Sunday, January 5, 2025

(၇၇)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ်ဂုဏ်ပြုညစာစားပွဲသို့ နစက ဥက္ကဋ္ဌနှင့်ဇနီးတို့တက်ရောက်

ယနေ့ ဇန်နဝါရီ ၄ ရက်တွင်ကျရောက်သည့် (၇၇) နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် အဖြစ် ဂုဏ်ပြုညစာစားပွဲနှင့် ဂုဏ်ပြုဖျော်ဖြေပွဲအား နေပြည်တော်ရှိ နစက ဥက္ကဋ္ဌရုံး၌...

တရုပ်၏တိဘက်ဆည်စီမံကိန်းကို စိုးရိမ်ကြောင်း အိန္ဒိယက ပြောကြား

အိန္ဒိယနိုင်ငံအတွင်းသို့ စီးဝင်သော တိဗက်ဒေသရှိ Yarlung Zangbo မြစ်ကြောင်းပေါ်တွင် တရုတ်နိုင်ငံ၏ ရေအားလျှပ်စစ်ဆည်တည်ဆောက်‌ရေးစီမံကိန်းနှင့်ပတ်သက်၍ နူးဒေလီက ၎င်းတို့၏ စိုးရိမ်ပူပန်မှုများကို ပေကျင်းကို အသိပေးတင်ပြထားသည်ဟု...

ဗိုလ်တထောင်စေတီ မဂ္ဂင်မြိုင်ပန်းခြံအတွင်းရှိ တိလောကသီတလ မဟာဗောဓိစေတီတော်မြတ်ကြီးအား...

ရန်ကုန်တိုင်း၊ ဗိုလ်တထောင်မြို့နယ်ရှိ ဗိုလ်တထောင်ကျိုက်ဒေးအပ်ဆံတော်ဦးစေတီတော်မြတ်ကြီး၏ မဂ္ဂင်မြိုင်ပန်းခြံအတွင်းတည်ထားသည့် တိလောကသီတလ မဟာဗောဓိစေတီတော်မြတ်ကြီးအား ရွှေထီးတော်တင်လှူပူဇော်ခြင်းမင်္ဂလာအခမ်းအနားကို ယနေ့ ဇန်နဝါရီ ၄ ရက်နံနက်ပိုင်းက ဆင်ယင်ကျင်းပခဲ့သည်။ အခမ်းအနားသို့ နိုင်ငံတော်သံဃမဟာနယကအ...

သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော်များဆက်ကပ်

နစက မှ ယနေ့ ဇန်နဝါရီ ၄ ရက်တွင်ကျရောက်သည့် (၇၇)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အဖြစ် သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော်များကို ဆက်ကပ်လှူဒါန်းအပ်နှံခဲ့ကြောင်း အမိန့်ကြော်ငြာစာအမှတ်...
HomeNewsLocal News၂၀၂၅ ခုနှစ်အတွင်း မြန်မာနိုင်ငံ၌သစ်တောဖုံးလွှမ်းမှုသည်...

၂၀၂၅ ခုနှစ်အတွင်း မြန်မာနိုင်ငံ၌သစ်တောဖုံးလွှမ်းမှုသည် နိုင်ငံဧရိယာ၏ ၄၂ ရာခိုင်နှုန်းကျော်ရှိမည်ဟုခန့်မှန်းထား

၂၀၂၅ ခုနှစ်အတွင်း မြန်မာနိုင်ငံ၌သစ်တောဖုံးလွှမ်းမှုသည် နိုင်ငံဧရိယာ၏ ၄၂ ရာခိုင်နှုန်းကျော်ရှိမည်ဟုခန့်မှန်းထားကြောင်း သယံဇာတနှင့် သဘာဝပတ်ဝန်ကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးခင်မောင်ရီက ပြောသည်။

၎င်းမှ ဒီဇင်ဘာ ၈ ရက်နံနက်ပိုင်းက နေပြည်တော်၊ ဥတ္တရသီရိမြို့နယ်ရှိ သစ်တောသုတေသနစခန်းအမှတ် ၅ (မိုးစွေ)၌တက်ရောက်နေသည့် မြန်မာနိုင်ငံသစ်တောကျောင်း အမှတ်စဉ်(၁၁၈)မှ သင်တန်းသားများအားတွေ့ဆုံစဉ် ပြောကြားခဲ့ခြင်းဖြစ်သည်။

သစ်တောသယံဇာတ ဆန်းစစ်လေ့လာခြင်း အချက်အလက်များအရ ၂၀၂၅ ခုနှစ်အတွင်း မြန်မာနိုင်ငံ၌သစ်တောဖုံးလွှမ်းမှုသည် နိုင်ငံဧရိယာ ၏ ၄၂ ဒသမ ၁၅ ရာခိုင်နှုန်းရှိမည်ဟုခန့်မှန်းထားကာ ၂၀၂၀ ပြည့်နှစ်မှ ၂၀၂၅ ခုနှစ်အတွင်း သစ်တောပြုန်းတီးမှုမှာ နိုင်ငံဧရိယာ၏ ၀ ဒသမ ၀၄ ရာခိုင်နှုန်းရှိသည်ဟု ပြောသည်။

ထို့ကြောင့် သစ်တောဖုံးလွှမ်းမှုပြန်လည်ကောင်းမွန်လာစေရန် သဘာဝတောများကာကွယ်ခြင်း၊ သစ်တောစိုက်ခင်းများတည်ထောင်ခြင်းနှင့် ကြိုးဝိုင်း/ကြိုးပြင်ကာကွယ်တောများအား တိုးချဲ့ဖွဲ့စည်းလျက်ရှိသည်ဟု ပြောသည်။

” ဒီနေ့အချိန်အထိ ကြိုးဝိုင်း/ကြိုးပြင် ကာကွယ်တော ၄၉၀ ခု၊ နိုင်ငံဧရိယာရဲ့ ၂၅ ဒသမ ၉၀ ရာခိုင်နှုန်းနဲ့ သဘာဝထိန်းသိမ်းရေးနယ်မြေ ၆၁ ခု၊ နိုင်ငံဧရိယာရဲ့ ၆ ဒသမ ၄၃ ရာခိုင်နှုန်းကို ဖွဲ့စည်းဆောင်ရွက်ခဲ့ပြီးဖြစ်ပါတယ်။ အပူပိုင်းဒေသ ၁၃ ခရိုင် စိမ်းလန်းစိုပြည်ရေးနဲ့ လမ်းဘေးဝဲယာစိမ်းလန်းစိုပြည်ရေးအတွက် ၂၀၂၄ ခုနှစ် မိုးရာသီမှာ အပင်ပေါင်း ၂ သန်းကျော်စိုက်ပျိုးခဲ့ပြီးဖြစ်ပါတယ်”ဟု ပြည်ထောင်စုဝန်ကြီးက ပြော သည်။

ထို့ပြင် ရေကြီးရေလျှံမှု၊ မြေပြိုတိုက်စားမှုထိန်းချုပ်ရေးနှင့် ရေသယံဇာတအရင်းအမြစ်များ ပံ့ပိုးပေးနိုင်ရန် ရေဝေရေလဲထိန်းသိမ်းရေးလုပ်ငန်းများ၊ ကမ်းရိုးတန်းသယံဇာတထိန်းသိမ်းရေးလုပ်ငန်းများနှင့် တရားမဝင်သစ်တားဆီးရေးလုပ်ငန်းများကို အရှိန်အဟုန်ဖြင့်ဆောင်ရွက်လျက်ရှိသည်ဟု ပြည်ထောင်စုဝန်ကြီးက ပြောကြားခဲ့သည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

(၇၇)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ်ဂုဏ်ပြုညစာစားပွဲသို့ နစက ဥက္ကဋ္ဌနှင့်ဇနီးတို့တက်ရောက်

ယနေ့ ဇန်နဝါရီ ၄ ရက်တွင်ကျရောက်သည့် (၇၇) နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် အဖြစ် ဂုဏ်ပြုညစာစားပွဲနှင့် ဂုဏ်ပြုဖျော်ဖြေပွဲအား နေပြည်တော်ရှိ နစက ဥက္ကဋ္ဌရုံး၌ ယနေ့ညပိုင်းကပြုလုပ်ရာ နစက ဥက္ကဋ္ဌနှင့်ဇနီးတို့တက်ရောက်ခဲ့ကြသည်။ နစက ဥက္ကဋ္ဌနှင့်ဇနီးတို့က ဂုဏ်ပြုညစာစားပွဲသို့တက်ရောက်လာကြသူများအား တွေ့ဆုံနှုတ်ဆက်ပြီးနောက် မီးရှူးမီးပန်းပစ်ဖောက်နေမှုများကို ကြည့်ရှုအားပေးပြီး ညစာသုံးဆောင်ခဲ့ကြသည်။ ညစာမသုံးဆောင်ခင်နှင့် သုံးဆောင်နေချိန်တို့တွင် ပြန်ကြားရေးဝန်ကြီးဌာန မြန်မာ့အသံနှင့်ရုပ်မြင်သံကြားမှ အနုပညာရှင်များ၊ သာသနာရေးနှင့်ယဥ်ကျေးမှုဝန်ကြီးဌာန အနုပညာဦးစီးဌာနမှ အနုပညာရှင်များက ဖျော်ဖြေတင်ဆက်ခဲ့ကြသည်။ ထို့နောက် ဂုဏ်ပြုဆောင်ခန်းမတွင်ပြုလုပ်သည့် ပဒေသာကပွဲအား နစက ဥက္ကဋ္ဌနှင့်ဇနီးတို့မှ ဂုဏ်ပြုညစာစားပွဲတက်ရောက်လာကြသူများနှင့်အတူ ကြည့်ရှုအားပေး၍ ဖျော်ဖြေတင်ဆက်ခဲ့သူများကို ဂုဏ်ပြုပန်းခြင်းပေးအပ်ခဲ့ကြသည်။ အဆိုပါ (၇၇)နှစ်မြောက်...

တရုပ်၏တိဘက်ဆည်စီမံကိန်းကို စိုးရိမ်ကြောင်း အိန္ဒိယက ပြောကြား

အိန္ဒိယနိုင်ငံအတွင်းသို့ စီးဝင်သော တိဗက်ဒေသရှိ Yarlung Zangbo မြစ်ကြောင်းပေါ်တွင် တရုတ်နိုင်ငံ၏ ရေအားလျှပ်စစ်ဆည်တည်ဆောက်‌ရေးစီမံကိန်းနှင့်ပတ်သက်၍ နူးဒေလီက ၎င်းတို့၏ စိုးရိမ်ပူပန်မှုများကို ပေကျင်းကို အသိပေးတင်ပြထားသည်ဟု အိန္ဒိယနိုင်ငံခြားရေးဝန်ကြီးဌာနက သောကြာနေ့တွင် ပြောကြားခဲ့သည်။ တိဘက်ရှိ ရေအားလျှပ်စစ်စီမံကိန်းများသည် သဘာဝပတ်ဝန်းကျင်နှင့် မြစ်အောက်ပိုင်းရေပေးဝေမှုကို ကြီးကြီးမားမား အကျိုးသက်ရောက်မှုရှိမည်မဟုတ်ဟု တရုတ်အရာရှိများက ပြောထားစေကာမူ ယင်းဆည်တမံနှင့်ပတ်သက်၍ အိန္ဒိယနှင့် ဘင်္ဂလားဒေ့ရှ်တို့က စိုးရိမ်ပူပန်နေကြသည်။ တိဗက်တွင် မြစ်ဖျားခံသော Yarlung Zangbo မြစ်သည် ဗြဟ္မပုတ္တရမြစ်အဖြစ် ထွက်ခွာကာ တောင်ဘက် အိန္ဒိယနိုင်ငံ အရူနာချယ်လ် ပရာဒေ့ရှ်နှင့် အာသံပြည်နယ်များသို့ စီးဝင်ပြီး...

ဗိုလ်တထောင်စေတီ မဂ္ဂင်မြိုင်ပန်းခြံအတွင်းရှိ တိလောကသီတလ မဟာဗောဓိစေတီတော်မြတ်ကြီးအား ရွှေထီးတော်တင်လှူပူဇော်

ရန်ကုန်တိုင်း၊ ဗိုလ်တထောင်မြို့နယ်ရှိ ဗိုလ်တထောင်ကျိုက်ဒေးအပ်ဆံတော်ဦးစေတီတော်မြတ်ကြီး၏ မဂ္ဂင်မြိုင်ပန်းခြံအတွင်းတည်ထားသည့် တိလောကသီတလ မဟာဗောဓိစေတီတော်မြတ်ကြီးအား ရွှေထီးတော်တင်လှူပူဇော်ခြင်းမင်္ဂလာအခမ်းအနားကို ယနေ့ ဇန်နဝါရီ ၄ ရက်နံနက်ပိုင်းက ဆင်ယင်ကျင်းပခဲ့သည်။ အခမ်းအနားသို့ နိုင်ငံတော်သံဃမဟာနယကအ ဖွဲ့၊တွဲဖက်အကျိုးတော်ဆောင်၊ ဗိုလ်တထောင်ကျိုက်ဒေးအပ်ဆံတော်ဦးစေတီတော်ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့၏ သြဝါဒါစရိယ သာ ယာကုန်းပြာသာဒ်ကျောင်းဆရာတော်ကြီး ကြွရောက်တော်မူခဲ့သည်။ ထို့နောက် ဗိုလ်တထောင်စေတီတော်မြတ်ကြီး၏ ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့ဝင်များနှင့် ဧည့်ပရိသတ်များက သာယာကုန်းပြာသာဒ်ကျောင်း ဆရာတော်ကြီးထံမှ သီလခံယူဆောက်တည်ကာ ကြွရောက်တော်မူလာကြသည့် ဆရာတော်၊ သံ ဃာတော်များအား ပရိတ်ရည်၊ ပရိတ်အိုး၊ ပရိတ် ချည် ပရိတ်သဲ၊ ပရိတ်ကျောက်တို့ကို ဆက်ကပ်လှူဒါန်းခဲ့ကြသည်။ ထို့ပြင် ဆရာတော်၊ သံဃာတော်များက ပရိတ်တရားတော်များကို...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071