Sunday, January 5, 2025

တစ်နေ့ (၂၄) နာရီ ရှိသည့်အနက်...

တစ်နေ့လျှင် လျှပ်စစ်မီး (၈) နာရီရရှိနေရာမှ ယခုအခါ (၄) နာရီသာရရှိ နိုင်တော့မည်ဖြစ်ကြောင်း ရန်ကုန်လျှပ်စစ်ဓာတ်အားပေးကော်ပိုရေးရှင်းက အသပေးလာပြန်သည်။ ပေးနိုင်သည့် ဝန်အားမမျှခြင်းကြောင့် အရေးပေါ်ဝန်အား လျှော့ချခဲ့ရသည့်အတွက်...

မော်လမြိုင်မြို့ မြစေတီဆရာတော်အား သာသနာတော်ဆိုင်ရာ အဘိဓဇမဟာရဋ္ဌဂုရု...

နိုင်ငံတော်က အပ်နှင်းဆက်ကပ်သည့် သာသနာတော်ဆိုင်ရာ အဘိဓဇမဟာရဋ္ဌဂုရု ဘွဲ့တံဆိပ်တော်ကို မော်လမြိုင်မြို့ ပရိယတ္တိစာသင်တိုက်ကြီး၏ ဦးစီးပဓာန နာယက မြစေတီဝံသာဓိပတိအဂ္ဂ မဟာပဏ္ဍိတ ဝိနယပါဠိပါရဂူ မြစေတီဆရာတော်ဘုရားကြီး...

အမေရိကန်ဒေါ်လာ (၂၅) သန်းနှင့် ထိုင်းဘတ်...

ယခု ၂၀၂၅ ခုနှစ်နှစ်ဆန်းပိုင်းတွင် ဗဟိုဘဏ်မှ အမေရိကန်ဒေါ်လာ (၂၅) သန်းနှင့် ထိုင်းဘတ် (၂ ဒသမ ၄)သန်းကျော်ထုတ်ရောင်းပေးခဲ့ကြောင်း ထုတ်ပြန်ထားသည့်ဈေးနှုန်းများအရ သိရသည်။ ဗဟိုဘဏ်အနေဖြင့်...

တနင်္သာရီ- မော့တောင် – ဘုတ်ပြင်းလမ်းပိုင်းခရီးသွားလာသူများ...

တနင်္သာရီတိုင်းအတွင်းရှိ တနင်္သာရီ - မော့တောင် - ဘုတ်ပြင်းလမ်းပိုင်း ခရီးသွားလာသူများအနေဖြင့် မိုင်းအန္တရာယ် အထူးဂရုပြုရန် ‌ဒေသတွင်း စောင့်ကြည့်လေ့လာသူများက ယမန်နေ့ ဇန်နဝါရီ(၄)ရက်၌...
HomeNewsLocal NewsYangon 2025 Countdown...

Yangon 2025 Countdown Festival ကို လာရောက်ကြည့်ရှုမည့် ပြည်သူများ သွားလာရေး အဆင်ပြေစေရန်YBS ယာဉ်များ စီစဉ်ဆောင်ရွက်ထား

ပြည်သူ့ရင်ပြင်တွင် ကျင်းပပြုလုပ်မည့် Yangon 2025 Countdown Festival ကို လာရောက်ကြည့်ရှုမည့် ပြည်သူများ သွားလာရေး အဆင်ပြေစေရန်အတွက် YRTC မှ YBS ယာဉ်များ စီစဉ်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း YRTC မှ သိရသည်။

2025 Yangon New Year Countdown ပွဲတော်ကို (ဒီဇင်ဘာလ ၃၁ ရက်)၊ နေ့လည် (၁၂)နာရီမှစတင်၍ ကျင်းပသွားမည်ဖြစ်ပြီး ၎င်းပွဲတော်သို့ လာရောက်ဆင်နွှဲကြသူများ အပြန်ခရီးစဉ်အဆင်ပြေစေရေးအတွက် YBS ယာဉ်လိုင်း (၇)လိုင်း ပြေးဆွဲပေးရန် စီစဉ်ထားကြောင်း သိရသည်။

အဆိုပါ ပွဲတော်သို့ လာရောက်သူများအတွက် ယာဉ်လိုင်း (၇)လိုင်းဖြစ်သည့် YBS (21) ၊ YBS (61) ၊ YBS (37) ၊ YBS (115) ၊ YBS (62) ၊ YBS (7) နှင့် YBS (8)တို့ကို ဒီဇင်ဘာလ ၃၁ ရက်၊ ည (၉)နာရီမှ ည (၁၂)နာရီအထိ ပြေးဆွဲပေးသွားမည်ဖြစ်ကြောင်း သိရသည်။

2025 Yangon New Year Countdown ပွဲတော်တွင် နိုင်ငံကျော်ရုပ်ရှင်သရုပ်ဆောင်များ၊ အဆိုတော်များ၊ DJ ပညာရှင်များ၊ အကအဖွဲ့များနှင့် မျိုးဆက်သစ်တေးသံရှင်များစွာတို့က ဖျော်ဖြေတင်ဆက်သွားမည်ဖြစ်ပြီး မီးရှူးမီးပန်းပစ်ဖောက်ခြင်းများဖြင့် စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

တစ်နေ့ (၂၄) နာရီ ရှိသည့်အနက် (၄)နာရီသာ မီးရရှိမည်ဖြစ်ပြီး မီးပျက်မှုပိုမိုဆိုးလာမည်

တစ်နေ့လျှင် လျှပ်စစ်မီး (၈) နာရီရရှိနေရာမှ ယခုအခါ (၄) နာရီသာရရှိ နိုင်တော့မည်ဖြစ်ကြောင်း ရန်ကုန်လျှပ်စစ်ဓာတ်အားပေးကော်ပိုရေးရှင်းက အသပေးလာပြန်သည်။ ပေးနိုင်သည့် ဝန်အားမမျှခြင်းကြောင့် အရေးပေါ်ဝန်အား လျှော့ချခဲ့ရသည့်အတွက် လျှပ်စစ်မီးကို လုံလောက်စွာမပေးနိုင်ခြင်းဖြစ်သည်ဟုလည်း YESC က ဆိုသည်။ မီတာခများ နှစ်ဆတိုးမြှင့်ကောက်ခဲ့သော်လည်း မီးအလုံအလောက်မပေးနိုင်သည့်အပြင်တစ်ရက် (၂၄) နာရီ ရှိသည့်အနက် (၄) နာရီသာ အလှည့်ကျ မီးပေးနိုင်မည်ဆိုသည့်အပေါ် ပြည်သူများ အဆင်မပြေမှုများစွာ ကြုံတွေ့နေရသည်။ အဆိုပါ (၄) နာရီသည်လည်း လာချိန်ပျက်ချိန် အချိန်မှန်မ ဟုတ်ဘဲ လာချင်သည့်အချိန်တွင်လာကာ ပျက်ချင်သည့်အချိန်တွင် ပျက်နေပြီး ဝန်အားမမျှ၍ဟူသည့်...

မော်လမြိုင်မြို့ မြစေတီဆရာတော်အား သာသနာတော်ဆိုင်ရာ အဘိဓဇမဟာရဋ္ဌဂုရု ဘွဲ့တံဆိပ်တော် ဆက်ကပ်

နိုင်ငံတော်က အပ်နှင်းဆက်ကပ်သည့် သာသနာတော်ဆိုင်ရာ အဘိဓဇမဟာရဋ္ဌဂုရု ဘွဲ့တံဆိပ်တော်ကို မော်လမြိုင်မြို့ ပရိယတ္တိစာသင်တိုက်ကြီး၏ ဦးစီးပဓာန နာယက မြစေတီဝံသာဓိပတိအဂ္ဂ မဟာပဏ္ဍိတ ဝိနယပါဠိပါရဂူ မြစေတီဆရာတော်ဘုရားကြီး ဆက်ကပ်ခံခဲ့ရကြောင်း သိရသည်။ အဆိုပါ အဘိဓဇမဟာရဋ္ဌဂုရု ဘွဲ့တံဆိပ်တော်ဆက်ကပ်ခံရသည့် ဆရာတော် (၉)ပါးအနက် မြစေတီဆရာတော်တစ်ပါး ပါဝင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ ထိုဘွဲ့တော်သည် အဂ္ဂမဟာပဏ္ဍိတ ဘွဲ့တံဆိပ်ရရှိထားပြီး၊အနည်းဆုံးသိက္ခာတော်(၄၀)ဝါရှိရမည်ဖြစ်ကာ ဗဟုသုတအကြားအမြင်များခြင်း၊ စာပေကျမ်းဂန်ရေးသားဖူးခြင်းစသည့် ဂုဏ်ထူးတို့နှင့် ပြည့်စုံသောဆရာတော်များအားအပ်နှင်းဆက်ကပ်သောဘွဲ့တံဆိပ်တော်ဖြစ်သည်ဟု သိရသည်။ ထို့ပြင် အဂ္ဂမဟာ သဒ္ဓမ္မဇောတိကဓဇ ဘွဲ့တံဆိပ်တော်(၅၄) ပါးဆပ်ကပ်ခံရသည့်အနက် မော်လမြိုင်မြို့ရှိ ဆင်ဖြူဆရာ တော်ဘုရားကြီးက ထပ်မံ အပ်နှင်းဆက်ကပ်ခံရကြောင်း သိရသည်။ ထို...

အမေရိကန်ဒေါ်လာ (၂၅) သန်းနှင့် ထိုင်းဘတ် (၂ ဒသမ ၄) သန်းကျော်ဗဟိုဘဏ်ထုတ်ရောင်းခဲ့

ယခု ၂၀၂၅ ခုနှစ်နှစ်ဆန်းပိုင်းတွင် ဗဟိုဘဏ်မှ အမေရိကန်ဒေါ်လာ (၂၅) သန်းနှင့် ထိုင်းဘတ် (၂ ဒသမ ၄)သန်းကျော်ထုတ်ရောင်းပေးခဲ့ကြောင်း ထုတ်ပြန်ထားသည့်ဈေးနှုန်းများအရ သိရသည်။ ဗဟိုဘဏ်အနေဖြင့် တစ်ဒေါ်လာ (၃၅၈၈)ကျပ်နှုန်းဖြင့် အမေရိကန်ဒေါ်လာ (၂၅) သန်း၊ ထိုင်းဘတ်ငွေလဲနှုန်း (၁၂၉ ဒသမ ၉၀) ကျပ်နှုန်းဖြင့် (၂)သန်းခွဲ ဝန်းကျင်ထပ်မံ ထုတ်ရောင်းပေးခဲ့ခြင်းဖြစ်သည်။ ပြင်ပငွေကြေးဈေးကွက်တွင်အမေရိကန် တစ်ဒေါ်လာ (၄၃၆၀ - ၄၄၃၀) ကျပ် ဝန်းကျင် ပေါက်ဈေးရှိပြီး ပြင်ပပေါက်ဈေးနှင့် ဗဟိုဘဏ်ပေါက်ဈေးကွာဟချက်သည် တစ်ဒေါ်လာ ကျပ် (၈၀၀) ဝန်းကျင်သာ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071