Saturday, January 4, 2025

ကိုဗစ်ဖြစ်ပြီး ၅နှစ်အကြာတွင် နောက်ထပ်ဗိုင်းရပ်စ်အသစ်တစ်မျိုး တရုတ်နိုင်ငံတွင်...

Covid-19 ကပ်ရောဂါဖြစ်ပွားပြီးနောက် ငါးနှစ်အကြာတွင် Human metapneumovirus (HMPV) ဆိုသည့် ဗိုင်းရပ်စ်အသစ်တစ်မျိုးကို တရုတ်နိုင်ငံ၌ကိုင်တွယ်ဖြေရှင်း‌နေရကြောင်း သိရသည်။ သတင်းအစီရင်ခံစာများနှင့် ဆိုရှယ်မီဒီယာများတွင် ယင်း ဗိုင်းရပ်စ်...

မြန်မာပြည်သူများ ငြိမ်းချမ်းသာယာဝပြောပါစေ

မြန်မာပြည်သူများ ငြိမ်းချမ်းသာယာဝပြောပါစေဟု ရုရှားနိုင်ငံ သမ္မတ မစ္စတာ ဗလာဒီမာ ပူတင် က ယနေ့ ဇန်နဝါရီ ၄ ရက်တွင်ကျရောက်သည့် မြန်မာနိုင်ငံ၏...

YBS ၁၃၃ မှ ဇန်နဝါရီ...

ပြည်စံသူခရီးသည်သယ်ယူပို့ဆောင်ရေး အများနှင့်သက်ဆိုင်သောကုမ္ပဏီလီမိတက်စီမံမှုအောက်ရှိ YBS (၁၃၃)ယာဉ်လိုင်းမှ လာမည့် ဇန်နဝါရီ ၆ ရက်မှစတင်၍ ယာဥ်စီးရေတစ်နေ့(၁၀)စီးဖြင့်ပြေးဆွဲပေးသွားမည်ဖြစ်ကြောင်း သိရသည်။ ထိုသို့ ပြေးဆွဲရာ၌ ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့ နယ်ရှိ...

ရွေးကောက်ခံ ၅ နိုင်ငံကလုံခြုံရေးကောင်စီအဖွဲ့ဝင်များအဖြစ် တာဝန်ယူပြီ

ကုလသမဂ္ဂ၊ဇန်နဝါရီ ၃ ဒိန်းမတ်၊ဂရိ၊ပါကစ္စတန်၊ပနားမားနှင့်ဆိုမာလီယာအစရှိသည့် နိုင်ငံ ၅ နိုင်ငံသည် ကုလသမဂ္ဂလုံခြုံရေးကောင်စီ၏ အမြဲတမ်းမဟုတ်သောအဖွဲ့ဝင်များအဖြစ် ရွေးကောက်ခံရပြီးနောက် စတင်တာဝန်ထမ်းဆောင်ပြီဖြစ်ကြောင်းသိရသည်။ ၎င်းတို့၏နှစ်နှစ်တာ တာဝန်ယူရမည့်သက်တမ်းသည် ခရစ္စမတ်နှင့်နှစ်သစ်ကူးအားလပ်ရက်အပြီး ၂၀၂၅ ခုနှစ်အတွက်...
HomeNewsLocal Newsဗန်းမော်မြို့ စစ်ရှောင်များအတွက် ရွှေကူမြို့တွင်...

ဗန်းမော်မြို့ စစ်ရှောင်များအတွက် ရွှေကူမြို့တွင် ယာယီခိုလှုံမည့် နေရာ (၄)နေရာ စီစဉ်ပေးထား

ဗန်းမော်မြို့ စစ်ရှောင်များအတွက် ရွှေကူမြို့တွင် ယာယီခိုလှုံမည့် နေရာ (၄)နေရာကို ရွှေကူမြို့နယ်လုံးဆိုင်ရာ နာရေးကူညီမှုအသင်းက စီစဉ်ပေးထားထားကြောင်း ဒေသခံသတင်းရင်းမြစ်တစ်ဦးထံက သိရသည်။

ထို့ပြင် ယာယီခိုလှုံနေထိုင်သူများအတွက် တစ်ရက်လျှင် နံနက်၊ နေ့လယ်၊ ည (၃)နပ် ကျွေးမွေးလျက်ရှိကြောင်းသိရသည်။

“စစ်ဘေးရှောင်တွေကို နေစရာနေရာ ထိုင်ခင်းများအသင့်စီစဉ်ကူညီပေး‌နေပါတယ်။ ရွှေကူမှာနေထိုင်တည်းခိုလိုသူတွေအတွက်လည်း နေရာလေးနေရာခွဲပြီးနေရာချထားပေးပါတယ်။ စား‌စရာအတွက်လဲ အလှူငွေလက်ကျန်ရှိတဲ့ အချိန်ထိကျွေးမွေးသွားမှာပါ”ဟု ဆိုသည်။

တိုက်ပွဲများဖြစ်ပွားနေသည့် ဗန်းမော်မြို့မှ စစ်ရှောင်လိုသူများအနေဖြင့် ရွှေကူမြို့အထိ မိမိအစီအစဉ်ဖြင့်လာရောက်ရမည်ဖြစ်ကာ ရွှေကူမြို့တွင် အသင့်နေထိုင် စားသောက်နိုင်ရန်စီစဉ်ပေးထားခြင်းဖြစ်သည်ဟု သိရသည်။

ယင်းအပြင် ရွှေကူမြို့မှ မန္တလေးမြို့သို့ ထပ်မံတိမ်းရှောင်လိုသူများကိုလည်း ‌ဒေသခံပရဟိတ ယာဉ်များဖြင့် အသုတ်လိုက် ပို့ဆောင်ပေးနေပြီး ပရဟိယာဉ်မစီးလိုသူများအတွက်လည်း မိမိတို့ကြိုက်နှစ်သက်ရာယာဉ်လိုင်းများ၌ ကားလက်မှတ်ဖြတ်၍ ရွှေကူ-မန္တလေး တစ်ညအိပ်နှစ်ရက်ခရီးစဉ်ကိုလည်း စီးနှင်းနိုင်ကြောင်း သိရသည်။

လက်ရှိတွင် ရွှေကူမြို့သို့ရောက်ရှိနေသော ဗန်းမော်စစ်ရှောင်ပြည်များအနက် မြိုင်သာယာ (၂၅၀၀)ကျောင်းတွင်ရောက်ရှိနေသူ (၁၀၅)ဦး၊ မင်္ဂလာပရိယတ္တိစာသင်တိုက်တွင်(၁၆)ဦး၊ မင်္ဂလာကျောင်းတိုက်တွင် (၇၈)ဦး စုစုပေါင်း (၁၉၉)ဦး ခိုလှုံနေထိုင်လျက်ရှိကြောင်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ကိုဗစ်ဖြစ်ပြီး ၅နှစ်အကြာတွင် နောက်ထပ်ဗိုင်းရပ်စ်အသစ်တစ်မျိုး တရုတ်နိုင်ငံတွင် ဖြစ်ပွားနေပြန်ဟုဆို

Covid-19 ကပ်ရောဂါဖြစ်ပွားပြီးနောက် ငါးနှစ်အကြာတွင် Human metapneumovirus (HMPV) ဆိုသည့် ဗိုင်းရပ်စ်အသစ်တစ်မျိုးကို တရုတ်နိုင်ငံ၌ကိုင်တွယ်ဖြေရှင်း‌နေရကြောင်း သိရသည်။ သတင်းအစီရင်ခံစာများနှင့် ဆိုရှယ်မီဒီယာများတွင် ယင်း ဗိုင်းရပ်စ် လျင်မြန်စွာ ပျံ့နှံ့နေကြောင်း အချို့က ဆိုကာ အတည်မပြုနိုင်သော သတင်းများကလည်း ဆေးရုံများတွင် လူများရှိ‌နေကြ‌ကြောင်းဆိုကြသည်။ အွန်လိုင်းတွင် မျှဝေထားသည့် ဗီဒီယိုများတွင် တုပ်ကွေး၊ HMPV၊ Mycoplasma pneumoniae နှင့် Covid-19 အပါအဝင် ဗိုင်းရပ်စ်အများအပြား ပျံ့နှံ့နေကြောင်းနှင့် လူစည်ကားလျှက်ရှိ‌နေသော ဆေးရုံများကို ရိုက်ကူး ပြသထားသည်။ တရုတ်နိုင်ငံကမူ ယင်းဗိုင်းရပ်စ်ပြန့်နှံ့ခြင်းကို အတည်မပြုနိုင်သေးကြောင်း...

မြန်မာပြည်သူများ ငြိမ်းချမ်းသာယာဝပြောပါစေ

မြန်မာပြည်သူများ ငြိမ်းချမ်းသာယာဝပြောပါစေဟု ရုရှားနိုင်ငံ သမ္မတ မစ္စတာ ဗလာဒီမာ ပူတင် က ယနေ့ ဇန်နဝါရီ ၄ ရက်တွင်ကျရောက်သည့် မြန်မာနိုင်ငံ၏ (၇၇)နှစ်မြောက် လွတ်လပ်ရေးနေ့အတွက် နစက ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ထံ ဝမ်းမြောက်ကြောင်းသဝဏ်လွှာပေးပို့ရာ၌ ရေးသားပြောဆိုခဲ့ခြင်းဖြစ်သည်။ မြန်မာနိုင်ငံ၏ လွတ်လပ်ရေးနေ့အခါသမယအ တွက် ဂုဏ်ယူဝမ်းမြောက်ပါကြောင်း ပြောကြားလိုကာ မိမိတို့နှစ်နိုင်ငံကြားဆက်ဆံရေးသည် ချစ်ကြည်ရင်းနှီးမှုနှင့်အပြန်အလှန်လေးစားမှုအစဥ်အလာများအပေါ် အခြေခံပါသည်ဟုလည်း ရေးသားပြောဆိုခဲ့သည်။ ထို့ပြင် ရုရှားနိုင်ငံ သမ္မတ မစ္စတာ ဗလာဒီမာ ပူတင် က ၂၀၂၅ နှစ်သစ်အတွက် ဆုမွန်ကောင်းတောင်းပေးခဲ့ပြီး အဆွေတော်...

YBS ၁၃၃ မှ ဇန်နဝါရီ ၆ ရက်မှစတင်၍ ယာဥ်စီးရေတစ်နေ့(၁၀)စီးဖြင့်ပြေးဆွဲမည်

ပြည်စံသူခရီးသည်သယ်ယူပို့ဆောင်ရေး အများနှင့်သက်ဆိုင်သောကုမ္ပဏီလီမိတက်စီမံမှုအောက်ရှိ YBS (၁၃၃)ယာဉ်လိုင်းမှ လာမည့် ဇန်နဝါရီ ၆ ရက်မှစတင်၍ ယာဥ်စီးရေတစ်နေ့(၁၀)စီးဖြင့်ပြေးဆွဲပေးသွားမည်ဖြစ်ကြောင်း သိရသည်။ ထိုသို့ ပြေးဆွဲရာ၌ ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့ နယ်ရှိ အမျိုးသားကင်ဆာဆေးရုံ ဒဂုံဆိပ်ကမ်း (ဂိတ်ရင်း)မှစတင်ကာ ရန်ကုန်ပြည်သူ့ဆေးရုံကြီးရှေ့(ဂိတ်ဖျား)အထိဖြစ်ကြောင်း သိရသည်။ ပြေးဆွဲပေးသွားမည့် လမ်းကြောင်းအနေဖြင့် အမျိုးသားကင်ဆာဆေးရုံ ဒဂုံဆိပ်ကမ်း(ဂိတ်ရင်း) မှ- ပဲခူးမြစ်- စစ်တောင်း- ယုဇနမုဒ်ဦး- ပိတောက်ကွေ့- ၅ လမ်း- ၁၁ လမ်း- ၁၄ လမ်း- ပုဏ္ဏမီ- ပဲခူးမြစ်လမ်း- အိုးအိမ်မှတ်တိုင်မှ ယခင်မူလသတ်မှတ်လမ်းကြောင်းအတိုင်းပြေးဆွဲပြီး ရန်ကုန်ပြည်သူ့ဆေးရုံကြီးရှေ့တွင် ဂိတ်ဆုံးမည်ဖြစ်ကြောင်း သိရသည်။ ထို့ပြင်...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071