Monday, January 6, 2025

စတုတ္ထအကြိမ်မြောက် CNPC Youth Short-Video...

CNPC ကုမ္ပဏီမှ ဦးစီးကျင်းပသော စတုတ္ထအကြိမ်မြောက် CNPC Youth Short-Video Challenge အွန်လိုင်း ဗီဒီယိုပြိုင်ပွဲ ကို ၂၀၂၃ ခုနှစ်...

ယူကရိန်းကို အကူအညီမပေးသည့်အတွက် အနောက်နိုင်ငံများကို ဆိုးရွားသောအသုံးအနှုန်းဖြင့်...

သူ့အမြင်အရတော့ အနောက်နိုင်ငံတွေက မော်စကိုကို ပိတ်ဆို့အရေးယူမှုတွေနဲ့ လက်နက်ထောက်ပံ့မှုတွေနဲ့ ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီ ၂၄ ရက်မတိုင်ခင်ကတည်းက မော်စကိုကို ခြိမ်းခြောက်ဖို့ ကြိုးပမ်းရမှာ...

မိုဒီထံမှဒေါ်လာ၂၀,၀၀၀တန်စိန်တစ်ပွင့်ဘိုင်ဒင်ကတော်လက်ဆောင်ရခဲ့

အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်မိသားစုသည် ၂၀၂၃ ခုနှစ်အတွင်း နိုင်ငံရပ်ခြားခေါင်းဆောင်များထံမှ ဒေါ်လာသောင်းချီ၍တန်ဖိုးရှိသော လက်ဆောင်ပဏ္ဍာများ ကို ရရှိခဲ့ကြသည်ဟု နိုင်ငံခြားရေးဝန်ကြီးဌာနက နှစ်စဉ်ထုတ်ပြန်သော စာရင်းအင်းတစ်ခုအရသိရသည်။ ယင်းလက်ဆောင်များထဲတွင်...

တပ်မတော်အရာရှိတစ်ဦးအားပစ်ခတ်ခဲ့မှုအပါအဝင် ရန်ကုန်တိုင်းအတွင်းအကြမ်းဖက်မှုများပြုလုပ်ခဲ့သည့် Together Urban...

တပ်မတော်အရာရှိတစ်ဦးအားပစ်ခတ်ခဲ့မှုအပါအဝင် ရန်ကုန်တိုင်းအတွင်း အကြမ်းဖက်မှုများပြုလုပ်ခဲ့သည့် Together Urban Force အဖွဲ့ဝင် (၇)ဦးကိုဖမ်းဆီးရမိခဲ့ကြောင်း နစက၏သတင်းထုတ်ပြန်ရေးအဖွဲ့ထံမှ သိရသည်။ လုံခြုံရေးအဖွဲ့ဝင်များမှ မရမ်းကုန်းမြို့နယ်တွင်ကျင်းပသည့် ညီဖြစ်သူ၏မင်္ဂလာပွဲတက်ရောက်ပြီး ညီမဖြစ်သူနှင့်အတူပြန်ထွက်လာသော...
HomeInternationalကမ္ဘောဒီးယား၌၂၀၂၄တွင်မူးယစ်ဆေးဝါး၁၄ ဒသမ ၇...

ကမ္ဘောဒီးယား၌၂၀၂၄တွင်မူးယစ်ဆေးဝါး၁၄ ဒသမ ၇ တန်သိမ်းဆည်းရမိခဲ့

ဖနောင်ပင်၊ဇန်နဝါရီ ၁

ကမ္ဘောဒီးယားသည် ၂၀၂၄ ခုနှစ်၌ မူးယစ်ဆေးနှင့်ဆက်စပ်သည့်သံသယတရားခံများဖမ်းမိမှုအပါအဝင် မူးယစ်ဆေးဖမ်းဆီးရမိမှုများပါ သိသိသာသာမြင့်တက်လာခဲ့ကြောင်း မူးယစ်ဆေးဝါးတိုက်ဖျက်ရေးဌာန၏ထုတ်ပြန်ချက်အရသိရသည်။

ကမ္ဘောဒီးယားအာဏာပိုင်များသည် ၂၀၂၄ ခုနှစ်တွင် မူးယစ်ဆေးဝါးနှင့်ပတ်သက်သည့် သံသယရှိသူ ၂၆,၀၃၃ ဦးကိုဖမ်းဆီးနိုင်ခဲ့ပြီး ယခင်နှစ်ကဖမ်းမိခဲ့သည့် ၁၉,၉၄၀ ထက် ၃၀ ဒသမ ၅ ရာခိုင်နှုန်းတိုးလာကာ ယင်းသို့ဖမ်းမိသူများအနက် ၉၅၄ ဦးသည် နိုင်ငံပေါင်း ၂၀ မှနိုင်ငံခြားသားများဖြစ်ကြောင်းလည်း အစီရင်ခံစာ၌ဖော်ပြထားသည်။

နှစ်စဉ်ထုတ်ပြန်ချက်များအရ ကမ္ဘောဒီးယား၌ ၂၀၂၃ ခုနှစ်တစ်ခုလုံးတွင် မူးယစ်ဆေးဝါး ၂ ဒသမ ၉၇ တန်သာ သိမ်းဆည်းရမိခဲ့ကြောင်းလည်းသိရသည်။သိမ်းဆည်းရမိသည့် မူးယစ်ဆေးဝါးအများစုမှာ ကက်တမင်း၊ခရစ်စတယ်မက်သာဖက်တမင်း၊မက်သာဖက်တမင်းဆေးပြားနှင့်စိတ်ကြွဆေးပြားများ၊ဘိန်းဖြူနှင့် ကိုကင်းများဖြစ်သည်ဟုဆိုသည်။

ကမ္ဘောဒီးယား၌ ဝန်ကြီးချုပ်ဟွန်မာနက် အာဏာရလာသည့် ၂၀၂၃ ခုနှစ် သြဂုတ်လမှစတင်ကာ တရားမဝင်မူးယစ်ဆေးဝါးများကိုတိုက်ဖျက်ရေးကြိုးပမ်းမှုများကိုအရှိန်မြှင့်လုပ်ဆောင်ခဲ့ပြီး နိုက်ကလပ်များနှင့် အခြားဖျော်ဖြေရေးလုပ်ငန်းများတွင် မူးယစ်ဆေးဝါး ဖြန့်ဖြူးအသုံးပြုမှုကိုတားမြစ်ရန် ပြည်နယ်နှင့် ဒေသဆိုင်ရာအာဏာပိုင်များကိုညွှန်ကြားခဲ့သည်။

သို့‌သော် နိုင်ငံ၏ဥပဒေအရ မူးယစ်ဆေးဝါး ရောင်းဝယ်ဖောက်ကားသူများကို သေဒဏ်ပေးခြင်းမျိုးမရှိပဲ မူးယစ်ဆေးဝါး ၈၀ ဂရမ်ထက်ပိုသော ရောင်းဝယ်ဖောက်ကားမှုဖြင့် အပြစ်ရှိကြောင်း တွေ့ရှိပါက ထောင်ဒဏ်တစ်သက်တစ်ကျွန်းအထိချမှတ်နိုင်သည်ဟုသိရသည်။

Source : ရှင်းဟွာ

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

စတုတ္ထအကြိမ်မြောက် CNPC Youth Short-Video Challenge အွန်လိုင်း ဗီဒီယိုပြိုင်ပွဲ ကျင်းပပြီးစီး

CNPC ကုမ္ပဏီမှ ဦးစီးကျင်းပသော စတုတ္ထအကြိမ်မြောက် CNPC Youth Short-Video Challenge အွန်လိုင်း ဗီဒီယိုပြိုင်ပွဲ ကို ၂၀၂၃ ခုနှစ် နိုဝင်ဘာ ၂၁ ရက်နေ့မှ စတင်၍ ဒီဇင်ဘာ ၃၁ ရက်နေ့အထိ ကျင်းပခဲ့ရာ ယခုအခါ ကျင်းပပြီးစီးခဲ့ပြီဖြစ်ကြောင်း သိရသည်။ CNPC Youth Short-Video Challenge အွန်လိုင်း ဗီဒီယိုပြိုင်ပွဲကို ၂၀၂၀ ခုနှစ်မှ စတင်၍ ကျင်းပခဲ့ခြင်းဖြစ်ကာ ပြိုင်ပွဲဝင်သူများသည် လူငယ်တို့၏ ချစ်ခြင်းမေတ္တာ၊ သူငယ်ချင်း၊ သံယောဇဉ်၊ စိတ်ဓာတ်ခွန်အား...

ယူကရိန်းကို အကူအညီမပေးသည့်အတွက် အနောက်နိုင်ငံများကို ဆိုးရွားသောအသုံးအနှုန်းဖြင့် ဇလန်းစကီး အပြစ်တင်

သူ့အမြင်အရတော့ အနောက်နိုင်ငံတွေက မော်စကိုကို ပိတ်ဆို့အရေးယူမှုတွေနဲ့ လက်နက်ထောက်ပံ့မှုတွေနဲ့ ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီ ၂၄ ရက်မတိုင်ခင်ကတည်းက မော်စကိုကို ခြိမ်းခြောက်ဖို့ ကြိုးပမ်းရမှာ ဖြစ်ပါတယ်။ အမေရိကန် သတင်းထောက် Lex Fridman နှင့် တွေ့ဆုံမေးမြန်းခန်းတွင် အနောက်နိုင်ငံမိတ်ဆွေများများ အကြောင်း ပြောကြားရာ၌ ယူကရိန်းသမ္မတ ဇလန်းစကီးက ဆိုးရွားသောအသုံးအနှုန်းဖြင့် ပြစ်တင်ပြောဆိုခဲ့သည်။ အမေရိကန် သတင်းထောက် Lex Fridman အကြံပြုထားသည့်အတိုင်း အင်တာဗျူးတစ်ခုလုံးကို ရုရှားဘာသာဖြင့်ဖြေကြားခဲ့ခြင်းမဟုတ်သော်လည်း အနောက်နိုင်ငံမိတ်ဆွေများအကြောင်း ပြောကြားရာတွင်မူ ရုရှားဘာသာစကားဖြင့် ဆိုးရွားသော အသုံးအနှုန်းများကို အကြိမ်များစွာ ထည့်သွင်းပြောဆိုခဲ့ခြင်းဖြစ်သည်။ သူဖြစ်စေချင်သည်မှာ...

မိုဒီထံမှဒေါ်လာ၂၀,၀၀၀တန်စိန်တစ်ပွင့်ဘိုင်ဒင်ကတော်လက်ဆောင်ရခဲ့

အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်မိသားစုသည် ၂၀၂၃ ခုနှစ်အတွင်း နိုင်ငံရပ်ခြားခေါင်းဆောင်များထံမှ ဒေါ်လာသောင်းချီ၍တန်ဖိုးရှိသော လက်ဆောင်ပဏ္ဍာများ ကို ရရှိခဲ့ကြသည်ဟု နိုင်ငံခြားရေးဝန်ကြီးဌာနက နှစ်စဉ်ထုတ်ပြန်သော စာရင်းအင်းတစ်ခုအရသိရသည်။ ယင်းလက်ဆောင်များထဲတွင် သမ္မတကတော် ဂျေးဘိုင်ဒင်ကို အိန္ဒိယဝန်ကြီးချုပ် နာရင်ဒြာမိုဒီက ပေးအပ်ခဲ့သော အမေရိကန်ဒေါ်လာ ၂၀,၀၀၀ တန်စိန်တစ်ပွင့်သည် ဈေးအကြီးဆုံး လက်ဆောင်ပဏ္ဍာဖြစ်သည်ဟု သိရသည်။ အိန္ဒိယဝန်ကြီးချုပ်က ပေးအပ်ခဲ့သော ၇ ဒဿမ ၅ ကာရက်ရှိ စိန်ပွင့်သည် ၂၀၂၃ ခုနှစ်တွင် သမ္မတမိသားစုဝင်များ ရရှိခဲ့သမျှ လက်ဆောင်များထဲတွင် တန်ဖိုးအကြီးဆုံးဖြစ်သည်။ ထို့အပြင် သူသည် အမေရိကန်နိုင်ငံဆိုင်ရာ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071