Saturday, January 4, 2025

ကိုဗစ်ဖြစ်ပြီး ၅နှစ်အကြာတွင် နောက်ထပ်ဗိုင်းရပ်စ်အသစ်တစ်မျိုး တရုတ်နိုင်ငံတွင်...

Covid-19 ကပ်ရောဂါဖြစ်ပွားပြီးနောက် ငါးနှစ်အကြာတွင် Human metapneumovirus (HMPV) ဆိုသည့် ဗိုင်းရပ်စ်အသစ်တစ်မျိုးကို တရုတ်နိုင်ငံ၌ကိုင်တွယ်ဖြေရှင်း‌နေရကြောင်း သိရသည်။ သတင်းအစီရင်ခံစာများနှင့် ဆိုရှယ်မီဒီယာများတွင် ယင်း ဗိုင်းရပ်စ်...

မြန်မာပြည်သူများ ငြိမ်းချမ်းသာယာဝပြောပါစေ

မြန်မာပြည်သူများ ငြိမ်းချမ်းသာယာဝပြောပါစေဟု ရုရှားနိုင်ငံ သမ္မတ မစ္စတာ ဗလာဒီမာ ပူတင် က ယနေ့ ဇန်နဝါရီ ၄ ရက်တွင်ကျရောက်သည့် မြန်မာနိုင်ငံ၏...

YBS ၁၃၃ မှ ဇန်နဝါရီ...

ပြည်စံသူခရီးသည်သယ်ယူပို့ဆောင်ရေး အများနှင့်သက်ဆိုင်သောကုမ္ပဏီလီမိတက်စီမံမှုအောက်ရှိ YBS (၁၃၃)ယာဉ်လိုင်းမှ လာမည့် ဇန်နဝါရီ ၆ ရက်မှစတင်၍ ယာဥ်စီးရေတစ်နေ့(၁၀)စီးဖြင့်ပြေးဆွဲပေးသွားမည်ဖြစ်ကြောင်း သိရသည်။ ထိုသို့ ပြေးဆွဲရာ၌ ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့ နယ်ရှိ...

ရွေးကောက်ခံ ၅ နိုင်ငံကလုံခြုံရေးကောင်စီအဖွဲ့ဝင်များအဖြစ် တာဝန်ယူပြီ

ကုလသမဂ္ဂ၊ဇန်နဝါရီ ၃ ဒိန်းမတ်၊ဂရိ၊ပါကစ္စတန်၊ပနားမားနှင့်ဆိုမာလီယာအစရှိသည့် နိုင်ငံ ၅ နိုင်ငံသည် ကုလသမဂ္ဂလုံခြုံရေးကောင်စီ၏ အမြဲတမ်းမဟုတ်သောအဖွဲ့ဝင်များအဖြစ် ရွေးကောက်ခံရပြီးနောက် စတင်တာဝန်ထမ်းဆောင်ပြီဖြစ်ကြောင်းသိရသည်။ ၎င်းတို့၏နှစ်နှစ်တာ တာဝန်ယူရမည့်သက်တမ်းသည် ခရစ္စမတ်နှင့်နှစ်သစ်ကူးအားလပ်ရက်အပြီး ၂၀၂၅ ခုနှစ်အတွက်...
HomeNewsLocal Newsကိုရီးယား‌ရောက် မြန်မာနိုင်ငံသားများ၏ ပတ်စ်ပို့ဆိုင်ရာကိစ္စရပ်များအတွက်...

ကိုရီးယား‌ရောက် မြန်မာနိုင်ငံသားများ၏ ပတ်စ်ပို့ဆိုင်ရာကိစ္စရပ်များအတွက် Glow Mate Application ကို ပြောင်းလဲအသုံးပြုမည်

ကိုရီးယား‌ရောက် မြန်မာနိုင်ငံသားများ၏ ပတ်စ်ပို့ဆိုင်ရာကိစ္စရပ်များအတွက် Glow Mate Application ကို ပြောင်းလဲအသုံးပြုသွားမည်ဖြစ်ကြောင်း ဆိုးလ်မြို့ရှိ ကိုရီးယားနိုင်ငံဆိုင်ရာ မြန်မာသံရုံးက ထုတ်ပြန်အသိပေးထားသည်။

ပြီးခဲ့သည့် ဇူလိုင်လ (၂၂) ရက်မှစတင်ကာ မြန်မာနိုင်ငံသားများ၏ နိုင်ငံကူးလက်မှတ် ကိစ္စရပ်များနှင့် ပတ်သက်၍ လူကိုယ်တိုင်သွားပြီး ကြိုတင်ရက်ချိန်းယူသည့် စနစ်အစား Online Appointment စနစ်သို့ ပြောင်းလဲဆောင်ရွက်ခဲ့သည်။

ယခုအခါ လက်ရှိဆောင်ရွက်နေသည့် Online Appointment စနစ် အသုံးပြုခဲ့ချိန်တွင် ကြုံတွေ့ခဲ့သည့် အခက်အခဲနှင့် အတွေ့အကြုံများကို အခြေခံကာ ကောင်စစ်ဆိုင်ရာကိစ္စများ ယခုထက် ပိုမိုလွယ်ကူလျင်မြန် ထိရောက်စွာ ဆောင်ရွက်ပေးနိုင်ရန်ရေးအတွက် Glow Mate Application ကို ပြောင်းလဲအသုံးပြုခြင်းဖြစ်ကြောင်း သိရသည်။

လာမည့် ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီလကုန်အထိ ကြိုတင်ရက်ချိန်းယူမည့်သူများအ‌နေဖြင့် လက်ရှိအသုံးပြုနေသည့် Online Appointment စနစ်ကို ဆက်လက်အသုံးပြုနိုင်ပြီး မတ်လနောက်ပိုင်းအတွက် ရက်ချိန်းရယူမည့်သူများအနေဖြင့် ဒီဇင်ဘာ (၂၇) ရက်မှစတင်ကာ Glow Mate Application ကတဆင့် ကြိုတင်ရက်ချိန်းယူရမည်ဖြစ်ကြောင်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ကိုဗစ်ဖြစ်ပြီး ၅နှစ်အကြာတွင် နောက်ထပ်ဗိုင်းရပ်စ်အသစ်တစ်မျိုး တရုတ်နိုင်ငံတွင် ဖြစ်ပွားနေပြန်ဟုဆို

Covid-19 ကပ်ရောဂါဖြစ်ပွားပြီးနောက် ငါးနှစ်အကြာတွင် Human metapneumovirus (HMPV) ဆိုသည့် ဗိုင်းရပ်စ်အသစ်တစ်မျိုးကို တရုတ်နိုင်ငံ၌ကိုင်တွယ်ဖြေရှင်း‌နေရကြောင်း သိရသည်။ သတင်းအစီရင်ခံစာများနှင့် ဆိုရှယ်မီဒီယာများတွင် ယင်း ဗိုင်းရပ်စ် လျင်မြန်စွာ ပျံ့နှံ့နေကြောင်း အချို့က ဆိုကာ အတည်မပြုနိုင်သော သတင်းများကလည်း ဆေးရုံများတွင် လူများရှိ‌နေကြ‌ကြောင်းဆိုကြသည်။ အွန်လိုင်းတွင် မျှဝေထားသည့် ဗီဒီယိုများတွင် တုပ်ကွေး၊ HMPV၊ Mycoplasma pneumoniae နှင့် Covid-19 အပါအဝင် ဗိုင်းရပ်စ်အများအပြား ပျံ့နှံ့နေကြောင်းနှင့် လူစည်ကားလျှက်ရှိ‌နေသော ဆေးရုံများကို ရိုက်ကူး ပြသထားသည်။ တရုတ်နိုင်ငံကမူ ယင်းဗိုင်းရပ်စ်ပြန့်နှံ့ခြင်းကို အတည်မပြုနိုင်သေးကြောင်း...

မြန်မာပြည်သူများ ငြိမ်းချမ်းသာယာဝပြောပါစေ

မြန်မာပြည်သူများ ငြိမ်းချမ်းသာယာဝပြောပါစေဟု ရုရှားနိုင်ငံ သမ္မတ မစ္စတာ ဗလာဒီမာ ပူတင် က ယနေ့ ဇန်နဝါရီ ၄ ရက်တွင်ကျရောက်သည့် မြန်မာနိုင်ငံ၏ (၇၇)နှစ်မြောက် လွတ်လပ်ရေးနေ့အတွက် နစက ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ထံ ဝမ်းမြောက်ကြောင်းသဝဏ်လွှာပေးပို့ရာ၌ ရေးသားပြောဆိုခဲ့ခြင်းဖြစ်သည်။ မြန်မာနိုင်ငံ၏ လွတ်လပ်ရေးနေ့အခါသမယအ တွက် ဂုဏ်ယူဝမ်းမြောက်ပါကြောင်း ပြောကြားလိုကာ မိမိတို့နှစ်နိုင်ငံကြားဆက်ဆံရေးသည် ချစ်ကြည်ရင်းနှီးမှုနှင့်အပြန်အလှန်လေးစားမှုအစဥ်အလာများအပေါ် အခြေခံပါသည်ဟုလည်း ရေးသားပြောဆိုခဲ့သည်။ ထို့ပြင် ရုရှားနိုင်ငံ သမ္မတ မစ္စတာ ဗလာဒီမာ ပူတင် က ၂၀၂၅ နှစ်သစ်အတွက် ဆုမွန်ကောင်းတောင်းပေးခဲ့ပြီး အဆွေတော်...

YBS ၁၃၃ မှ ဇန်နဝါရီ ၆ ရက်မှစတင်၍ ယာဥ်စီးရေတစ်နေ့(၁၀)စီးဖြင့်ပြေးဆွဲမည်

ပြည်စံသူခရီးသည်သယ်ယူပို့ဆောင်ရေး အများနှင့်သက်ဆိုင်သောကုမ္ပဏီလီမိတက်စီမံမှုအောက်ရှိ YBS (၁၃၃)ယာဉ်လိုင်းမှ လာမည့် ဇန်နဝါရီ ၆ ရက်မှစတင်၍ ယာဥ်စီးရေတစ်နေ့(၁၀)စီးဖြင့်ပြေးဆွဲပေးသွားမည်ဖြစ်ကြောင်း သိရသည်။ ထိုသို့ ပြေးဆွဲရာ၌ ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့ နယ်ရှိ အမျိုးသားကင်ဆာဆေးရုံ ဒဂုံဆိပ်ကမ်း (ဂိတ်ရင်း)မှစတင်ကာ ရန်ကုန်ပြည်သူ့ဆေးရုံကြီးရှေ့(ဂိတ်ဖျား)အထိဖြစ်ကြောင်း သိရသည်။ ပြေးဆွဲပေးသွားမည့် လမ်းကြောင်းအနေဖြင့် အမျိုးသားကင်ဆာဆေးရုံ ဒဂုံဆိပ်ကမ်း(ဂိတ်ရင်း) မှ- ပဲခူးမြစ်- စစ်တောင်း- ယုဇနမုဒ်ဦး- ပိတောက်ကွေ့- ၅ လမ်း- ၁၁ လမ်း- ၁၄ လမ်း- ပုဏ္ဏမီ- ပဲခူးမြစ်လမ်း- အိုးအိမ်မှတ်တိုင်မှ ယခင်မူလသတ်မှတ်လမ်းကြောင်းအတိုင်းပြေးဆွဲပြီး ရန်ကုန်ပြည်သူ့ဆေးရုံကြီးရှေ့တွင် ဂိတ်ဆုံးမည်ဖြစ်ကြောင်း သိရသည်။ ထို့ပြင်...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071