Monday, January 6, 2025

အောက်စက်တော်ရာ (ခြေတော်ရာ)အား သွားရောက်ဖူးမြော်နိုင်ရန် ဘေလီသံပေါင်တံတားတစ်စင်း...

မန်းရွှေစက်တော်ဘုရားကြီးရှိ အောက်စက်တော်ရာ (ခြေတော်ရာ)အား ဘုရားဖူးပြည်သူများ သွားရောက်ဖူးမြော်နိုင်ရန် ဘေလီသံပေါင်တံတားတစ်စင်းတပ်ဆင်လျက်ရှိကြောင်း မန်းရွှေစက်တော်ဘုရားဂေါပကအဖွဲ့ထံမှ သိရသည်။ အဆိုပါ ယာယီဘေလီသံပေါင် တံတားတစ်စင်းကို ၂၀၂၄ ခုနှစ် ဒီဇင်ဘာလ...

ထိုင်း-ဗီယက်နမ် ဗိုလ်လုပွဲစဉ်တွင် ဒဏ်ရာရရှိခဲ့သည် ဗီယက်နမ်တိုက်စစ်မှူး...

ယမန်နေ့ ဇန်နဝါရီ (၅)ရက် ညပိုင်းက ထိုင်းနိုင်ငံတွင် ယှဉ်ပြိုင်ကစားခဲ့သည့် ထိုင်း-ဗီယက်နမ် အာဆီယံမီဆူဘီရှီဖလား ဗိုလ်လုပွဲစဉ်တွင် ခြေထောက် ဒဏ်ရာရရှိခဲ့သည် ဗီယက်နမ် တိုက်စစ်မှူး...

ပုဂံရှေးဟောင်း သုတေသန ပြတိုက်သို့ ပြည်တွင်းပြည်ပခရီးသွားဧည့်သည်...

ပုဂံရှေးဟောင်း သုတေသန ပြတိုက်သို့ ယခု ၂ဝ၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ် ဧပြီလမှ ဒီဇင်ဘာလအထိ ပြည်တွင်း၊ ပြည်ပ ခရီးသွားဧည့်သည် (၃၀၀၀၀) နီးပါးဝင်ရောက်ခဲ့ကြောင်းရှေးဟောင်း...

စားအုန်းဆီ အခြေခံလက်ကား ရည်ညွှန်းဈေးနှုန်းမြင့်တက်လာ

ဈေးကွက်အတွင်း ရောင်းချရမည့် စားအုန်းဆီ အခြေခံလက်ကားရည်ညွှန်းဈေးနှုန်း မြင့်တက်လာကြောင်း ထုတ်ပြန်ထားသည့် ဈေးနှုန်းအရ သိရသည်။ ယခုတစ်ပါတ်အတွက် စားအုန်းဆီ အခြေခံလက်ကားရည်ညွှန်းဈေးနှုန်းမှာ တစ်ပိဿာ ငွေကျပ် (၇၂၈၀)...
HomeNewsLocal Newsအောင်သာကျေးရွာအတွက် ရေပေးဝေရေးနှင့်သောက်သုံးရေဘေးကင်းရေးအာမခံစီမံကိန်းကို လွှဲပြောင်းပေးအပ်

အောင်သာကျေးရွာအတွက် ရေပေးဝေရေးနှင့်သောက်သုံးရေဘေးကင်းရေးအာမခံစီမံကိန်းကို လွှဲပြောင်းပေးအပ်

လန်ချန်း-မဲခေါင် အမျိုးသားကျေးရွာပြည်သူ့အကျိုးပြုစံပြစီမံကိန်း(ဒုတိယအသုတ်)အဖြစ် နေပြည်တော် အောင်သာကျေးရွာအတွက် ရေပေးဝေရေးနှင့်သောက်သုံးရေဘေးကင်းရေးအာမခံစီမံကိန်းကို ဒီဇင်ဘာ ၂၇ ရက်ကလွှဲပြောင်းပေးခဲ့ကြောင်း မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးထံမှ သိရသည်။

သောက်သုံးရေအခက်အခဲရှိနေသည့် အောင်သာကျေးရွာအတွက် လန်ချန်း-မဲခေါင်ပူးပေါင်းဆောင်ရွက်မှုအထူးရန်ပုံငွေ၏ ပံ့ပိုးမှုဖြင့် YANGZE RIVER SCIENTIFIC RESEARCH INSTITUTE နှင့် State Power Investment Corporation(SPIC)တို့က ရေပေးဝေရေးအာမခံ စနစ်ကိုတည်ဆောက်ခဲ့ကြောင်း သိရသည်။

အဆိုပါ စနစ်တွင် မီတာ(၁၇၀)အရှည်ရှိ ကေဘယ်လ်ကြိုး(၁)ချောင်း၊ (၁၅၂ ဒသမ ၄)မီတာနက်သော ရေတွင်း(၁)တွင်း၊ ရေမျှော်စင်(၁)ခု၊ ရေ ကန်(၃)ကန်၊ အနည်ထိုင်ရေကန်(၁)ကန်၊ Blast Aeration စက်ကိရိယာ(၁)စုံ၊ ရေမြှုပ်ပန့်(၁)လုံး နှင့် မီတာ(၂၆၀၀)အရှည်ရှိ ရေပိုက်များပါဝင်ကြောင်း သိရသည်။

ယင်း စနစ်သည် အောင်သာကျေးရွာနေသူများအတွက် အာမခံချက်ရှိသော ရေအရင်းမြစ်များကိုရရှိစေပြီး ရေသန့်စင်စနစ်တည်ဆောက်ထား၍ ကျေးရွာနေသူ(၃၅၀)ကျော်၏နေအိမ်များသို့ ချိတ်ဆက်ပေးဝေခဲ့ကြောင်း သိရသည်။

ထို့ပြင် လူနှင့်တိရစ္ဆာန်သုံး သောက်ရေကန်တို့ကို ခွဲခြားတည်ဆောက်ထားပြီး ခြောက်သွေ့ရာသီတွင် စိုက်ပျိုးရေးနှင့် မွေးမြူရေး၊ သောက်သုံးရေအတွက် အာမခံချက်ရှိစေကာ မွေးမြူရေးတိရစ္ဆာန်များ ရှင်သန်မှုနှုန်းကိုလည်းမြှင့်တင်ပေးနိုင်ခဲ့ကြောင်း သိရသည်။

ယခင်က အောင်သာကျေးရွာနေသူများသည် သောက်သုံးရေအဆင်ပြေစေရန် ဝေးလံသောဘုန်းကြီးကျောင်းသို့ သွားရောက်ခပ်ယူရခြင်း၊ ရေသန့်ဗူးများဝယ်ရခြင်း၊ လူနေမှုဘဝ၊ စိုက်ပျိုးရေးနှင့် မွေးမြူရေးတို့အတွက် သုံးရေရှားပါးမှုနှင့် ကုန်ကျစရိတ်မြင့်မားခြင်းအခက်အခဲများနှင့်ကြုံတွေ့ခဲ့ရကြောင်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

အောက်စက်တော်ရာ (ခြေတော်ရာ)အား သွားရောက်ဖူးမြော်နိုင်ရန် ဘေလီသံပေါင်တံတားတစ်စင်း တပ်ဆင်နေ

မန်းရွှေစက်တော်ဘုရားကြီးရှိ အောက်စက်တော်ရာ (ခြေတော်ရာ)အား ဘုရားဖူးပြည်သူများ သွားရောက်ဖူးမြော်နိုင်ရန် ဘေလီသံပေါင်တံတားတစ်စင်းတပ်ဆင်လျက်ရှိကြောင်း မန်းရွှေစက်တော်ဘုရားဂေါပကအဖွဲ့ထံမှ သိရသည်။ အဆိုပါ ယာယီဘေလီသံပေါင် တံတားတစ်စင်းကို ၂၀၂၄ ခုနှစ် ဒီဇင်ဘာလ (၂၄) ရက်မှ စတင်တပ်ဆင်တည်ဆောက်နေပြီး မန်းရွှေစက်တော်ဘုရား ဗုဒ္ဓပူဇနိယပွဲတော် ကျင်းပစဉ်ကာလ အောက်စက်တော်ရာ(ခြေတော်ရာ)အား အနယ်နယ်အရပ်ရပ်မှ ဘုရားဖူးလာရောက်ကြသူများ လွယ်လင့်တကူ အဆင်ပြေစွာ သွားရောက်ဖူးမြော်နိုင်စေရန် ရည်ရွယ်၍ တည်ဆောက်ခြင်းဖြစ်ကြောင်း သိရသည်။ ယင်းတံတားတပ်ဆင်ရာတွင် ယခင်နှစ်က အသုံးပြုခဲ့သော တံတား အကျယ် (၁၂) ပေ (၈) လက်မ၊ အရှည်ပေ (၁၀၀) ရှိ...

ထိုင်း-ဗီယက်နမ် ဗိုလ်လုပွဲစဉ်တွင် ဒဏ်ရာရရှိခဲ့သည် ဗီယက်နမ်တိုက်စစ်မှူး လနှင့်ချီ ကုသမှုခံယူရမည်

ယမန်နေ့ ဇန်နဝါရီ (၅)ရက် ညပိုင်းက ထိုင်းနိုင်ငံတွင် ယှဉ်ပြိုင်ကစားခဲ့သည့် ထိုင်း-ဗီယက်နမ် အာဆီယံမီဆူဘီရှီဖလား ဗိုလ်လုပွဲစဉ်တွင် ခြေထောက် ဒဏ်ရာရရှိခဲ့သည် ဗီယက်နမ် တိုက်စစ်မှူး ယင်ဆူအန်ဇန်သည် ညာဘက်ခြေသလုံးရိုးဒဏ်ရာကြောင့် လနှင့်ချီ ဆေးဝါကုသမှု ခံယူရမည်ဖြစ်သည်ဟု အာဆီယံဘောလုံးအဖွဲ့ချုပ်က အသိပေးထားသည်။ အသက် (၂၈)နှစ်အရွယ် ဘရာဇီးနိုင်ငံသားတိုက်စစ်မှူး ယင်ဆူအန်ဇန်သည် ယမန်နေ့က ပွဲစဉ်အတွင်းဒဏ်ရာ ပြင်းထန်စွာရရှိခဲ့သည့်အတွက် ကွင်းအတွင်းမှ ထမ်းစင်ဖြင့် ထုတ်ယူခဲ့ရကာ ဆေးရုံသို့ပို့ဆောင်ခဲ့ရသည့် အခြေအနေဖြစ်သည်။ ၎င်းသည် အုပ်စုအဆင့်ပွဲစဉ်များအပြီး ဗီယက်နမ်အသင်း ၏ လက်ရွေးစင်ကစားသမားအဖြင့် တရားဝင်အသိအမှတ်ပြုခြင်းခံခဲ့ရပြီးနောက် ၎င်း၏ မူရင်းအမည် ရာဖင်ဆန်...

ပုဂံရှေးဟောင်း သုတေသန ပြတိုက်သို့ ပြည်တွင်းပြည်ပခရီးသွားဧည့်သည် (၃၀၀၀၀) နီးပါးဝင်ရောက်ခဲ့

ပုဂံရှေးဟောင်း သုတေသန ပြတိုက်သို့ ယခု ၂ဝ၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ် ဧပြီလမှ ဒီဇင်ဘာလအထိ ပြည်တွင်း၊ ပြည်ပ ခရီးသွားဧည့်သည် (၃၀၀၀၀) နီးပါးဝင်ရောက်ခဲ့ကြောင်းရှေးဟောင်း သုတေသနနှင့် အမျိုးသား ပြတိုက်ဦးစီးဌာန(ပုဂံဌာနခွဲ)မှ သိရသည်။ ယခုဘဏ္ဍာရေးနှစ် ဧပြီလမှ ဒီဇင်ဘာလအထိ ပြည်တွင်းခရီးသွားဧည့်သည် (၂၉၄၃၉) ဦးနှင့် ပြည်ပခရီးသွားဧည့်သည် (၂၅၇) ဦး စုစုပေါင်း (၂၉၆၉၆) ဦးဝင်ရောက်ခဲ့ကြောင်း သိရသည်။ ပုဂံရှေးဟောင်း သုတေသနပြတိုက်ကို ၂၀၂၀ ပြည့်နှစ်၊ မတ်လ (၁၅) ရက်မှစ၍ ကိုဗစ် -၁၉ ရောဂါ ထိန်းချုပ်နိုင်စေရန်...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071