှူးကြီးစိုးဝင်းက မှာကြားသည်။

ထို့ပြင် တပ်မတော်သားဘဝကိုရရှိခံယူထားကြပြီးသူများဖြစ်၍ တပ်မတော်သားများ၏ မွန် မြတ်သည့်ခံယူချက်စိတ်ထားဖြစ်သော တစ်ကြိမ် စစ်သားဖြစ်ပြီးပါက အမြဲတမ်းစစ်သားဖြစ်သည်ဆိုသည့် စိတ်ဓာတ်များခံယူကာ နိုင်ငံ တော်နှင့်တပ်မတော်အပေါ် သစ္စာစောင့်သိရမည်ဟု မှာကြားသည်။

” နိုင်ငံတော်မှာ အရေးပေါ်အခြေအနေနဲ့ ကြုံတွေ့ရတိုင်း နိုင်ငံတော်မပျက်မယွင်း၊ မပြိုကွဲအောင်ထိန်းသိမ်းနိုင်တာက ကျစ်လျစ်ခိုင်မာအင်အား တောင့်တင်းတဲ့ တပ်မတော်တစ်ရပ်ရှိနေခြင်းကြောင့်ဖြစ်ပါတယ်။ ဒါ့ကြောင့် တပ်တွင်း၊ တပ်ပြင် စည်းလုံးညီညွတ်ရေးက ပြည့်ဝခိုင်မာနေဖို့အထူးလိုအပ်ပါတယ်”ဟု ဒု-ဗိုလ်ချုပ်မှူးကြီးစိုးဝင်းကပြောသည်။

ထို့အတူ နိုင်ငံတော်ကာကွယ်ရေးတာဝန်သည် နိုင်ငံသားတိုင်းမဖြစ်မနေထမ်းဆောင်ကြရမည့် တာဝန်ဖြစ်၍ တပ်မတော်သားများအနေဖြင့် ကျန်းမာရေးကောင်းမွန်ရန် အထူးအရေးကြီးသဖြင့် မိမိကိုယ်ကို ကျန်းမားကြံ့ခိုင်မှုရှိအောင် စနစ် တကျနေထိုင်စားသောက်ရမည်ဟု ဒု-ဗိုလ်ချုပ်မှူးကြီးစိုးဝင်းက မှာကြားခဲ့သည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

“အားလုံးအဆင်ပြေသွားမှာပါ” ဟု နှစ်သစ်ကူးမိန့်ခွန်းတွင် ပူတင် ပြောကြား

မော်စကို၏ ယူကရိန်းစစ်ပွဲ လေးနှစ်မြောက်ကာလသို့ ဝင်ရောက်လာတော့မည့် နှစ်သစ်တွင် ပြည်သူများ စည်းလုံးညီညွတ်ကြရန် ရုရှားသမ္မတ ဗလာဒီမာပူတင်က တိုက်တွန်းလိုက်သည်။ “အားလုံးအဆင်ပြေသွားမယ်လို့ ယုံကြည်ပါတယ်၊ ငါတို့ ရှေ့ဆက်ချီတက်ကြမှာပါ” ဟု သူ၏ နှစ်သစ်ကူးမိန့်ခွန်းတွင် ရုရှားသမ္မတက ပြောကြားခဲ့သည်။ ယူကရိန်းစစ်ပွဲကို အမည်တပ်ပြောဆိုခြင်းမပြုဘဲ လက်ရှိဆောင်ရွက်နေသာ ရုရှားစစ်သားများကို ပူတင်က ချီးကျူးခဲ့သည်။ “ဒီကြီးမားတဲ့ တာဝန်ကို ထမ်းဆောင်နေရတဲ့ မင်းတို့ဟာ စစ်မှန်တဲ့ သူရဲကောင်းတွေပါ” ဟု သူက ပြောကြားခဲ့သည်။ ရဲဘော်များသည် ရုရှားနိုင်ငံကို ကာကွယ်ပေးမည်ဖြစ်ကာ ရုရှားပြည်သူများ၏ လုံခြုံရေးနှင့် တည်ငြိမ်သော ငြိမ်းချမ်းရေးကို အာမခံချက်ပေးမည်ဖြစ်သည်ဟု...

ကမ္ဘောဒီးယား၌၂၀၂၄တွင်မူးယစ်ဆေးဝါး၁၄ ဒသမ ၇ တန်သိမ်းဆည်းရမိခဲ့

ဖနောင်ပင်၊ဇန်နဝါရီ ၁ ကမ္ဘောဒီးယားသည် ၂၀၂၄ ခုနှစ်၌ မူးယစ်ဆေးနှင့်ဆက်စပ်သည့်သံသယတရားခံများဖမ်းမိမှုအပါအဝင် မူးယစ်ဆေးဖမ်းဆီးရမိမှုများပါ သိသိသာသာမြင့်တက်လာခဲ့ကြောင်း မူးယစ်ဆေးဝါးတိုက်ဖျက်ရေးဌာန၏ထုတ်ပြန်ချက်အရသိရသည်။ ကမ္ဘောဒီးယားအာဏာပိုင်များသည် ၂၀၂၄ ခုနှစ်တွင် မူးယစ်ဆေးဝါးနှင့်ပတ်သက်သည့် သံသယရှိသူ ၂၆,၀၃၃ ဦးကိုဖမ်းဆီးနိုင်ခဲ့ပြီး ယခင်နှစ်ကဖမ်းမိခဲ့သည့် ၁၉,၉၄၀ ထက် ၃၀ ဒသမ ၅ ရာခိုင်နှုန်းတိုးလာကာ ယင်းသို့ဖမ်းမိသူများအနက် ၉၅၄ ဦးသည် နိုင်ငံပေါင်း ၂၀ မှနိုင်ငံခြားသားများဖြစ်ကြောင်းလည်း အစီရင်ခံစာ၌ဖော်ပြထားသည်။ နှစ်စဉ်ထုတ်ပြန်ချက်များအရ ကမ္ဘောဒီးယား၌ ၂၀၂၃ ခုနှစ်တစ်ခုလုံးတွင် မူးယစ်ဆေးဝါး ၂ ဒသမ ၉၇ တန်သာ သိမ်းဆည်းရမိခဲ့ကြောင်းလည်းသိရသည်။သိမ်းဆည်းရမိသည့် မူးယစ်ဆေးဝါးအများစုမှာ ကက်တမင်း၊ခရစ်စတယ်မက်သာဖက်တမင်း၊မက်သာဖက်တမင်းဆေးပြားနှင့်စိတ်ကြွဆေးပြားများ၊ဘိန်းဖြူနှင့်...

ရုရှားက ယူကရိန်းမှ ဥရောပသို့ ဓါတ်ငွေ့တင်ပို့နေမှုကို ရပ်မည်

အပူချိန်ကျဆင်းလာချိန်တွင် ဓါတ်ငွေ့လိုအပ်ချက်ကြီးမားလာနိုင်သော ဥရောပတိုက်အနေဖြင့် ယူကရိန်းရှိ ပိုက်လိုင်းများမှတဆင့် ရုရှားဓါတ်ငွေ့ပေးပို့နေမှုကို နှစ်ကူးချိန်နံနက်အစောပိုင်းအထိသာ နောက်ဆုံးအနေဖြင့် လက်ခံရရှိတော့မည်ဖြစ်သည်။ လွန်ခဲ့သည့် ငါးနှစ်ခန့်က နိုင်ငံများအကြား တဆင့်ခံ ဓါတ်ငွေ့ပို့လွှတ်မှုဆိုင်ရာ သဘောတူညီချက်သည် နှစ်ကူးအကြိုညတွင် သက်တမ်းကုန်မည်ဖြစ်ပြီး ရုရှားနိုင်ငံပိုင် စွမ်းအင်ကုမ္ပဏီ Gazprom က ယူကရိန်းပိုက်လိုင်းများမှတဆင့် ဥရောပသို့ တင်ပို့မှုကို နှစ်သစ်ကူးနေ့တွင် ဖြတ်တောက်ရန် မျှော်မှန်းထားသည်။ သဘောတူညီမှုရရန် အချိန် ၁၁ နာရီသာကျန်ပြီး သဘောတူညီချက်မရခဲ့ပါက ၂၀၂၂ ခုနှစ်အစောပိုင်းတွင် ရုရှားက ယူကရိန်းကို အပြည့်အ၀ ကျူးကျော်ခဲ့ပြီးနောက်ပိုင်း သမိုင်းဝင် အရွှေ့အပြောင်းတစ်ခုဖြစ်လာမှာဖြစ်သည်။ ရုရှားသည်...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071