ဘန်ကောက်၊ဒီဇင်ဘာ ၃၀
ထိုင်းနိုင်ငံအတွင်းရှိဘဏ်အချို့သည် မြန်မာအစိုးရ၏ စစ်ဘက်ဆိုင်ရာ ပစ္စည်းများဝယ်ယူနိုင်ရေးအတွက် ကူညီပေးခဲ့သည့်ဟူသော ကုလသမဂ္ဂ၏ ပြောကြားမှုကို ထိုင်းအာဏာပိုင်များက ဘဏ်အထောက်အထားမတွေ့ရှိကြောင်းဆိုကာ ငြင်းပယ်ခဲ့သည်ဟုသိရသည်။
၂၀၂၄ ခုနှစ် ဇွန်လကထုတ်ပြန်ကြေငြာခဲ့သည့် ကုလသမဂ္ဂ၏လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးရုံး၏ အစီရင်ခံစာထွက်လာပြီးနောက် ထိုင်းဘဏ်နှင့်ငွေကြေးခဝါချမှုတိုက်ဖျက်ရေးရုံးများက အချို့သောငွေလွှဲပြောင်းမှုများအား ပြန်လည်သုံးသပ်စစ်ဆေးရန် ဘဏ္ဍာရေးဆိုင်ရာအဖွဲ့အစည်းများကို ညွှန်ကြားကာ ၎င်းတို့အနေဖြင့် စုံစမ်းစစ်ဆေးမှုများ ကို ချက်ချင်းဆိုသလိုပြုလုပ်ခဲ့ကြောင်းပြောကြားခဲ့သည်။
“ကုလသမဂ္ဂလူ့အခွင့်အရေးဆိုင်ရာမဟာမင်းကြီးရုံးရဲ့ ထုတ်ပြန်ချက်အတိုင်း ငွေကြေးဆိုင်ရာအဖွဲ့အစည်းအချို့နဲ့ ငွေလွှဲပြောင်းမှုလုပ်တာမျိုးတွေလုပ်တာမျိုးတွေရှိခဲ့ပေမဲ့ အဲ့ဒီလွှဲပြောင်းမှုတွေက လက်နက်ဝယ်ယူမှုနှင့်ဆက်စပ်နေတဲ့အထောက်အထားမတွေ့ရပါဘူး” ဟုလည်းပြောကြားခဲ့သည်။
ကုလကထုတ်ပြန်ကြေငြာခဲ့သည့် အစီရင်ခံစာ၌ ထိုင်းနိုင်ငံသည် မြန်မာနိုင်ငံစစ်အစိုးရအတွက် လက်နက်နှင့်စစ်ဘက်ဆိုင်ရာပစ္စည်းများဝယ်ယူနိုင်ရေးအတွက် ဘဏ်စနစ်ပံ့ပိုးပေးနေပြီး ၂၀၂၂ ဘဏ္ဍာရေးနှစ်တွင် လက်နက်နှင့်ဆက်စပ်ပစ္စည်းကုန်သွယ်မှုအတွက် အမေရိကန်ဒေါ်လာ သန်း ၆၀ မှ ၂၀၂၃ ဘဏ္ဍာနှစ်တွင် ကန်ဒေါ်လာ သန်း ၁၂၀ အထိမြင့်တက်လာသည်ဟုဆိုထားသည်။
Source : ဘန်ကောက်ပို့စ်