Monday, January 6, 2025

စားအုန်းဆီ အခြေခံလက်ကား ရည်ညွှန်းဈေးနှုန်းမြင့်တက်လာ

ဈေးကွက်အတွင်း ရောင်းချရမည့် စားအုန်းဆီ အခြေခံလက်ကားရည်ညွှန်းဈေးနှုန်း မြင့်တက်လာကြောင်း ထုတ်ပြန်ထားသည့် ဈေးနှုန်းအရ သိရသည်။ ယခုတစ်ပါတ်အတွက် စားအုန်းဆီ အခြေခံလက်ကားရည်ညွှန်းဈေးနှုန်းမှာ တစ်ပိဿာ ငွေကျပ် (၇၂၈၀)...

ဆောင်းရာသီ ဖြစ်သော်လည်း စစ်ကိုင်း ၊...

နေပြည်တော်၊ ရန်ကုန်တိုင်း၊ ပဲခူးနှင့် ဧရာဝတီတိုင်းဒေသကြီးတို့တွင် ရာသီဥတု သာယာပြီး စစ်ကိုင်းတိုင်းအထက်ပိုင်း၊ ကချင်နှင့် ချင်းပြည်နယ်တို့တွင် နေရာကွက်ကျား မိုးအနည်းငယ်ရွာနိုင်ကြောင်း မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ ဇန်နဝါရီ...

၂၀၂၄ အာဆီယံချန်ပီယံရှစ် ဗိုလ်လုပွဲ တစ်ဂိုးအကျောဖြင့်အနိုင်ရရှိခဲ့သည့်...

ဇန်နဝါရီ(၅)ရက် မြန်မာစံတော်ချိန် ည(၇)နာရီခွဲအချိန်တွင် ထိုင်းနှင့်ဗီယက်နမ်လက်ရွေးစင်အသင်းတို့ အာဆီယံ မစ်ဆူဘီရှီချန်ပီယံရှစ် ဒုဝိယအကျော့ဗိုလ်လုပွဲစဉ် ယှဉ်ပြိုင်ကစားရာ ဗီယက်နမ်အသင်းက တစ်ဂိုးအကျောဖြင့်ထပ်မံ အနိုင်ရရှိခဲ့သည်။ ပွဲစဉ်ပထမပိုင်းပြီးဆုံးချိန်တွင် တစ်ဘက် တစ်ဂိုးစီဖြင့်...

၂ဝ၂၄ ခုနှစ်အတွင်း ယာဉ်မတော်တဆမှုများ လျော့နည်းလာဟု...

စည်းကမ်းမဲ့ YBS ယာဉ်မောင်းများအား အရေးယူဆောင်ရွက်မှုများကြောင့် ပြီးခဲ့သည့် ၂ဝ၂၄ ခုနှစ်အတွင်း ယာဉ်မတော်တဆမှုများ လျော့နည်းလာကြောင်း YRTC မှ သိရသည် YBS ယာဉ်မတော်တဆမှုများနှင့်...
HomeNewsLocal NewsKBZ Pay အကောင့်အချို့ငွေလိ-မ်ထုတ်ခံရသည့်...

KBZ Pay အကောင့်အချို့ငွေလိ-မ်ထုတ်ခံရသည့် ဖြစ်စဉ်အမြန်ဆုံးစိစစ်နေဟုဆို

ယခုရက်ပိုင်းအတွင်း KBZ Pay အကောင့်အချို့မှ ငွေလိ-မ်ထုတ်ခံရသည့် ဖြစ်စဉ်များနှင့် ပတ်သက်ပြီး အမြန်ဆုံးစိစစ်နေကြောင်း KBZPay က ထုတ်ပြန်ထားသည်။

ပြီးခဲ့သည့် ရက်ပိုင်းက KBZ Pay အသုံးပြုသူတချို့သည် ကိုယ်တိုင်မသိရှိရဘဲ အကောင့်ထဲမှ ငွေကြေးများ လွှဲပြောင်းထုတ်ယူခံရသည့်ဖြစ်စဉ် ဖြစ်ပွားခဲ့ကြောင်း ကိုယ်တိုင်ကြုံတွေ့ခဲ့ရသူများက လူမှုကွန်ရက်စာမျက်နှာတွင် ရေးသားဝေဖန်မှုများရှိလာခြင်းဖြစ်သည်။

ယင်း ဖြစ်စဉ်နှင့်ပတ်သက်၍ အမြန်ဆုံးစိစစ်ဆောင်ရွက်နေသလို ဗဟိုဘဏ်၏ ကြီးကြပ်လမ်းညွှန်မှုနှင့်အတူ စုံစမ်းထုတ်ဖော်သွားမည်ဖြစ်ကြောင်း အသိပေးထားသည်။

လတ်တလောတွင် အသုံးပြုသူတချို့၏ အကောင့်များကို OT-P ရယူပြီး PIN နံပါတ်ကိုခန့်မှန်းကာ ဝင်ရောက်ခဲ့သည့်ဖြစ်စဉ်များနှင့်ပတ်သက်ပြီး က‌မ္ဘောဇဘဏ်က သိရှိသတိပြုမိထားပြီးဖြစ်သလို အသုံးပြုသူများ၏ ငွေကြေးဆုံးရှုံးမှုများ မဖြစ်ပေါ်စေရေးအတွက် ကမ္ဘောဇဘဏ်က တာဝန်ယူမှု၊ တာဝန်ခံမှုအပြည့်ဖြင့် အကောင်းဆုံးဝန်ဆောင်မှုပေးနေကြောင်းလည်း သိရသည်။

ထို့ပြင် အကောင့်လုံခြုံရေးနှင့်ပတ်သက်၍ တိုးမြှင့်ဆောင်ရွက်မှုများကိုလည်း လာမည့်ရက်သတ္တပတ်တွင် ဆက်လက် ထုတ်ပြန်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

စားအုန်းဆီ အခြေခံလက်ကား ရည်ညွှန်းဈေးနှုန်းမြင့်တက်လာ

ဈေးကွက်အတွင်း ရောင်းချရမည့် စားအုန်းဆီ အခြေခံလက်ကားရည်ညွှန်းဈေးနှုန်း မြင့်တက်လာကြောင်း ထုတ်ပြန်ထားသည့် ဈေးနှုန်းအရ သိရသည်။ ယခုတစ်ပါတ်အတွက် စားအုန်းဆီ အခြေခံလက်ကားရည်ညွှန်းဈေးနှုန်းမှာ တစ်ပိဿာ ငွေကျပ် (၇၂၈၀) ဖြစ်ပြီး ပြီးခဲ့သည့်တစ်ပါတ်တွင် တစ်ပိသာ (၆၀၀၀) ကျော်သာရှိကြောင်း သိရသည်။ ယခုအပတ်အတွင်း ကမ္ဘာ့စားအုန်းဆီ ထုတ်လုပ်တင်ပို့သည့် နိုင်ငံများတွင် ဈေးကွက်နှင့် ဈေးနှုန်းဖြစ်ပေါ်မှုများအရ ၂၀၂၅ ခုနှစ် ဇန်နဝါရီ (၆) ရက်မှ (၁၂) ရက်အထိ ရန်ကုန်အထိုင်ဈေး အခြေခံလက်ကား ရည်ညွှန်းဈေးနှုန်းမှာ စားအုန်းဆီတစ်ပိဿာလျှင် ငွေကျပ် (၇၂၈၀) ဖြစ်ကြောင်း ထုတ်ပြန်...

ဆောင်းရာသီ ဖြစ်သော်လည်း စစ်ကိုင်း ၊ ချင်းနှင့် ကချင်ပြည်နယ်တို့တွင် မိုးရွာနိုင်ချေရှိနေ

နေပြည်တော်၊ ရန်ကုန်တိုင်း၊ ပဲခူးနှင့် ဧရာဝတီတိုင်းဒေသကြီးတို့တွင် ရာသီဥတု သာယာပြီး စစ်ကိုင်းတိုင်းအထက်ပိုင်း၊ ကချင်နှင့် ချင်းပြည်နယ်တို့တွင် နေရာကွက်ကျား မိုးအနည်းငယ်ရွာနိုင်ကြောင်း မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ ဇန်နဝါရီ (၆) ရက်၊ နံနက်(၇)နာရီအချိန် ထုတ်ပြန်ချက်အရ သိရသည်။ ဘင်္ဂလားပင်လယ်အော်အ‌ခြေအနေမှာ ကပ္ပလီပင်လယ်ပြင်တောင်ပိုင်းနှင့် ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းတို့တွင် တိမ်အသင့်အတင့်မှ တိမ်ထူထပ်နေပြီး၊ ကပ္ပလီပင်လယ်ပြင်မြောက်ပိုင်းနှင့် ကျန်ဘင်္ဂလားပင်လယ်အော်တို့တွင် တိမ်အနည်းငယ် ဖြစ်ထွန်းနေကြောင်း မိုးဇလမှ ထုတ်ပြန်သည်။ ယနေ့ညနေအထိခန့်မှန်းချက်တွင် နေပြည်တော်၊ ရန်ကုန်တိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီးနှင့် ဧရာဝတီတိုင်းဒေသကြီးတို့တွင် အများအားဖြင့် သာယာပြီး၊ ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်တို့တွင် တိမ်အသင့်အတင့် ဖြစ်ထွန်းမည်ဖြစ်သည်။ နောက်(၂)ရက်အတွင်း ခန့်မှန်းချက်အရ...

၂၀၂၄ အာဆီယံချန်ပီယံရှစ် ဗိုလ်လုပွဲ တစ်ဂိုးအကျောဖြင့်အနိုင်ရရှိခဲ့သည့် ဗီယက်နမ် အသင်း

ဇန်နဝါရီ(၅)ရက် မြန်မာစံတော်ချိန် ည(၇)နာရီခွဲအချိန်တွင် ထိုင်းနှင့်ဗီယက်နမ်လက်ရွေးစင်အသင်းတို့ အာဆီယံ မစ်ဆူဘီရှီချန်ပီယံရှစ် ဒုဝိယအကျော့ဗိုလ်လုပွဲစဉ် ယှဉ်ပြိုင်ကစားရာ ဗီယက်နမ်အသင်းက တစ်ဂိုးအကျောဖြင့်ထပ်မံ အနိုင်ရရှိခဲ့သည်။ ပွဲစဉ်ပထမပိုင်းပြီးဆုံးချိန်တွင် တစ်ဘက် တစ်ဂိုးစီဖြင့် သရေရလဒ် ထွက်ပေါ်နေရာမှာ ဒုတိယပိုင်းပွဲချိန်အတွင်း ဗီယက်နမ်အသင်းက (၂)ဂိုးထပ်မံသွင်းယူခဲ့ရာ (၃)ဂိုး(၂)ဂိုးဖြင့် ချန်ပီယံဆုကို ပိုင်ဆိုင်ခဲ့ခြင်းဖြစ်သည်။ ဗီယက်နမ် နှင့် ထိုင်း လက်ရွေးစင်အသင်းတို့ ဗိုလ်လုပွဲစဉ်ကို နှစ်ကျော့စနစ်ဖြင့်ကစားခဲ့ရာ နှစ်ကျော့ပေါင်း (၅)ဂိုး(၃) ဂိုးရလဒ်ဖြင့် ယခုနှစ်အတွက် ဗီယက်နမ်အသင်းက ဗိုလ်စွဲခဲ့ခြင်းလည်းဖြစ်သည်။ ပွဲစဉ်အတွင်း ဗီယက်နမ်အသင်း၏ ဂိုးဖန်တီးရှင် တိုက်စစ်မှူး ငုယင်ဇန်ဆန်မှာဒဏ်ရာပြင်းထန်စွာရရှိခဲ့သဖြင့် အရေးပေါ် ဆေးရုံတင်လိုက်ရပြီး ၎င်း၏...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071