Saturday, January 4, 2025

မြန်မာပြည်သူများ ငြိမ်းချမ်းသာယာဝပြောပါစေ

မြန်မာပြည်သူများ ငြိမ်းချမ်းသာယာဝပြောပါစေဟု ရုရှားနိုင်ငံ သမ္မတ မစ္စတာ ဗလာဒီမာ ပူတင် က ယနေ့ ဇန်နဝါရီ ၄ ရက်တွင်ကျရောက်သည့် မြန်မာနိုင်ငံ၏...

YBS ၁၃၃ မှ ဇန်နဝါရီ...

ပြည်စံသူခရီးသည်သယ်ယူပို့ဆောင်ရေး အများနှင့်သက်ဆိုင်သောကုမ္ပဏီလီမိတက်စီမံမှုအောက်ရှိ YBS (၁၃၃)ယာဉ်လိုင်းမှ လာမည့် ဇန်နဝါရီ ၆ ရက်မှစတင်၍ ယာဥ်စီးရေတစ်နေ့(၁၀)စီးဖြင့်ပြေးဆွဲပေးသွားမည်ဖြစ်ကြောင်း သိရသည်။ ထိုသို့ ပြေးဆွဲရာ၌ ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့ နယ်ရှိ...

ရွေးကောက်ခံ ၅ နိုင်ငံကလုံခြုံရေးကောင်စီအဖွဲ့ဝင်များအဖြစ် တာဝန်ယူပြီ

ကုလသမဂ္ဂ၊ဇန်နဝါရီ ၃ ဒိန်းမတ်၊ဂရိ၊ပါကစ္စတန်၊ပနားမားနှင့်ဆိုမာလီယာအစရှိသည့် နိုင်ငံ ၅ နိုင်ငံသည် ကုလသမဂ္ဂလုံခြုံရေးကောင်စီ၏ အမြဲတမ်းမဟုတ်သောအဖွဲ့ဝင်များအဖြစ် ရွေးကောက်ခံရပြီးနောက် စတင်တာဝန်ထမ်းဆောင်ပြီဖြစ်ကြောင်းသိရသည်။ ၎င်းတို့၏နှစ်နှစ်တာ တာဝန်ယူရမည့်သက်တမ်းသည် ခရစ္စမတ်နှင့်နှစ်သစ်ကူးအားလပ်ရက်အပြီး ၂၀၂၅ ခုနှစ်အတွက်...

BRICS ထိပ်သီးအစည်းအဝေးကြိုတင် ပြင်ဆင်ရေးကော်မတီဖွဲ့စည်း

ရီယိုဒီဂျနေးရိုးလ်၊ဇန်နဝါရီ ၃ ဘရာဇီးလ်သည် ယခုနှစ်အတွက် BRICS ၏ အလှည့်ကျဥက္ကဌအဖြစ်တာဝန်ယူရမည်ဖြစ်ရာ BRICS ထိပ်သီးအစည်းအဝေးအပါအဝင် ၎င်းနှင့်ဆက်စပ်နေသည့် လှုပ်ရှားမှုများနှင့် စီမံချက်များအားလုံးကို ပေါင်းစပ်ညှိနှိုင်းလုပ်ဆောင်ရန် ကော်မတီတစ်ရပ်ဖွဲ့စည်းခဲ့ကြောင်း...
HomeNewsLocal Newsချင်းတွင်းမြစ်ကူးတံတား (ထမံသီ) တည်ဆောက်မှုမှာ...

ချင်းတွင်းမြစ်ကူးတံတား (ထမံသီ) တည်ဆောက်မှုမှာ ၆၆ ရာခိုင်နှုန်း ပြီးစီး

စစ်ကိုင်းတိုင်းဒေသကြီး၊ ဟုမ္မလင်းခရိုင် ၊ ဟုမ္မလင်းမြို့နယ်အတွင်း တည်ဆောက်နေသည့် ချင်းတွင်းမြစ်ကူးတံတား (ထမံသီ) တည်ဆောက်မှုမှာ ၆၆ ရာခိုင်နှုန်း ပြီးစီးနေပြီဖြစ်ကြောင်း သိရသည်။

ချင်းတွင်းမြစ်ကူး တံတား(ထမံသီ)ကို ဟုမ္မလင်းခရိုင်၊ ဟုမ္မလင်းမြို့နယ်နှင့် နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသ လေရှီးမြို့ – ပန်ဆပ် – ဆွမ္မရာမြို့လမ်းပေါ်တွင် ချင်းတွင်းမြစ်ကိုဖြတ်၍ တည်ဆောက်နေခြင်းဖြစ်သည်။

“ဒေသ ထုတ်ကုန်တွေကို အလွယ်တကူသယ်ယူပို့ဆောင်နိုင်မှာဖြစ်ပြီးဒေသဖွံ့ဖြိုးတိုးတက်မှုကို အများကြီးအထောက်အကူပြုမယ့် တံတားကြီးတစ်စင်းဖြစ်တဲ့ အပြင် လေရှီးမြို့နယ် အစွန်အဖျားမှာရှိတဲ့ ဆွမ္မရာမြို့နဲ့ ပန်ဆပ်ကျေးရွာ၊ အနီးပတ်ဝန်းကျင် ကျေးရွာတွေကဒေသခံပြည်သူတွေဟာဟုမ္မလင်း၊ ခန္တီးနဲ့ မော်လိုက်ခရိုင်တွေကို လွယ်လွယ်ကူကူ သွားလာနိုင်မှာဖြစ်ပါတယ်”ဟု ထမံသီကျေးရွာဒေသခံတစ်ဦးကပြောသည်။

ယခုတည်ဆောက်နေသော ချင်းတွင်းမြစ်ကူး တံတား(ထမံသီ)သည် သံကူကွန်ကရစ် တံတားအမျိုးအစားဖြစ်ပြီး တံတား အရှည် (၈၀၁) မီတာ၊ အကျယ် (၉.၄) မီတာ၊ တံတားအခန်းပေါင်း (၁၅)ခန်း၊ ရေလမ်းကင်းလွတ် အမြင့် (၄၀) ပေ (HFL) ဖြင့် တည်ဆောက်နေခြင်းဖြစ်ကြောင်း သိရသည်။

ချင်းတွင်းမြစ်ကူးတံတား(ထမံသီ) တည်ဆောက်ပြီးစီးပါက ဟုမ္မလင်းမြို့နယ်နှင့်လေရှီးမြို့နယ်တို့မှ ဒေသခံပြည်သူများသည် ကူးသန်းသွားလာမှု လွယ်ကူမြန်ဆန်လာမည်ဖြစ်ကြောင်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

မြန်မာပြည်သူများ ငြိမ်းချမ်းသာယာဝပြောပါစေ

မြန်မာပြည်သူများ ငြိမ်းချမ်းသာယာဝပြောပါစေဟု ရုရှားနိုင်ငံ သမ္မတ မစ္စတာ ဗလာဒီမာ ပူတင် က ယနေ့ ဇန်နဝါရီ ၄ ရက်တွင်ကျရောက်သည့် မြန်မာနိုင်ငံ၏ (၇၇)နှစ်မြောက် လွတ်လပ်ရေးနေ့အတွက် နစက ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ထံ ဝမ်းမြောက်ကြောင်းသဝဏ်လွှာပေးပို့ရာ၌ ရေးသားပြောဆိုခဲ့ခြင်းဖြစ်သည်။ မြန်မာနိုင်ငံ၏ လွတ်လပ်ရေးနေ့အခါသမယအ တွက် ဂုဏ်ယူဝမ်းမြောက်ပါကြောင်း ပြောကြားလိုကာ မိမိတို့နှစ်နိုင်ငံကြားဆက်ဆံရေးသည် ချစ်ကြည်ရင်းနှီးမှုနှင့်အပြန်အလှန်လေးစားမှုအစဥ်အလာများအပေါ် အခြေခံပါသည်ဟုလည်း ရေးသားပြောဆိုခဲ့သည်။ ထို့ပြင် ရုရှားနိုင်ငံ သမ္မတ မစ္စတာ ဗလာဒီမာ ပူတင် က ၂၀၂၅ နှစ်သစ်အတွက် ဆုမွန်ကောင်းတောင်းပေးခဲ့ပြီး အဆွေတော်...

YBS ၁၃၃ မှ ဇန်နဝါရီ ၆ ရက်မှစတင်၍ ယာဥ်စီးရေတစ်နေ့(၁၀)စီးဖြင့်ပြေးဆွဲမည်

ပြည်စံသူခရီးသည်သယ်ယူပို့ဆောင်ရေး အများနှင့်သက်ဆိုင်သောကုမ္ပဏီလီမိတက်စီမံမှုအောက်ရှိ YBS (၁၃၃)ယာဉ်လိုင်းမှ လာမည့် ဇန်နဝါရီ ၆ ရက်မှစတင်၍ ယာဥ်စီးရေတစ်နေ့(၁၀)စီးဖြင့်ပြေးဆွဲပေးသွားမည်ဖြစ်ကြောင်း သိရသည်။ ထိုသို့ ပြေးဆွဲရာ၌ ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့ နယ်ရှိ အမျိုးသားကင်ဆာဆေးရုံ ဒဂုံဆိပ်ကမ်း (ဂိတ်ရင်း)မှစတင်ကာ ရန်ကုန်ပြည်သူ့ဆေးရုံကြီးရှေ့(ဂိတ်ဖျား)အထိဖြစ်ကြောင်း သိရသည်။ ပြေးဆွဲပေးသွားမည့် လမ်းကြောင်းအနေဖြင့် အမျိုးသားကင်ဆာဆေးရုံ ဒဂုံဆိပ်ကမ်း(ဂိတ်ရင်း) မှ- ပဲခူးမြစ်- စစ်တောင်း- ယုဇနမုဒ်ဦး- ပိတောက်ကွေ့- ၅ လမ်း- ၁၁ လမ်း- ၁၄ လမ်း- ပုဏ္ဏမီ- ပဲခူးမြစ်လမ်း- အိုးအိမ်မှတ်တိုင်မှ ယခင်မူလသတ်မှတ်လမ်းကြောင်းအတိုင်းပြေးဆွဲပြီး ရန်ကုန်ပြည်သူ့ဆေးရုံကြီးရှေ့တွင် ဂိတ်ဆုံးမည်ဖြစ်ကြောင်း သိရသည်။ ထို့ပြင်...

ရွေးကောက်ခံ ၅ နိုင်ငံကလုံခြုံရေးကောင်စီအဖွဲ့ဝင်များအဖြစ် တာဝန်ယူပြီ

ကုလသမဂ္ဂ၊ဇန်နဝါရီ ၃ ဒိန်းမတ်၊ဂရိ၊ပါကစ္စတန်၊ပနားမားနှင့်ဆိုမာလီယာအစရှိသည့် နိုင်ငံ ၅ နိုင်ငံသည် ကုလသမဂ္ဂလုံခြုံရေးကောင်စီ၏ အမြဲတမ်းမဟုတ်သောအဖွဲ့ဝင်များအဖြစ် ရွေးကောက်ခံရပြီးနောက် စတင်တာဝန်ထမ်းဆောင်ပြီဖြစ်ကြောင်းသိရသည်။ ၎င်းတို့၏နှစ်နှစ်တာ တာဝန်ယူရမည့်သက်တမ်းသည် ခရစ္စမတ်နှင့်နှစ်သစ်ကူးအားလပ်ရက်အပြီး ၂၀၂၅ ခုနှစ်အတွက် ကောင်စီ၏လုပ်ငန်းများကိုပြန်လည်လည်ပတ်ချိန် ဖြစ်သောဇန်နဝါရီလ ၁ ရက်နေ့က တရားဝင်စတင်ခဲ့ခြင်းဖြစ်သည်ဟုလည်းသိရသည်။ ၎င်း ၅ နိုင်ငံသည် ယခင် အဖွဲ့ဝင်နိုင်ငံများဖြစ်သည့် အီကွေဒေါ၊ဂျပန်၊မောလ်တာ၊မိုဇမ်ဘတ်နှင့်ဆွစ်ဇာလန်တို့နေရာ၌ အစားထိုးဝင်ရောက်လာသည့်နိုင်ငံများဖြစ်သည်။ လုံခြုံရေးကောင်စီအဖွဲ့ဝင်သစ်များအတွက် အလံတပ်ဆင်ခြင်းဓလေ့ကို ၂၀၁၈ ခုနှစ်က ကာဇက်စတန်၌စတင်ခဲ့ခြင်းဖြစ်ပြီး ယခုအခါ နူးယော့ခ်ရှိ ကုလသမဂ္ဂဌာနချုပ်၌ ကျင်းပပြုလုပ်ခဲ့သည်။ ယင်းနောက် သက်ဆိုင်ရာနိုင်ငံအသီးသီးမှခေါင်းဆောင်များက အဖွဲ့ဝင်နိုင်ငံများကို ဝမ်းမြောက်စွာကြိုဆိုကြောင်းနှုတ်ခွန်းဆက်စကားများကို အသီးသီးပြောကြားကာ နှစ်နှစ်တာကာလအတွင်း အကောင်းဆုံးဆောင်ရွက်သွားနိုင်ပါစေကြောင်း...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071