Monday, January 6, 2025

ထိုင်း-ဗီယက်နမ် ဗိုလ်လုပွဲစဉ်တွင် ဒဏ်ရာရရှိခဲ့သည် ဗီယက်နမ်တိုက်စစ်မှူး...

ယမန်နေ့ ဇန်နဝါရီ (၅)ရက် ညပိုင်းက ထိုင်းနိုင်ငံတွင် ယှဉ်ပြိုင်ကစားခဲ့သည့် ထိုင်း-ဗီယက်နမ် အာဆီယံမီဆူဘီရှီဖလား ဗိုလ်လုပွဲစဉ်တွင် ခြေထောက် ဒဏ်ရာရရှိခဲ့သည် ဗီယက်နမ် တိုက်စစ်မှူး...

ပုဂံရှေးဟောင်း သုတေသန ပြတိုက်သို့ ပြည်တွင်းပြည်ပခရီးသွားဧည့်သည်...

ပုဂံရှေးဟောင်း သုတေသန ပြတိုက်သို့ ယခု ၂ဝ၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ် ဧပြီလမှ ဒီဇင်ဘာလအထိ ပြည်တွင်း၊ ပြည်ပ ခရီးသွားဧည့်သည် (၃၀၀၀၀) နီးပါးဝင်ရောက်ခဲ့ကြောင်းရှေးဟောင်း...

စားအုန်းဆီ အခြေခံလက်ကား ရည်ညွှန်းဈေးနှုန်းမြင့်တက်လာ

ဈေးကွက်အတွင်း ရောင်းချရမည့် စားအုန်းဆီ အခြေခံလက်ကားရည်ညွှန်းဈေးနှုန်း မြင့်တက်လာကြောင်း ထုတ်ပြန်ထားသည့် ဈေးနှုန်းအရ သိရသည်။ ယခုတစ်ပါတ်အတွက် စားအုန်းဆီ အခြေခံလက်ကားရည်ညွှန်းဈေးနှုန်းမှာ တစ်ပိဿာ ငွေကျပ် (၇၂၈၀)...

ဆောင်းရာသီ ဖြစ်သော်လည်း စစ်ကိုင်း ၊...

နေပြည်တော်၊ ရန်ကုန်တိုင်း၊ ပဲခူးနှင့် ဧရာဝတီတိုင်းဒေသကြီးတို့တွင် ရာသီဥတု သာယာပြီး စစ်ကိုင်းတိုင်းအထက်ပိုင်း၊ ကချင်နှင့် ချင်းပြည်နယ်တို့တွင် နေရာကွက်ကျား မိုးအနည်းငယ်ရွာနိုင်ကြောင်း မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ ဇန်နဝါရီ...
HomeNewsLocal Newsပြိုင်ပွဲဝင်(၁၃၆၄)ဦးဝင်ရောက်ယှဉ်ပြိုင်ခဲ့သည့် ဇွဲကပင်တောင် အတက်/အဆင်းပြိုင်ပွဲ

ပြိုင်ပွဲဝင်(၁၃၆၄)ဦးဝင်ရောက်ယှဉ်ပြိုင်ခဲ့သည့် ဇွဲကပင်တောင် အတက်/အဆင်းပြိုင်ပွဲ

ကရင်ပြည်နယ် ကျက်သရေဆောင်ဆံတော်ရှင်ဇွဲကပင်တောင် အတက်/အဆင်းပြိုင်ပွဲကို (၇၇)နှစ် မြောက် လွတ်လပ်ရေးနေ့အား ကြိုဆိုဂုဏ်ပြုသည့်အနေဖြင့် ယနေ့ ဇန်နဝါရီ ၁ ရက်နံနက်ပိုင်းက ဘားအံမြို့နယ်၊ ဇွဲကပင်တောင်ခြေ၌ကျင်းပခဲ့ကြောင်း သိရသည်။

အဆိုပါ ပြိုင်ပွဲအား ကရင်ပြည်နယ်၏ ခရီးသွားလုပ်ငန်းများပိုမိုဖွံ့ဖြိုးတိုးတက်လာစေရန်၊ ဇွဲကပင်တောင်၏ ပြုပြင်ဖန်တီးထားခြင်းမရှိသော သဘာဝအလှအပများကို သိရှိခံစားနိုင်စေရန်၊ သဘာဝတောတောင်ရေမြေထိန်းသိမ်းရေးကို သိရှိနိုင်ရန်၊ ခြေလျင်တောင်တက်အားကစားနည်းကို လူအများစိတ်ပါဝင်စားလာစေရန်၊ ယင်း အားကစားနည်းကို လေ့လာလိုက်စားခြင်းဖြင့် ပြည်နယ်သူ၊ ပြည်နယ်သားများနှင့် တစ်မျိုးသားလုံးပိုမိုကျန်းမာကြံ့ခိုင်လာစေရန် ရည်ရွယ်၍ ကျင်းပခြင်းဖြစ်ကြောင်း သိရသည်။

ပြိုင်ပွဲဝင် အသက်(၄၀)နှစ်အောက် အမျိုးသား (၅၇၅)ဦး၊ အမျိုးသမီး(၅၅၀)ဦး၊ အသက်(၄၀)နှစ် အထက် အမျိုးသား(၁၅၀)ဦး၊ အမျိုးသမီး(၈၉) ဦး(စုစုပေါင်း ၁၃၆၄ ဦး)တို့က စတင်တာလွှတ်သည့် ဇွဲကပင်တောင်ခြေအရှေ့ခြမ်း သစ်ခြကျေးရွာတံတားဖြူမှစတင်၍ အမြင့်ပေ(၂၇၀၀)ကျော်ရှိ မက်စောက်မြင့်မားသော ဇွဲကပင်တောင်အားဖြတ်ကျော်ပြိုင်ပွဲဝင်ပြီး ဇွဲကပင်တောင်ခြေအနောက်ခြမ်း တော်ပုံကျေးရွာရှိ လုမ္ဗနီဥယျာဉ် အလယ်တန်းကျောင်းရှေ့တွင် ပန်းဝင်ခဲ့ကြသည်။

ထို့နောက် အသက်အငယ်ဆုံးပြိုင်ပွဲ(၂)ဦးနှင့် အသက်အကြီးဆုံးပြိုင်ပွဲဝင်(၂)ဦးတို့အား ဇွဲကပင်တောင်ဆရာတော်မှ ဂုဏ်ပြုဆုများ၊ ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးမှ အသက်(၄၀)နှစ်အထက် အမျိုးသားပြိုင်ပွဲတွင် ပထမ၊ ဒုတိယ၊ တတိယ၊ စတုတ္ထ၊ ပဉ္စမဆုရရှိကြသူများကို တစ်ဦးချင်းလည်ဆွဲဆု၊ ငွေသားဆုနှင့်ဆုဖလားများကိုပေးအပ်ချီးမြှင့်ခဲ့ကြကြောင်း သိရသည်။

ထို့အတူ အသက်(၄၀)နှစ်အောက် အမျိုးသမီးပြိုင်ပွဲတွင် ပထမ၊ ဒုတိယ၊ တတိယ၊ စတုတ္ထ၊ ပဉ္စမဆုရရှိကြသူများ၊ အသက်(၄၀)နှစ်အောက် အမျိုးသားပြိုင်ပွဲနှင့် အသက်(၄၀)နှစ်အထက် အမျိုးသမီးပြိုင်ပွဲတွင် ပထမ၊ ဒုတိယ၊ တတိယ၊ စတုတ္ထ၊ ပဉ္စစမဆုရရှိကြသူများ၊ အသက်(၄၀) နှစ်အောက် အမျိုးသား/အမျိုးသမီး နှစ်သိမ့်ဆု ၆ မှ ၅၀ ထိ၊ အသက်(၄၀)နှစ်အထက် အမျိုး သား/အမျိုးသမီး နှစ်သိမ့်ဆု ၆ မှ ၃၅ ထိရရှိကြသူများကိုတာဝန်ရှိသူများက ဆုများအသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြကြောင်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ထိုင်း-ဗီယက်နမ် ဗိုလ်လုပွဲစဉ်တွင် ဒဏ်ရာရရှိခဲ့သည် ဗီယက်နမ်တိုက်စစ်မှူး လနှင့်ချီ ကုသမှုခံယူရမည်

ယမန်နေ့ ဇန်နဝါရီ (၅)ရက် ညပိုင်းက ထိုင်းနိုင်ငံတွင် ယှဉ်ပြိုင်ကစားခဲ့သည့် ထိုင်း-ဗီယက်နမ် အာဆီယံမီဆူဘီရှီဖလား ဗိုလ်လုပွဲစဉ်တွင် ခြေထောက် ဒဏ်ရာရရှိခဲ့သည် ဗီယက်နမ် တိုက်စစ်မှူး ယင်ဆူအန်ဇန်သည် ညာဘက်ခြေသလုံးရိုးဒဏ်ရာကြောင့် လနှင့်ချီ ဆေးဝါကုသမှု ခံယူရမည်ဖြစ်သည်ဟု အာဆီယံဘောလုံးအဖွဲ့ချုပ်က အသိပေးထားသည်။ အသက် (၂၈)နှစ်အရွယ် ဘရာဇီးနိုင်ငံသားတိုက်စစ်မှူး ယင်ဆူအန်ဇန်သည် ယမန်နေ့က ပွဲစဉ်အတွင်းဒဏ်ရာ ပြင်းထန်စွာရရှိခဲ့သည့်အတွက် ကွင်းအတွင်းမှ ထမ်းစင်ဖြင့် ထုတ်ယူခဲ့ရကာ ဆေးရုံသို့ပို့ဆောင်ခဲ့ရသည့် အခြေအနေဖြစ်သည်။ ၎င်းသည် အုပ်စုအဆင့်ပွဲစဉ်များအပြီး ဗီယက်နမ်အသင်း ၏ လက်ရွေးစင်ကစားသမားအဖြင့် တရားဝင်အသိအမှတ်ပြုခြင်းခံခဲ့ရပြီးနောက် ၎င်း၏ မူရင်းအမည် ရာဖင်ဆန်...

ပုဂံရှေးဟောင်း သုတေသန ပြတိုက်သို့ ပြည်တွင်းပြည်ပခရီးသွားဧည့်သည် (၃၀၀၀၀) နီးပါးဝင်ရောက်ခဲ့

ပုဂံရှေးဟောင်း သုတေသန ပြတိုက်သို့ ယခု ၂ဝ၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ် ဧပြီလမှ ဒီဇင်ဘာလအထိ ပြည်တွင်း၊ ပြည်ပ ခရီးသွားဧည့်သည် (၃၀၀၀၀) နီးပါးဝင်ရောက်ခဲ့ကြောင်းရှေးဟောင်း သုတေသနနှင့် အမျိုးသား ပြတိုက်ဦးစီးဌာန(ပုဂံဌာနခွဲ)မှ သိရသည်။ ယခုဘဏ္ဍာရေးနှစ် ဧပြီလမှ ဒီဇင်ဘာလအထိ ပြည်တွင်းခရီးသွားဧည့်သည် (၂၉၄၃၉) ဦးနှင့် ပြည်ပခရီးသွားဧည့်သည် (၂၅၇) ဦး စုစုပေါင်း (၂၉၆၉၆) ဦးဝင်ရောက်ခဲ့ကြောင်း သိရသည်။ ပုဂံရှေးဟောင်း သုတေသနပြတိုက်ကို ၂၀၂၀ ပြည့်နှစ်၊ မတ်လ (၁၅) ရက်မှစ၍ ကိုဗစ် -၁၉ ရောဂါ ထိန်းချုပ်နိုင်စေရန်...

စားအုန်းဆီ အခြေခံလက်ကား ရည်ညွှန်းဈေးနှုန်းမြင့်တက်လာ

ဈေးကွက်အတွင်း ရောင်းချရမည့် စားအုန်းဆီ အခြေခံလက်ကားရည်ညွှန်းဈေးနှုန်း မြင့်တက်လာကြောင်း ထုတ်ပြန်ထားသည့် ဈေးနှုန်းအရ သိရသည်။ ယခုတစ်ပါတ်အတွက် စားအုန်းဆီ အခြေခံလက်ကားရည်ညွှန်းဈေးနှုန်းမှာ တစ်ပိဿာ ငွေကျပ် (၇၂၈၀) ဖြစ်ပြီး ပြီးခဲ့သည့်တစ်ပါတ်တွင် တစ်ပိသာ (၆၀၀၀) ကျော်သာရှိကြောင်း သိရသည်။ ယခုအပတ်အတွင်း ကမ္ဘာ့စားအုန်းဆီ ထုတ်လုပ်တင်ပို့သည့် နိုင်ငံများတွင် ဈေးကွက်နှင့် ဈေးနှုန်းဖြစ်ပေါ်မှုများအရ ၂၀၂၅ ခုနှစ် ဇန်နဝါရီ (၆) ရက်မှ (၁၂) ရက်အထိ ရန်ကုန်အထိုင်ဈေး အခြေခံလက်ကား ရည်ညွှန်းဈေးနှုန်းမှာ စားအုန်းဆီတစ်ပိဿာလျှင် ငွေကျပ် (၇၂၈၀) ဖြစ်ကြောင်း ထုတ်ပြန်...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071