Monday, January 6, 2025

၂၀၂၄ အာဆီယံချန်ပီယံရှစ် ဗိုလ်လုပွဲ တစ်ဂိုးအကျောဖြင့်အနိုင်ရရှိခဲ့သည့်...

ဇန်နဝါရီ(၅)ရက် မြန်မာစံတော်ချိန် ည(၇)နာရီခွဲအချိန်တွင် ထိုင်းနှင့်ဗီယက်နမ်လက်ရွေးစင်အသင်းတို့ အာဆီယံ မစ်ဆူဘီရှီချန်ပီယံရှစ် ဒုဝိယအကျော့ဗိုလ်လုပွဲစဉ် ယှဉ်ပြိုင်ကစားရာ ဗီယက်နမ်အသင်းက တစ်ဂိုးအကျောဖြင့်ထပ်မံ အနိုင်ရရှိခဲ့သည်။ ပွဲစဉ်ပထမပိုင်းပြီးဆုံးချိန်တွင် တစ်ဘက် တစ်ဂိုးစီဖြင့်...

၂ဝ၂၄ ခုနှစ်အတွင်း ယာဉ်မတော်တဆမှုများ လျော့နည်းလာဟု...

စည်းကမ်းမဲ့ YBS ယာဉ်မောင်းများအား အရေးယူဆောင်ရွက်မှုများကြောင့် ပြီးခဲ့သည့် ၂ဝ၂၄ ခုနှစ်အတွင်း ယာဉ်မတော်တဆမှုများ လျော့နည်းလာကြောင်း YRTC မှ သိရသည် YBS ယာဉ်မတော်တဆမှုများနှင့်...

အလှအပရေးရာ ဆေးခန်းတွင် ကိုယ်ခန္ဓာ အဆီစုပ်ထုတ်ရန်သွားခဲ့သည့်...

သင်္ဃန်းကျွန်းမြို့နယ်ရှိ IRIS Beauty Clinic အလှအပရေးရာ ဆေးခန်းတွင် ကိုယ်ခန္ဓာအဆီစုပ်ထုတ်ရန်သွားသည့် အသက် (၂၇) နှစ်အရွယ် အမျိုးသမီးတစ်ဦးသည် ယင်းဆေးခန်းတွင် အသက်ဆုံးရှုံးကာ...

ခရီးရှည် မြင်းစီးအားကစားပြိုင်ပွဲ ကျင်းပပြီးစီး

မန္တ‌လေးတိုင်း၊ ညောင်ဦးမြိူ့တွင် ကျင်းပပြုလုပ်ခဲ့သည့် ကီလိုမီတာ(၁၀၀)ခရီးရှည်မြင်းစီးအားကစားပြိုင်ပွဲကို အောင်မြင်စွာကျင်းပပြီးစီးခဲ့ပြီးဖြစ်ကြောင်း မြန်မာနိုင်ငံ မြင်းစီးအားကစားအဖွဲ့ချုပ်ထံက သိရသည်။ ခရီးရှည် မြင်းစီးပြိုင်ပွဲအား(၁၃)နာရီကြာ စီးနင်းယှဉ်ပြိုင်ခဲ့ကြခြင်းဖြစ်ပြီး မိုးမြင်းစီးအသင်းကိုယ်စားပြု အားကစားသမား သန်းနိုင်အောင်က...
HomeNewsLocal Newsမြန်မာနိုင်ငံနှင့် ကမ္ဘာသူကမ္ဘာသားအားလုံးဘေးရန်ကင်းကွာကျန်းမာချမ်းသာစွာဖြင့် လိုရာဆန္ဒပြည့်ဝကြပါစေ

မြန်မာနိုင်ငံနှင့် ကမ္ဘာသူကမ္ဘာသားအားလုံးဘေးရန်ကင်းကွာကျန်းမာချမ်းသာစွာဖြင့် လိုရာဆန္ဒပြည့်ဝကြပါစေ

မြန်မာနိုင်ငံနှင့် ကမ္ဘာသူကမ္ဘာသားအားလုံးဘေးရန်ကင်းကွာကျန်းမာချမ်းသာစွာဖြင့် လိုရာဆန္ဒပြည့်ဝကြပါစေဟု နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ဥက္ကဋ္ဌ သန်လျင်မင်းကျောင်းဆရာတော်ကြီးမှ ၂၀၂၅ ခုနှစ်၏ နှစ်သစ်မင်္ဂလာဆုတောင်းလွှာအဖြစ် ဆုတောင်းမေတ္တာပို့သခဲ့သည်။

ယနေ့သည် ၂၀၂၄ ခုနှစ်ဟုဆိုအပ်သော နှစ်ဟောင်းကုန်ပျောက်၍ ၂၀၂၅ ခုနှစ်ဟုဆိုအပ်သော ကမ္ဘာ့နှစ်သစ်သို့စတင်ရောက်ရှိသည့် မင်္ဂလာရှိသောနေ့ထူးနေ့မြတ်ဖြစ်၍ ကမ္ဘာ့နှစ်သစ်မင်္ဂလာအချိန်အခါမှစ၍ မြန်မာနိုင်ငံသူ၊နိုင်ငံသားများနှင့် ကမ္ဘာသူ၊ကမ္ဘာသားအားလုံးကျရောက်ဆဲ, ကျရောက်လတ္တံ့ဖြစ်သော ဘေးဥပါဒ်အန္တရာယ် ရန်စွယ်အပေါင်းမကောင်းဟူသမျှ ပြစ်ဒေါသတို့မှကင်းစင်ပကြလျက် မိမိတို့အလိုရှိအပ်တောင့်တအပ်သော အတတ်ပညာ၊ စည်းစိမ်ချမ်းသာ၊ ကျော်စောသတင်း၊ မိတ်ကောင်းဆွေကောင်းများရရှိနိုင်ပါစေဟု ဆုတောင်းမေတ္တာပို့သခဲ့သည်။

ထိုသို့ ရရှိနိုင်ရန် မဃဒေဝလင်္ကာသစ်၌ ဘုရားဟောပါဠိတော်နှင့်အညီမိန့်ဆိုထားသည့်အတိုင်း ပညာရှိထံနည်းနာခံ၍ အတတ်ပညာကိုသင်ယူရန်၊ စည်းစိမ်ချမ်းသာဥစ္စာများရရှိစေနိုင်ရန် ထကြွလုံ့လဝီရိယနှင့် ကြိုးစားလုပ်ဆောင်ရန်၊ ကောင်းသတင်းနှင့် ပြည့်စုံရေးအတွက် စကားကို မှန်ကန်စွာပြောဆို၍ သစ္စာတည်ရန်၊ မိတ်ကောင်းဆွေကောင်းများ ရရှိစေနိုင်ရန် သူတစ်ပါးအပေါ် မေတ္တာထား၍ ပေးကမ်းစွန့်ကြဲရန် မိမိတို့ဘဝ၌ ပြည့်ပြည့်စုံစုံ ချမ်းချမ်းသာသာနေနိုင်ရေးအတွက် ဤကမ္ဘာ့နှစ်သစ်မင်္ဂလာအချိန်အခါမှစ၍ ဆောင်ရွက်ကြရန်လည်း သန်လျင်မင်းကျောင်း ဆရာတော်ကြီးက တိုက်တွန်းနှိုးဆော်မိန့်ကြားခဲ့သည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

၂၀၂၄ အာဆီယံချန်ပီယံရှစ် ဗိုလ်လုပွဲ တစ်ဂိုးအကျောဖြင့်အနိုင်ရရှိခဲ့သည့် ဗီယက်နမ် အသင်း

ဇန်နဝါရီ(၅)ရက် မြန်မာစံတော်ချိန် ည(၇)နာရီခွဲအချိန်တွင် ထိုင်းနှင့်ဗီယက်နမ်လက်ရွေးစင်အသင်းတို့ အာဆီယံ မစ်ဆူဘီရှီချန်ပီယံရှစ် ဒုဝိယအကျော့ဗိုလ်လုပွဲစဉ် ယှဉ်ပြိုင်ကစားရာ ဗီယက်နမ်အသင်းက တစ်ဂိုးအကျောဖြင့်ထပ်မံ အနိုင်ရရှိခဲ့သည်။ ပွဲစဉ်ပထမပိုင်းပြီးဆုံးချိန်တွင် တစ်ဘက် တစ်ဂိုးစီဖြင့် သရေရလဒ် ထွက်ပေါ်နေရာမှာ ဒုတိယပိုင်းပွဲချိန်အတွင်း ဗီယက်နမ်အသင်းက (၂)ဂိုးထပ်မံသွင်းယူခဲ့ရာ (၃)ဂိုး(၂)ဂိုးဖြင့် ချန်ပီယံဆုကို ပိုင်ဆိုင်ခဲ့ခြင်းဖြစ်သည်။ ဗီယက်နမ် နှင့် ထိုင်း လက်ရွေးစင်အသင်းတို့ ဗိုလ်လုပွဲစဉ်ကို နှစ်ကျော့စနစ်ဖြင့်ကစားခဲ့ရာ နှစ်ကျော့ပေါင်း (၅)ဂိုး(၃) ဂိုးရလဒ်ဖြင့် ယခုနှစ်အတွက် ဗီယက်နမ်အသင်းက ဗိုလ်စွဲခဲ့ခြင်းလည်းဖြစ်သည်။ ပွဲစဉ်အတွင်း ဗီယက်နမ်အသင်း၏ ဂိုးဖန်တီးရှင် တိုက်စစ်မှူး ငုယင်ဇန်ဆန်မှာဒဏ်ရာပြင်းထန်စွာရရှိခဲ့သဖြင့် အရေးပေါ် ဆေးရုံတင်လိုက်ရပြီး ၎င်း၏...

၂ဝ၂၄ ခုနှစ်အတွင်း ယာဉ်မတော်တဆမှုများ လျော့နည်းလာဟု YRTC ပြော

စည်းကမ်းမဲ့ YBS ယာဉ်မောင်းများအား အရေးယူဆောင်ရွက်မှုများကြောင့် ပြီးခဲ့သည့် ၂ဝ၂၄ ခုနှစ်အတွင်း ယာဉ်မတော်တဆမှုများ လျော့နည်းလာကြောင်း YRTC မှ သိရသည် YBS ယာဉ်မတော်တဆမှုများနှင့် ယင်းမတော်တဆမှုကြောင့် သေဆုံးမှုနှင့် ဒဏ်ရာရရှိမှုများ လျော့နည်းလာစေရန် ရန်ကုန်တိုင်းဒေသကြီး ပုဂ္ဂလိကသယ်ယူပို့ဆောင်ရေး ကြီးကြပ်မှုကော်မတီ(YRTC)မှ ယာဉ်စည်းကမ်းထိန်းသိမ်းရေးအဖွဲ့များမှ နေ့စဉ် လှည့်လည်စစ်ဆေးပြီး စည်းကမ်းမဲ့ YBS ယာဉ်မောင်းများအား အရေးယူခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။ ထိုကဲ့သို့ ဆောင်ရွက်မှုများကြောင့် ၂၀၂၄ ခုနှစ်အတွင်း YBS ယာဉ်မတော်တဆမှုများကြောင့် ‌ေ-သဆုံး၊ ဒဏ်ရာရရှိမှုများသည် ၂၀၂၃ ခုနှစ်ထက် လျော့နည်းကျဆင်းခဲ့ကြောင်း...

အလှအပရေးရာ ဆေးခန်းတွင် ကိုယ်ခန္ဓာ အဆီစုပ်ထုတ်ရန်သွားခဲ့သည့် အမျိုးသမီး အသက်ဆုံးရှုံး

သင်္ဃန်းကျွန်းမြို့နယ်ရှိ IRIS Beauty Clinic အလှအပရေးရာ ဆေးခန်းတွင် ကိုယ်ခန္ဓာအဆီစုပ်ထုတ်ရန်သွားသည့် အသက် (၂၇) နှစ်အရွယ် အမျိုးသမီးတစ်ဦးသည် ယင်းဆေးခန်းတွင် အသက်ဆုံးရှုံးကာ အလောင်းစွန့်ပစ်ခံခဲ့ရကြောင်း သတင်းထွက်ပေါ်နေပြီး သက်ဆိုင်ရာက စုံစမ်းစစ်ဆေးမှုများ လုပ်ဆောင်နေကြောင်း သိရသည်။ ကျောက်တံတားမြို့နယ်တွင် နေထိုင်သူ ယင်းအမျိုးသမီး၏ ရုပ်အလောင်းကို ခုနစ်ရက်ကြာမှသာ ဇန်နဝါရီလ (၂) ရက်က ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်တွင် အလောင်းပြန်လည် ရရှိခဲ့သည်ဟု ယင်းအမျိုးသမီး၏ မိတ်ဆွေများက ပြောသည်။ ယင်းအမျိုးသမီးသည် ဒီဇင်ဘာ (၂၇) ရက်၊ ညနေပိုင်းတွင် သင်္ဃန်းကျွန်းမြို့နယ်ရှိ IRIS Beauty...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071